Article submitted by: Thunderbolts on 24-Mar-2014  
မပြောမရှိနဲ့ အဟောတိ ။( ၁ )
တိုင်းချစ်၊ ပြည်ချစ် မျိုးချစ် သား/သမီးကောင်းတို.။

နိုင်ငံခြားကြွေးကျန် ဒေါ်လာသန်း ၉၅၀၀ အပြင် ကျပ်ဘီလျံ ၁၀၀၀၀ ကျော် ပြည်တွင်း ကြွေး ကျန်ရှိ ခေါင်းစဉ်နဲ့ သတင်းကို ပဌမ ကောက်နှုတ်ပြ ရရင် ၊ -

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် မတ် ၃၁ ရက်ထိ အဆိုပါ ပြည်တွင်းကြွေး မြီ ကျပ်ဘီလျံ ၁၀၈၂၄ အပြင် ပြည်ပကြွေးမြီ ကျပ်ဘီလျံ ၉၄၀၂ (အမေရိကန် ဒေါ်လာ သန်း ၉၅၉၃ ဒသမ ၈၉၄) ပေးရန်ကျန်ရှိသည်။ ပြည်ပကြွေးမြီများမှာ အိုင်ဒီအေ၊ အေဒီဘီ၊ အိုပက် စသည့် နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများ၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ ဆားဗီးယား၊ တရုတ်၊ ဂျာမနီ၊ ဖင်လန်၊ ပြင်သစ်၊ နယ်သာလန်၊ သြစတြီးယား၊ အင်္ဂလန်၊ ကနေဒါ၊ အီတလီ နှင့်ဆော်ဒီအာရေဗျစသည့် နိုင်ငံများသို့ပေးရန် ကျန်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်၊၊

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ဘီလျံ ၂၀၂၂၆ ပေးရန်ရှိနေကြောင်း သိရသည်။ အဆိုပါ ပြည်တွင်းကြွေး မြီ အခြေအနေအရ ပြည်တွင်းကြွေး မြီ နှင့် ဂျီဒီပီအချိုးမှာ ၂၁ ဒသမ ၁ ရာခိုင် နှုန်းဖြစ်ကြောင်း၊ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၁၅ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ကြွေးမြီ နှင့် ဂျီဒီပီအချိုး ခန့်မှန်းခြေမှာ ၃၇ ရာခိုင်နှုန်း ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြော ကြား သည်။ တဲ့

သတိထားမိကြမယ် ဆိုရင် ဒီထဲမှာ ဘယ်ကိုရီးယားဆိုတာ ဖေါ်ပြထားတာ မတွေ.ရသလို. ရုရှား မပါတာလဲ တွေရတယ် ၊ ဘာဘဲ ဖြစ်ဖြစ် ကြွေးဟာ ကြွေးဘဲ ပေါ့။ ကြွေးတင်တယ် ဆိုတာ သိပ် မကောင်းဘူး၊ ပြန်မ ဆပ် နိုင်အောင် မတန်တဆဖြစ်လာရင် လူပါသိမ်းလိမ့် မယ်၊ တိုင်းပြည်ပါသိမ်း လိမ့်မယ်၊ ကောင်းရောင်း ကောင်း ၀ယ် လုပ်စားစရာဆိုလို.ပြည့်တန်ဆာတန်း( ဖါတန်း) ဘဲ ဖွင့်စား၊ ဖါခေါင်းဘဲ လုပ်စား ကြရတာကို အိမ်နီးချင်း နိုင်ငံတွေ နဲ.ရပ်ဝေးနိုင်ငံတွေမှာ သိသိသာသာတွေ.နေရတယ် ၊၊

