Article submitted by: minkyaw thuyein on 14-Dec-2013  
မ ဖျက်တော့ ပြည်ပျက် သတဲ့။
ဒို.လူကလေးများ ဆိုသလေး။

ခနဲ.တာမဟုတ်ပါဘူး။ တပေါင် အကြောင်း ၂ ပေါင်အကြောင်းတွေ ပြောလာ တော့ ကိုယ် ကြား ဘူးတာလေး ပြောကြည့်တာပါ အမှန်တော့ ဘယ်သူကိုမ ဆို လေးစားပြီးသားပါ။ ကိုယ်သာလျှင်သိ ကိုယ်သာလျှင်တတ် ဆိုတဲ့ စိတ် လုံးဝမရှိပါဘူး။ သူတပါးဟာ ကိုယ့်ထက် သိ ကိုယ်ထက် တတ်တယ် ဆိုပြီး နေရာပေးထားလျှက် ပါ ။ ဒါပေမဲ ကိုယ့်အမြင် ကိုယ်ရှု ဒေါင့် တွေကို တင်ပြ တဲ့ အခါ၊ ဘယ်သူဘယ်ဝါကို အတိုက်အခံလုပ် ဆန်. ကျင်တဲ့ သဘော တွေ ပါကောင်း ပါ ပါလိမ့်မယ်။ ဒါ ကလောင်ရှင် တိုရဲ့သဘော သဘာဝ ပါ ၊?

ကိုယ်နဲ့ အမြင် ချင်းတူ သူရှိသလို ၊ မတူသူရှိမယ်ဆိုတာ နားလည်ပြီးသား သိထားပြီးသား လက်ခံ ထား ပြီး သားဘဲ ။ ပြောစရာတောင်မလိုဘူး။ ကိုယ့် ထက် သိနားလည်သူတွေလဲ ရှိတယ်ဆိုတာ လက်ခံပြီးသားပါ ။ ဘယ်သူကို မှလဲ ဆရာမတင်ဘူး ၊ ဘယ်သူကိုမှလဲ့ တပည့် မမွေးဘူး။ ကိုယ့် အမြင် ကိုယ့် ရှုဒေါင့်ကို လွတ်လပ်စွာတင်ပြနေတာသာ ဖြစ်တယ်၊ ဖြစ်ကောင်းတာ ဖြစ်သင့်တာ ဖြစ်စေ ခြင်တာတွေကို တင်ပြနေတာ သာဖြစ်တယ် ။

စကားစပ်လို. ဒီနေပြောခြင်တာက တပေါင်တွေ ၂ ပေါင်တွေ ၊ အတိတ် နိမိတ်တွေဘဲ ။ ဒါတွေ အပေါ် ယုံကြည်မှုတွေ အမျိုးမျိုးရှိကြပါတယ် ၊ ဒို.မြန်မာတွေ ဒင် မဟုတ်ပါဘူး။ ကမ္ဘာ့လူ.အသိုင်းအ၀ိုင်းအားလုံး ကမ္ဘာ့ သမိုင်း တလျှောက် ဒါမျိုးတွေကို ယုံကြည်နေ ခဲ့ ကြတာဘဲ ၊ ဒို.များကြားဘူးတဲ့ တ ပေါင်တခု ကတော ( မ ဖျက်တော့ ပြည် ပျက်) တဲ့ ။ ဘယ်တုန်းကပေါ်တဲ့ တပေါင်လဲ လို.တော့ မမေးနဲ့ သိလဲ မသိဘူး။ မိန်းမ ယောက်ျား လိင် ခွဲခြား သလားလို.လဲ မဆိုနဲ့ ။ သရေခေတ္တရာပြည် ပျက်ရတာ ဆံ ပြာ နေတဲ့ မိန်းမ ကြီး ဆံကောလွင့်တာကို ကျန်သူတွေ မဆင်မကျင် ထိတ်လန်တကြား ဖြစ်ရာ က ပြည်ပျက်ခဲ့ရတယ်။ ဒါကြောင့်လို. ဆိုရင်လဲ ကျိန်းကျေ သွားပြီလို.ဘဲ မှတ် ယူကြတော့ ပေါ့၊ ၁၉၈၈ ခုနှစ်ကလဲ ကျမဖေဖေရဲ့ အိပ်မက် ဆိုရှယ်လစ် နိုင် ငံတော်ကြီး ပျက်ဆီးခဲ့ရပြန်တယ်၊ ဒါတွေဒင် မဟုတ်သေးဘူး လာ လိမ့်အုံး မယ် ဆိုရင်တော. ပြေးပေါက်သာရှာထား ၊ ပုန်းခိုကျင်းလေးသာ တူးထား ၊စားနပ်ရိက္ခာ ဖြည့်ထားကြပေ တော့ ။ ပြေးလို. တော့ လွတ်မယ် မထင်ဘူး။ အနဲ့ဆုံးတော့ အဖျားခတ် သွား မှာဘဲ ။

