Article submitted by: Thunderbolts on 16-Dec-2013  
ဖွဲစည်းပုံအခြေခံ ဥပဒေပြင်ခြင်လို.လား?(၂)
နာက်ဆက်တွဲ ။

ဒို.လူကလေးများ ဆိုသလေး။

အတိုက်အခံဆိုတာ သူများလုပ်သမျှကို ဆန်.ကျင် အတိုက်အခံပြုဘို.သာ ဖြစ်တာမို. သူများ ဘာဘဲ လုပ်လုပ် ဘာဘဲ ပြောပြော သဘောမတူဘို.၊ လက်မခံဘို.အမြဲဘဲ ပြင်ဆင်ထား တာ ဖြစ်တယ်။ ဒါက အဖေ ဆိုရင် ဖခင် ပါလို. ပြောမယ် ၊ အမေပါ ဆိုရင် မိခင်ပါလို.ပြောမယ် ။ မှားတာမှန်တာ အပ ထား သူများပြော တာကို လွယ်လွယ်နဲ့ သဘောမတူ နောက်ဆုံး စကား လေးနဲ့ နှမ်းဖြူးလိုက်ရမှ စားဝင် အိပ်ပျော်ပြီး ပုလိပ် ကတော် ဖြစ်ရမှ ကျေနပ် သူကလဲ ရှိသေး တယ် ။

၂၀၀၈ ဖွဲစည်းပုံအခြေခံ သမိုင်းကိုတော့ အမျိုးသား ညီလာခံခေါ်တာက စပြီး သိပြီးကြပြီလို. ယုံကြည်တယ်။ ဘယ်သူ တွေက ကပျက်ယပျက်နဲ အတိုက် အခံ လုပ်တယ် ၊ မပျက်ပျက် အောင် ဖျက်ဘို.ကြိုးစားတယ် ၊ ငါ တို.မပါဘူး ဆိုပြိး ရှိနေတဲ့ နေရာက ထွက်သွားတယ်။ နောက်ပိုင်း ကြားဖြတ်ရွေး ကောက်ပွဲ ကျတော့ ၀င် တယ်။ သူတို.အတွက် သီးသန်. ထွင် လိုက် တဲ့ ရွေးကောက်ပွဲဆိုတာ လူတိုင်းသိတာဘဲ ။

မှတ်မိတာလေးပြောရရင် ၊ ဒို.သမိုင်းမှာ နိုင်ငံရေးမလုပ်ခြင်ပါဘူးဆိုပြီး အမျိုးမျိုး မူနေခဲ့တဲ့ ကိုနု (သခင်နု) ဟာ ၁၉၆၂ ခုနှစ်ထိ ၀န်ကြီးချုပ်လုပ်ခဲ့ တယ်။ ဗိုလ်နေ၀င်းအစိုးရကို အတိုက် အခံလုပ်ဘို.ဘုရားတကာ ဦးနု တောခိုတယ် ၊ ပါလီမန် ဒီမိုကရေစီ ပါတီ လက်နက်ကိုင် အုတ်စုတခုရဲ ခေါင်းဆောင်ဘဲ ၊ သူဟာမအောင် မြင်တဲ့ တန်ပြန်တော်လှန်ရေးကြောင့် ၁၉၈၀ ခု မှာ ဗိုလ်နေ၀င်းရဲ့ အသနားတော်မြတ်ကို ခံခဲ့တယ် ။ နိုင်ငံ ရေး စကားပြောရရင်. နိုင်ငံရေး လှည်ကွက်အမျိုးမျိုး၊ လူဘိန်းစကားပြောရရင်.ရှုံ.ချီ နှပ်ချီနိုင်လှတဲ့ ဦးနုဟာ ဘယ်သူ ထောက်ခံမှုမှ မရဘဲ ကွယ်လွန်ခဲ့တဲ သမိုင်းဝင် ပုဂိုလ် တယောက်ထက် ဘာမှ မပိုဘူး။

