Article submitted by: Thunderbolts on 12-Jan-2014  
အာဏာရူး ဘုန်းကြီးရူးနဲ့ လှေလူး (၂)
နောက်ဆက်တွဲံ

တိုင်းချစ် ပြည်ချစ် သားကောင်း သမီးကောင်းတို.။

သူတိုကိုတော် လှန် ပုန်ကန်တဲ့လူတွေ ၊ မြန်မာလူမျိုးစုဝင် မှန်သ မျှ ကိုလဲ စေ့စေ့ညက်ညက် ချေဖျက်ခဲ့ တာ မှာ ၊ မြန်မာသြဇာကျဆင်းပြီး အင်္ဂလိပ်သြဇာ တိုးခဲ့တယ် ၊ မြန်မာ တွေဟာ ဟာ နီးရာဒါး ကြောက်ခဲ့ ကြရတာ ၁၈၂၄ ခု က တစတစဘဲ ဆိုပါတော. ။

အခုချိန်ထိလဲ ဒို.ခေါင်းဆောင်တွေကို အပုတ်ချတုန်းဘဲ၊ ရင်နာစရာက ဒို.မြန် မာတွေ ထဲက တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာမှမလုပ်ခဲ့ဘူးတဲ့ အကောင်တွေ ကိုယ်တိုင်က အနောက်ဖက် နိုင်ငံတွေရဲ. အသုံးတော် ခံဘ၀ ကို နှစ်သိမ်.နေ ကြတယ် ။ ဒါကလဲ အချောင်စားလိုတဲ့ စိတ် ကြောင့်ဘဲ ။ အနောက်ဖက် နိုင် ငံ ဆိုတာ ကို တိတိ ကျကျပြောရရင် အင်္ဂလိပ်နဲ့ အမေရီကန် တို.ဘဲ ပေါ့။ မြန်မာနိုင်ငံကို ဂျပန်လက်ကလွတ် မြောက် အောင်၊ ပြန် တိုက်ခိုက်ခဲ့တာ ဟာ သူတိုအကျိုးစီးပွားအတွက်သာဖြစ်တယ်။ သူတိုပစ္စည်းသူတိုပြန်တိုက်ယူတဲ့ မျက်နှာဆယ် အဖတ်ဆယ် သိက္ခာဆယ်သဘော၊ မြန်မာတိုရဲ အကျိုးစီးပွား အတွက် မဟုတ်ဘူး။ ကမ္ဘာ.သမိုင်းကို လေ့လာရင် အင်္ဂလိပ် အုပ်ချုပ်တဲ့ နိုင်ငံတွေ ဟာ ဒီတိုင်းနှင်နှင် အင်္ဂလိပ်က သူတပါးတွေကို ဆက်ဆံ ခဲ့တာ တွေရတယ်။ အာရပ်တွေ အပေါ် အင်္ဂလိပ်တွေ ဘယ်လို ယုတ်မာခဲ့တယ် ဆိုတာ ၊ Lawrence of Arabia လို. နာမည်ကြီးခဲ့တဲ့ အင်္ဂလိပ် ဗိုလ်မှုး T. E. Lawrence ရဲ့ ကိုယ်တိုင်အတွေ.အကြုံတွေက ဆိုတယ် ။ ဘွဲ.တံဆိပ်တွေ ပေးတာကိုတောင် လက်မခံ၊ ရပြီးသား ဆုတံဆိပ်တွေကို ရေထဲ လွင့် ပစ်ခဲ့တဲ့ သူတယောက်ဘဲ ၊၊ ဒို.ဆီက သူငယ်မနဲ့တော့ ကွာလိုက်တဲ့ ဖြစ်ခြင်း။

