Article submitted by: Thunderbolts on 27-Mar-2014  
ဆင်ခြင်တုံတရားနဲ့ အမြော်အမြင် တဲ့။
ဒို. လူကလေးများ ဆိုသလေး ။

သမ္မတ ဦးသိန်းစိန်ရဲ့ မိ့န်ခွန်းအပြည့်အစုံကို ဖတ် ပြီး ကြရောပေါ့။

သေချာချာ အပြန် အလှန်ဖတ်ကြရမယ် ။ နိုင်ငံတော် ရဲ့ အရေးဟာ ဒို နိုင်ငံ သားတို အရေး ၊ ဒိုတတွေ ပူးပေါင်းပါဝင်ရမှာမို. ကျေကျေလည်လည် နား လည် သဘောပေါက်ကြဘို.လိုတယ်၊ လျှို.၀က်စကား ၊ သင်္ကေံတတွေ မပါတဲ့ ပွင့်လင်းမြင်သာ ဆုံး စကားတွေ မို. နားလည်ဘို.လဲ ခက်လိမ့်မယ် မထင်ဘူး။

သမ္မတဦးသိန်းစိန်က ၎င်း၏တာဝန်ထမ်းဆောင်မှုသက်တမ်း သုံးနှစ်ပြည့် အထိမ်းအမှတ် အဖြစ် မတ် ၂၆ ရက် တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ် တော် အစည်းအဝေး၌ မိန့်ခွန်း ပြောကြားရာတွင် တပ်မတော် အခန်းဂဏ္ဍ နှင့်ပါတ်သက်၍ အောက်ပါအတိုင်း ထည့်သွင်း ပြော ကြားသည် လို. သိရ တယ် ။

ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို လေ့လာကြည့်ရင် ကျွန်တော်တို့လို နိုင်ငံငယ်လေး တွေအတွက် အချုပ်အခြာအာဏာပိုင်ဆိုင်မှု ခိုင်မြဲပြီး ကိုယ့်စွမ်းအားနဲ့ ရပ်တည်နိုင်ဖို့ကိစ္စဟာ အထူးပဲအရေးကြီး ကြောင်း လတ်တလောဖြစ်စဉ်တွေ၊ သမိုင်းဖြစ်ရပ် တွေနဲ့ နှိုင်းယှဉ်လေ့လာ သိရှိနိုင် ပါ တယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်ဟာ ခေတ် မီ တောင့်တင်းခိုင်မာဖို့ အရေးကြီးပါတယ်။ ဒီမိုကရေစီ အသွင်ကူး ပြောင်း ရေး မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရဦးမှာ ဖြစ်ပါတယ်။

နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်း တွေမှာလည်း တပ်မတော်ဟာ ဆက်လက် ပါဝင်နေဖို့ လိုအပ်ဆဲဖြစ်ပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်းချင်းလျှော့ချဖို့ ပြည်တွင်း ငြိမ်း ချမ်းရေး တိုးတက်ရရှိလာမှုနဲ့ ချိန်ဆဆောင် ရွက်သွားဖို့ကိုလည်း ဒီမိုကရေစီ ရင့်သန်မှုနဲ့အတူ ဆောင်ရွက်ကြ ရမှာ ဖြစ်ပါတယ် ဟု ပြောကြားသည်။

သမ္မတပြောတဲ့စကား မှတ်သားစရာတွေထဲက သမိုင်းကို လေ့လာပြီး ဒီမိုကရေစီထွန်းကားဖို့နဲ့ နိုင်ငံကြီးပွား တိုးတက်ဖို့အတွက် ဆင်ခြင်တုံတရားနဲ့ အမြော်အမြင်ကို လက်ကိုင်ပြုလျက် တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ် ဆိုတာကိုတော့ အကြိုက်ဆုံးဘဲ ။

ကိုယ်သာဆိုရင် ကိုယ်.အနေနဲ့ ကိုယ့်စကားနဲကိုယ် ထပ်ပြောခြင်တာ က တော့ ဘယ်သူတွေ ဘာဘဲ တောင်း ဆိုနေကြပေမဲ့ ကိုယ့်မှာ ရှိမှ ပေးလို. ရတယ် ၊ ပေးသင့်မှပေးမယ် ရသင့်သူ ရလိမ့်မယ် ။ ချေးဌားပြီး ပေးနေလို.တော့ မဖြစ်ဘူး။ တောင်းတိုင်းသာပေး နေရရင် လူတိုင်းရဲ့အမေ နဲ့နှမတွေပါ ရောင်းပြီး ပေးတာတောင် လောက် လိမ့်မယ် မဟုတ်ဘူး။

သမ္မတ ဦးသိန်းစိန်က ( ကြွေးပါတ်လည် ၀ိုင်းရံနေသော နိုင်ငံကို မြန်မာနိုင်ငံ ဟု ခေါ်သည်) လို.ထည့် မပြောသွားတာ တော်သေးတယ်

တိုင်းပြည်ဟာ လွတ်လပ်ပြီ အချုပ်အခြာ အာဏာပိုင် နိုင်ငံဘ၀က လျှောကျ သွားမယ် ၊ သူတပါးလက်အောက်ခံ နိုင်ငံမွဲ ဖြစ်သွားမယ် ၊ လူတွေလဲ လူမွဲတွေ ဖြစ်ကြ လိမ့်မယ် ၊ မြန်မာ ဂုဏ်သိက္ခာကို ထိခိုက်မယ် ၊ လူ.ဆိုတဲ့ ဘုံ အဆင့်က နိမ့်ကျ သွား လိမ့်မယ် ဆိုတာ ဘဲ ၊၊//