Article submitted by: Thunderbolts on 12-Mar-2014  
နိုင်ငံရေး အမှတ် ယူရုံနဲ မပြီးဘူး။
တိုင်းချစ် ပြည်ချစ် မျိုးချစ် သားသမီးအပေါင်းတို.၊

Dear Myanmaricans, if you can’t read Myanmar, please ask someone near you who can read it for you.

နိင်ငံရေး တည်ငြိမ်မှု မရှိရင် စီးပွားဖွံ့ဖြိုးတိုးတက်မုတွေ ရှိလိမ့်မယ်မဟုတ်ဘူး ဆိုတာ။ စီးပွားရေးသမားတွေဟာ နိင်ငံရေးမတည်ညိမ်အောင် စီးပွားရေး မတည် ညိမ်အောင် လုပ်တတ်ကြတယ် ဆိုတာ ၊ သူတိုငွေကစားသလို. နိုင်ငံ ရေး ကိုလဲ ကစားတတ်ကြတယ် ဆိုတာကိုလဲ ၊ ခေတ်ပညာ ၊စီးပွားရေး ပညာ တွေ တတ်စရာမလိုဘူး။ ဘုန်းကြီးကျောင်သား တောင်သိတယ် ၊၊

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆီသို.ဦးတည်တဲ့ အပစ်အခတ်ရပ်ဆဲရေး ၊ သဟ ဇာတ ဖြစ်ရေး ၊ ငြိမ်းချမ်းရေး ရရှိရေးကို လိုလားတယ် ထောက်ခံတယ် ၊ တခု တည်း သောနိုင်ငံ၊ တခုတည်းသော နိုင်ငံသားနဲ.တခုတည်းသော တပ်မတော်
ကိုလဲ လိုလား ထောက်ခံတယ်။

ဘယ်လောက်ဘဲ လိုလား ထောက်ခံနေပေမဲ့ ပဋိပက္ခ ဆိုတာက တော့ ထာဝစဉ်ရှိနေ မှာဘဲ ၊ အကြောင်း တခုမဟုတ် တခုနဲ့ ရှိနေမှာဘဲ၊ မရှိရင် နိင်ငံရေး လုပ်စားသူတွေ အလုပ်လက်မဲ့ ဖြစ် ကုန်ပြီး ငတ်သွားမှာပေါ့ ။ မရှိရင်လဲ ရှိ အောင် ကြံဖန်လုပ်ကြမှာကလဲ နိုင်ငံရေးလုပ်စားသူ တွေဘဲ ။

အထူးသဖြင့် မြန်မာလို သူများကိုလိုနီ ဖြစ်ခဲ့ဘူးတဲ့ နိုင်ငံလိုဟာမျိုးဟာ ပြည်ပ ပယောဂ ၊ စွက်ဖက်မှုတွေကို ခံနေရတယ် ၊ တွန်ူလှန်နိုင်အား နဲနေတုန်းဘဲ ဖြစ်တယ် ၊ အမျိုးသား ရင်ကြားစေ့ရေး ၊ တိုင်းရင်းသားစည်း လုံး ညီညွတ် ရေး ဆိုတာတွေ ဟာ လိုလားအပ်တာ တွေ ဆိုတာတော့ မငြင်းလိုဘူး။

ဒါပေမဲ့ အပစ်အခတ် ရပ်ဆဲရေးဘဲဖြစ်စေ၊ ငြိမ်းချမ်းရေးကိုဘဲ ဖြစ်စေ ရောင်း ကုန်သဘော ဈေးဆစ်နေ တာတွေ ၊ အကြပ်ကိုင် နေတာတွေဟာ ငြိမ်းချမ်း ရေး တကယ်လိုးလားသူတွေမှ ဟုတ်ပါ့မလားလို.တော့ စဉ်းစားမိတယ် ။
ပဋိပက္ခ မကြီးထွားဘို.၊ ထိမ်းနိုင်သိမ်းနှိုင်ဘို.ဟာ အရေးကြီးတယ် ဆိုတာကို ပြောခြင်တယ် ။

၎ ပွင့်ဆိုင် တွေဆုံရေး ကို မစုကြည် အဆိုပြုခဲ့တာ ဆိုတော့ ၊ သာမန်လူ တ ယောက်အနေနဲ့ ရိုးရိုး စဉ်းစား ကြည့်မယ်ဆိုရင် လွှတ်တော်ဥက္ကဌ ၊ ကာကွယ် ရေးဦးစီးချုပ်နဲ့ နိုင်ငံတော် သမတတို.ကို မစုကြည်က။ ရှင်တို. ၃ ယောက်ကို ကျမတွေ.ခြင်တယ် စီစဉ်ပါ လို. အမိန်.ပေးလိုက် သလိုဘဲ ရှိတယ် လို.မြင် တယ် ။

ပြောရရင် ချဲလင့်(ချ) လုပ် စိန်ခေါ်ခြင်းတမျိုးပေါ့ ။ ဟို ၂ ယောက်ကတောh(ဦးသိန်းစိန် + မင်းအောင်လှိုင်) တို.က တော့ မစုကြည်ပေါက်တဲ့ အီး ကို ရှူရမလား ၊ နမ်းရ မလား မသိအောင် ဖြစ်သွားပုံရတယ် ။


