Article submitted by: Thunderbolts on 16-Dec-2013  
ဖွဲစည်းပုံအခြေခံ ဥပဒေပြင်ခြင်လို.လား ? (၁
ဒို.လူကလေးများ ဆိုသလေး၊

(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ပါက တပ်မတော်နှင့်ပြည်သူ ရင်ကြားစေ့ရေး အကြီးမားဆုံး အဟန့်အတား ဖြစ်နေဦးမည်ဟု ဒေါ်အောင် ဆန်းစုကြည် ပြောကြား) ဆိုတဲ့ Eleven Myanmar သတင်းကို ဖတ်လိုက်ကြ မှာပေါ့နော် ။ အော် ခက်ပဲ ခက်ရ ချည်ရဲ့ မစုကြည် ရယ် ၊ ပြောလေကဲလေ မန်းလေ ပြဲလေ ဆိုတာဘဲ ထင်ပါရဲ့ ။ ပေါက်တဲ့ နဖူး -မထူးဘူး ဆိုတာများ လား။ ကိုယ့်အတွက်ချည်းဘဲ ကိုယ်မကြည်.နဲ့ လေ. တိုင်းပြည်နဲ့ ပြည်သူ လူထုးအတွက်လေးလဲ ကြည့်ပါ အုံး ။

တပ်မတော်နဲ့ ပြည်သူ ရင်ကြားမစေ.အောင် ခင်ဗျားက ပြောနေ လုပ်နေ လှုံ.ဆော် နေတာဘဲ မဟုတ်လား၊ ဘယ်သူ.အားကိုးနဲ့လဲ - ဘာကိုမျှော်ကိုး နေ သလဲ ? ပြုစရာ ရှိတာ ပြုရမယ် ပြင်စရာရှိတာပြင်ရမယ် ဒါဟာ ကောင်းတဲ့ အကျင့် လုပ်သင့်တဲ့အလုပ။် တခုတော့ ရှိတယ် အလောသုံးဆယ်တွေနဲ့ (ပြင်လွန်းရင် ဖင်ချွန်း သွား တတ်တယ်) ဆိုတာကို အထူး သတိပြုရမယ် ။ ထာဝရ ဆိုတာမရှိဘူး။ သင်္ခါရ ဆိုတာ ဘဲ ရှိတယ်လို. ဂေါတမ ဟောတယ် ၊ Aristotal ကလဲ Change in all things is sweet. လို.ပြောထားတယ် ဆိုတာ မှတ် ဘူးတယ် ။

အင်္ဂလိပ်ကို လင်လုပ်ပြီး အင်္ဂလန်သူတပိုင်းဖြစ်နေသူကို အင်္ဂလိပ်လို တတ် သလောက် မှတ် သလောက် လေး ပြောရရင်။ (You better stop playing the same old tricks, for your own sake, people are getting fed up & bored. If you could not do it in the past, you canít do it now. So please stop stirring things for Buddha sake. You must realize that Tuttmadaw and People are no strangers to each other, but you are the outsider.

ပြောရမယ်ဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ.စည်းပုံအခြေခံဥပဒေကို မဲပေးပိုင်ခွင်.ရှိသူ ဦးရေ စုစုပေါင်း ၂၂၇၀၈၄၃၄ အနက် မဲပေးခဲသူ ၂၂၄၉၆၆၆၀ က မဲ့ပေးခဲ့ တာမှာ ထောက်ခံမဲ ၂၀၇၈၆၅၉၆ ၊ ကန်.ကွက်မဲ ၁၃၇၅၄၈၀ ၊ ပယ်မဲ ၃၃၄၅၈၄ ရှိခဲ့တယ်။ ထောက်ခံသူ ၉၂ ဒသမ ၄ ရာခိုင် နှုန်း၊ အရ အတည်ပြုခဲ့တဲ့ ဥပဒေဖြစ်တယ် ။ မစုကြည် အပါအ၀င် NLD အဖွဲ.၀င် ဘယ်နှယောက် မဲ ပေးခဲ့တယ် ၊ ထောက်ခံမဲ ပေးတယ် ၊ ကန်ကွက်မဲ ပေးခဲ့တယ်၊ လုံးဝမပေးခဲ့ဘူး။ ၊ ပယ်မဲထဲမှာ ပါ သွားတယ် ဆိုတဲ့ သီးသန်.စာရင်းတော့ ဘယ်သူကမှ တင်ပြ ထားတာ မတွေ ရဘူး။ ၂၀၀၈ ခု လူထုဆန္ဒခံယူပွဲမှာ မဲ မပေးသူ ၃၁၁၇၇၄ ရှိတယ်လို. တွက်ချက်ရပြီး ကန်.ကွက်မဲပေးသူ ၁၃၇၅၄၈၀ နဲ့ ပယ်မဲ ၃၃၄၅၈၄ ပါပေါင်း လိုက်ရင် ၂၀၂၁၈၃၈ ဦးရေကို NLD အဖွဲ.၀င် တွေဘဲလို.ဘဲဆိုအုံးတော့ ၊ ထောက်ခံသူကသာ များလျှက်ဘဲ ဆိုတာ တွေ.ရတယ်။ အမျိုးသား ညီလာခံ စကတည်းက ခင်ဗျား မပါခြင်လို.မပါခဲ့တာကို လဲထည့်ပြောပါ အုံး လေ။