ဘယ်သူဖြစ်ဖြစ် သူများလုပ်သမျှ အားလုံးကိုဆန်ူကျင်နေလို.တော မဖြစ်ဘူး ထင်တယ်။ နိုင်ငံတော်ကို မည် သို. မည်ပုံ တည်ဆောက်ကြမလဲ အကြံပေး ကြပါဆိုတော့ ဦးနုက သူကို အာဏာ ပြန်အပ်ပါလို. အာဏာပြန် တောင်း တယ်။ အာဏာပြန်ရရင် ဗိုလ်နေ၀င်းကို သမတ ခန်.မယ်တဲ့. လွှတ်တော် ကသဘောမတူရင် သူ အနေနဲ့ တဦး တယောက်ကို သမတခန်.နိုင်တဲ့ အာဏာတွေ ဘယ်သူကပေးထားတယ်တော့ မသိဘူး။ ကိုအောင်ဆန်ူး ကိုလဲ မောင့်ဘက်တန်က ဒီလိုဘဲ ကမ်းလှမ်းခဲ့ဘူးတယ်. ရိုးရိုးပြောရင် လဘ် ထိုးတာပေါ့ လေ။ ၂ ယောက်စလုံးက လက်မခံပါဘူး။ ၁၉၅၇ - ၁၉၆၂ ထိ သမတအဖြစ် ထမ်းဆောင်ခဲ့တဲ့ ဦးမန်းဝင်း မောင်ကို ဦးနုက စကားထဲ တောင် ထည့်မပြောဘူး။ ၁၉၈၈ ခုအရေးအခင်းမှာ ဦးနုက သူ.အစိုးရနဲ့ သူ ပါတီကို အသက်ပြန်သွင်းတာမှာ သမတဟောင်း ဦးမန်းဝင်းမောင်က မသိခြင်တော့ဘူး။ ဦးနုကတော့ သူလုပ်တာတွေ မှန်တယ် လို. ယူဆနေတာဘဲ၊ နိုင်ငံရေး မလုပ်ခြင်ပါဘူး ဆိုတဲ့ ဘုရားတကာ ဦးနူဟာ ဒီမိုကရေစီနဲ့ ဂေါတမ ဗုဓ္ဒကို ကောင်းကောင်း အသုံးချသွားတယ်။ ပြောရမယ်ဆိုရင် ဦးနုကို ကိုအောင်ဆန်ုး ကိုယ်တိုင်က ရွေးခဲ့တာဘဲ မဟုတ်လား။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ တန်သလား ဆိုရင် ရိုင်းသွားလိမ့်မယ် ၊ မြန်မာ တွေဟာ ဒီမိုက ရေစီကို နား လည် သဘော ပေါက်ကြရဲ့လားဆိုရင်တော်
သေးတယ် ။ ဒီမိုကရေစီ ဒီတိတ်တာ ( Democratic Dictator) တွေကို တိုင်းပြည် အများ အပြားမှာ တွေရတယ် ၊ မြန်မာနိုင်ငံမှာ အစိုးရ သက်တန်း ဟာ ၅ နှစ် လိုသာ ဆို တယ်. လူထုက ရွေးကောက်တင် မြောက်နေသမျှ ၅ နှစ်ပြီး ၅ နှစ် ပေါင်း ထပ်နေလို.လဲ ရတယ်။ သမတ သက်တန်းဟာလဲ ၅ နှစ် ဘဲ။ တချိန် က မြန်မာ နိုင်ငံမှာ လူမျိုးစုကြီးအလိုက် လူမျိုးစုတွေထဲက သင့် တော် သူကို လွှတ်တော်က သမတအဖြစ်ရွေးတာမို. အလှည့် ကျ သမတ မျိုးပေါ့၊ သဘောမကျသူတွေ ကတော့ မကျဘူး။ သမတဟာ ဘာအာဏာမှ မရှိတဲ့ လက်မှတ်ထိုးစက်ရုပ် တခုထက် ဘာမှမပိုဘူး။ နိုင်ငံမှာ ၀န် ကြီး ချုပ်နဲ့ နိုင်ငံခြားရေး ၀န်ကြီး ဆိုတာတွေက အရာရောက်နေတာ ချယ်လှယ် နေကြတာ ဘဲ။

ဒီမိုကရေစီ ကျင်းသုံးတဲ့ နိုင်ငံမှာ နိုင်ငံသားတွေ ဟာ ယောယိမ်း ဘသားယိမ်း ဝေလေလေ တွေ လုပ်နေလို. မရ ဘူး။ ဒါပေမဲ့လဲ ဒီမိုကရေစီ ဆိုတာကတော့ ယောယိမ်း ဘသားယိမ်းတွေ အတွက်လို ဖြစ်နေတယ်၊ ပြည်သူတိုင်းဟာ နိုင်ငံ ရးလုပ်စားသူတွေ မဟုတ်သည့်တိုင်။ နိုင်ငံရေးသမားလောက် ဖြစ်နိုင် ရင် သူထက် သာ တဲ့ အသိ ပညာ အမြော်အမြင် ကြီးမားကြဘို.လိုတယ်။ သေသေချာချာ စဉ်းစားကြဘို.လိုတယ်။

