Article submitted by: Thunderbolts on 12-Jan-2014  
အာဏာရူး ဘုန်းကြီးရူးနဲ.လှေ လူး (၁)၊
တိုင်းချစ် ပြည်ချစ်သားကောင်း သမီးကောင်းတို.။

ဒီလိုဘဲ ခေါင်းစဉ် တပ်လိုက်တော့ မယ်။ ဘယ်လူက အာဏာရုးသလဲ ဘယ် ဘုန်းကြီးကရူးပြီး လှေလူးနေ သလဲ သိတဲ့ လူတွေ သိကြပါတယ်။

ဇန္န၀ါရီ ၅ ရက်နေယက (လွတ်လပ်ရေး အထိမ်းအမှတ် ဆန္ဒ ပြု ခြင်း) အာ လူး ပေး တဲ့ လူကို သိပ်ကို မုန်း တယ် ဆိုတာလေးပါသွားတော့ ကို ပိုပြီးပြည့် စုံအောင် ဖြည့်စွက်ပြီး သီးခြားစာ မျက်နှာ နဲ့ ဖေါ်ပြပေးဘို. တချို. အချက်အ လက် တွေ ကို ပိုပြီး ရှင်ရှင်းတင်ပြဘို. အကြံပြုသူ က ပြုလာတယ် ၊ အတွေ. အကြုံ နဲတဲ့ လူငယ် ဖြစ်ပုံရတယ်၊ ဥာဏ်စမ်းတာလဲ ဖြစ်နိုင်တာပေါ့ ၊ကိုယ့်မှာ ဖြည့်စွက်စရာရှိရင် ကိုယ်သိ ထားတာ ရှိရင် ကိုယ် တိုင် ဝေဖန်ချက် အဖြစ် ဖေါ်ပြ ထောက်ပြဘို. ၊ အရာရာကို တယောက်ထဲ မမှတ်မိနိုင် ၊ သတိ မရနိုင် ပါ ကြောင်း ရိုးသားစွာဝန် ခံပြီး ပြန်တိုက်တွန်း လိုက်တယ် ။ ဒါပေမဲ့ လူငယ် သာ မှန်ခဲ့ရင် သူ မသိတာ လေးတွေ သိခြင် သေးသလို အခြားသူတွေ လဲ သိခြင်လိမ့်အုံးမယ် ၊ အနဲ ဆုံးတော့ ကိုယ့်အမြင် ရှူဒေါင့် ကို သူတိုသိ လို လို.ဘဲ ဆိုပြီး အကောင်းမြင်နဲ. အခုလေးစား သနားမေတ္တာနဲ.ဆန္ဒ ဖြည့်ပေး လိုက် တယ်။ နိဗန္န ပစ္စယော ဟောတု ။

အခုတောင်မှ မေးခြင်တာလေးတွေ ပြောခြင်တာလေးတွေကို မျိုထားခဲ့တာ ကြာပါပြီ။ သူများ ဘြာေ့ပာလာ မလဲလို. စောင့်မျှော်ရင်း တလုံးစ ၂ လုံးစ ပစ်သွင်းပေမဲ့ ။ လေ.လာသူတွေ တော့ ရှိပါရဲ့ ဘာမှထိထိ ရောက် ရောက် တိုက်ရိုက်တုန်.ပြန်ဆင်သွယ်မှု မရဘူး။ ဆွေးနွေး နိုင် တဲ့ အဆင့်ထိ မ ရောက်ဘူး ။ အမြင်မတူတဲ့ ကွဲ ပြားမှုတွေ က များနေတယ် ၊ ကိုယ် ပြော ခြင်တာကို ပြောလိုက်ရရင် ပြီးရော သဘောသာ တင်ပြလိုက်ရ တယ် ။