ဒီနေ. ဒို.တတွေကြား မှာ တပ်မတော်နဲ့ ပြည်သူ ကြည်ဖြူနေတာကို မစုကြည် က မနာလို မရှုစိမ်.နေတာက တော့ ထင်ရှား တုန်းဘဲ ရန်ကုန်မှာ ပြန်အခြေ ချကတည်းက တပ်မတော်ကို ဆန်.ကျင်ခဲ့တယ်လေ၊ ပြန်မ လာခင်က သူ.အကြောင်းတွေ ရန်ကုန်ကလူတွေ သိတာမဟုတ် တော့ ပြောနေလို.လဲ အလကားဘဲ၊ သိတဲ့ သက်သေတွေကလဲ ထွက်လာကြမှာ မဟုတ် တော့ ကိုယ် ပြောရင် ကိုယ်သာ အရုးဖြစ်လိမ့်မယ် ၊၊

အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လို. ကြွေးကြော် လာကတည်း က ဘယ် သူနဲ.ဘယ်သူ ရင်ကြားစေ့ကြဘို.လဲ လို.မေးဘူးတယ် ။ NLD နဲ SLORC ရင်ကြားစေ.ဘိုလား လို. တောင် တိုက် ရိုက် မေးဘူးပါတယ် ။ အခုမှ တပ်မတော်နဲ. ပြည်သူဆိုတဲ့ စကားပြောလာ တယ် ။

ရင်ကြားစေ့ တာ မစေ့တာ မသိဘူး မစုကြည် (ဒေါ် ပရီယယ် ဒေ၀ီ) ကတော့ အမတ် အဖြစ်နဲ ပါလီမန် ထဲ ရောက်နေပြီ ။ အထက်က အဆိုရှိတဲ့ အရေး ၂ ရေး ဘယ်အခြေရောက်လို.ဘယ်လောက်အောင်မြင် နေပြီလဲ ဘယ် လောက် နီး စပ်နေပြီလဲ ? ကြားကြ သိကြတဲ့ အတိုင်းပါဘဲ ၊ဘာအပိုပြောနေစရာလို သလဲ။ ပြောခြင်တာ ကတော့ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ဗမာ ဆိုတဲ့ လူမျိုးစုတွေထဲက လူမျိုး စွဲ အစွန်း ရောက်တွေ ၊ ဗုဓ္ဒဘာသာ၊ ခရစ်ယန်၊ မွတ်စလင် ဆိုတဲ့ ထဲက ဘာသာစွဲ အစွန်း ရောက်တွေ ရှိနေ သမျှ အရေး ၂ ပါးဟာ လိုအပ်နေမှာဘဲ ။ အစွဲမရှိအောင် ဘယ်လို လုပ် ကြ မလဲ ?

လူမျိုးအစွဲ တွေကြောင့်ဘဲ ၂၀၀၈ ခု ဖွဲစည်းပူံအခြခံ ဥပဒေပေါ်လာရတယ် (ဆေးအတွက်နဲ့ လေး) ဆိုတဲ့ စကားလို.ဘဲ ပြည်နယ်တွေ တိုင်းတွေ ဒေသ ကြီးတွေ ဒေသလေးတွေ အစရှိတဲ့ လူမျိုးစုစွဲ အမည်တွေနဲ့ ရှိနေလေတော့ ရင်ကြား မစေ.နိုင် ၊ မစည်းလုံးနိုင်တာတွေက ကွဲပြဲမှုတွေ သိသိသာသာ ပေါ်လာပါတယ်၊ မသိခြင် မမြင်ခြင်ယောင်ဆောင် နေလို.တောင် မရဘူး။ ဗြောင်လိမ်နေရင်တော့လဲ လိမ်ပေါ့။ ဘာတတ် နိုင်မလဲ ၊ ဘူး တလုံးဆောင် အိုအောင် မဆင်းရဲ ဘူးတဲ့ လား ?

