Article submitted by: Thunderbolts on 7-Mar-2014  
မြန်မာတွေ Ukrain ကို မျက်ခြေမပြတ် လေ.လာသင့်တယ&
တိုင်းချစ် ပြည်ချစ် မျိုးချစ် သား သမီးကောင်းများ ၊

လောကမှာ မြင်ဆရာ ၊ ကြားဆရာ ၊ သင်ဆရာ ဆိုတဲ့ ဆရာ ၃ ပါးရှိတယ် တဲ့၊ သူတိုဟာ အဝေးမှာ မဟုတ် ကိုယ်နဲ့အတူရှိနေကြတာဘဲ ဖြစ်တယ်လို.ဆို တယ် ။ ကိုယ့်မျက်စေ.နဲကိုယ် မြင်တာ၊ ကိုယ့်နားနဲ့ ကိုယ်ကြား တာ တွေ၊ သူတပါးက သူတို. မြင် ကြားတာတွေ ကိုယ်.ကိုပြောပြတာတွေဟာ သင်တာ ဘဲ လို. ယူရမယ် ။ ဒီဆရာ ၃ ပါးရဲ့ ဒါမှမဟုတ် ကိုယ် မြင်ရ၊ ကြားရ လေ့လာ သိရတာတွေဟာ ကိုယ့်အတွက် ပညာဘဲ လို.ပြော ရမယ်။ု၊ ကိုယ် ဘယ်လို လက်ခံတယ် မှတ်သား တယ် ဆိုတာကတော ကိုယ့်ဟာ ကိုယ် ဘဲ ပေါ့. ။

မြွေတကာ တို.ရဲ့ ဘုရင် မြွေဘုရင် ( King Cobra) ဟာ မြွေသားစားတယ် ။ လူတကာတိုရဲ့ ဘုရင် ၊ လူ ဘုရင် (USA) သည်လည်း လူသားစား၏ ၊ ကဲ ဘယ့်နဲ.လဲ ? လူသားစားတယ် ဆိုတာ သတ်ဖြတ် သုတ် သင် ကွက်မျက် တာကို ပြောတာနော် ၊ လူ.အသားကို ဖုတ် ကင် ကြော် ချက်စားတာကို ပြော တာမဟုတ်ဘူး။

မြန်မာပုံပြင်မှာတော့ မြွေမင်းသားတဲ့ ၊ မယ်ဒွေးကို မျြိတယ်ဆိုလား ဘဲ ။ အသက်မပျောက်ခင် ဘုရင်ကတော်ကျ မယ်ဒွေးက အမေ.ကို လှမ်းတိုင် တော့ ၊ အမေက ချစ်လို. ကြည်စားတာ ပါကွယ် တဲ့. ဒါနဲ ဘဲ မယ်ဒွေး ခမျာ ကိစ္စ ချောရ ရော တဲ့။ မြိုမြို စားစား ၀မ်းထဲရောက်ရင် သေတာချည်း ပါဘဲ ။

ကမ္ဘာမှာ ကျော်ကြားတဲ့ Crimea စစ်ပွဲ တကြော့ ပြန်လာနေပြီလား? သမိုင်း ယူ ဘူးသူတွေ သိကြပါလိမ့်မယ်၊ မြန်မာနိုင်ငံမှာ တချိန်က သတ္တမတန်း ကျောင်းသုံးဖတ်စာမှ Crimea စစ်ပွဲအကြောင်း ဖတ်ခဲ့ဘူးတာကို သွား ပြီး အမှတ်ရမိနေတယ် ။ ဘာကြောင့် သင်ခဲ့တာလဲ ၊ သင်္ခဏ်းစာ ရစေလိုလို.ဖြစ်မှာဘဲ၊ စစ်ပွဲမှာ အင်္ဂလိပ် နဲ့ပြင်သစ်ပေါင်းပြီး ရုရှားတွေကို ဆော် ကြတာ ပေါ့ ၊ Ottoman empire ( တုရကီ) နဲ့ Sardinia ကို ရုရှားက လက်လွှတ် ခဲ့ရဘူး တယ် ။ မြန်မာ့ သစ္စာခံ မဏိပူရ ၊ အာသံ နယ်တို.ကို ၁၉၂၄ ခုက ရန်တပိုစာချုပ်အရ မြန်မာက အင်္ဂလိပ် လက် ပြန်ပေးအပ်ခဲ့ရသလိုပေါ့ ။