သမတ ဦးသိန်းစိန်နဲ.မစုကြည် တို မတ်လ ၉ ၇က်နေ.က သမတရဲ့ လယ် တော အိမ်မှာ တွေဆုံခဲ ကြတာ ကို ဘာကြောင့် ဆိုတာ ၊ ဘာဆွေး နွေး တယ် ဆိုတာ ၊ ၂ ဖက်စလုံးက အသေးစိပ် တရားဝင် ထုတ်ပြန် ခြင်း မရှိပေမဲ့ တချို သူတွေက တော့ အတိုက်အခံ ခေါင်းဆောင် မစုကြည် အဆို ပြုတဲ့ နိုင်ငံတော် သမ္မတ၊ လွှတ်တော်၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ ၄ ပွင့်ဆိုင်တွေ.ဆုံရေး ဆိုတာဘဲ ဖြစ်မယ်လို. ထင်မြင် ယူဆ နေကြတယ်လို. အတိုက်အခံ ထောက်ခံတဲ့ စာနယ်ဇင်း တွေက ဖေါ်ပြတယ် ။ Preconceived theories တွေပေါ.လေ ။

ဖြစ်နိုင်တာတွေက တော့ အများကြီး ဘဲ ပေါ့။ ပြောရင် ဆုံးမယ် မဟုတ် ဘူး။ စကားနှိုက်တာလဲ ဖြစ်နိုင်တယ် ၊ ကိုယ်ဘက် ကိုယ်ယက်တာလဲ ဖြစ်နိုင် တယ် ၊ ဒါမျိုးတွေဟာ နိုင်ငံရေး လောက မှာ ဖြစ် တတ်တာမျိုးတွေဘဲ ။ အတိုက်အခံတို.က အတွင်းစကား တစွန်းတစ ပေါက်ကြား တာလဲ ဖြစ်နိုင်တယ်။ Information leak ဖြစ်တယ် ဆိုတာပေါ.၊ သွေးတိုးစမ်းတဲ့ အနေနဲ တမင် ပေါက် ကြား တာလဲဖြစ်မယ် ။

လွှတ်တော် နာယကကြီး သူရရွှေမန်းက “ဒီဟာနဲ့ပတ်သက်လို့ သိနေပြီပဲ။ အခုလည်း လွှတ်တော် ထဲမှာ တွေ့နေ တာပဲ။ လေးပွင့်ဆိုင်လုပ်မယ် ဆိုရင် လည်း အချိန်မရွေး အသင့် ရှိနေပါတယ်။ ဒါကြောင့်မို့ ထူးထူး ခြားခြား မပြော ပါဘူး။ နာယကကြီးဘက် ကတော့အမြဲ အသင့်ပါပဲ။ ဖိတ်ခေါ်တဲ့အချိန်မှာ Ever Ready ပဲ။ ဒီကိစ္စတင် မဟုတ်ပါဘူး။ တွေ့ဆုံမယ်။ ညှိနှိုင်းမယ်။ ပူး ပေါင်းဆောင်ရွက်မယ်ဆိုတာ မိမိရဲ့အခြေခံမူပါပဲ” တဲ့ ။

မစုကြည်ဟာ လွှတ်တော်ထဲမှာ ပြောရေးဆိုခွင့်တွေ ရှိနေပါရက် မပြော မဆိုဘဲ ၊ ၄ ပွင့်ဆိုင် တွေခြင်ပါတယ် ဆိုတာဟာ လွှတ်တော်ထဲကို သမတ မလာဘူး၊ ကာကွယ်ရေး ဦးစီးချုပ် လာစရာ မရှိဘူး ဆိုတာ။ သိတယ် ၊ လွှတ်တော်ထဲ ကပြောရမှာ လွတ်လွတ်လပ်လပ် မရှိဘူးလို. ဆိုခြင်ပုံရတယ် ။ ဘာတွေများ အထူး ပြောခြင်လို. ပါလိမ့်။ နိုင်ငံရေး အမှတ်ယူ အထင်ကြီး အောင်လုပ် ပြည်သူတွေကို ဆွပေးတာကလွဲလို. မွှေနှောက် တာက လွဲလို.ဘာမှ မဖြစ်နိုင်ဘူး။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကဘာမှ မပြောသေး ဘူး၊ ပြောစရာလဲ မလိုဘူး။ သမတ ဦးသိန်းစိန် ကိုယ်တိုင်ကလဲ မစုကြည်နဲ့ မိနစ် ၅၀ ကြာတွေ.ခဲ့တယ်ဆိုပေမဲ့ ဒီ ကိစ္စ အကြောင်း ဘာပြော သံမှ မကြား ရဘူး။ ထင်မြင်ယူဆချက် ဆိုတာကတော့ ထင်ခြင်သလို ထင်၊ မြင်ခြင်သလိုမြင် ယူဆခြင်သလို ယူဆလို.ရတာဘဲ ။ တကယ် တွေဆုံကြရင်လဲ အားလုံး အတွက် လုံခြူံစိတ်ချရမဲ့ နေရာမှာ ဖြစ်ရလိမ့်မယ် ဆိုတာ ပြောဘို. လိုမယ် မထင်ဘူး။

တရားဝင် ထုတ်ပြန်ခြင်း မပြုတဲ့ နိင်င့တော်နဲ့ ပါတ်သက်တဲ့ ဒီကိစ္စကို ဖြစ်စေ၊ တခြားကိစ္စ တခုခုကိုဖြစ်စေ တကယ်လို.သာ အတိုက်အခံဘက်က ပေါက် ကြား ရိုးမှန်ရင် ၊ အရေးကြီးလှတဲ့ နိုင်ငံတော် လုံခြုံရေး ၊ အမျိုးသားလုံခြုံ ရေး ကိစ္စတွေမှာ အတိုက်အခံကို ယုံရပါ့မလား ၊ စိတ်ချရပါ့မလား ဆိုတာကို တော့ ထောက်ပြခြင် တယ် ။

နိုင်ငံရေး အမှတ် ယူရုံနဲ မပြီးဘူး မစုကြည်။ နိုင်ငံနဲ လူမျိုးပေါ်လဲ သစ္စာရှိဘို. လိုတယ် လို.ပြောခြင်တယ် ။။//