ဒီတချက်နဲ.ဘဲ ၊ မှန်ပါတယ် ဖွဲစည်းပုံ အခြေခံဥပဒေကို ပြင်ထိုက်ပါတယ် လို. မြင်တယ်။ ကိုယ်တယောက် ထဲ သဘော ထားကို ပြောရရင် မြန်မာနိုင်ငံ တော် မြန်မာနိုင်ငံသား ဆိုတာ နဲ့ဘဲ လုံလောက်ပါပြီ ။ လူမျိုးစု အမည်တွေ မလိုပါဘူး ဒါတွေဟာ စာအုပ်ထဲမှာသာရှိသင့်ပါ တယ် ၊သူများတွေ အနေနဲ.ကတော့ မလုံ လောက်ဘူးဖြစ်မှာပေါ့. ဘာကြောင့် လဲဆိုတာလဲ ထင်ရှားနေ တယ်။ ဘာနဲ အစားထိုးမယ် ဆိုတာလေး အရိတ် အမြွတ် တော့ ပြော ကောင်း အသိပေးကောင်းပါတယ်။ ပြည်ထောင်စု နိုင်ငံတော်နဲ့ နိုင်ငံသားတွေ ဆိုတာနဲ့ မလုံ လောက် ဘူး။ ၊ ရှမ်း၊ ချင်း ကချင် ကရင် ကယား မွန် ရခိုင် ဗမာ ခွဲခြားမှ ဖြစ်မယ်တဲ့လား။ ဘယ်သူ ပြော သလဲ ။ ရင်ကြားမစေ့မှု မညီ ညွတ်မှုတွေဟာ ဘယ်အပိုင်းမှာ ဖြစ်နေတာလဲ ?

နောက်တချက်က တရားဥပဒေဆိုးမိုရေး ဆိုတာဘဲ ။ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ရပ်ရွာ အေးချမ်း ရေးနဲ့ တရားဥပဒေ စိုးမိုးရေဆိုတာကို အော် နေတာ ကြာလှပါပြီ ။ နိုင်ငံမှာ တချို.က တရားဥပဒေစိုးမိုးဘို. လုပ် ပြန်တော့ ၊ တချို.က ဥပဒေချိုးဖေါက်ဘို. တိုက်တွန်းတယ်မြောက်ပေးတယ်။ ဒီမိုကရေစီ တိုက်ပွဲ ဆိုတာမှာ ခေါင်းဆောင်ဆိုတာတွေ ကိုယ်တိုင်က ဥပဒေ ချိုးဖေါက်ဘို.တိုက်တွန်း အားပေးခဲ့တာကို မှတ်မိ တယ် ။

အင်္ဂလိပ် လက်ထက်က ဒို.ဘိုးဘွားတွေကို. ဒါးပြတွေ သူခိုးတွေ လူဆိုးတွေ လို.ခေါ်ခဲ့တာ ဘာကြောင့်. ပါလိမ့် လို. စဉ်းစားစရာဖြစ်လာတယ် ၊ သူတို.ကို တော်လှန်ပုန်ကန်လို. ဒို.ကို နှိမ်ပြီးခေါ်ခဲ့တာဘဲလို. ယူ ဆခဲ့တာ။ ဒို.ထဲမှာ. ဒါးပြတွေ သူခိုးတွေ လူဆိုးတွေ ဆိုတာ မရှိဘူး၊ သူတိုသာ ဒို.ဆီက လာပြီး ခိုးတာ လို. မြင်ခဲ့တယ်။ အမှန်ကတော့ သူခိုးဒါးပြဆိုတာ လူ.အသိုင်းအ၀ိုင်း တိုင်းမှာရှိတယ်၊ ဥပဒေ ချိုးဖေါက် သူတွေ ဟာ အသိုင်းအ၀ိုင်းတိုင်းမှာ ရှိ တယ်။ အင်္ဂလိပ်ဆိုတဲ့ တိုင်းအပါးသားတွေ ဒို.ကို လာအုပ်ချုပ်တော့ အာဏာ ဖီဆန်ရေး ဆိုတဲ့ ကြွေးကြော်သံနဲ. ဆန်.ကျင် ခဲ့ကြတာက တပိုင်း ၊ သူခိုးဒါးပြ ဘ၀နဲ့ ဥပဒေချိုးဖေါက် သူက တပိုင်း ဘဲ။