Leo Tolstoy ရဲ့ War & Peace ၀တ္တုဟာ ပြင်သစ် အင်ပရာ နပိုလီယန် ဘိုနာပါတ် ရုရှား ကိုတိုက်တဲ့ အကြောင်း ဘဲ ၊ အဲဒီအချိန်က ရုရှားဟာ ကွန်မြုနစ် မဟုတ်သေးဘူး၊ ၁၉၁၈ စစ်အပြီး ဘော်ရှီဗစ် ပါတီတက်လာပြီးမှ ကွန်မြုနစ်ဖြစ်ခဲ့တယ် ဆိုတာ အားလုံး သိကြတယ် ။

ဒီနေ. ကမ္ဘာ့နိုင်ငံရေး ဇါတ်ခုံမှာ ကွန်မြုနစ်တာ မနစ်တာနဲ့ မဆိုင်တော့ဘူး။ သူ.လူလား ငါ့လူလား ဆိုတာ ပထာန ။ Ukraine နိုင်ငံအဖြစ်မျိုး မြန်မာ နိုင် ငံမှာ မဖြစ်ဘူး လို.သေချာ ပေါက် မပြော နိုင်ဘူး ၊ ဖြစ်ခဲ့ ပြီးပြီ လို.ပြောလို.ရ တယ် ၊ ဖြစ်လိမ့်အုံးမယ် လို.လဲပြောလို.ရတယ် ၊ လူ.ဘ၀ ၊ နိုင်ငံတခုရဲ ဘ၀ဟာ ဘ၀သံသရာ ဘဲ ဖြစ်တယ်။ မြန်မာတွေ ဟာ ဘယ်သူ.လူလဲ ၊ ဒါဟာ အရေးကြီးတယ် ။ ဘယ်သူလူဘဲ ဖြစ်ဖြစ် မလွတ်ပါဘူး သေစရာရှိရင် မြန်မာ တွေ အရင် သေမှာပါ။

ပြည်ထောင်စု မြန်မာနိုင်ငံ (သို.မဟုတ်) ဖယ်ဒရယ် ပြည်ထောင်စု ၊ ဘယ်သူ ဘဲ စုစု ၊ ဘယ် လိုဘဲ စုစု ၊ အနိစ္စ ဒုက္ခ သင်္ခါရ က မလွတ်နိုင်ဘူး။ တရားမရ လို.များကြတဲ့ သံသရာ လို.စာရေးစရာ ဦးသုခ က ပြော ဘူးတယ် ။ မြန်မာာ တွေ ဘယ်လို အဓိပါယ်ကောက်ကြ၊ နား လည်ကြတယ်တော့ မသိဘူး ။ နက် ဖြန် သို. မဟုတ် ဘယ်သောခါ ဆိုတာဘဲပေါ့ ။ ဆိုလိုတာက သူများတကာ ဖြစ်နိုင်ပျက်နိုင်တာတွေဟာ ကိုယ့်ကိုလဲ ဖြစ်စေနိုင်တယ် ပျက် စေနိုင်တယ် ၊ အနဲ့ဆုံး ဂယက်ရိုက်နိုင်စေတယ် ဆိုတာဘဲ ၊ထာဝရ ငြိမ်းချမ်းရေး နဲ့ အဒွန်. ရှည်သော ၊ လွတ်လပ်၍ အချုပ် အခြာအာဏာပိုင်သော နိုင်ငံတော် ဆိုတာ ကို တည် ဆောက်နိုင်ဘို. ထိမ်းသိမ်းဘို.ရာ တိုင်းရင်းဖွားစစ် ဒိုတာဝန်ဖြစ် တယ် ဆိုတာဘဲ ။ ဒါကို ဒိုအားလူံး သဘောပေါက်ဘို. လိုတယ် ၊ လိုက်နာ ကျင့်သုံး အကောင်အထည် ဖေါ်ဘို.လိုတယ် ။ တခုတည်းသောနိုင်ငံ ၊ တခု တည်းသော တပ်မတော် ၊ တခုတည်းသော နိုင်ငံသားဆိုတဲ့ စိတ်ကူးယဉ် အိပ် မက် ဟာ စိတ်ကူးယဉ်အိပ်မက် အဆင့် မှာဘဲ ရှိနေသေးတယ် ၊ အချိန် အခါ မရောက်သေးလို.ဘဲ ဖြေးဖြေး ပေါ့ဆို တာလဲ ဖြစ်နိုင်တယ် ။