တချို. က လဲ စာတွေ.တွေ ပြောပြီး ။ တချို.ကလဲ လက်တွေ. တွေ ဆိုပေမဲ့ ကိုယ့်အတွေ အကြုံ မဟုတ် ကိုယ်ကိုတိုင် ဘာမှန်းမသိဘဲ (လေသံကြား တ ရားနာ )ဆိုသလို ။ နားကျ ပါးကျနားမထောင် ၊ ခလုတ် တိုက်တာကို ဖါးပြုတ် ကိုက်တယ် ဆိုပြီး နောက်ဆုံး တရုတ်နဲ. ရိုက် ကြ တော့တဲ့ ထိဘဲ ၊ ပြီးခဲ့တဲ တရုတ် မြန်မာအရေးအခင်း ဆို တာ ၁၉၆၂ ခုနောက်ပိုင်းမှာ ဖြစ်ခဲ့တယ်၊ တ ရုတ်တွေက အားကျမခံ သူတို တရုတ်ပါဆိုတာကို ပေါ်လွင်စေလိုလို. ပြည် ထောင်စု အလံ လျွှင့်ပြ ခဲ့တော့မှ တရုတ်မှန်း သိလာရ တာတွေလဲ ရှိတယ် ၊ အခုထိလဲ တချို.က တရုတ်ကို မကြည့်စိမ့်ဘူး ၊ မလိုလား နေကြသေးတာ ကိုဘဲ ကြည့် တော့ ။ သူတိုကတော အဓိပါယ် တမျိုးဆောင်ပါလိမ့်မယ်။ အင်္ဂလိပ် အမေရီကန်ကို မလိုသူလဲရှိတာဘဲ ။

ပြောခြင်တာတွေ မအောင့်နိုင် တော့လိုဘဲ လို. ဆိုဆို ၊ ပျို.ပျို.တက်လာတယ် လို.ဘဲပြောပြော မထိမ်း နိုင်လို.ပြောမှ သိမယ် ဆိုလို. ၂၀၁၄ ခုမှာ အဟောင်း ရော အသစ်ပါ ပြောရတော့ မယ် ၊ အသစ်အဆန်းတော့ မဟုတ် ပေမဲ့။ အသစ် ကိုတော့ မျှော်လင့်တယ် ။ ဒို.မြန်မာ တွေ ဟာ ကိုယ့်ဟာကိုယ် ဘာ မှန်း သိကြပုံမရှိဘူး ၊ ဘယ်သူ ဟာ မြန်မာလဲ-ဘယ်သူဟာ ဗမာလဲ ဆိုတာလဲ ပါတယ် ၊ ဘယ်ခေါင်းဆောင်ကိုမှလဲ အကောင်း မထင်ဘူး။

ရှင်းပါတယ် ။ ကိုယ် ကြိုက်တာ သူမကြိုက် သူ ကြိုက်တာကိုယ် မကြိုက်။ အကြိုက်ချင်း မတူကြ တာ ဘဲပေါ့။ ကိုယ်ကိုကိုယ် မကြိုက်သူတော့ မရှိဘူး။
မိမိတို.ရဲ့ သမိုင်းဖြစ်စဉ်ကို ကျေကျေညက်ညက် မသိရင်၊ နားလည် သဘော မပေါက်ရင် ဘယ်သူတွေ ဘာ ပြောနေတယ် ဆိုတာ သိဘို.ခက်တယ် ။ဒါကြောင့်သမိုင်းကြောင်း လေး တွေ ထည်ပြောရတယ်. ထပ်ချည်း တလဲ ဖြစ်ကောင်းလဲ ဖြစ်နေလိမ့်မယ်။ လိုအပ်လို.ဘဲ ။

၂၀၀၈ ခု ဖွဲစည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတာကို အခုတလော NLD က ဖုတ်ပူ မီး တိုက်လုပ်လာ တယ်။ ဘာကြောင့်နဲ့ ဘာရည်ရွယ်တယ် ဆိုတာ ခွေးတောင်သိတယ် ။ နိုင်ငံတော်ရဲ. ထိပ်တန်း လျှို.၀ှက် ချက်တရပ် မဟုတ်ပါ ဘူး။ ဖွဲစည်းပုံ အခြေခံ ဥပဒေ ပြင်ပြင် မပြင်ပြင် ရွေးကောက်ပွဲဝင်မယ် လို. NLD က နောက်ဆုံးပြောခဲ့ ပြီ။