ဗိမ္မိသာရမင်းတောင် တိုင်းပြည် အုပ်ချုပ်ရာမှာ စစ်တပ်ကိုသာ အားထားနေ ခဲ့ရတယ် တဲ့ ။ အခါတပါး တိုင်း ဖျား ပြည်ဖျား သူပုန်ထ သဖြင့် လူအများ ပြေးလွှားနေရ. ကျေးရွာများ ပျက် ဆီးရကြောင်းသိရလို. ။ စစ်တပ် လွှတ်ပြီး ။ (တိုက်ခိုက် သတ်ဖြစ်ဘို.မဟုတ်) ၊ အပျက် အဆီး ပြင်ဘို. ဖွံဖြိုး စည်ပင် သာ ယာအောင် ဆောင် ရွက် ပေးဘို.သာ အမိန်.ပေးလိုက်သတဲ့ ၊ စစ် တပ် ကလဲ အမိန်.တော်မြတ် အတိုင်း ဆောင်ရွက်ခဲ့ လို သူပုန် များလဲ အေးဆေးသွားရ ဘူး တယ်လို. မှတ်ရဘူးတယ် ။ ဒီနေ. ဒို.ပြည်မှာ သူပုန်တွေ အေးဆေးရ အောင် ဆို ရင် ၊ ဗိမ္မသာရ မင်းနဲ့ စစ်တပ်ကတော့ လိုအုံးမှာဘဲ ၊ သူတိုရဲ.တာ ၀န် ဘဲလို.ပြောနေလို.တော့လဲ မပြီးဘူး။ ဒို.အားလုံကလဲ သူတိုကို ကူညီရ လိမ့်မယ်။

ဦးသိန်းစိန်ဟာ ဗိမ္မိသာရမင်း မဟုတ်ဘူး။ ဗိမ္မိသာရမင်းကို အတုခိုးတာများ လား မသိဘူး။ ဒါပေမဲ့ သူပုန် တွေကတော့ အစိုးရနဲ့ တပ်မတော်ကို ပျော့ညံ့ တယ်လို ယူဆပုံရှိပြီး ၊ အတိုက် အခံနဲ့ပေါင်းပြီး အမဲဖျက်ဘို. ကြိုးပန်းနေ ပုံ ရှိတယ် ။ ခေတ်ကြီးက ကွဲပြားနေပါတယ် ၊ ကွာ လွန်းလှပါတယ် လို. ဆိုခြင် ဆို အုပ်ချုပ်သူဟာ ဘုရင် ဘဲ ၊ စစ်တပ်ဟာ စစ်တပ် ၊ သူပုန်ဟာ သူပုန်ဘဲ ဆိုတာတွေကတော ပြောင်းလဲခြင်းမရှိပါဘူး။ ဒီအတိုင်းပါဘဲ ။

စစ်တပ်ကို မထိလေးစား ကိုယ့်အလိုပါ အောင် ကိုယ်ဟာကိုယ် မစွမ်း တာနဲ့ တသက်လုံး စစ်တပ်ကို ထိမ်းသိမ်းလာတဲ့သူ၊့ တိုင်းပြည်နဲ. လူထုကို ကာ ကွယ် စောင်ရှောက်လာတဲ့သူကိုရော စစ်တပ် ကိုပါ သိက္ခချ ၊ မကောင်း ကြောင်းချည်းဘဲ ပြောနေခဲ့ပြီး၊ နောက်ကျတော.ကျမ ကိုလဲ ချစ်ကြဘို.ကောင်း ပါတယ် ဆိုတဲ့ စကား တလုံးနဲ့ မျက်စ ပစ်လိုက်တယ်၊ စစ်တပ်က လူတွေ ကို ညုလိုက်တယ်။ စစ်တပ်က လူတွေဟာ လူတွေဘဲ ၊ ခွေးတွေမှ မဟုတ်တာ ။ အပြောက တော့ နောက်ကျ နေပြီ ၊ မျက်နှာကို ဖနောက်နဲ့ ပေါက်ပြီး ပြောခြင်တိုင်းပြော ဆိုခြင်တိုင်းဆို ပြီးမှ ( ကျမကို ချစ်ကြပါဆိုတာ ဟာ ချစ်ဓါးပြတိုက်တာဘဲလို.များ ပြောရမလား ? အပေါစား ဆန်လှချည်.လား ၊ ဖအေ့ဂုဏ်ကိုမှ မထောက် ၊ မိန်းမ ဂုဏ်ကိုမှ မထောက် ။