U.S.S.R လို နိုင်ငံကြီးနဲ့ အလားတူနိုင်ငံ တချို. ပျိုကွဲခဲ့ရသေးရင် မြန်မာနိင်ငံ ဟာ ဘာမိုလို.လဲ လို. ယူဆနေ သူတွေ ရှိမယ် ၊ ပြိုကွဲကြတယ် ဆိုတာကလဲ အပြင်ထိုးနက်ချက်ကြောင့် လား ၊ ကိုယ့်လူတွေကိုယ်တိုင်က ကွဲခြင်လို.လား၊ ကွဲပြီးရင် ပြန်စေ.လို.မရဘူး ၊ နဂိုအတိုင်းပြန် မဖြစ်ဘူး ဆိုတာတော့ သိကြ ရမယ် ၊

Gorbachev , Yelsin တို.လို တိုင်းပြည်ကိုရောင်းစားနေသူတွေ ၊ ရောင်းစား လိုသူတွေ ဒို.နိုင်ငံမှာ ရှိနေ တယ် ဆိုတာလဲ ဒို.အသိဘဲ ။ ဒီလိုလူတွေကို အမျိုးသားလုံခြုံရေး-နိုင်ငံတော် လုံခြုံရေးအတွက် ကြို တင် ကာကွယ် နိုင်ဘို.ရာတော့ မျက်ခြေ မပြတ်စောင့်ကြည်ဘို. လိုတယ်၊

ဒီနေကမ္ဘာကြီးမှာ လက်ဦးသူ စားတန်း ဆိုတဲ့ ကလေး ကစားနည်းတမျိုးကို လူကြီးတွေ ကစားနေကြတယ် လူကြီးတွေဟာ ကလေးတွေ ပြောသလို ကလေး စကား ပြောနေကြတယ် ၊ သေသေချာချာ နားထောင်လိုက်ရင်သူတို.
အားလုံးပြောတဲ့ စကားတွေအားလုံးဟာ အတူတူချည်းဘဲ ၊ စွက်ဖက် တယ်၊ နိုင်ငံတခုရဲ အချုပ်အခြာ ကို ရန်စ ကျူးကျော်တယ် ဆိုတာတွေဟာ လူတိုင်း ပြောနေကြတာတွေ၊ ကြက်တူရွေးလို ရေရွတ်နေကြ တယ် ။ သူတို စကားနဲ့.သူတိုအလုပ်ကတော့ တခြားစီ ၊ ကိုယ်ပြောခြင်တဲ့ စကား ကိုယ့်ပါး စပ်က ထွက်သွား ရင် ပြီး ရော၊ လူကြားရင်ပြီးရော ဘဲ။

U.S.S.R က ခွဲထွက်ခဲ့ပြီး ဒီမိုကရေစီ နိုင်ငံတော် ဖြစ်ခဲ့တဲ့ Ukraine မှာ ဒီမိုကရေစီနည်းနဲ့ ပြည်သူရဲ့ ရွေး ကောက် ခံရတဲ့ သမတ Yanukovych ကတော့ ပြေးနိုင်လို.သာ လွတ်သွား တယ် ၊ မိသွားရင် ဒီမိုကရေစီ ဓါတ်တိုင် စာဘဲ ၊ အနောက်အုတ်စုရဲ ထောက်ခံ အားပေးမှု နဲ အတိုက်အခံတွေဟာ ဖွဲစည်းပုံအခြေခံ ဥပဒေနဲ အညီမဟုတ်တဲ့ ၊ လူအုပ်နဲ.အဓမ္မ ဒီမိုကရေစီ ကျင့် သုံးပြီး အာဏာသိမ်းခဲ့ ကြတယ် ။ ဒါမျိုး တွေ လဲ တွေ.ခဲ့ရပေါင်းများပါပြီ ။
ဒါကြောင် ဘယ်သူတွေ ဟာ ဟစ်ပိုခရစ်တွေလဲ လို. မေးတာ ။

