Article submitted by: Thunderbolts on 5-Jan-2014  
လွတ်လပ်ရေး အထိမ်းအမှတ် ဆန္ဒမွန် ။
တိုင်းချစ် ပြည်ချစ်သားများတို.၊

မင်္ဂလာ နှစ်သစ်ပါ လို.နှုတ်ဆက်ရမှာ ၀န်လေးနေတယ်၊ မင်္ဂလာဆိုတာ ဘာလဲ ဆိုတာကို လွန်ခဲ့တဲ့ နှစ် ပေါင်း ၂၆၀၀ နီးပါက ဂေါတမဗုဓ္ဒ ဖြေခဲ့ပြီးပြီ မို. အဲဒီအတိုင်းဘဲ ပြည့်စုံကြပါ စေလို.ဆန္ဒပြုလိုက်တော့မယ် ။

လွတ်လပ်ရေး ဆိုတာဘာလဲ - လွတ်လပ်ခြင်းဆိုတာ ဘာလဲ - လွတ်လပ်ရေး အောင်ပ ကျင်းပတယ် ဆို တာ ဘာအဓိပါယ်ရှိသလဲ ?

နိုင်ငံ တခုဟာ ခိုးသား ဓါးပြဘေး ကင်းဝေးမှသာ အေးချမ်းစွာ ကုန်စည်ကူး သန်းရောင်းဝယ်နိုင်ပြီး ဖွံ့ဖြိုးတိုး တက်မှာ ဖြစ်တယ် ဆိုတာ စာတွေအရ လူတိုင်းလိုလို သိကြတယ်။ မှ လူတဦးချင်းရဲ လွတ်လပ်မှု . နိုင်ငံတော်ရဲ လွတ်လပ်မှု ဘာတွေလဲ၊ သိသလိုလို နဲ့ တကယ်မေးရင် ကိုယ်ထင် မြင်ယူ ဆချက်တွေကို ပြော ကြမှာဘဲ ။ အမျိုးမျိုးပေါ့ ။ အားလုံးလဲ မှန်ကြပါလိမ့် မယ်။ မှားသူတော့ ရှိမယ် မထင်ဘူး။ မှားသူမရှိဘူးဆိုရင် မှန်သူ ချည်းဘဲပေါ့ ။ ဒါဆိုရင် ဘာပြသနာ ပေါ်စရာလိုလို.လဲ ၊ ဘယ်သူပို မှန်သလဲ ဆိုတာလား? ကိုယ့် အမြင် ရှုဒေါင်.နဲ့ ကိုယ်မှန်နေကြတာ ဆိုတော့လဲ ပဋိပက္ခ မဟုတ် တောင် သဟဇာတ ဖြစ်ဖို.ဆိုတာ ရင် တထိပ် ထိပ်နဲ့ ၊ တခုတည်းသော အစစ် အမှန်ဆိုတာကို ဘယ်သူက ဆုံးဖြတ် မှာလဲ ၊ အမှန်တရားဆိုတာ တခုတည်းရှိတယ် ဆိုရင် လက်ခံသလား အမှန်တရားဆိုတာ ဘာလဲ - ကိုယ်ပြောသမျှ ကိုယ်လုပ်သမျှဟာ မှန်တယ် တရားတာချည်းဘဲ တဲ့ လား ?

မြန်မာနို်င်ငံ အကြောင်းပြောရမယ် ဆိုရင် ကြားဘူး နားဝရှိကြတဲ့ အတိုင်း၊ သူ.ကျွှန်သပေါက် ဘ၀က လွတ်လပ်ဘို.၊ အင်္ဂလိပ် ၊ ဂျပန်တိုရဲ ကျွန်သပေါက် က လွတ်လပ်ဘို.ကိုယ့်မင်းကိုယ့်ချင်း နဲ့ နေနိုင်ဘို.ဘယ်သူ. သြဇာခံ ခိုင်းဖတ် မှ မဖြစ်ဘို. ကိုယ်ကြမ္မာ ကိုယ် ဖန်တီးဘို. ဆိုတာတွေ ကို နားမဆန်.အောင် ကြားရတယ် ၊ နားရေတွေထူပြီး နားရှုတ် ကုန်ကြပုံလဲ ရှိတယ်။ ကိုယ်.ကြမ္မာ ကိုယ် ဖန်တီးနိုင်ကြသလား?