မြန်မာနိုငံမှာတော့ ပြည့်တန်ဆာတန် ဆိုတာ သိသိသာသာ မရှိသေးဘူး။ ဒို.လဲ မိုးခါးရေ သောက်ကြတာပေါလို. ပေါ့ပေါ့ ပြောလိုတော့ မဖြစ်ဘူး။ ပြည်တန်ဆာတွေကတော ပြီးခဲ့တဲ့ ၂၇ နှစ်အတွင်း အတော်ဘဲ အတင့်ရဲ ၊ ဗြောင်ဘဲ လမ်းပေါ် ထွက်လာကြတယ် ၊ သိသာလာ တယ် ၊ ဟော်တယ် တွေ တည်းခိုခန်းတွေ မှာ ရင်းနှီးမြုတ်နှံ့သူ မရှား ၊ တဆောက်ထဲ ဆောက်နေ တာ တွေကို တိုင်းပြည်ရဲ့လိုအပ်ချက် ရှိအပ်တဲ့တန်ဆာပလာ အသက်မွေးဝမ်း ကြောင်းအဖြစ် ဂုဏ်ယူနေကြရင်၊ ဒီအလုပ်ဟာ သိက္ခာရှိတယ် ထင်နေရင် တော့ လဲ မပြောတတ်တော့ဘူး။ ကိုယ့်သားသမီးကို ပြည့်တန်လုပ်စားဘို.သွန်သင်ကြမလား? ခွင့်ပြုကြမလား၊ ဖြစ်ခဲ့ရင် ကံအကြောင်းဘဲ ဆိုပြီး ဂုဏ် ယူ ၀င်းကြွားကြမလား ? ယောက်ျားလေးတွေ မွေးးထားလို.လဲ စိတ်ချရတယ် မထင်နဲ့.နော် ၊

ကိုအောင်ဆန်းရေ ခင်ဗျားသမီးလုပ်လိုက်တာတွေ ထကြည်.ပါအုံးလိုဘဲ ဟစ် ကြွေး လိုက်ရ မလား ။ လူတင် ပါလို. နွားကျားကိုက် တာပါရှင် ကျမနဲ့ ဘာမှ မဆိုင်ပါဘူး။ ကိုယ်လုပ်ခြင်မှ ဖြစ် တာပါ' တဲ့ လား ? ဟုတ်ပါ့မလား ?

စီးပွားရေးဒါဏ်ခတ်မှုတွေ၊ ဒါဏ်ခတ်မKှုကို ထောက် ခံမှူတွေ ကြောင့်တခြား လုပ်စားစရာ ဘာအလုပ်မှ မရှိကြလို.ကြွက်သေတခု အရင်းပြုခဲ့ရတာမှာ မိန်းခလေး တွေ Sophisticated Ladets, modern girls တွေဖြစ်လာကြပြီး ယောက်ျား လေးတွေလဲ Lady-boys ဖြစ်၊ ဟော်တယ် နဲ့ တည်းခိုခန်းတွေမှာ ဘဲ နေကြ တော့ သတဲ့ ။ ခေတ်မီလာတာနဲ့ အမျှ ခေတ်မီရောဂါတွေလဲ ခံစား ကြရတယ် ၊ အထူးအကျိုးအမြတ်က တော့ HIV positive ပေါ့ ။ ကံနာ ၀ဋ်နာ လို.ဘဲ သဘောထားလိုက်ကြပါတော့ ။

ဘာအရေးလဲ သေတနေ.မွေးတနေ. လူဆိုတာ သေမျိုးကြီးဘဲ ? HIV နဲ့ သေသေ ကားတိုက်လို.သေသေပေါ့၊ ရေနစ်လို.သေသေ သေတာဟာ သေတာဘဲ ။ေ၈ါတမ တောင် လွန်ဆန်လိုမရတဲ့ သေချင်းတရား ဘဲ၊၊