Ukraine ဟာ ရုရှားနဲ့ နယ်ချင်းစပ်ဖြစ် တယ် ၊ Yanukovych ဟာ အခြေ အနေ အရ ၊ ရုရှားဘက်ယိုင် သူတယောက်ဖြစ်တယ်လို.သိရတယ် ။ အဆိုရှိတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ Crimea ဒေသဟာ ရုရှား အများစုနေရာ ဒေသတခုလဲ ဖြစ်တယ် ။ ဒီမိုကရေစီအရ ဖြစ်စေလူ.အခွင့်အရေး အရ ဖြစ်စေ ကိုယ်ပိုင် အုပ်ချုပ်ခွင်ရ ဖြစ်စေ သူတိုကြမ္မာသူတို. ဆုံးဖြဆ်ပိုင်ခွင်.ရှိတယ်။

သမိုင်းကို လေ့ လာ ရင် ၁၉၄၅ ခုက စပြီး ကိုရီး ယား ၊ ဗီယက်နမ်.။ ကမ္ဘော ဒီယား ၊ လော ၊ အီရတ်တိုကို ဘယ်သူက စစ်ရေးအရ ကျိုးကျော်တိုက်ခိုက် သတ်ဖြတ်ခဲ့တယ် ဆိုတာ အိမ်ကခွေးတောင် သိတယ်။ မပြေလည်ကြရင် အီရန်လို အကန်.အသတ်နဲ့ စစ်ဖြစ်မဲ့ အလားအလာတော့ရှိနေတယ်။ နစ်နာ ဆုံးရှုံးမဲ သူတွေဟာ ယူကရိန်းနဲ့ ခရေမီယမ် တို.ဘဲ ။

အင်အားကြီးနိုငံတွေဟာ သူတို မြေပေါ်မှာ စစ်ဖြစ်မှာ စစ်တိုက်ရမှာကိုတော့ ဘယ်လိုမှ မလိုလား ခွင့်.ပြုလိမ့်မယ် မဟုတ်ဘူး။ အမေရိကံ ဦးဆောင် တဲ့ မဟာမိတ် အဖွဲ ဆိုတာဟာ နာဇီတွေ ၊ ဖက်စစ်တွေ ကိုလိုနီနယ် ချဲ့တွေ ကွန်မြုနစ် တွေရဲ အစု အဝေးကြီး ဖြစ်တယ်၊ တယောက်ကိုတယောက် အပြန် အလှန်ထောက်ခံနေကြတာဘဲ ၊ တယောက်ထဲတော့ မကျယ်ရဲကြ ဘူး ။ အုတ်စုနဲ့မှကျယ် တတ် တဲ့ နေတိုး စစ်အုပ်စု ၀င် အီးယူ နိုင်ငံတွေဟာ သူတို.မြေ ကို စစ်မြေပြင်တွေ အဖြစ် မခံဘူး ၊ တခါမကသေဘူးလိ.ု ပျဉ်ဘိုး နား လည်နေကြတယ် ၊ ဒိုမြန်မာတွေသာ ပျဉ်ဘိုးနား မ လည်တာ သစ်တော တွေ ပေါများလို. ဖြစ်နိုင်တယ် ။