ဘာကြောင့် သူ.ကြောင့် ငါကြောင့်လို. တဦးပေါ်တဦး ပစ်တင်နေကြတာလဲ၊ အားလုံးမှာ အပစ်ရှိတယ် လို. ဆိုရင်ရော- လက်ခံမလား? ကိုယ်ကြမ္မာ ကိုယ် ဖန် တည်းခွင့် ရှိတာတော့ မှန်တယ် ။ ဒါပေမဲ တဦးတယောက်က ခွင့်ပြုဘို.လိုသလား။ တကယ်ဘဲ ကိုယ့်ကြမ္မာကိုယ် ဖန်တည်းခွင့်ရှိသလား?

ရည်ညွှန်းရမယ်ဆိုရင် ။ နှစ် ၇၀၀၀ လောက်ရှိတဲ့ ကမ္ဘာ့သမိုင်းမှာ အင်အား ကြီး သူတွေက အင်အားငယ် သူတွေကို နည်းအမျိုးမျိုးနဲ့ လူလူချင်း ကျေး ကျွန် ပြုမှူတွေ ခေါင်းပုံဖြတ်မှုတွေ လုပ်ခဲ့တာကို တပုံကြီးတွေခဲ့ရတယ် ။ ခရစ်ယန် ဘိုင်ဘယ် မှာ မိုးဇက် ( Moses) ဆိုသူဟာ သူ.လူတွေ လွတ် လပ်ဘို.အတွက် ဆောင်ရွက်ရာမှာ သူနဲ.သူလူမျိုးတွေ အီဂျစ် လက် အောက် လွတ်မြောက်ခဲ့ ပေမဲ့ ။ ကန္ဒာရ မှာ လညှ်.ပြီး သူ.စစ်သူကြီး ဂျောရှုးဝါး( Joshua) ဦးဆောင်တဲ့  စစ်တပ်နဲ့ တွေ.သမျှ ဌာနေတိုင်းရင်းသားတွေ အပေါ် ဗိုလ်ကျ နယ်ချဲ. သိမ်းပိုက်ခဲ့တယ် ဆိုတာကိုလဲ တွေ.ရတယ် ။ အခု ဒို.ခေတ် ၂၀၁၃ နှစ် ကုန်လို ၂၀၁၄ ထဲရောက်လာတာတောင် ဒီလူလူချင်း ဗိုလ်ကျမှု ဟာ အရှိန်ရနေတုန်းဘဲ ။

အမေရိက သမိုင်းမှာ လဲ ဒီနည်းနှင်နှင်ဘဲ လူတကာသိနေတာမို အပိုပြော မနေတောဘူး၊ ဒါပေမဲ့ ပြောစရာ တချက်က ၁၈၆၀ ခုမှာ သမတ ရွေး ကောက်ခံရတဲ့ Abe Lincoln လက်ထက် ကျေးကျွှန်စံနစ် ဖျက်သိမ်းမှု ကြောင့် အမေရီကန် ပြည်တွင်းစစ် ဖြစ်ခဲ့ရတယ် ဆိုတာဘဲ ။ သူ.အရင်ကလဲ အင်္ဂလန်မှ William Wilberforce ကောင်းမှု ကြောင့် Slavery Abolition Act 1833 အရ၊ ဗြိတိသျှ အင်ပါယာ တခုလုံးမှာ ကျေးကျွန် စံနစ် ဖျက်သိမ်းခဲ့ တယ် ဆိုတာလဲ သိရတယ်။