(မိန်းမ မာယာ - သဲကိုးဖြာ ပရီယယ် တထောင် )၊ ( က္ကုထိယ ခေါ်မိန်းမတို.သည် လှေနဲ မြင်းလို မယွင်းဘဲ တူညီ ပဲ့ကိုင်ရာလူနောက် စီးရာကိုသာ ပါ တတ်သည်) ဆိုတာကိုလည်း စစ်တပ်ကလူတွေ သိထားတယ်။ မိန်းမဆိုတာ ခေါင်းဆောင်ဖြစ်လာတာတောင် နောက်ပိုင်း က ယောက်ျားတွေက ကြိုးစွဲကြ လေ့ရှိတယ်။

(သူမေတ္တာရှိမှ ကိုယ့်မေတ္တာရှိတယ်) ဆိုတဲ့ စကားကလဲ ရှိသေးတယ် ။ တခါအလေမှာ ( ခန်းကိုချစ်လို. ပဲ ပုတ်ကိုလဲ ချစ်ရမယ် ) ဆိုသလို နိုင်ငံ တော်ကို ချစ်လို. တဦးတယောက်ကို မချစ်သော်လည်း အောင့်ကာနမ်း ဆိုတာမျိုးလဲ ရှိတတ်တယ်။ အဖေ့ကိုချြစ်လို.သမီးကို သီးခံနေကြတာလဲ သဒ္ဒါနေရတာ ဖြစ်မယ်။ သမီးကို ငါးစာ သဘော သုံးနေတာဖြစ်မယ် ။ ဗမာ ကို မချစ်တဲ့သူဟာ အခုမှ ချစ်ရမှန်းသိလာရင် ဘာလိုခြင် လို.လဲ ၊ ကျမကို ပြန်မချစ်ရင် ဘာလုပ်မလဲ ၊ Obama, တို. David Camaron တို.ကို တိုင် ပြော လိုက်မှာ ဘဲလား၊ သူတို. ကိုခေါ်လိုက် မှာဘဲ တဲ့.လား ? အဲဒါသာ ကြည့်တော့ Obama တို. Camarom တို.တောင် မိန်းမအကြောင်း ကောင်း ကောင်းသိတယ်။

အမေရိကန် ပြည်ထောင်စုမှာ Hilary Clinton တယောက် သမတဘဲ ဖြစ် တော့မလားလို.အထင်ကြီး တခွဲ သားနဲ. နောက်ဆုံးတော့ နိုင်ငံခြားရေး ၀န်ကြီး ၅ နှစ်နဲ့ဘဲ ကျေနပ်ခဲ့ရတယ်၊ ဒါတောင် သူ.ယောက်ျား သမတဟောင်း Bill Clinton ရဲ့ အရိပ်အောက်မှာ First Lady ဖြစ်ခဲ့ဘူးလို. နိုင်ငံရေး တသက် လုံးလုပ်ခဲ့လို.၊ နောက်မှပေါက်တဲ့ ရွှေကြာပင် လဲမဟုတ် ၊ ပေါ်တော်မူလဲ မ ဟုတ်ဘူး။ ဆေူပြင်းလိပ်ကြေင်.လဲ မဟုတ်ဘူး။ဒို ဆီက သူတယောက်ကလဲ ကျမဖေဖေ အရိပ်အောက်ကတော့ ဟုတ်ပါရဲ့ Hillary Clinton လို နိုင်ငံရေး သမိုင်းမရှိဘူး တခြား စီပါ ။ သူကို ဘယ်သူတွေ ကြိုးဆွဲမယ် ဆိုတာ သိနေပြီး သားဘဲ ။