စစ် တိုက်ရင် သူတိုက သူများမြေ ပေါ်မှာသာ တိုက်ကြမှာ သူများမြေကို စစ် တလင်း လုပ်ကြ မှာဖြစ်တယ် ။ ဒီအတိုင်းလဲ ဖြစ်ခဲ့တယ်၊ နောင်လဲ ဖြစ် လိမ့် အုံးမယ် ။ အမေရိကံ ပြည်ထောင်စုဟာ ၁၈၆၂ ခု မှ ၁၈၆၅ ထိ သူမြေ ပေါ် မှာတိုက်ခိုက်ခဲ့တဲ့ ပြည်တွင်း စစ်မှာ အပျက် အဆီး အဆုံးအရှုံး အသေ အပျောက်တွေရှိခဲ့တယ် ၊ ဒါကို မမေ.ဘူး ၊ ပဌမ ကမ္ဘာစစ် ဒုတိယ ကမ္ဘာ.စစ် တို.မှာတော့ သူမြေ ပေါ်မှာ တိုက်ခိုက်တာမဟုတ် မြန်မာ့မြေ အပါအ၀င် ကမ္ဘာ့ တခြား နိုငံတွေ ရဲ မြေပေါ်မှာ တိုက်ခိုက်ခဲ့တယ် ၊ အမေရိကံ စစ်သား အသေအပျောက်ရှိ ပေမဲ့ နဲပြီး အမေရိကံ ဘက်တော်သား။ အလိုတော်ရိ တွေ သာ အများ ဆုံး သေကျေခဲ့ရ တယ် ။ ပျက်ဆီးခဲ့ရတယ် ။ မြန်မာတွေလဲ အတော် အထိ နာခဲ့တယ် ဒီနေထိ ခေါင်းတောင် မထူနိုင် ၊ နလန်မထူနိုင်ဘူး ၊ လွတ်လပ်ရေးလဲ ဆုံးရှုံးနေတယ် လို ဆိုခြင်တယ် ။ ဒါတောင် ဖက်မလိုက် ကြားနေ၀ါဒကျင့်သုံးနေလို ဒါလောက်ခံသာနေတယ်လို.ဆိုရမယ် ၊ အနာ၈ါတ် အတွက်က သေချာပေါက်တွက်လို.မရဘူးဆိုပါတော့ ၊၊

ဒီနေရာမှာ လက်ခံသည် ဖြစ်စေ မခံသည် ဖြစ်စေ ပြောခြင်တာက. ဒုတိယ ကမ္ဘာစစ် ဟာ မြန်မာပြည် ကို ၁၉၄၂ ခုမှာ ကူးလာတယ် ဆိုတဲ့ စကားရပ် ဘဲ၊ အမှန်တော့ ကိုအောင်ဆန်း ယူလာတာ၊ ကိုအောင်ဆန်း ခေါ်လာလို. ရောက် လာတာ လို.ပြောနိုင်တယ်။ ရည်ရွယ်ချက် ကောင်းနဲ့ ဖြစ်တယ် ။ ကိုအောင်ဆန်းမပါရင် ဂျပန် ရောက်မလာဘူးလို.လဲ မပြောနိုင်ပါဘူး ။ ဒါဟာ ဝေဖန်တာမဟုတ်ဘူး အဖြစ်ကိုသာ ပြောတာ ၊ ၂ ခါ ပြန် ၀န်ကြီးချုပ် ဒေါက် တာ ဗမော် ဘယ်သူ.ကိုမှ တောင်းပန်လို.မရ မြန်မာနိုင်ငံ ကြားညပ်ပြီး မြန်မာတွေ သေလိုက်ကြ ရ တာ သောက်သောက်လဲ ဘဲ။

မကြာသေးခင်ကလဲ အခုထိဘဲ ဆိုပါတော့ ၊ တရုတ်ကို ရန်သူသတ်မှတ်တဲ့ အမေရိကံနဲ့ အပေါင်းပါတိုဟာ မြန်မာနိုင်ငံ နဲ.တရုတ်ရင်းနှီးတာ ၊ မြောက် ကိုရီးယားနဲ ပြေလည်တာတွေ ကို မကြိုက်ဘူး။ တရုတ်ကလဲ မပြောခြင်သာ နေမယ် အနောက်အုတ်စုက မြန်မာကို အနိုင်ကျင့်နေတာ တွေ ကြိုက်ခြင်မှ ကြိုက်မယ်။ ကြိုက်ပုံမှရှိဘူး ။ အရေးကြီးတာက အမေရိကံ ပြည်ထော်ကစု ဟာ ပြီးခဲ့တဲ့အပိုင်း က မြန်မာကို ခုတုန်းလုပ်ပြီး မြန်မာနိုင်ငံ ထဲမှာ ဒုံးကျည် စခန်း တွေ တည် ဆောက်ပြီး တရုတ်ကို ချိန်း ချောက် ၊ လိုအပ်ရင် တိုက် ခိုက်ဘို. အကြံကြီး ကြံခဲ့တယ် ။ တကယ် လိုသာ ဖြစ်ခဲ့ရင် ဘယ်သူနာမလဲ ။ မြန်မာဘဲ ပေါ့။