သမိုင်းစာအုပ် လှန်လိုက် တော့ ဒို.မြန်မာနိုင်ငံ ဟာ ၁၈၂၄ ခု ကတည်းက အင်္ဂလိပ်နဲစစ်ဖြစ်နေခဲ့ပြီး ၁၈၆၆ နှစ်မှာ ဒို.ဘုရင် ပါတော်မူရတယ်၊ ဒို.ဘိုးဘွား များ ဗြိတိသျှ ကျွန်သဘောက်ဖြစ်ကြရတယ်။ မော်ကွုန်းတိုက် တွေမှာ ရှိတဲ့ ပန်းချီကားတွေ ဓါတ် ပုံတွေ မှတ်တမ်းတွေကို လေ.လာရင်ကို သိနိုင်တယ်။

ဗုဓ္ဒရုပ်ပွားတော် တဆူတောင် မန္တလေးနန်းသိမ်းသူ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး PRENDERGAST ရဲ့ ခြေဖ၀ါးတော် အောက်မှာ သတင်းသုံး စံပါယ်ရ တယ် ၊ ဒို.ရဲ့ ယဉ်ကျေးမှု. ဓလေ.ထုံးစံတွေ အပါအ၀င် အားလုံး အစော်ကား ခံရတာ သိသူမှ သိလိုက်မယ် ။

အင်္ဂလိပ် ခေတ်လျှောက်လုံးလဲ မြန်မာတွေ အင်္ဂလိပ်ကို တော်လှန်နေခဲ့တယ် ၊ မြန်မာတွေ ခေါင်းဖြတ် ခံရ ကြိုးပေးကွက်ချက်ခံရတာတွေလဲ တွေ. နိုင် တယ်။ ဒို မြန်မာတွေထဲက အင်္ဂလိပ် လက်ပါးစေ ငွေဝယ်ကျွန်ခံ သူတွေလဲ အထင်အရှား တွေ.ရတယ် ။

(ဆီပူအိုးထဲက မုန်.၊ မီးထဲကျ) ဆိုသလို. အင်္ဂလိပ် တော်လှန်တဲ့ ဒို.ခေါင်း ဆောင်တွေ ခေါ်လာတဲ့ ဖက်စစ် ဂျပန် လက်အောက်မှာ ဒို.ဘိုးဘွားတွေ ပါးရိုက် ခံကြရတယ် ။ ခြေသည်း လက်သည်း အချွတ်ခံရတယ် လို.ဆိုတယ် ။ တခြားဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာတော့ ကိုယ့်ဟာကိုယ် လေ့လာကြ တာ ပို ကောင်း မယ်။

ဂျပန် ကယ်တာလို မပြောခြင်ရင်သာ နေရမယ် သူ.ဂဏ္ဍနဲ သူတော့ ရှိတာဘဲ ၊ ဒုတိယ ကမ္ဘာစစ်ကြောင့် ဗြိတိသျှတွေ မရှုနိုင် မရှိုက်နိုင် ဟိုက်နေလို.ဘဲ ပြောပြော၊ တဖက်မှာ မက်စရာတွေကို လက်လွတ်မခံနိုင် လို.ဘဲ ဆိုဆို မြန်မာအပါအ၀င် နိုင်ငံတချို.ကို လွတ်လပ်ရေး ပေးခဲ့ရတယ်၊ မြန်မာ့ လွတ် လပ်ရေးဟာ စ ကတည်း ခလောက်ဆန်ခဲ့တာ အခုထိဘဲ ။ အင်္ဂလိပ်ခေတ်က အင်္ဂလိပ် အလိုတော်ယိ ကပြားတွေ ကရင်တွေ အတွက် အောင်ဆန်း-အက်တလီစာချုပ်နဲ့ ဒို.ခေါင်းဆောင်တွေ လက်ပြန်ကြိုးတုတ်ခံခဲ့ရတယ် ။ ပင်လုံစာချုပ်နဲ့ ခြေတုတ်ခံခဲ့ ရတယ်။ မလှုပ်နိုင်ခဲ့ကြဘူး။