အစိုးရ အနေနဲ ဆေးရုံတွေ ဆေးခန်းတွေ ဆေးဝါး ထုပ်လုပ်ရေး စက်ရုံတွေ ငွေကုန်ခံပြီး ဆောက်မနေနဲ.။ ပညာ ပေးသင်တန်းတွေ ပေးမနေနဲ့၊ သေချိန် တန်ရင် သေလိမ့်မယ် ၊ သင်္ဂျိုင်းလဲ ဆောက်မနေနဲ မီးသင်္ဂြိုဟ်စက် ဂျာမဏီ က မှာယူလိုက်ရုံဘဲ ။ ဒုတိယ ကမ္ဘာစစ် မစ္စတာဟစ်တလာရဲ့ Auswitsch လက်ကျန် စက်တွေ ရှိအုံး မှာပါ ၊ ဈေးပေါပေါနဲ့ ရနိုင်ပါ လိမ့် မယ်။ အလကား တောင် ပေးခြင် ပေးလိမ့် အုံးမယ် ထင်တယ် ။

ပြည်သူအချို.ကလဲ ဖွံဖြိုးရေး စီမံကိန်းတွေ ဖျက်သိမ်းပေးဘို. တောင်းဆိုနေ တာ တွေ မြင်ရ တော့ သူတို. တတွေ မတိုးတက် မဖွံဖြိုးခြင်လို.လား၊ အစိုးရ ငွေကုန်ကြေးကျသက်သာ အောင် ကြံဖန်နေတာလား ဆိုတာ စဉ်းစား စရာ ဘဲ ၊ အကောင်းအမြင် အဆိုးအမြင် က တော့ နေရာတိုင်းမှာ ရှိတယ်လေ ။ ဆန္ဒထုတ်ဖေါ်သူတွေရဲ့နောက် မှာ ဘယ်သူတွေ ရှိတယ် ဆိုတာမြင်အောင် ကြည်.နိုင်ရင် အကောင်းလား အဆိုးလား ခွဲခြား သိလိမ့်မယ် ။ မြင်ရကြားရ သလောက်ကတော တရုတ်နဲပါဝင် ပါတ်သက်တဲ့ စီမံကိန်းတွေမှန်သမျှကို ကန်.ကွက်နေ တာ တွေ ဆိုပြန် တော့လဲ ၊ စဉ်းစားရတာ သိပ် မခက်ပါဘူး။ စီးပွားရေး ဈေးကွက် လုနေတာ ဘဲ ပေါ့ ။ ခဲ တလူံးနဲ စာ ၂ ကောင်ရအောင် ဆိုတာထင်ပါရဲ့။

လွှတ်တော်ကို အစီရင်ခံ တင်ပြတဲ့ စာရင်း ဟာတရားဝင် စာရင်းလို.ဘဲ ဆိုရ မှာပေါ့ နော။ လျှော့ထားသလား၊ ဖေါင်းပွ ထားသလားဆိုတာ ကိုယ့် အမြင်နဲ.ကိုယ် မြင်ကြည့်ကြဘို.ဘဲ ။ မြန်မာနိုင်ငံသားတွေ ဒီအစီရင်ခံစာကို စိတ်ဝင် စားကြ ရဲ.လား- လေ့လာ ကြသလား - ရုပ်လုံးပေါ်ကြသလား ?

မိုးကြိုးသွားကတော့ ကျွန်ဖြစ်ကိန်း လို.ပြောနေတယ် ၊ မြန်မာတွေဟာ ကြွေး မြီနွံ ထဲမှာ နစ်နေကြတယ် ဘယ်လို ရုန်းထွက်ကြမှာလဲ လို.လဲမေးထား တယ် ။ မြန်မာတွေဟာ ခေတ်စကားနဲ့ ပြောရရင်. အလုပ်သမားလူတန်းစား ဘ၀ ရောက်ကြ ပြီ လိုလဲ ဆိုတယ်။ တနည်းအားဖြင့် သခင်လူတန်းစား မ ဟုတ်တဲ့ ကျွန်လူတန်းစားလို. ပြောတာ လား။ မြန်မာတွေ ကြားမှာ ကျွန်စိတ် မပျောက်သေးတဲ့ သူတွေ အများကြီးဘဲ ဆိုတာကိုတော့ သိတယ်။