ကမ္ဘာ့အရပ် ၈ မျက်နှာ နိုင်ငံတွေလဲ ဘာမှမခြား ပါဘူး။ ဒီအတိုင်းဘဲ ခံခဲ့ကြ ရတယ်ဆိုတာ သိပြီးသားတွေပါ၊ အားနဲသူကို အားကြီးသူက အနိုင်ယူသွား တာဘဲ ။ ဒိုမြန်မာတွေ ဗလ ငါးတန် စလုံး အားနဲ့လို.အားကြီးသူ က အနိုင် ယူသွားတာ ခံရတယ် ၊ သူတိုဟာ အားနဲသူ ကိုသာ အနိုင်ယူမယ် အားချင်း တူသူကို မျက်နှာတောက် မော် မကြည့်ရဲဘူး၊ မြန်မာတချို.ကလဲ ကိုယ်ကို တိုင် ဗလငါးတန်ပြည့်ဘို.ထက် အားကြီးသူတွေကို မျက်နှာ လိုအားရ ဖင်ယက် တင်ယက် ရင်ယက် လုပ်နေကြတယ်။

ဖြစ်ခြင်တော့ ၊ အမျှော်မမြင်ကြီးတဲ့ အိမ်ရှေစံ ကနောင်မင်း၊ အင်္ဂလိပ် အကြံ ကို ရိပ်မိတဲ့ ကလောင်မင်း၊ အင်္ဂလိပ်ကို ရင်ဆိုင်ဘို ပြင်ဆင်နေတဲ့ အိမ်ရှေ.စံ ကနောင်မင်း ကို Weapon of mass destructions လက်နက် ထုတ်လုပ်မှု ရပ်ဆိုင်းရမယ်လို.နောင်တော် မင်းတုန်းမင်းက တချက်လွှတ် အမိန်.ပေးခဲ့ တာ ၊ အမိန်.ကလဲ သာသနာပိုင် ဘုန်းကြီးရဲ့ပယောဂ ပါခဲ့တာတွေ ၊ ပြင်ပ အားကိုး ပုဆိန်ရိုး မြင်းခွန်တိုင် မင်းသား အာဏာရုး မျိုးအေး ရဲ့ ပက်စက်တဲ့ အကြံတွေ နဲ့ ပေါင်းလိုက်တော့ မြန်မာတွေ သူ.ကျွန်သပေါက်ရောက်ခဲ့ရတာ မြန်မာတွေကြောင့်ဘဲ ။ အခုလဲ ဒီကိန်းများ ဆိုက်နေပြီလား လို. စိုးရိမ်မိ တယ် ၊ မစုကြည်က အာဏာရူး။ အနားကပ်နေတဲ့ အင်္ဂလိပ်စကားပြော ဘုန်းကြီး ကလဲ သူ.ဟာနဲ.သူ ဘာတွေရူး ဘာတွေ အကြံပေးနေတယ် ဆို တာ တော့ စဉ်းစားစရာ။ လှေနဲ့သဏ္ဍာန် နဲ့တူတဲ မြန်မာနိုင်ငံကတော့ လူး နေတာဘဲ။

ဒီနေ. မြန်မာနိုင်ငံက သတင်းတွေကြားရတာကတော့၊ တိုင်းပြည် ခေတ်မီ တိုးတက်ဖွံ့ဖြိုးရေူး ဆိုတာတွေ ဘေးချိတ် မစုကြည်ကို သမတအဖြစ် စွဲမခန်.သမျှ. ဘယ် ဥပဒေမှ တရားမျှတ ခြင်းမရှိဘူးဆိုတဲ့ ပုံ ရောက် နေတော့ ၊ တချိန်က မြန်မာနိုင်ငံမှာ ဥပဒေမရှိတဲ့ သက်ဦး ဆံပိုင် စံနစ်ဆီကို ပြန်သွားနေြ့ပီလား လို.မေးစရာ ရှိတယ် ၊ ဂျာမဏီ နိုင်ငံမှာ ၁၉၃၄ ခုက ၁၉၄၅ ခုထိ နာဇီပါတီ Adolf Hitler အဓိပတိ အဖြစ် ပြည်သူတွေ ဒီမိုကရေစီအရ ရွေး ကောက် တင် မြောက် လိုက်တာ လို. သိရတယ် ။ သူလူမျိုးနဲ့ သူ.လူထုနဲ.ခေါင်းဆောင် လိုသည်ထက် ပိုပြီုးစည်းရုံးမှာကို မလိုလားသူတွေ ရှိစမြဲ ဘဲ ။ မြန်မာနိုင်ငံဟာ မြန်မာလူမျိုးတို.အတွက် ဖြစ်တယ် ဆိုတာကိုပြခဲ့တဲ့ ခေါင်း ဆောင်ကို ၀ိုင်းဘေခဲ့ကြတာ ကြုံခဲ့ရဘူးတယ် ။ အဲဒါ မြန်မာ့စိတ်ဓါတ်လို. ပြောရမှာ မပြောရက်ဘူး ၊ ပြောမထွက်ဘူး။