မြန်မာတိုရဲ့ နော်ကဆုံးဘုရင် သီပေါမင်းကို မြန်မာပြည် ပြန်မလွှတ်တာဟာ မြန်မာတွေ စစ်သွေးကြွမှာ စိုးရိမ်လို.ဘဲ လို. သိရတယ်။ ဗိုလ်ချုပ်အောင် ဆန်းကို ဆွယ်မရတော့ အပေါင်းပါတွေပါ အဖြောင်ခံရတာ ဘာကြောင်.ဆိုတာ နားလည် ကြကောင်းပါတယ်။ ဒီမိုကရေစီ ဆိုတာကိုလဲ မုဒိန်းကျင်ခဲ့ ကြတယ်။ အခုထိလဲ လူမျိုးစု တချို. ဒီမိုကရေစီ ဆိုတာကို မယုံ ဘူး။

မြန်မာနိုင်ငံဟာ အယောင်ဆောင် လွတ်လပ်ရေး ဆိုတာတွေ ရခဲ့ဘူးတယ်၊ ကြုံခဲ့ရဘူးပါတယ် ။ ၁၉၄၈ ခု လွတ်လပ် ရေး လဲ အယောင်ဆောင် ထဲက တခုဘဲ လိုဆိုရလိမ့်မယ်။ ဒါ ဖြင် လွတ်လပ်သော မြန်မာနိုင်ငံ ဆိုတာ ဘာကို ပြောတာလဲ၊ ဘယ်သူ လွတ်လပ်ရေးလဲ- ခါးပိုက်ဆောင်ထဲက မြွေပွေးတွေရဲ လွတ်လပ်ရေး လား။

မြန်မာနိုင်ငံမှာ ဘယ်သူကမှ ဘယ်သူကို ကျွန်ပြုမနေဘူး။ အင်္ဂလိပ် လက်ပါး စေ ဗားမာစတား စောဗိုလ်မြ မသေခင်က (ဗမာလူမျိုးကြီးဝါဒ) ဆိုပြီး ဗမာ တွေကို သက်သက်စွပ်စွဲ စော်ကားခဲ့တယ်။ သူ.စိတ်ထဲမှာ က၇င်လူမျိုးကြီး
ဝါဒ ကိန်းအောင်နေလို.သာပေါ့။ လွတ်လပ်ရေး ရပြီး ကတည်းက အခက်အခဲ အမျိုးမျိုး ကြားမှာ ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော် တနိုင်ငံထဲ အဖြစ်. နိုင်ငံသားအားလုံးကို တနိုင်ငံထဲသား တွေ အဖြစ်နဲ့ အရည်အချင်း အလိုက် တာဝန်တွေ ပေးခဲ့တာတွေ အထင်အရှားရှိပါရက်နဲ့.မလိုတမာ လိမ် ညာပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖန်တည်းသူတွေရှိကြတယ်။ မြန်မာနိုင်ငံ မတည်ငြိမ်မှ သူတို.အစား ရ ချောင်မယ်ဆိုပြီး စားပေါက် ထွင်နေသူတွေ ၊ ယုံကြည်နေသူတွေ ရှိခဲ့တယ် ။

အခုလဲ မြန်မာနိုင်ငံ တည်ငြိမ်မှာကို မမြင်လို မရှုစိမ့် စားပေါက် ပိတ်ရခြည်ရဲ့ လို.စိုးရိမ်သူတွေ သူတပါး စားသောက်နေတာကို မနာလို ၀န်တိုနေသူတွေ အထင်အရှားရှိနေတာ တွေ့ရတယ်။ ဥပမာပြောရရင် ၁၉၈၈ ခု အုံကြွမှု ကို အကြောင်းပြပြီး. အုတ်ရောရော ကျောက်ရောရောတွေနဲ၊ သူတပါးနိုင်ငံမှာ နိုင်ငံရေး ခိုလှုံသူတွေ ၊ ဒုက္ခသယ် အမည်စာရင်း တင်သွင်းပြီး ညာဖြန်း တုတ် နေသူတွေဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းမှာ သူတို ပြန်ရမှာကို မလိုလားဘူး။ သူ တပါး နိုင်ငံမှာ နိုင်ငံသားခံယူခွင်.လဲ မရ ၊ အလုပ်ကွန်ထရိုက်ကုန် လို. ပြန်ရ မှာလဲ ၀န်လေးနေကြပြီး ၊ စားရတုန်းက ငြိမ်နေ ပြန်ရဘို.ကြုံတော့ ပုဆိုးခြုံ ထဲက လက်သီးပြနေကြ ပြန်တယ် ။ အဓိပါယ်က သူတို.မစားရဘဲ သူများစား နေရင် သူများဘယ်သူများမှ မကောင်းဘူး ဆိုတာဘဲ။