ဒီကပြောခြင်တာကတော. မြန်မာတွေဟာ လူလည်တွေပါ ၊ လိမ်မာရေးခြား ရှိပြီး ပါးနပ်သူ တွေပါ၊ ဘာမှ မလုပ် ဘဲ ထမင်းနပ်မှန်အောင် ရှာကြံစားတတ်ကြပါတယ်၊ စားနိုင်ကြပါတယ် လို.ပြောရမလား ? ဒါမှမဟုတ် အလုပ်ရှင် ကြီး ပွားမှ. အလုပ်ရှင်နဲံ ပူး ပေါင်းဆောင်ရွက်မှ သူတိုလဲတိုး တက် ချမ်းသာမယ် ဆို တဲ့ သဘောကို လက်မခံနိုင်ဘူး။ အရင်းရှင်ကို အရင် ရှင်းရမယ် ဆိုတဲ့ စိတ်ဓါတ် မြန်မာတွေမှာရှိနေသေးတယ် ၊ ကိုယ့်အလုပ်ရှင်မပြောနဲ. သူ တပါး ကြီူးပွားတာကို ဘယ်လိုမှ မမြင်လို မရှုစိမ့် လိုသူတွေဘဲလို. ပြောရမလား?

ဗုဓ္ဒဘာသာ ပီပီ ဆင်းရဲ ချမ်းသာဟာ ဒါန သီလ ဘာဝနာ တို.ကြောင့် ကွာ ခြား မှု ရှိမယ် ဆိုတာ လက်ခံကြသလား။ ဒါမှမဟုတ် သူများကြီးပွားချမ်း သာတာဟာ ကိုယ့် ကို မတရားခေါင်းပုံဖြတ်လို. ဖြစ်ရတာလို. အယူသည်း နေသူတွေလား ဆိုတာကလဲ မေးစရာ ရှိသေးတယ် ။

မြန်မာနိင်ငံကြွေးတင်လို. တချို.ကြွေးရှင်နိုင်တွေ က ကြွေးလျှော်ပစ် ပေးဘူး တာတွေ ရှိဘူး ပါတယ် ၊ ဒီထဲမှာ ကြွေသစ်ပေးပြီး ကြွေးဟောင်းဆပ်ရလို. ကိုယ်အတွက် ဘာမှမကျန် ဘာမှ အဖတ်မတင်ဘဲ ကြွေးသစ်စာရင်း ၀င် သွားတာဘဲ အဖတ်တင်တဲ့ အမှုတွေ ဘယ်လောက် များ မယ် မသိဘူး။ ဒါနဲ့ဘဲ လုံးပါးပါးရ တော့မယ်။

မြန်မာပြည်သူလုထုဟာ နိုင်ငံချစ် တိုင်းချစ် ပြည်ချစ်လို. ဒီက ယုံထားတာ။ ကိုယ့်တာဝန် ကိုယ်သိ တတ်သူတွေ ၊ ကိုယ့်ကိုကိုယ် တာဝန်ယူနိုင်သူတွေ တာဝန်မဲ့ သူတွေမဟုတ်ဘူး လို အကျွင်းမဲ့ မှတ်ယူနေတာ ၊ ဒါပေမဲ့ မြန်မာ စကားမှာ ၊ ကြွေးတင်ရင် ရှင်ဘုရင် ဆပ်လိမ့် မယ် ဆိုပြန်တော့ ၊ တာဝန်မဲ့ ပြောတဲ့ စကားဘဲ လို.ဆို ရတော့ မယ် ။ အခုခေတ်မှာ ရှင်ဘုရင် ဆိုတာ ဘယ်သူလဲ အစိုးရ ဆိုတာလား၊ ပြည်သူလူထုဆိုတာလား?