မစုကြည်ပါးစပ်က( စွန်.စားပြီး ၀င်ရမှာ) လို.ပြောခဲ့ဘူးတယ်။ အင်္ဂလိပ်ကို ၈ျပန်ကို စွန်စားပြီး တိုကခိုက ခဲု့သူတွေကို တောငသ် အားမဏာဘူး၊ ပြောမှ ပြောရက်မလေ မစုကြည်ရဲ့၊ မသိ တဲ့ လူတွေကို ရည်ရွယ် ပြောရရင် ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဘို.အတိုက်အခံ့တို.က ဖိအား ပေးနေတာတွေ ဟာ အဓိကအားဖြင့် ။ မစုကြည် သမတ ဖြစ်ရေးအတွက်ထက် ဘာမှ မပို ဘူးလို. ပြောရ မှာဘဲ။ မစုကြည် သမတ ဖြစ်ရေးသည် အဓိက ဆိုတာကို ပေါ်လွင် နေစေတယ် ။ ဆင်သေကို ဆိတ်ရေနဲ့ ဖုံးလို.လဲ မရ တော့ပါဘူး။ ပြောခြင်တာတွေ လျှောက် ပြောနေတာဘဲ. (ဆန်.သောလက် မကွေးခင်-ကွေးသောလက် မဆန်.ခင်) ဆိုတဲ့ စကားရှိ တယ် မဟုတ်လား ။ ပြောခြင် တာလေးတွေ မပြောရခင် အနိစ္စနောက် ပါသွားမှာ စိုးရိမ်လို.ဘဲ ။

သတိထား ရ မှာက ( စွန်စားပြီး ၀င်ရမှာ) ဆိုတဲ စကားဘဲ။ ဘယ်လိုစွန်.စားမှာလဲ ? ဖတ်ဘူးတဲ့ (မြင်ကွန်း မင်းသားကြီး၏ စွန်.စားခန်းများ) ဆိုတာ မှာ ၊ မြင်ကွန်းမင်းသား( ကိုမျိုးအေး)က ဦးရီးတော် ယောက္ခမ အိမ်ရှေစံ ကနောင်မင်းကို လုပ်ကြံ တာက စခဲ့တယ် ၊ ဖခမည်းတော် မင်းတုန်းမင်း တောင် သီသီလေးလွတ်ခဲ့ တယ်ဆိုတာတွေ.ရတယ်။ အကြံများ အောင်မြင် ခဲ့ရင် ဒုတိယ အဇာတသတ် ဘဲပေါ့။ ဒီအရေးတော်ပုံဟာ ဒို.ဘိုးဘွားတွေ ကျွန် သပေါက်ရောက်တဲ့ အထိဖြစ်ခဲ့တယ်။ ဒီနေထိရင်ဆိုင် နေရတာတွေ ဟာ အဲဒီတုန်းက အမေကျော် ဒွေးတော် လွှမ်းခဲ့ကြလို.ဘဲလို.ဆိုနိုင်တယ် ။