မြန်မာ တို.ယုံကြည်တဲ့ ဗုဒ္ဒဘာသာ ကိုယ်တိုင်မှာ ( ညာတကာ နဉ္စ ) ဆိုတဲ့ ဆွေမျိုးတို.ကို ပေးကမ်း ထောက်ပံ့ ခြင်းဆိုတာကို အဓိပါယ် တိုက်ရိုက် ကောက်နေကြပုံရှိတယ် ။ လူမျိုးကိုက သာကီမျိုးလို.လဲ ဆိုထား သေးတယ် လေ၊ အဲဒီတော. ဘယ်သူတွေက ဘာတွေ ပြောနေကြသလဲ လို. မေးရတော့ မပေါ့။ ကိုယ့်ဆွေ ကိုယ်အမျိုး ကြီးပွားကောင်းစားရေးဟာ မူလ ပဌမ ဘဲ ပေါ့။
မြန်မာတွေဟာ အစကတည်းကိုက ကိုယ်အမျိုးကိုယ်သိ၊ ကိုယ့်အမျိုး ကိုယ်ကြည်.တဲ့ လူမျိုးလို.ပြောရင် မှား လိမ့်မယ် မဟုတ်ဘူး။ အဂတိ လိုက်စား တာ လို. ပြောရမလား ဘုရားဟော ဆိုတော.လဲ ပြောရအခက် သားဘဲ။ ဘုရားဟော က အဓိပါယ် တမျိုး ဖြစ်ပါလိမ့်မယ်။ လူတွေ ရှုတ်ကုန်ကြပြီး ဘုရားကိုတောင် ခုတုံး လုပ်တယ် ထင်ပါရဲ့။ ဘုရားကို ခုတုံးလုပ်တာ မြန်မာ တွေတင် မဟုတ် လောက သားတိုင်းပါဘဲ ဘာသာ မရွေးမှာ တွေ.ရတယ်။

လွတ်လပ်ရေး ဆိုတာကို ပြန်ဆက်ကြရအောင်။ လွတ်လပ်နေ.မှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ပြန်ပြီး ဆန်းစစ်လိုက်တော့ မြန်မာတွေကို ဆန်းစစ်ဘို.လိုလာတယ်။ လွတ်လပ်ရေးဆိုတာဟာ စည်းကမ်း ကလနားနဲ့ပါ ။ ဥပဒေ ၊ စည်းမျဉ်း ၊ ကျင့်ထုံးတွေ အတွင်းကပါ ဆိုတော့ ပျက်ရယ်ပြုကြတယ် ၊ အပစ် လဲ မဆိုနိုင်ပါဘူး။ ပြောရရင် မြန်မာတွေ မှာ ဥပဒေ ဆိုတာဟာ ဗုဒ္ဒတရား တော် တွေသာဖြစ်တယ် ၊ အစဉ်အ လာ ထုံးစံဓလေ့ တွေသာဖြစ်တယ် ၊ သက်ဦးစံပိုင် စံနစ်နဲ့ အုပ်ချုပ်တဲ့ လူမျိုးတွေ။ သတ်ရဲ မင်းဖြစ် ဆိုတာကို ယုံကြည်တဲ့ သူတွေမှာ ဥပဒေ ဆိုတာ မရှိဘူး ?