မြန်မာနိုငံမှာ စီးပွား လုပ်ငန်းရှင်ကြီးကြီး ကျယ်ကျယ် သိပ်မရှီဘူး ၊ ရှိပြန် တော့ နိုင်ငံခြားက ကုန်တင်သွင်း တာ ကိုယ့်နိုင်ငံက ကုန်တင်ပိုတာနဲ့မျှတ ရဲ့လား။ အခွန်ဘဏ္ဍာ အပြည့်အ၀ ပေးဆောင်ကြရဲ့လား ၊ အခြား လခစား လုပ်ခစားတွေ ရော ၀င်ငွေခွန် ဆောင်ကြရဲ့လား ၊ သတ္တဗေဒ ခွန် ဆိုပြီး အခွန်ပေးမှု တိမ်းရှောင်နေသူဘယ် လောက်ရှိနေသလဲ ၊ အခွန်ပေး ဆောင် မှု ကင်းလွတ်ခွင့်သတ်မှတ် ထားချက် အနဲဆုံးဝင်ငွေ ပမာဏ က ဘယ် လောက် လဲ ဆိုတာ တွေ ထည့်သွင်းစဉ်းစားရမယ် ။ အခွန်ဘဏ္ဍာ ပေးရမယ် ဆိုရင် အစိုးရကို မကြိုက် တော့ ဘူး။ အခွန်ဘဏ္ဍာ ဘာကြောင့်ကောက် ရ တယ် ဆိုတာကို မြန်မာတွေ နားလည် သဘောပေါက် လက်ခံ ပုံမရှိဘူး။ မပေးမဖြစ်လို.ထောင်ကျမှာကြောက်လို.သာ ပေးနေရတာ ။

အင်္ဂလိပ် လက်ထက်က သာယာဝတီ ဆရာစံတို. တစု ပုန်ကန် ခဲ့ကြ တဲ့ အကြောင်း၊ ကွက် မြက်ခံရတဲ့ အကြောင်းဟာ ဒီ သတ္တဗေဒ ခွန်ဘဲ လို. သိရတယ် ။

နိုင်ငံတော် ဖွံ.ဖြိုးတိုးတက်ခေတ်မီရေးကို အစိုးရက ဦးဆောင်ပြီး ပြည်သူ တရပ် လုံးက ပါဝင်တည်ဆောက်ကြရ မယ် ။ ဆိုလိုတာက အစိုးရရဲ့ တာဝန် တွေ ကျေပြွန်စေခြင်ရင်၊ ပြည်သူတွေ ကလဲ ပြည်သူတာဝန်တွေ ကျေပြွန်ရ လိမ့်မယ် ဆိုတာ ဘဲ။

မြန်မာတွေဟာ ရတနာရွှေအိုးပေါ်မှာ ထိုင်နေကြတယ် လို. ထင်ကောင်းထင် စရာရှိပေမဲ့ ၊ ဒီရတနာတွေပေါ်ထိုင် နေလို.မပြီးဘူး။ ထိုင်ပြီး ချီးပါနေလို. မဖြစ် ဘူး၊ သူတိုကို ထုခွဲ ရောင်းချရမယ် ၊ ရတဲ့ ငွေကို သုံးပြီး နိုင်ငံကို ထူထောင်ရ မယ် ၊ သူများကို ပေးလုပ်ရင် လုပ်ခိုငးရင် သူများဘဲ အကျိုးခံစားသွား လိမ့် မယ် ဆိုတာ ပြီးခဲ့တဲ့ အတွေ.အကြုံ တွေအရ သူငယ်တန်း ခလေးတွေတောင် သိတယ် ။ ၀ယ်သူကိုရောင်းမယ် ၊ ၀ယ်သူဆီက ကိုယ်လိုတာကို ပြန်ဝယ် မယ် ။ ဒါဟာ ရောင်းသူ ၀ယ်သူဟာ တဦးက တဦးရဲ့ ဖေါက်သယ်တွေ ဖြစ်ကြတယ် ။ စီးပွားကုန်သွယ် ဘက် ဆိုတဲ့ နိယာမ ဘဲ ။