မြန်မာနိုင်ငံမှာ ၁၉၄၈ ခုကစပြီး ဒီမိုကရေစီစံနစ်နဲ့ အရပ်သားအစိုးရ ။ ၁၉၅၈/၅၉ အိမ်စောင့် စစ်အစိုရ ။ ၁၉၆၀ မှ ၆၂ ထိ ပထစ အရပ်သားအစိုးရ ၊ ၁၉၆၂ ခုက ၂၀၁၀ ခုထိ မြန်မာနိုင်ငံ မှာ စစ်အုပ်ချုပ်ရေး ၊ အရပ်ဝတ် စစ်ဖက် ပုဂိုလ်များဖြင့် ဖွဲ.စည်းသော အစိုးရ က ၁၉၇၄ ဖွဲစည်းပုံအခြေခံဥပဒေ ရေးစွဲ ပြီး တပါတီ စံနစ်နဲ့ ၁၉၈၈ ခုထိ အုပ်ချုပ်ခဲ့တယ် ။ ၁၉၈၈ မှ တပ်မတော်က အာဏာသိမ်းခဲ့ရပြန်တယ် ၊ ၂၀၀၈ ခုမှာ ဖွဲစည်းပုံ အခြေခံဥပဒေသစ် အ တည်ဖြစ်ခဲ့လို ၂၀၁၀ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပြပြီး လက်ရှိ အစိုးရ တာဝန်ယူခဲ့ တယ် ၊ စစ်ရိပ် စစ်ယောင် သန်းတုန်းဘဲ ဆိုတာ မငြင်း နိုင်ပါဘူး ။ သန်းကာမှသာ သန်း၊ အရင် စစ်အစိုးရ ၊ စစ်ယောင်သန်း အစိုးရ တွေနဲ့ မတူတာကတော ထင်းရှာတယ် ဆိုတာ ကို တိုင်းပြည်ရဲ့ ဖွံဖြိုး တိုး တက်မှုတွေ နဲ့ ချိန်ထိုးကြည်နိုင်တယ် ၊ မတိုးတက်သေးတဲ အပိုင်းတွေ ရှိ သေး တယ် ဆိုတာကို ဘယ်သူမှ မငြင်းပါဘူး။ ဒီလိုသာ ဆက်ပြီး တိုးတက် နေမယ်သာ ဆို ရင် NLD မစားသာဘူး ဆိုတာကို မစုကြည် တ ယောက် သိပ် ရိပ်မိတာပေါ. ဒါကြောင့်လဲ အကြောင်းတမျိုးမဟုတ် တမျိုးနဲဟန်တား နှောက်ယှက်ဘို.၊ အတိုက်အခံ လုပ်ဘို. သူရဲ့ မဟာတာဝန်ကြီးတရပ်ဘဲ လို. ခံယူထားပုံရှိတယ်။၊ အတိုက် အခံ ဆိုတာ အစိုးရကို ထောက် ခံ ပံ့ပိုးနေစရာ မလိုဘူး။ အတိုက်အခံ ပြုဘို.သာလိုတယ် တဲ့လား?

၂၀၁၀ ခုက တက်ခဲ့တဲ့ အစိုးရဟာ မလုပ်ရ မကိုင်ရသေးတာတွေ ၊ မစနိုင် သေးတာတွေ တပုံကြီးဘဲ ၊ ၄ နှစ် ထဲရောက်လာဆိုပေမဲ့ ဒါဟာ ဘာတွေ ပြင်ရမလဲ ဆိုတာ သုတေသနပြု လေ.လာ စီမံကိန်း ရေးစွဲရေး ပြင်ဆင် ရေး ကာလဘဲ ရှိသေးတယ် ဆိုတာကို လူတိုင်း အား လုံး သိကြရမယ်။ ဒါကို ကိုယ်. အတွက်တဘန်း သာတဲ့ ချက်ကောင်းအဖြစ် NLD ကယူပြီး ခြေထိုး တာ ဟာ ယဉ်ကျေးသူတွေရဲ့ ပညာတတ်တွေရဲ အပြုအမူ လုပ်ရပ် မဟုတ် ဘူး၊ နိုင်ငံချစ် လူမျိုးချစ်တဲ့ မျိုးချစ်တွေရဲ လုပ်ရပ်မဟုတ်ဘူး၊ မြင်ကွန်း မြင်းခုန်တိုင်တို.ရဲ့ အာဏာ ရူး ယူတ်မာမှုမျိုးလို.ပြောတော့မယ်။ ပူးပေါင်း
ဆောင် ရွက်မှု ဆိုတာလေး ကြား ဘူးသလား မသိဘူး။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ညွှန်ချက်နဲ့ သွားနေတာကို. ဖွဲစည်းပုံ အခြေခံ ပြင်ဘို ဖျက်ဘို. အတင်း နသား ပါယားနေတော့ ဘယ်ဥပဒေကို အခြေခံ ပြီး ဆောင်ရွက်ကြမှာလဲ ဆိုတဲ့ မေးခွန်း ပေါ်လာတယ် ။ ဒီကြားထဲ တရားဥပဒေ စိုးမိုးရေးဆိုတာကလဲ ပါသေးတယ် ? ဘယ်တရားဥပဒေ ကို စိုးမိုးစေခြင်လို.လဲ ? တည်ဆဲ တရား ဥပဒေ အတိုင်းသာ တိတိကျကျ လုပ်ရရင် တယောက် မှလဲ ကျန်တော့မယ် မထင်ဘူး။