ဒီနေ. ဒို.ပြည်မှာ ဒိုတတွေဟာ ဒီမိုကရေစီဆိုတာကို သွတ်သွင်းဘို.ကြိုးစားနေ
တယ်. ဒီမိုကရေစီရဲ့ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေကို သိဘို.လို တယ်။ ဒါပေမဲ့ ဆင်းရဲသူများ ဆိုတာကို ပစ္စည်းဥစ္စာ ဆင်းရဲခြင်းလား၊ အသိ ဥာဏ်ပညာဆင်းရဲခြင်းလား ဆိုတာ ခွဲခြားသိ ဘို. လိုပါလိမ့်မယ်။

ဆင်းရဲသူတွေဟာ ချမ်းသာသူများထက် အာဏာပိုရှိတယ် ဆိုတော့လဲ၊ ချမ်းသာသူတွေဟာ မတတ်သာမန်လျှော့ သဘော လား၊ လူလယ်ကျတာ လား၊ ဆင်းရဲ သူ တွေကို ရှေ.တန်းတင်ပြီး အုပ်ချုပ်ရေး တံဆာပလာတွေ အဖြစ် အသုံးချ ၊ နောက်ကွယ်က ကြိုးကိုင်ချယ်လှယ် ၊ သူတို. လိုခြင်သလို သွယ်ဝိုက် အုပ် ချုပ် နေကြ တာဘဲ လို.ပြောခြင် တယ်။ ဘာကြေုာင်.လဲ ဆိုတော့ ငွေကြေးချမ်းသာ ပစ္စည်းဥစ္စာပေါများသူ တွေဟာ နိုင်ခြေ ရှိတဲ့ နိုင်ငံရေးပါတီတွေကို ရံပုံငွေထည့်ဝင် သွန်းလောင်းဘို. ဘယ်တော့မှဝန် မလေးဘူး။ ဘယ်သူနိုင်နိုင် ဒို.နိုင် တယ် ဘဲ ပေါ့။

မြန်မာနိုင်ငံမှာ အသိပညာ အမျှော်အမြင်ရှိသူနဲ့ပါးနေတာလား၊ ရှိရက်နဲ.ထွက် မလာကြတာလား အသိပညာ အမျှော်အမြင်ရှိသူ တွေးခေါ်မျှော်မြင်ရေး သမားတွေ များလွန်းနေလိုလား။ အမြင် အယူအဆ သဘောထား ခြင်းမတူ လို. ထမင်းကြမ်း ယက်ခတ် စားနေကြတာလား? ကိုယ်တိုင် ထွက် မလာ သည့် တိုင် ကိုယ်က ရွေး ရမယ်ဆိုရင်လဲ အသိပညာ အတွေးအခေါ် အမျှော် အမြင်ရှိသူကို ရွေးချယ်ဘို.လိုတယ် ။ ကိုယ်ကမှ အသိ ပညာ အမျှော်အမြင် အတွေး အခေါ်နဲပါးနေရင် ဘယ်သူဘယ်ဝါဟာ. အတွေးအခေါ် အမျှော် အမြင် အသိ ပညာနဲပြည်.စုံသူ ဆိုတာကို သိနိုင်ပါ့မလဲ ? ပြီး ပြီးရော ဆိုပြီး မဲပေး လိုက်ပြန်တော့ ကိုယ် တာဝန်ကျေ ပြီလို ဆိုမလား၊ ဒီလိုဆိုရင် အုတ် ရောရော ကျောက်ရောရောနဲ့. ဒို.လူကလေး တယောက်ဘ၀နဲ့ ဝေလေလေ လိုက်ကြတာပေါ့ ဟုတ်လား။