၁၈၆၆ ကစပြီး အင်္ဂလပ်အုပ်ချုပ်ခဲ့တော့လဲ သက်ဦးစံပိုင် စံနစ်ကိုရုတ်တရက် မဖျက်ဘဲ သူတို.ယူခာတဲ့ ဥပဒေဆိုတာတွေကို တဖြေးဖြေးသွတ်သွင်းခဲ တာမှန်ပေမဲ့ သေဒါဏ်နဲ့ ကွက်မျက်မှုတွေကို ပါ တွဲပြီး သုံးခဲ့တာတွေ.ရ တယ်။

ဒို.တတွေဟာ အတုအယောင် လွတ်လပ်ရေးဆိုတာကို ဒို.ခေါင်းဆောင် ပြောလို.သိရတယ် ၊ ခံစား ရတယ် ၊ အတုအယောင် လွတ်လပ်ရေးသာ ဒိုနဲ့ ထိုက်တန်တယ် ဆိုတာ ၀မ်းနဲ့စွာတွေ နေရတယ် ။ တော် တယ် တန်တယ် မရှိဘူးရင်တောင် ၊အရင်း စစ်လိုက်တော့ ဒို မြန်မာတွေ လွတ်လပ်ရေး ဆိုတာ ရဲ့ အဓိပါယ်ကို နား လည်သယောင်နဲ့ တကယ် နားမ လည် ကြလို.ဘဲ ဆိုတာ ထင်ရှားတယ် ။ အထက်ကပြောခဲ့တဲ့ လူ တဦး ချင်းရဲ လွတ်လပ်မှု နိုင်ငံ တော်ရဲ့ လွတ်လပ်မှု ဘာတွေလဲ ဆိုတာ ကွဲပြားခြားနား မသိသူများပုံ ရှိ တယ်။

ကံ ၅ ပါးထိမ်းသိမ်းနိုင်ရင် လူ ဟာ အမြဲ လွတ်လပ်နေတာဘဲ လို. ပြောရ မလား ၊ ကိုယ်ချင်းဆာ တရားထား ရင် လူဟာအမြဲ လွတ်လပ်နေတယ်လိုလဲ ပြော လိုရတယ် ။ ဘုရားဟော တရားတွေဟာ မှန်လွန်းလို. လူတွေ အနေ ကြပ် အသေကြပ် ရတဲ့ အတွက် ကိုယ် ချောင်ရအောင် ကြိုက်တဲ့ဥပဒေတွေ ကိုယ်ဟာကို ပြုကြတာ လားလို. မေးခြင်တယ် ။

နိုင်ငံတော် နဲ့ပါတ်သက်ပြန်တော့ အကျင့်သီလတွေ ပျက်နေတဲ့ လူတွေနေတဲ့ နိုင်ငံဟာ ၊ နိုင်ငံရေး လွတ် လပ်မှု၊ စီးပွားရေး လွတ်လပ်မှု မရှိဘဲ၊ သူတပါးရဲ ဗိုလ်ကျ ချုပ်ချယ် ကန်.သတ်မှုတွေကို ခံရတယ်။ လွတ်လပ်မှူ ဆိုတဲ့ စကား လုံးလေးနဲ. ၀မ်းချပေးလိုက်တော့ မြန်မာတွေ မစဉ်းစားနိုင်တော့ဘဲ ဖင်မနိုင် ဘဲ ပဲကြီးဟင်း စားမိသလို ။ ကိုယ့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ဓလေ့ တွေ ၊ မေ. ၊ ၀တ်လစ်စလစ်နဲ့ နေရမှ လွတ်လပ်တယ် ၊ ဘောင်းဘီဝတ် စကပ်ဝတ်မှ လွတ်လပ်တယ်၊ ဘီယာဂါးဒင်း ဒစ္စကို ကလပ်တက် ဘိန်း ဘင်း ကဇော် လှော်စာ သောက်စားရမှ လွတ်လပ်တယ်၊ ဖါတန်းရှိမှ လွတ်လပ်တယ် ၊ ထစ်ကနဲဆို တော် လှန်ပုန်ကန်မှ လွတ်လပ်တယ် ဆိုတဲ့ အယူအဆတွေ နဲ မြှောက်ပေးမှူတွေကို နားယောင်ကြပြီး လမ်းပေါ် ထွက် ဥပဒေမဲ့ ရမ်းကား ကြတော့တာဘဲ၊ နှုတ်မစောင့်စည်း လက်လွတ် စပါယ် ပြော့ဆိုဆဲရေး တိုင်း ထွာ နေတာတွေကိုမှ လွတ်လပ်တယ် လို.ထင်နေတာတွေဟာ အယောင်ဆောင် လွတ်လပ်ရေးတွေသာ ဖြစ် တယ် ၊ တကယ့်လွတ်လပ် ရေးရဲ့ အနှစ် သာရ မဟုတ်၊ အဓိပါယ် အစစ်အမှန် မဟုတ် ဘူးဆိုတာ ကို နားမ လည်ကြ ဘူး လို.ပြောခြင်တယ်။