လက်စသပ်တော ဒီလိုကိုးဆိုတာ ၁၉၈၈ ခုမှာ ပေါ်လာတယ် ၊ မစုကြည်ကို လက်သပ်မွေး၊ ပွဲထုတ်ဘို. အစီ အစဉ် ရှိထားတဲ့ အင်္ဂလိပ် အမေရိကန်တို.ဟာ လမ်းစဉ်ပါတီနဲ့ ဦးနေ၀င်းကို ဖျောင်ဘို အခွင့်မသာခဲ့ဘူး၊ သူ.ဆရာ ဗိုလိချုပ်အောင်ဆန်ူးရဲ သမီး မစုကြည် ကို ၁၉၈၈ ခုမှာ ပွဲထုတ် လိုက်တာဘဲ ။ မစုကြည် သမတ မဖြစ်သမျှ ၊ မြန်မာနိုင်ငံဟာ အေးဆေးလိမ့် မယ် လို. တထစ်ချ ယူဆ လို.မရတဲ့ ပုံမျိုးဖြစ် နေတယ် ။ မစုကြည်က တဆင့်၊ မြန်မာ ပြည်နဲ့ မြန်မာတွေကို ချယ်လှယ်နေတာ၊ ဟိုလူကြီး လက်ထက် ဒါမျိုးလုပ်လို. ဘာရမလဲ ။

စုခြင်းတူပေမဲ့ သီပေါမင်းရဲ့ မိဘုရား တပါးဖြစ်တဲ့ စုဘုရားလတ်ဟာ ရဲရဲ တောက် အာဇာနီမ တဦးဘဲ။ ဒါပေမဲ့ ဘုရင်မ တော့မဟုတ်ပြန် ဘူး။ အခု မစုကြည်ကို သူ.လူတွေက ဘုရင်မတပါး အဖြစ်များ မြှောက်ခြင်နေကြ သ လား ဟစ်တလာ လို. အဓိပတိအဖြစ်မြောက်စားကြ အုံးမှာ လား။ မကြံအပ် မစည်အပ်တွေ ၊မစုကြည်မှာ နန်းဆက်ခံမဲ့ သားတော် မြေးတော် တွေက တော့ အသင့်ရှိနေ တယ် ။ အင်္ဂလိပ်ကြောင့် နန်းဆက် အမွေပျောက်ရတဲ့ ။ အောင်ဆန်း နန်းဆက် တင်ရင် ။ သီပေါ ကုန်းဘောင်ဆက် မင်းညီမင်းသား ၊မဟာမျိုးမဟာနွယ်တွေ ဘာပြော ကြမလဲ? မပြောပါဘူး သူတိုကလဲ စိတ်ဝင် စားပုံမရှိဘူး။ လွတ်လပ်ရေး မရခင်ကတည်း အင်္ဂလိပ်ကို လင်လုပ် အင်္ဂလိပ် မကို မယား လုပ်ခဲ့ကြသူတွေ သူတဘ၀ သူတို ကျေနပ်နေကြတာ ရှိတယ်၊ မစုကြည်နဲ့မတိမ်း မယိမ်းဘဲ ၊ တထေရာဘဲ လို.တောင်ပြောလို.ရတယ် ။ မင်းဖြစ်လို တဲ့ ဇာတိစိတ် ဇာတိမန်တွေ ပျောက်ကုန်ကြပြီ ။ ဒါပေမဲ့ သူတို တွေ ဟာ အင်္ဂလိပ် ကြောင့် နန်းဆက်ပြန်ပေါ်လာအုံးမလား လို.ဆိုရင် မြင်ကွန်ူးကိစ္စ သခင်္ဏန်းစာယူဘို.ကောင်းပါတယ် လိုဘဲ ပြောတော့ မယ်။?