မြန်မာဟာ ဒီနေ.ထိ အမေရိကံနဲ့ အနောက် အုတ်စုဝင် Poodles တွေရဲ့ ချိန်းချောက်မှု ၊ အကြပ်ကိုင်မှုကို ခံနေရတုန်းဘဲ ။ မြန်မာနိုင်ငံမှာ ဘယ်သူ ဟာ Michael Gorbachev လဲ ၊ ဘယ်သူဟာ Boris Yelsin လဲ။

ထိုင်းနိုင်ငံ ဟာ အစဉ်အလာအရ ဘုရင်စံနစ် အုပ်စိုးနဲ့ နိုင်ငံဖြစ်တယ် ၊ ထိုင်း နိုင်ငံမှာ နိုင်ငံခြား သား ပေါင်းစုံရှိခဲ့ သည့်တိုင် မြန်မာနိုင်ငံလို အင်္ဂလိပ် သော်၎င်း၊ ဗီယက်နမ် ကမ္ဘောဒီယား တိုလို. ပြင်သစ် အုပ်ချုပ်တဲ့ နိုင်ငံ မဟုတ် လို. ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ၈ျပန်သော်၎င်း၊ အင်္ဂလိပ်သော်၎င်းတိုရဲ ဗုံးကျဲမှု ကင်းလွတ်ခဲ့တဲ့ အပြင် ဂျပန်နဲတောင် မဟာမိတ် ဖြစ်ခဲ့တဲ့ နိုင်ငံဖြစ်တယ် ဆို တာကိုတော့ ထောက်ပြရလိမ့်မယ်။ ဂျပန်တို. ဟာ ထိုင်းနိုင်ငံထဲကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလက အေးအေးဆေးဆေးဘဲ ကျုးကျော်ခဲ့တယ် အဲဒီဂျပန် တပ်တွေ ထဲမှာ ကိုအောင်ဆန်းတို.တစု ပါ မပါ တော့ မမှတ်မိဘူး။

အင်္ဂလိပ်နဲ.ဂျပန်ကို တော်လှန်လို.သေရတဲ့ မြန်မာအရေအတွက်ဟာ ဂျပန်အ၀င် ဗုံးချလို.၊ အင်္ဂလိပ် ပြန် အ၀င် ဗုံးချလို သေရတဲ့ မြန်မာအရေအတွက် လောက်မများဘူး၊ အပျက်အဆီး ဆိုတာကတော့ မြန်မာပြည် မြေမှာ ပြား ပြား ၀တ်သွားအောင် မရှိမဲ ရှိမဲ့တွေ ပျက်ဆီးခဲ့ရ တယ် ၊ ဘယ်သူ.ကို အ ပစ် တင်ခြင် သေးသလဲ? ရှေ.အနာ ဂါတ် မြန်မာနိုငံမှာ ဘယ်သူဝင်ဝင် ဘယ်
သူထွက်ထွက် သေရမှာ မြန်မာတွေဘဲ ဆိုတာလဲမမေ.နဲ့၊ ဗေဒင်မေး စရာ မလို ဘူး။ မေးရင် ငွေကုန်ရုံဘဲ ရှိမယ်၊