မြန်မာနိင်ငံကို စီးပွားရေး ဒါဏ်ခတ်ပိတ်ဆိုခဲ့တာ ၁၈၂၄ ခု၊ ၁၉၈၈ သိသိ သာသာတွေ ရှိခဲ့ တယ၊် မြန်မာကို ရောင်းလဲ မရောင်း မြန်မာဆီကလဲဘာမှ မ၀ယ်ဘူး။ The world can live without Myanmar ဆိုတဲ့စကား တောင်ရှိ ဘူးတယ် ။ ဒီစကားနဲ့ မြန်မာ့စီးပွားရေးကို အသေ သတ်တာ မြန်မာတွေရဲ ဘ၀ ကိုပါ အသေသတ်ခဲ့တာဘဲ ပေါ့ ။ ကိုယ်လူက ပါနေတော့လဲ ဘယ်သူကို မုန်းရမယ် မသိ ။

ရတနာ ရွှေအိုးကြီးကို လူဦးရေ ၅၅ သန်းပိုင်တယ် ဆိုတာကို လက်မခံတဲ့ လူစုတေကလွဲ ရှိသေးတယ် ။ ရတနာ ရွှေအိုး ကြီး ဘယ်လောက်ဘဲ ကြီးကြီး နိုင်ငံတော် ဖွံ.ဖြိုးတက်တက်ဘို.ရာ ပြည်သူလူထုရဲ အသိဥာဏ် ဖွံ.ဖြိုးတိုး တက်မှု မရှိရင် အချည်နှီဲးဘဲ ဖြစ်လိမ့်မယ် ။ ရွှေအိုးကြီး ထဲမှာ ရှိတဲ့ ရတနာ တွေနဲ ကိုစွဲလန်းပြီး ဥစ္စာစောင့် လို. မသုံး ရက် မစွဲရက် မထိ မကိုင်ရက် ဖြစ်နေပြီး ။ ဒီရတနာတွေကြောင့် ပိုင်ဆိုင်မှုပေါ် အကြောင်းပြု အငြင်းပွား ပြီး ပဋိပက္ခတွေထိ ဖြစ်နေရတယ် ဆိုတာကို ရိပ်မိသူ နဲ လိမ့်မယ် ။ ၀န်ခံသူမရှိ သလောက်ဘဲ ။

အဂိတလိုက်စားတယ် ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တယ် ၊ သူစားတာ သိရင် ကိုယ်စားတာ ကိုယ်သိရဲ့လား။ မျက်နှာလိုက်တာ၊ ပါစားပေးတာ ၊ မယောင်ရာ ဆီလိမ်းတာ၊ အားနာတာက အစ ပါတယ် ၊ အဂတီ လိုက်စားတယ် ဆိုတာ ကျယ် ပြန်.ပါတယ် ။ ကိုယ့်ဟာကိုယ် လုံကြ ရဲ.လား ၊ ကြောင်သူတော် ကြွက်သူခိုး ဆိုတာ မြန်မာ စကား ဘဲ ပေါ့။

ဒီနေ. နိုင်ငံခြားရင်းနှီးမြုတ်နှံ သူတွေ လာခြင်တာတောင် မြန်မာနိုင်ငံမှာ ရင်း နှီးမြုတ်နှံဘို. စိတ်မချရသေးဘူးလို. ပြောနေကြတာတွေ ရှိတယ် ။ ကြားမှာ ပေါ့၊ မြန်မာတွေရဲ့ အကြောင်း မသိသူ ရှားပါတယ် ။ မြန်မာတွေကို ကြောက် ပါတယ် ၊ ဘုရားစူးရစေရဲ့ ဆိုသူကလဲ ရှိသေး သလို ။ မြန်မာတွေကို ဘယ် လို ကိုင်ရမယ်ဆိုတာလဲ သိသူ သိကြပါတယ်၊ မြန်မာပြည် ဘယ်မှ မပြေးပါ ဘူး၊ သူ.အရိုးနဲ့ သူထိုးထားလိုက်ရင် ရတယ် ဆိုတာကိုလဲ သိသူ တွေ သိ တယ် ။