အတိတ်ကို ပြန်ပြောင်းလေ.လာလိုက်တဲ့အခါ ၁၉၅၈ ခု မှာ ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့ အိမ်စောင့် အစိုးရ တက်လာကထဲက တရုတ်-မြန်မာနယ်ခြား သဘောတူစာချုပ်ကို နောက် ဆုံး သဘောတူ လက်မှတ်ရေးထိုး ခဲ့တယ်။ ရှမ်း စော် ဘွားတွေ အာဏာစွန်.ခဲ့ကြတယ် ။ ပြည်ထဲရေးဝန်ကြီး လက် အောက်ခံ ၊ ပြူစောထီး ၊ ပြည်စောင့် ရဲ တပ်ဖွဲ.။ ရာဇ၀တ်မှု ထိမ်းသိမ်းရေး ရဲအဖွဲ.ကိုပါ နိုင်ငံရေး သမားတွေရဲ. ခါးပိုက် ဆောင်တပ် တွေ ဆိုပြီး ကုလား ဖန်ထိုး ချယ်လှယ်ခဲ့ တယ် ။ ပိုပြီး စည်းရုံး ခဲ့သလား ၊ ကွဲပြဲခဲ့သလားဆိုတာကိုတော့ ၁၉၈၈ ခု လူထု ဆန္ဒ ပြပွဲတွေမှာ ထင်ထင် ရှားရှား တွေ.မြင်ခဲ့ရတယ် ။ ကွဲပြဲမှာလဲ စည်းလုံး ရမယ်ဆိုတာကို သတိထား မိလာမယ်၊ သိလာမယ် ။