ပြည်ခိုင်ဖြိုး ခြေကုတ် မစွဲခင် အလဲတိုက်ဖျက်ဘို.ရာ သူ.တာဝန်၊ ဖွဲစည်းပုံနဲ. ရွေးကောက်ပွဲ ကို အတိုက်အခံ NLD က အမျိုးမျိုး အပြစ်ရှာဝေဖန် စွပ်စွဲခဲ့ တယ် ၊ ဒီလို ပြောနို်င် ဆိုနိုင် အောင် လဲ အမျိုးသားညီလာခံလဲ မတက်ခဲ့ဘူး ၊၂၀၁၀ ခု ရွေးကောက်ပွဲလဲ မ၀င်ဘူး ၊

ဒါတင်မကသေး နိုင်ငံတကာကလဲ လက်ရှိ အစိုးရကို အသိအမှတ်ပြု လက်ခံ ။ နှစ် ၂၀ ကျော်ကြာ ဆက်ဆံ ရေး လိပ်ခဲတင်းတင်း ဖြစ်နေခဲ့ တာတွေ ၊ စီးပွားရေး ဒါဏ်ခတ်မှုတွေကို ရုတ်သိမ်းခဲ့တဲ့ ပုံမှန်ဆက်ဆံရေးတွေ ဆီ ပြန်ရောက်ခဲ့တာ ။ အတိုက်အခံတို.ရဲ ပြောဆို လုပ် ကိုင်မှူု တွေမမှန်လို.၊ မရိုးသား လို.သာဖြစ်လိမ့်မယ်။ နောက်ကျင်းပတဲ့ ကြားဖြတ်ရွေး ကေါက် ပွဲတွေမှာ NLD အရှက်မရှိ သတက္ခာမရှိ ၀င်ရောက်အရွေးခံလို. လွှတ်တော် ထဲ ရောက်လာခဲ့တာလဲ အားလုံးသိနေတာဘဲ ။

အခုလဲ ဘဲ အတိုက်အခံ ၈၈ မျိုးဇက် ဆိုသူတယောက်က ၁၉၈၈ ခုက ဖြစ် ရပ် တွေအတွက် အဲဒီအချိန်က တာဝန်ရှိသူတွေ ၀န်ချတောင်းပန်ရမယ်တဲ့ လေ၊ အဲဒီချိန်တုန်းကသာ တပ်မတော်က အချိန်မီတာဝန် မယူခဲ့ရင့် လမ်း ဘေး ဓါတ်တိုင်တွေ ၊ တယ်လီဖုန်းတိုင်တွေ သစ်ပင်တွေမှာ လည်ပင်းကြိုး တန်း လန်းနဲ့ မသာ အလောင်း ဘယ်နှစ်လောင်း တွေ.ရမယ် မသိဘူး။ ဒီအတိုက်အခံ လို အတိုက်အခံမျိုးဟာ စကားထဲက ဇာတိပြ နေတာဘဲ ၊ သူတို လို ကောင်တွေကို ဖမ်းဆီးထိမ်းသိမ်းခဲ့တာ အခြေအနေအရ မှန်ကန် တယ် ၊ အခုချိန်မှာ နိုင်ငံတော်နဲ့ အမျိုးသား လုံခြုံရေးဥပဒေအရ ထပ်ဖမ်းပြီး ရုံးတင် ကြိုးပေး ကွက်မျက်လိုက် ရင်တောင် အခြေအနေအရ မှန်သေးတယ်။ သူတို.လိုလူတွေကို ဘယ်တော့မှ မလွှတ်သင့် ဘူး။ နိုင်ငံတော် သစ္စာဖေါက်မှု နဲ့ အစတုန်း သေဒါဏ်(သို.) တသက်တကျွန်းဒါဏ် ချသင့် တယ်၊

