Article submitted by: Thunderbolts on 1-Jan-2014  
အယောင်ဆောင်မှုနဲ့ သိက္ခာတင်ကြစို.၊
နိုင်ငံ့ မျိုးချစ်များ ။

မိုးကြိုးသွား လဲ ပြောသင့်တာ ပြောသွားပါတယ် ။ နင်္ဂါးပျံ လဲ ဆိုသင့်တာ ဆိုသွားပါတယ် ။ တခြား သူတွေ လဲဘဲ အခါအားလျှော်စွာ ထောက် ပြသင့် တာတွေကို ထောက်ပြကြပါတယ် ၊ ဒီကလဲ နဲနဲတော့ ၀င်ပါ ပါရ စေ ၊၊

ခက်တာက မစုကြည် ဟာ မျက်စေ.ပိတ် နားပိတ်ပြီး စွက်အော်နေတော့ တာ ဘဲ။ သူပါတ်ဝန်းကျင် အနီး အနား က သူ.ကိုအကြံပေး သူတွေ ညံ့လို.လား ၊ သူကဘဲ ငါ့တကော ကော နေသလား။ ကြက်ဆူပင် မင်းမူ ဆိုတာ. စကား ကောင်း တော့မဟုတ်ဘူး ။ အောက်ပါ စကား ရပ်ကို သေသေချာချာ ပြန် ဖတ်၊ လေ့လာကြည့် ရင် သူကလဲ သူနဲ့ သဘောချင်းမတိုက်ဆိုင် သူတွေ၊ သူလုပ်ခြင်တာကို မထောက်ခံသူတွေအားလုံး ကို သိက္ခာ မရှိသူတွေလို.ပြော လိုက် တာ ၊ ဗြောင် စော်ကားလိုက်တာဘဲ ။

သူကတော.ေ၇ာ ဘယ်လောက် သိက္ခာ တွေ ရှိနေသလဲ၊ ဘာမှ မစွပ်စွဲ လိုပါ ဘူး၊ စွပ်စွဲစရာ လဲ မလိုပါဘူး။ ၁၉၈၈ ခုကစပြီး သူပြောဆို လုပ်ကိုင်နေတာ တွေ ကို စောင်ကြည်.နေကြတာ ဘဲ အမြင် အမျိုးမျိုှးရှိတာပေါ့၊ သူစကား အတိုင်းဘဲ သူပါတီထဲမှာ လည်း သိက္ခာ မရှိသူတွေ ရှိနေတယ်။ သူတ ယောက်က လွဲရင် ပေါ့လေ။ ပါတီတွင်းက သူနဲ့ သဘောမတိုက်ဆိုင် သူ တွေ ထွက်ကြပေတော့ ဘဲ။ ပါတီတွင်း သိက္ခာမရှိသူတွေနဲ့ ဘယ်လို ဆက်ပြီး လက်တွဲ လမ်း လျှောက်မယ် ဆိုတာကတော့ ။ ပါတီတွင်း ကိစ္စ တခုလို.ဘဲ ပြောလိုက်ပါတော့။

အခုဆိုရင် ပိုပြီ သိသာ ထင်ရှားနေပြီ ။ ဖွဲ.စည်းပုံ အခြေခံ ဥပဒေပြင်ပြင် ၊မပြင်ပြင် NLD ကတော့ ရွေး ကောက်ပွဲဝင်မှာ ဘဲ တဲ့ ။ ခေါင်းဆောင်က သိက္ခာချတယ် ၊ နောက်လိုက်တွေ က သိက္ခာတင်နေကြတယ်၊ အတိုင် နဲ့ အဖေါက် ညီကြပါပေ တယ်။ သွေးတိုးစမ်းတွေ မျော.သွေးစမ်းတွေက တော့ ရှိမှာပေါ.လေ။ မစုကြည် နောက်မှာ အနောက်ပြည် တံတိုင်းကြီးရှိ တယ် ။ သူတို.ရဲ သိက္ခာတွေကိုတော့ ကမ္ဘာ က သိပြီး သားဘဲ ။

''ကျွန်မတို့ကတော့ တပ်မတော်ထဲမှာရော၊ တခြားအဖွဲ့ အစည်းတွေ ထဲမှာ ရော၊ နိုင်ငံရေး ပါတီတွေ မှာ ရော၊ ကိုယ်ရဲ့သိက္ခာကို ကိုယ်တန်ဖိုး ထားတဲ့ ပုဂ္ဂိုလ် တွေ ရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲမှာလည်း လူအမျိုးမျိုး ရှိတာ ပဲ။ တခြားပါတီ အဖွဲ့အစည်း တွေမှာ လည်း လူအမျိုးမျိုး ရှိမှာပဲ။ ဒီတော့ ကိုယ့်သိက္ခာကို တကယ် တန် ဖိုးထားတဲ့ ပုဂ္ဂိုလ်များဟာ ၂၀၁၅ ကျလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မပြင်ဘဲနဲ့ ရွေးကောက်ပွဲ မ၀င် သင့်ဘူးလို့ ကျွန်မထင်ပါတယ်။ ကိုယ့် ဘက် ကို အလေးသာ အောင် လုပ်ထားပြီးမှ ၀င်တယ်ဆိုတာ မသင့် တော် ဘူး။ ဥပမာ ဆိုပါတော့ ကျွန်မတို့ဟာ ဒီဖွဲ.စည်းပုံ အခြေခံဥပဒေ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူလူထုရဲ့ ဆန္ဒကို ထောက်ထားပြီး ၀င် မယ်ဆိုရင် ကျွန်မ တို့က စွန့်စားပြီး ၀င်ရာမှာ မမျှတတဲ့ အခြေအနေမှာ စွန့်စား ပြီးဝင်ရာမှာ ကျွန်မ တို့မှာ သိက္ခာကျစရာ ဘာမှ မရှိ ပါဘူး။ အထက်စီး ယူပြီးတော့ ၀င်တဲ့လူတွေ အတွက် သိက္ခာမရှိဘူးလို့ ကျွန်မ ဒီလိုပဲ ဆိုပါ ရစေ တဲ့။