အစိုးရတွေ တရားမျှတခြင်း ၊ လွတ်လပ်ခြင်း ၊ ငြိမ်းချမ်းဘို.ရာမှာလဲ ပြည်သူ တွေ ခွင့်တူညီမျှ ဘို.လိုတယ် ဆိုတာ သိပေမဲ့ လုပ်နိုင်တဲ့ ငွေအား လူအား တွေ ရှိဘို.လိုတယ် ၊ ပြည်သူတွေ တတပ်တအား ပါဝင်ခြင်း မရှိရင်ဖြစ်စေ၊ ဘယ်လောက်ဘဲ လုပ်လုပ် ထိုင်ပြီး မကျေနပ် နေသူတွေ ငြီးငြူနေသူတေ၊ွ ကပျက်ယပျက် ထော်လော်ကန်.လန့် လုပ်သူတွေကလဲ ရှိနေ မှာဘဲ၊ ဒါတွေ ကိုပါ နိုင်အောင် ထိမ်းနိုင်ဘို.လဲ လိုသေးတယ် ။ လိုငွေရပေါက် ရလမ်း ရှာ ပြန်တော့လဲ မရှာနိုင်အောင် ဟိုက ကန်.ကွက် ဒီက ဆန်.ကျင်နဲ.ဘယ်သူ မြောက် ပေးနေ လို. အမျိုးမျိုးနှောက်ယှက်နေကြပြန်တယ် မသိဘူး။ သူတို.အတွက်ကတော့ ဒီမိုကရေစီ ပေါ့လေ ၊ လွတ်လပ်မှုတဲ့ လား။

Ukraine အကြောင်း၊ Crimea အကြောင်းတွေ ပြောလာတော့ ။ မြန်မာနိုင်ငံ က ဖွဲစည်းပုံ အခြေခံ ဥပဒေ ပူဒ်မ ၅၆ ပါ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဒေ သ တွေကို မှန်းပြီးမြင်မိ ကြည့်မိတယ်။ အထူးသဖြင် ၀ ကိုယ်ပိုင် အုပ်ချုပ် ခွင်.ရ တိုင်း ဆိုတဲ့ စကားရပ်ဘဲ ၊ တရုတ်မြန်မာနယ်စပ်တွေမှာ တရုတ်တွေ ခြေရှုတ်နေ တာ တော့ အမှန်ဘဲလို. ဒေသခံတွေ ပြောဆိုနေတာ ကြား ရ တယ် ၊ တရုတ်အစိုးရ ဘယ်လောက်ပါဝင် ပါတ်သက်သလဲ ။ မူဆယ် ဘက်မှာဆိုရင် တရုတ် ရပ်ကွက်တွေ လောင်းကစားရုံတွေ သိသိသာသာ ထင်ထင် ပေါ်ပေါ် ရှိနေတယ် တဲ့ ။ ရခိုင်ပြည်နယ်က မူဂျာဟစ်ခေါ် ရိုဟင်ဂျာ ဆိုတာတွေလိုဘဲ ၊ တရားမ၀င်တဲ့ တိုင်းတပါးသား ကျူးကျော်တွေပေါ့ ။

ကချင်လက်နက်ကိုင်တွေကလဲ သူတိုနယ်ထဲ အစိုးရ မလာရဘူးတဲ့၊ သူတို.နယ်ဆိုတာ ဘယ်လိုနယ်နိမိတ် ကန်.သတ် သတ်မှတ် ထားတယ်ဆိုတာ တော့ မသိဘူး။ လောင်ဂျီကျွတ် လတ်တီကျွတ် မြေပုံအမှတ် အသား တော့ ရှိလိမ့် ၊ ဘယ်သူ ဘယ်တုန်းက ခွဲပေးသတ်မှတ် ထားတာလဲ သိခြင် လိုက် တာ ။

Ukraine ဖြစ်စေ ၊ Crimea ဖြစ်စေ ။ ဘယ်သူတွေ ဘာလုပ်နေကြတယ် ဆို တာကို စောင့် ကြည်.နေတုန်းမှာ လဲ ဒို.မြန်မာတွေဟာ ကိုယ့်ဝမ်းနာ ကိုယ် သာ သိဘို. လိုတယ် ၊ြ့ပုပြင် ပြောင်းလဲရေး တွေ၊ ဖွံ့ဖြိုးတိုးတက် ရေး တွေ။ ခေတ်မီနိုင်ငံတော် ဖြစ်ရေးတွေ ဟာ အပစ် အခတ်ရပ်ဆဲရေး ငြိမ်းချမ်း ရေး ပေါ်မှာ တည်တယ် ဆို တာလဲ မကြာခဏပြောနေကြတယ် ။

ကြည်.လုပ်ကြပေ တော့ ကိုယ့်လူတို.ရေ လို.ပြောရမလား ။//