တကယ်လို. ၁၉၈၈ ခုက သူတိုသာ တာဝန်ခံနေရာတွေမှာ ရောက်နေရင် သူတိုစိတ်ဓါတ်အရ သူတို.ကို ဆန်.ကျင်သူတွေ သောက် သောက်လဲ သေခဲ့ ရမှာအမှန်ဘဲ။

တရားဥပဒေ စိုးမိုးစေခြင်သူ မစုကြည်က ဘာများပြောအုံးမလဲ မသိဘူး။ အခုချိန်မှာတော့ သူ.ခမျာ အာဏာ ရရေး ဗျာတွေ များနေရှာလို. သူပထွေး တွေ အကြောင်းသူနဲ့ မဆိုင်သူ.အလုပ်မဟုတ်ဘူးဆိုပြီး ကောင်းသည် ဆိုး သည် တလုံးတပါဒ မဟဘဲ မသိခြင်ယောင်ဆောင်နေတာကရော သူ.သိက္ခာ တွေ တက်နေသတဲ့လား ? လောကကြီးမှာ ဖြစ်နေတာတွေ သူ.အလုပ် မ ဟုတ် ဘူး၊ တော်ပါသေးရဲ့ သူဟာ မြန်မာတချို.ရဲ့ ခေါင်းဆောင် သာဖြစ်တယ် ကမ္ဘာ့ခေါင်းဆောင် တယောက် မဟုတ်၊ သူသတ္တိ မရှိပါဘူး၊ အိမ် ကျယ် တယောက် သက် သက် ဘဲ လို.ပြောဘူးတယ်။

အတိုက်အခံ NLD က ပြောတဲ့၂၀၁၀ ခုရွေးကောက်ပွဲတွေရဲ မဲလိမ်မှုတွေ မသမာမှုတွေ ကို အပြည်ပြည် ဆိုင်ရာ ဆိုတာတို.က လှစ်လှုရှုလိုက်တာ ကို မယုံလောက်အောင် အံ့သြရ တယ် ၊ NLD ခေါင်းဆောင် မစုကြည်ကို နိုင်ငံ တကာက မသိမသာ စိန်ခေါ်လိုက်တယ် ၊အမြောက်ကြိုက်သူကို မြောက်ပေး လိုက်တယ်၊ စိန်ပြောင်း(သိန်းစိန်)နဲ့ တေ့ပေးလိုက်တယ်၊ ၀ှက်ဖဲ ရှိရင်လဲ ၂၀၁၅ မှာတွေ. ရဘို.မျှော်လင့်ရတယ်။ ၂၀၁၅ ခုရောက်ရင် ဘယ်သူက အလျှော့ပေး ပါလိမ့်မလဲ ၊ ဆော်လမွန်ဘုရင်ကြီး သားဘယ်သူပိုင်တယ် ဆိုတဲ့ အမှုစစ် သလို. ခလေးကို ၂ ပိုင်းခြမ်းပြီး အမေ ၂ ယောက် ကို တယောက် တပိုင်းပေးလိုက်စေမှာ လား၊ ဘယ်အမေရင်းက သားသေမှာ မလိုလားလို. အလျှော့ပေးမှာလဲ ဆိုတာ တော့ တွေ. ရတော့မယ်။ ဒါ လောက်တော့လဲ လွယ်မယ် မထင်ဘူး။ မစုကြည်နဲ့ အပေါင်းပါတွေကတော့ ( ရရင်ရ မရရင်ချ ) ဆုံးဖြတ် ထားပုံရှိတယ် ။ လုပ်ရဲ ပါ့မလားဆိုတာကတော့ တဂဏ္ဍ ပေါ့၊