လိုရင်းကိုထပ် ပြောရရင်၊ ၁၉၅၈ ခုကစပြီး ဗိုလ်ချုပ်နေ၀င်း(ခ) ဦးနေ၀င်း ခေါင်းဆောင်တဲ့ တပ်မတော်နဲ့ အစိုးရ တို.က ဆောင်ရွက်ခဲ့တာတွေကို မစုကြည်ဘာလုပ်မယ် လို. စိတ်ကူး သလဲ ? ကျမ လက်မှတ်မပါတဲ့ စာရွက် စာတမ်းတွေ သဘောတူချက်တွေ မှန်သမျှ အားလုံး ကို ပယ်ဖျက်( void ) တဲ့လား - ပြန်ပြီး ဆွေးနွေး မယ် လား? ဖီမော် - ဂေါ်လံ - ကမ်ဖန် ဒေသ ၃ ခုကို တရုတ်ဆီက ပြန် တောင်းမလား။ လိုအပ်ရင် အမေရိကန် ဦးဆောင်တဲ့ အနောက် အုပ်စု နေတိုး တပ်တွေ အကူအညီနဲ့ တိုက်ယူ မလား ? ၁၉၈၈ ခုက စစ်အစိုးရ န၀တနဲ. တချို.သောင်းကျန်းသူအဖွဲူ့တွေ ကြား အပစ်အခတ် ရပ်ဆဲ ရေး သဘောတူ ထားတာ တွေ ကို ပလပ် လိုက်မယ် လို. ဆိုမလား။ ဒီမေးခွန်းတွေက အမြဘဲ စပ်ဆိုင်နေတာဘဲ ၊ ကှမဖေဖေ လက်မှတ် ထိုးခဲ့တဲ့ အောင်ဆန်း-အက်တလီဟာချုပ် ၊ ပင်လုံစာချုပ် တိုကြောင်. ပြသနာတွေ ပေါ် ခဲ့ပါတယ် လို. တစွန်းတစလေးမှ ရေရွက်သံမကြားရဘူး။၊ နု-အက်တလီ စာချုပ် တွေကိုရော ပါယ်ဖျက်ခြင်း ပြင်ဆင်ခြင်းတွေ လုပ်ဘို. ဘာမှ ပြောဆို သံမကြားရဘူး။ စကားစပ်လို.သာ ပြောတာပါ၊ အခုချိန်မှာတော့ ဒါတွေဟာ အဓိပါယ်တော့ သိပ်မရှိ ပါဘူး။ ငြိမ်းချမ်းရေးဆောင်ရွက်နေမှု တွေမှာ ပင်လုံ စာချုပ်ဟာ ဘယ်လို အဓိပါယ်ဖေါ်မှုနဲ့တော့ အဟန်အတား ဖြစ်နေတုန်းဘဲ ဆိုတာတော့ မသိဘူး၊ ဒီစာချုပ်ရော ဖျက်ပြီးပြီလား ?

KNU ကတော့ မနေတနေ.က မှ ( ဘယ်တောမှ ခွဲမထွက်ပါဘူး) ဆိုပြီး ပြော လာပြန်တယ် ၊ ကျန်သူတွေတော့ မသိဘူး၊ စိတ် ဆိုတာ အပြောရ ခက်သား ဘဲ ။ ကျမ သမတဖြစ်ဘို. အဟန်.အတား ၊ ကျမ သားသမီး မြေး မြစ် တွေ ထီးနန်း ဆက်ခံဘို. အနှောက်အယှက် တွေကို ဖါယ်ရှားရေးက အဓိက ပါ လို.ပြောမလား။ မြန်မာ့ တပ်မတော်အပါအ၀င် ကာကွယ်ရေးအဖွဲ အင်အား အရပ်ရပ်ကို လျှော့ချမလား၊ ပြူစောထီး ပြည်စောင့်ရဲ နဲ့ ရာဇ၀တ်မှုဆိုင်ရာ ရဲတပ်ဖွဲ့.တိုကို ကာကွယ်ရေး ၀န်ကြီးလက်အောက်ခံ ဘ၀ကနေ ပြည်ထဲရေး ၀န်ကြီးလက် အောက် ပြန်ပြောင်း ပြီး သီးသန်.ပြန်လည် ဖွဲ့.စည်းမလား။ တပ်မတော်ကို လက်နက်အင်အား လူအင် အား တွေ လျှောချဘို.စီစဉ် သလား ။ ဂျာမဏီနဲ.ဥရောပ နိုင်ငံ ၊ ဂျပန်တိုလို.စတိ တပ်မတော် တွေ ဖွဲပြီး နေတိုးက အဝေးထိမ်း စက်ခလုတ်နဲ့ထိမ်းသိမ်းစေမှာလား။