အထူးသဖြင့် အနောက်ဖက်က နိုင်ငံခြားရင်းနှီးမြုတ်နှံသူ ၊ တကယ်တော့ မြန်မာနိုင်ငံ ကိုမျှော်လင့်ချက်ပေး ထား တာ တွေဘဲ၊ ရိုင်းရိုင်းပြောရရင် ခွေး ၀မ်းသာအောင် ဂျီ အီးလယ်ပြ ထားကြတာဘဲ ၊ တနည်းအားပြောရရင် လဲ၊ ဆင် လီး ခွေးမျှော် ဆိုတဲ့ သဘောပေါ့ ။ ပေးကားပေး၏ မရ-ကြွေးကား ကြွေး၏ မ၀ လို.လဲ ပြောနိုင် တယ် ။

တကယ်လို.သာ အနောက်ဖက်က ရင်နှီးမြုတ်နှံမှုတွေ လာခဲ့ရင် မြန်မာ့နိုင်ငံ ရေး ၊ မြန်မာ့စီးပွားရေး ။ မြန်မာ့ လူမှုရေးနဲ့ သူတိုအကျိုးစီးပွား ကာကွယ် စောင်.ရှောက်ဘို. မြန်မာစစ်တပ်ကို ချယ်လှယ် ခွင့်ရမှ ဖြစ်လိမ့်မဲ့ပုံ ရှိတယ် ။ မြန်မာတို.ဟာ အကျွင်းအကျန် လေးလောက်တော့ စားရမှာပါ ၊ မငတ်ရုံ တမယ်ပေါ့ ၊ မြန်မာပိုင် ဆိုတာ ဘာလဲ လို. မေးရမဲ့ အချိန်လဲ ရောက်လာ လိမ့်အုံးမယ် ။ မြန်မာတွေ ဘယ်သူသြဇါ ခံဖြစ်ကြမလဲ ။

မြန်မာ့အတိုက်အခံ NLD ပါတီဟာ အနောက် အုတ်စု ချယ်လှယ်မှုကို လက် ခံ ဘို. အသင့် ဖြစ်နေပုံလဲ ရှိတယ်၊ ပြင်ဆင်နေပုံတွေရတယ် ဆိုတာ ဖြစ်စဉ် တွေအရ လေ့ လာလို.ရတယ် ။

သမတ ဦးသိန်းစိန် က အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အရေးတကြီး လိုအပ်နေပြီဖြစ်တယ် လိုပြောခဲ့တာ တိုင်းပြည် ဖွံဖြိုး တိုး တက်ရေးမှာ လူထုအားကို အများကြီး လိုတယ် ဆိုတာကို ပြောနေတာဘဲ ဖြစ်ပုံရတယ် ။ အစိုးရရဲ့ နိုင်ငံတော်နဲ့ နိုင်ငံသား တို.အတွက် ဦးဆောင် ဆောင်ရွက်ချက်တွေမှာ အတိုက်အခံ လုပ်နေကြလို. ပြည်သူ လူထုရဲ. ပူးပေါင်းဆောင်ရွက်မှုကို မရတဲ့ အပြင် လုပ်သမျှကို ထိုင်ကန်.ကွက်နေကြလို.တော့ မဖြစ် ဘူးထင်တယ် လို ရိုးသားစွာပြောနေပုံ.ရတယ် ။ ကချင်ပြည်နယ် အရောက်မှာ ဒီစကားကို ပြောခဲ့တာဟာ အလွန်သင့်မြတ်တယ် ၊ အလွန် လိုအပ်လိုဘဲ ဆိုတာ အားလုံး အကဲခတ် မိ ကြ ပါလိမ်.မယ် ။

ေ အပိုင်း ၂ တွင် ဆက်ရန်ရှိ ၊