မစုကြည်သမတ မဖြစ်ရရင် မြန်မာနိုင်ငံမှာ ဘာမှ မထူးဘူး ၊ မတရားဘူး တရားမျှတခြင်း မရှိဘူးတဲ့လား။ ဘယ် ရွေးကောက်ပွဲမှ မတရားဘူး ၊ မမျှတ ဘူးလို. ဆိုအုံးမလား ? အဲဒီပုံ.ပေါက်နေပြီ၊ တချိန်က မြန်မာဆိုရင် ကိုယ့် တိုင်းကိုယ့်ပြည်၊ ကိုယ်မင်း ကိုယ့်ချင်းနဲ ဘဲ။ နိုင်ငံရေးအရ လူမျိုးခွဲခြား ဘာ သာ ခွဲခြားခြင်း မရှိဘူး။ ကမ္ဘာနဲ. ဆက်ဆံလာတဲ့ အချိန် ကစပြီးလဲ ။ လူအ မျိုးမျိုး ဘာသာအမျိုးမျိုးကို ခွင့်ပြုခဲ့ တယ် ၊ အင်္ဂလိပ်တို.က အကြောင်း ရှာ ပြီး မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းယူခဲတာ ဒို.ညံ.လို.ဘဲ ၊ သူတို.တော် လို. မဟုတ်ဘူး။ လုမျိုး ဘာသာ ခွဲခြားမှုတွေ ပေါ်လာတယ် ၊ ဗမာပြည်မှာ ဗမာ တွေ နေရာ မရတဲ့ Apartheid စံနစ် သွတ်သွင်းခံခဲ့ရဘူး တယ် ဆိုတာ သိသူ နဲတယ် ။

ဒို.ဟာဒို.လဲ ဘုရင်တွေ မိဘုရားပေါင်းမြောက်များစွာနဲ့ သားတော်သမီးတော် မရေတွက်နိုင် အောင် ရှိခဲ့ပြီး ဘယ်သား ဘယ်သမီးက ငါ့သွေးလဲ လို.တောင် သိပုံမရဘူး၊ ဘယ်သူ.ကို ထီးမွေ နန်းမွေပေးရမယ်တောင် မသိဘူး ၊ ဒါကိုကြို သိ ကြိုမြင်တဲ့ ရွှေဘိုမင်း အလောင်းဘုရား ဦးအောင်ဇေယျက သူသားတော် တွေ တယောက်ပြီး တယောက် နန်းတက်ဘို.မှာခဲ့သော် လည်း သားတော် အချင်းချင်း နန်းလုကြတဲ့ ကုန်းဘောင် နောက်ဆုံး မင်းဆက်တွေ ကို အားကျ လှတဲ့ မြင်ကွန်း မြင်းခုန်တိုင် ညီနောင်တွေကြောင့် ဦးရီးတော် ကနောင် အိမ် ရှေ.မင်းကို သတ် ၊ အဇာတသတ် ဖြစ်မတတ် ကြံခဲ့ကြတယ် ၊ အင်္ဂလိပ်နဲ.ပြင်သစ် ဒို.ပြည်အရေး ၀င်ရှုတ် နေတာကို သိရတဲ့ အချိန်မှာ နောက်ကျနေခဲ့ ပြီ ။ အင်္ဂလိပ် ပြင်သစ်တို မြန်မာ့နိုင်ငံ ကိုလု ကြတာမှာ ၊ ခြေ ကုတ် ရ နေပြီး ဖြစ်တဲ့ အင်္ဂလိပ် အသာရသွားတာဘဲ ။ ပြောစရာက သူတိုနဲ့ အဆင်မပြေတဲ့ ကိုယ့်မင်း ကိုယ့် ချင်း စော်ဘွား ဒူးဝါး ၊ ဒို.အရှင် ဒို.သခင်တွေကို လူဆိုး ကြီး တွေ.လူသတ် သမားကြီးတွေ သူခိုးကြီးတွေ လို အင်္ဂလိပ်တို.က ၀ါဒဖြန်.စွပ်စွဲခဲ့ပြီး သူတိုရဲ့ နယ်ချဲ ဓါးပြ လူသတ် ၀ါဒကို ဖုံးကွယ်ပြီး တရားသလို.ပြောခဲ့တယ်//

နောက်ဆက်ရန်