အင်္ဂလိပ်ကို မကြိုက်လို. မကျေနပ်လို. ခိုးပါတယ် တိုက်ပါတယ် ဥပဒေ ချိုး ဖေါက်တာပါဆိုလို.ကင်းလွတ် ချက် မရဘူး။ ဒို.ခေတ်မှာတော့ ကင်းလွတ် ချက် ရတယ် ၊ သူခိုး ဒါးပြ သူပုန် အား လုံး လွတ်ငြိမ်းချမ်းသာခွင့် ရကြတယ်။ ဘယ်သူတွေ က လောကီ လောကုတ္တရာ အကျိုး အတွက်ဘာတွေ မျှော်လင့် ပြီး ခွံင့်လွှတ်နေ သလဲတော မသိဘူး။ ရာဇ၀တ်မှုတွေ တိုးလာတာ ကတော့ လက်တွေဘဲ ၊ ပြည်သူတွေရဲ့ အသက် အိုးအိမ် လုံခြုံမှု ကို ထိပါးနေတယ်။
နိုင်ငံတော် သမတ ဟာ သူအာဏာ မြဲဘို.၊ သူကို လူချစ်များဘို. ခွင်.လွှတ်ခြင်းပါရမီ ဖြည့်သည် မှန်သော် လဲ. အမှန်တကယ် နစ်နာရ သူတွေကတော. ပြည်သူတွေသာ ဖြစ် တယ်၊ ပြည်သူတွေဟာ သမတလို ၀င်းနဲခြံနဲ့ သေနတ် ကိုင် အစောင့်တွေနဲ.နေ နေ ကြရတာ မဟုတ်ပါဘူး။ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန် တောင် ဥပဒေ ချိုးဖေါက်သူတွေကို ဥပဒေ ချိုးဖေါက်သူ တွေ လို.ဘဲ ညွှန်းခဲ့တယ်။ စစ်ရုံးမှာ အတူထိုင်ကြ တဲ့ ဦးခင်ညွန်နဲ့ ဦးသိန်းစိန်တို. သ ဘောချင်း တိုက်ဆိုင်မှု မရှိကြဘူး ဆိုတာကိုလဲ ဒီနေရာမှာ တွေ.ရတယ် ၊ ဘယ်လောက် နက်ရှိုင်းတယ်လို.တော့ မသိဘူးပေါ့။ တယောက်က သမတ၊ တယောက်က ထောင်ထဲဝင် ရတာကိုတော့ မြင်ရတယ်။

အရေးကြီးတာက လုပ်ငန်းတခုဟာ အခါအားလျှောက် စီမံခန်.ခွဲရေးအဖွဲ့သစ်(New Management) လိုတာ အမှန်ဘဲ? ကောင်းခြင်လဲ ကောင်းလာမယ် ?ဆိုးခြင်လဲ ဆိုးသွားမယ် ၊ မြန်မာမှုမှာ ရှင်ကြီး ကျားထက် ဆိုး ဆိုတာသာ ရှိတယ် ။ တိုင်းပြည် ခေတ်မီ ဖွံဖြိုးတိုးတက် လာတာနဲ့ အမျှ သူခိုး ဒါးပြ သူပုန်တွေ ပျောက်ကွယ် သွာခြင်းမရှိဘဲ၊ သူတိုတွေလဲ ခေတ်မီ ဖွံဖြိုးတိုး တက် လာတာကို တွေ.ရတယ် ၊ အစိုးရကောင်းလို.ပေါ့ ခွင့်တူညီမျှ ၀ါဒဖြူစင် တယ် လို. မှတ်ယူရမှာလား? သား တူ ညီ များ တန်းတူအခွင့်အရေး တွေဘဲလို. ၀မ်းသာ နွေးထွေး စွာ ကြိုဆိုရမှာလား ? အလုပ်မရှိကြလို.အလုပ် နေရာတွေ ဖန်တီးပေးတာလား?

အင်္ဂလိပ်တွေက ဒို.ဘိုးဘွားတွေကို သူခိုး ဒါးပြ တွေလို. ခေါ်ခဲ့တာ မှန်သလိုများတောင် ဖြစ် နေပြီ။ ဒို.လက်ထက်မှာ ဒို.ဘိုးဘွားအမွေစစ်ကို ချစ်မြတ်နိုးလို. ဆက်လက်ထိမ်းသိမ်း နေကြ တာဘဲ လို. ဆိုရ မှာလား ? တရားဥပဒေ စိုးမိုး စေခြင်တာမှန်ရင် အာဏာဖီဆန်ကြ လို.လဲ မပြောနဲ့၊ မတရားတဲ့ ဥပဒေတွေ အမိန်.တွေကို မနာခံကြနဲု့လို.လဲ မတိုက်တွန်းနဲ. တရား ဥပဒေဆိုတာ တရားသည် မတရား သည် ကို ဘယ် ဘက်ကကြည်.ပြောမှာလဲ၊ ဥပဒေတည် နေသူမျှ ၊ မပြင်မချင်း နာခံရမယ် ချိုးဖေါက်လို.မရဘူး။

ဆက်ရန် ။