စကားဆိုတာ မဆွေးပါဘူးနော် ။ ဂေါတမ ဗုဓ္ဒတရားဟော တာတောင် နား ထောင်တဲ့ သူ သဘောပေါက် နားလည် သူသာ သောတကန်တယ် အနာဂမ် တယ် တဲ့။ အခုထိ သဘော ပေါက် နားမလည်နို်င်သေး သူ တွေ ဒိုနိုင်ငံမှာ ဘယ်လောက်ရှိနေတယ် ဆိုတာ မသိနိုင်ဘူး ။ အခုလဲ ဒီအတိုင်းဘဲ ၊ ပြော သာ ပြောနေရတယ်၊ လူ.အခွင့်အရေးအရ သူ.ကို နား ထောင် သူ ၊ ငါ့ကို နားထောင်သူ ဆိုတာကတော့ ရှိမှာဘဲ။ နား ထောင်တိုင်းလဲ အဓိပါယ် သဘော ပေါက် နားလည်သူ ဖြစ်လိမ့်မယ် မဟုတ် ၊သူကိုထောက်ခံသူဘဲ ငါ့ကိုထောက် ခံသူဘဲ လို. ပြောလို.မရဘူး ယူဆလို.မရဘူး။

ဒီမိုကရေစီဆိုတာ ဟိုရှေးတုန်းကတည်းက Mob Rule ဘဲ။ လူများတဲ့ လူအုတ်က နိုင်တတ်တယ်၊ မှားတာ မှန်တာ ပြသနာ မဟုတ်ဘူး။ တရားတာ မတရားတာ အကြောင်းမဟုတ်ဘူး ။ လူအုတ်က ဆုံးဖြတ်ရာဘဲ။

အရေးကြီးတဲ့ အချက်က တိုင်းပြည်တခုမှာ ပညာဥာဏ် အမျှော်အမြင်ရှိသူ ဘယ်ရွေဘယ်မျှ ရှိသလဲ။ ပညာမဲ့ အမျှော်အမြင်မဲ့ သူ ဝေလေလေ တွေ ဘယ်လောက်ရှိသလဲ ဆိုတာ ကို ကြည့်ရမယ်။ ပညာ အမျှော်အမြင် ရှိသူ လုနဲစုက အမျှော်အမြင်နဲသူ လူများစုကို ချယ်လယ် နိုင်ရင် ဒီမိုကရေစီ မြောက်တယ်လို.ဘဲ ပြောကြစို.၊ အဲဒီ အခါမှာ Rule of laws ဆိုတာ အတွက် နေရာမရှိဘူး။ ကမ္ဘာပေါ်မှာ ဘာတွေ ဖြစ်နေသလဲ ၊ ဘယ်သူ တွေ တရား သလဲ ဘယ်သူတွေ မတရာဘူးလဲ ဆိုတာ မစုကြည် သက်ဆိုင်သူတွေကို မျက်နှာကြည့်ပြီးြေံပာ ရဲသလား။ ပြုံးဖြဲ ဖြဲ လုပ်နေအုံးမှာလား အမြီးလေး နှဲံ.နေအုံးမှာ ဘဲ တဲ့ လား ?

The greatest way to live with honor in this world is to be what we pretend to be. (Socrates (469 BC - 399 BC) ဒီ အတွေးအခေါ်ဟာ မစုကြည် အတွက် ၊ မစုကြည် လို ဟာမျိုးတွေ အတွက် ရည် ရွယ်ပြီးထား ခဲ့တာ ဆိုရင် ပိုမှန်လိမ့်မယ် ။

(ကိုယ် က ကျူး ကိုယ့်ဒူးတောင် မယုံနဲ့ ) ဆိုတဲ့စကားအရ ၊ မစုကြည်ဟာ မြန်မာဆိုရင် ဘယ်သူ.ကိုမှ မယုံ တော့တဲ့ တကောင်ကြွက်မ တယောက် ဖြစ်နေပုံရတယ် ။ သူဘယ် သူတွေကို အားကိုးနေတယ် ဆိုတာလဲ လူတိုင်း လဲ သိကြပါတယ် ။ မေးစရာက ဘယ်သူက တိုင်ပြီး ဘယ်သူက ဖေါက်နေ သလဲ ဆိုတာဘဲ။

ဘာတွေများ အလောသုံးဆယ် ၊ ဖုတ်ပူ မီးတိုက်တွေ ဖြစ်နေတာလဲ။ ခြေမ လေး အတွင်း ယိုင်လို. ခွဲစိပ် ခဲ့တာ. ရိုးတွင်းချဉ်ဆီလိုက်လို. များ နောက်ထပ် ခွဲရပြန်တာလား ၊ ကွန်ပလီကေးရှင်းတွေ မရှိပါဘူးလို. တော့ သမားတော် ကြီးက ပြောတာဘဲ ။

ေ တော် လိုက်အုံးမယ် လေ။