သူသူ ငါငါ သိနေ လက်ခံနေတဲ့ ပါဝါ အာဏာ ကို တာဝန်ဆိုပြီးပြော လာသံ တွေကြား နေရ တယ်။ မှားတယ် လို.မဆို လိုပါဘူး။ အုတ်ချုပ်သူရဲ့ ပါဝါ အာဏာဟာ အုပ်ချုပ်ခံ သူရဲ့ ပါဝါ အာဏာနဲ့ ဘာကွာခြားသလဲ ? လွယ်လွယ် ပြောရမယ်ဆိုရင် အစိုးရတာဝန် ၊ ပြည်သူတာဝန်တွေပေါ့ ၊ တာဝန်ရှိ ပြည်သူ တွေဟာ နိုင်ငံတော် ကို အုပ်ချုပ်ဘို. စီမံခန်.ခွဲဘို. သင့်တော်သူ တွေ ကိုသာ တာဝန်အပ်နှင်း သင့် တယ် ၊ ဘယ်သူသား သမီးမို.၊ ငါ့ အမျိုးမို.၊ ငါ့သူငယ် ချင်းမို.၊ ငါ့ယောက်ဖ မို. ၊ငါ့ဆရာ ၊ ငါ့တပည့် မို. ငါ.နဲ့ တချိန်က လုပ်ဖေါ်ကိုင် ဖက် မို. ဆိုတာတွေ ၊ ကြောက်လို.လန်.လို.ဆိုတာတွေ ဘေးချိတ်ရမယ်၊ လှိုဝှက်မဲ ပေးစံနစ်မှာ ကိုယ်က ဘယ်သူ.ကို မဲပေးတယ်ဆိုတာ ကိုယ်က ထုတ် မပြောရင် ဘယ်သူမှ မသိဘူး။ ပွင့် လင်း မြင်သာ စံနစ်နဲ ဘယ်သူက ဘယ် သူ ကို မဲပေးပါတယ် ဆိုတဲ့ အမည်စာရင်း ထုတ်ပြန်ကြေညာ ဘို. လိုမလား ၊ ကောင်းသား ဘဲ. မြန်မာတွေ ကိုယ်တိုင်၊(ပြည်သူတွေ) ကိုယ်တိုင် အဂတိ တရားတွေ ကင်းရဲ့လား ဆိုတာ ပွင့်လင်းမြင် သာ ဘို.လိုနေပြီ။ အဂတိ လိုက်စားမှုတွေဟာ မြန်မာတွေ ကြားမှာ ရိုးတွင်း ချဉ်ဆီနာလို ဖြစ်နေပြီ တဲ့။ သွေးထဲမှာ အသားထဲ အရိုးထဲ စွဲနေပြီ ၊ နံပါတ် ဖိုး ဆေးစွဲ သူလိုဖြစ်နေပြီ၊ ကိုယ်ခံစွမ်းအား တွေ ပျက်လို HIV ပိုးတွေနဲ့ ပြည့်နေပြီ။ ဘဦး ရေကူး နေ သည် - ဆေးကု၍ မရပါ တဲ့လား။

ဘယ်သူမဆို ကြီးသူ ငယ်သူ သက်ရွယ်တူ မဟုတ် ၊ လူမျိုးမရွေး ဘာသာ မရွေး မိမိလူမျိုး မိမိနိုင်ငံ တိုးတက် ရေး အတွက် မိမိ ရှုဒေါင့်ကကြည်ြ့ပီး မှန်တယ် ထင်တာကို တင်ပြဆွေး နွေးတာ ဟာ အကောင်းဆုံးပါ။ ဘေးထိုင် ဘိုင်ကျ ဘုပြော ဆိုသလို. ဘာမှ တင်ပြ ဆွေးနွေး ခြင်းမရှိဘဲ. သူတပါးကို အမြဲ အတိုက်အခံ ပြု နေတာတွေ ၊ အဓိပါယ်မရှီ ဗြောင်ဆဲ ဝေဖန်နေ တာ တွေဟာ ဘယ်သူမှ အကျိုးရှိစေမယ် မဟုတ်ပါဘူး။

ဆင်ခြင်တုန်တရား အသိဥာဏ် အမျှော်အမြင်များလေ ကောင်းလေ ပါဘဲ. ကိုယ်တယောက် ထဲက အား လုံး သိနိုင်မယ် မဟုတ်ပါဘူး။ ကိုယ်ထက် သိသူတွေ ကိုယ်ထက်တတ်သူတွေ ရှိ ကြပါတယ် ၊ သူတိုကို မလေး စား လို. မဖြစ်ပါဘူး၊

နောက်ဆုံး စကားပြောရရင်.တုသိတာ နတ်ပြည်က (သေတကေတုနတ်မင်း) လို စုတေပြီးမှ လူ.ပြည်မှာ ဘုရားလာ ဖြစ်ရတယ် ဆိုတာ မှတ်သားရဘူးတဲ့ အတွက် မြန်မာပြည်မှာ ဘုရားဖြစ်ခြင်ရင် အခုဘ၀ကို စုတေ ရလိမ်.အုံး မယ် လို. သတိပေးခြင်တယ် ။

နားလိုက်အုံးမယ် နော်။