လက်ရှိ စီးပွားရေး အခြေခံ အဆောက်အဥုံတွေ၊ ဖွံဖြိုးရေး စီမံကိန်း အစီ အစဉ် တွေကို ဆန္ဒပြ ကန်.ကွုက်နေ တာတွေမှာ မစုကြည်ရဲ့ ခံယူချက် သဘောထား အနေအထားက ဘယ်လိုလဲ ၊ မေးစရာ တွေကတော့ အများ ကြီး ဘဲ အမေ စုရေ. ။ အားလုံးကို ဖြေလိမ့်မယ် ၊ ဖြေနိုင်လိမ့်မယ်လဲ မမျှော် လင့်ပါဘူး ၊ ကိုယ့်ဘက်က တဘန်း သာတယ် ဆိုရင် နှုတ်ပိတ် ရေငုံနေ တော့ ၊ ကိုယ်ကဘဲ ဆန္ဒပြသူတွေကို ကြိတ်ပြီး နေ.တွက်စရိတ်တွေပေး မြောက် ပေး နေသလားမှ မသိတာ၊ ဖြေခဲ့ရင်လဲ ဝေ့လယ်ကြောင် ဖတ် လုပ်လိမ့်မယ် ဆိုတာကို ဘဲ မျှော်လင့်ထား ပါ တယ်။

(အာလူးပေးတဲ့ သူကို သိပ်ကို မုန်းတယ်) လို. ပြောရမလား ဆိုတာက ပါးစပ် ကပြောရတာ လွယ်တယ်။ ပြောတာကို စာနဲရေးချရတာတောင် ခက်ရင်. အကောင်အထည်ဖေါ်ဘို. ဆိုတာ မနဲကြိုးစားရမယ် မဖြစ်နိုင်လောက် အောင် ဘဲ ? မစုကြည် ကိုဒင် မဟုတ်ပါဘူး နော် ၊ အားလူး ပေး တဲ့ သူတိုင်းကို ပြော တာ။ မစုကြည်တို တစုက ပွင့်လင်း မြင်သာတာကို လိုလားတယ် ကြိုက် တယ် မဟုတ်လား ။ ကဲ ကိုယ်ဟာကိုဘဲ ပွင့်လင်း မြင်သာ လိုက်ကြ စမ်းပါ ဆိုတာက ငေါ့လိုက်တာ။ အခုတလော မစုကြည်က တခု ပြောလိုက်၊ NLD ပြောခွင့် ရသူ ဆိုတာက တခုဖုံးလိုက် ဖိလိုက် ၊ နောက်က လိုက်ရှင်းလိုက်နဲ ဘာတွေ များ သူတိုဟာ သူတို ရှုတ် နေကြတယ် မသိဘူး။

မစုကြည်နဲ့တစုသိဘို.က ပြောတဲ့ အတိုင်း အများပြည်သူကို တကယ်လေး စားတယ် ဆိုရင် ကိုယ်ဟာကိုယ် အတိုက် အခံ ခေါင်းဆောင် တယောက် သာဖြစ်သေးတယ် ဆိုတာလက်ခံပါ၊ ၊ သမတ မပြောနဲ့ လက်ရှိ အစိုးရ အဖွဲ ရဲ. ဌာနလက်ကိုင်နဲ့ဝန်ကြီး တယောက်တောင် မဟုတ် တဲ့ အတွက် ရောက် ရာ နေရာမှာ ၀န်ထမ်းတွေက ခရီးဦးကြိုပြု လက်အုပ်ချီ ဦးချလိမ့် မယ်လို.တော့ မမျှော်လင့်သင့်ဘူး ။ ထွက်လာ တွေ.လာ သူတွေကလဲ မျောက် ဆိုတာမမြင်ဘူးလို.မြင်ဘူးခြင်တဲ့ သဘောနဲ ထွက်လာကြည့်တာ ဖြစ်နိုင် တယ်၊ မျောက်ကိုက်ရင် နူ တတ်တယ် ဆိုလို အနားလဲ သိပ် ကပ်ရဲကြမှာ မဟုတ်ဘူး။ ကိုယ့်လူတွေကိုလဲ အမျှော် လင့်ကြီး မမျှော်လင်.ဘို. ပြောထား မှာထား သင့်တယ်၊ မဟုတ်ရင် တဖြေးဖြေးနဲ့ လူရွံ လူမုန်းတိုးပွား ပေါ များ လာလိမ့်မယ် ။ //

တော်သေးပြီ ။