သဟဇါတ ဖြစ် စွာ ပေါင်းသင်းနေထိုင်ခြင်း၊ ချစ်ကြည်ရင်းနှီးစွာ တန်းတူ နေ ထိုင်ခြင်းနဲ သူများ လက်အောက်ခံ သြဇာခံ ဘ၀ နေရခြင်း ဆိုတာ ကွဲပြားပါ တယ်။ အမေရီကန်၊ အင်္ဂလိပ် ၊ ပြင်သစ်၊ ရုရှား ၊ တရုတ် ဘယ်သူ လက် အောက်ခံမှလဲ မဖြစ်သင့် ဘူး။ မြန်မာနိုင်ငံရဲ ဘက်မ လိုက် ကြားနေ မူဝါဒ ဟာ မှန်ကန်တဲ့ဝါဒသာဖြစလို.် ဘယ်လိုတန်ဘိုးနဲ့မှ လဲ လှယ်ခြင်း၊ ရောင်းချ ခြင်းတို မပြုအပ်ဘူး။

ဒီမှန်ကန်တဲ့ ၀ါဒပို ပြောင်းလဲ လိုက်ရင်. မြန်မာနိုင်ငံရဲ့ အချုပ်အခြာ လွတ်လပ် သောနိုင်ငံ ဆိုတဲ့ ရပ်တည်ချက်ဟာလဲ ပြောင်းလဲ သွားနိုင်စရာရှိတယ် အခု ဒီနေ. မြန်မာနိုင်ရဲ့ အခြေအနေဟာ တနည်းစိုးရိမ်စရာတွေ ရှိနေတယ်၊ ကျားသနားမှ နွားချမ်းသာ ဆိုတဲ့ သဘောဘဲ ၊ ဘာကြောင့်လဲ ဆိုတော့ မကြာ သေမီသော အတိတ်ကာလက အရှေ.တောင် အာရှဒေသ မှာ ကြမ္မာဆိုးဝင်ခဲ့ရတဲ နိုင်ငံတွေ ကိုတွေခဲ့ ရလို.ဘဲ ၊ ဘယ်သူနိုင်တယ် ဘယ်သူ ရှုံးတယ် ဆိုတာကတော့ ကိုယ့် အတွက်အချက်နဲ့ ကိုယ်ဘဲ ပေါ့ ၊ တိုင်းခြင် တာ နဲ့သာ တိုင်းကြတော့၊ အမေရီကန်၊ အင်္ဂလိပ် ၊ ပြင်သစ်၊ ရုရှား ၊ တရုတ်.တို.အနေနဲ.ကတော့ သူတို.ကိုယ်ပေါ်မှာ လက်သဲခြစ်ရာ တရာ တောင် မရှိ ဘူး။ စစ်အေးဘဲ ဖြစ်ဖြစ်၊ စစ်ပူဘဲ ဖြစ်ဖြစ် စစ်ပွဲ ဖြစ်ရရင် သူတိုမြေပေါ်မှာ တော့ အဖြစ်မခံဘူး။ သေချင်းသေ သူတို.အသေမခံဘူး။ ဖြစ်ချင်းဖြစ် သူများ မြေပေါ်မှာဖြစ်ပြီး သူများတွေကို သာ သေစေမယ် ။ သူများနိုင်ငံသာ ပျက်ဆီး မယ် ။ နိုင်ငံဟာ အစစ အရာရာ အတွက် သူတို. တဦးဦးကိုဘဲ မှီခိုအားထား ဘို. လိုလာမယ် ။

နောက် ဆက် ၇န်