ဟိုတုန်းကထဲက ဖိလိပိုင် က ကိုရာဇုန် အာကီနို တို.လို ၊ စစ်တပ် နဲ့ သဟ ဇာတ ဖြစ်ခဲ့ရင် မြန်မာသမိုင်း တမျိုးတဖုံ ဖြစ်နိုင်တယ် ၊ ခက်တာက စစ်တပ် ကို မလေးမခန်.ပြု ခဲ့တာတွေ ဘဲ ။ တချို.ကလဲ စစ်တပ်ကို ထိုင်ရှိခိုးကြ တာ တွေ ၊ ဒါကို လေးစားမှုပြတာ ရိုသေမှု ပြတာ လို. ဘယ်လို အဓိပါယ် ကောက်လိုမှ မရဘူး။ စစ်တပ်နဲ့အနာဂါတ် ခေါင်းဆောင် ဆိုတာတွေ ကြားမှ ယုံကြည်မှု လုံးဝ ပျက်ပြားခဲ့ပြီ ၊ စစ်တပ်နဲ့ သူပုန်တွေ ကြားမှာ တော့ ထည့် မပြော နဲ့တော့။ စစ်တပ်နဲံ.အစိုးရဟာ အခြေအနေအရ လူပ်သင့်တာကို လုပ်
ရမှာဘဲ ။ လုပ်ရမယ်။

ပြောရမယ် ဆိုရင် ဘယ်သူက ဘယ်သူကိုမှ မယုံဘူး။ ရင်ကြားစေ့ဘို ဆိုတာ စည်းလူံး ညီ ညွတ်ဘို.ဆိုတာ အရင့် အရင်တွေ ကထက် ပိုဝေးသွားတယ် လို.မြင်တယ်။ ယုတ်စွအဆုံး ကွဲပြဲမှုဟာ ပိုပြီးကြီးမားလာတယ် ၊ မြန်မာတွေ ကြား မှာ နိုင်ငံရေးဆွေးနွေးလို.မရနိုင် အောင် ကွာဟမှုတွေ ရှိနေတယ်။ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲ ရေးတွေ မပါတဲ့ ဒီမိုကရေစီ ဟာ ပိုပြီး ကြောက် စရာကောင်းလာတယ် ၊ ဒီမိုကရေစီသို. ကူးပြာင်းရာမှာ အကြမ်းဘက် မှု မပါဘဲ ဘာမှ ဖြစ်မလာဘူး။ ကံ မကောင်းရင် တိုင်းပြည်တောင်ပျက်တယ် ဆိုတဲ့ သာဓက တွေရှိတယ် ။ ဒီမိုကရေစီကို အကြမ်းဖက်မှူု တနည်းမဟုတ် တနည်းနဲ့ အဓမ္မ သွတ်သွင်းတာကို တွေရ တယ၊် လူအခွင့် အရေးဆိုတာကို အကြောင်းပြ ပြောနေသူတွေ ဟာ သူတိုကိုယ်တိုင်ရဲ့ လူတွေ ၊ သူတပါး( လူ)တွေ ရဲ အခွင့်အရေးကို အခွင့်အရေး တွေကို လေးစားကြသလား ၊ ဘယ် လောက်ချိုးဖေါက်ကြသလဲ ။ ဒီလူတွေကိးု.နဲ့ိးု.အခွင်.အရေးတွေကို လေးစားလိမ်.မယ် လို. ဘယ်လိုမှ မယုံနိုင်ဘူး။

တိုင်းပြည် စည်ပင်သာယာ တိုးတက်ရင် ဒီမိုကရေစီကြောင့်လို တဖက်သတ် လဲ ယူဆလို.မရဘူး။ ဒီမိုကရေစီ မဟုတ်တဲ့နိုင်ငံတွေ ဖွဲဖြိုးတိုး တက်နေတာ၊စစ်အင်အားတောင့်တင်းနေတာတွေ တွေ.နေရတာဘဲ။ (ဘယ်သူမပြု မိမိမှု) ကိုယ် ပေါ် မှာမူတည်တယ် ၊ နိုင်ငံတခု ဖွံဖြိုးတိုးတက်ဘို.ရာ နိုင်ငံသားတွေ ပေါ်မှာသာ မူတည် တယ်။

ဒို.နိုင်ငံကို ဖွံဖြိုးတိုးတပ်မှု နှေးရတာဟာ ဒို.အပြစ်ချည်းဘဲ ဟုတ်ခြင်မှလဲ ဟုတ်မယ် ၊ ဒို.ခေါင်းဆောင်တွေ အပစ်ကြောင့်လဲ ဟုတ်ခြင်မှ ဟုတ်မယ်၊ ဘာကြောင့်လဲ ဆိုတော့ ဒို.တတွေ ဖွဲ့ဖြိုးတိုးတက်မှာကို မမြင်ခြင် မရှုစိမ့် သူတွေ ရှိတယ်ဆိုတာ ပြောဘူးပါတယ် ၊ ၁၈၂၄ ခု စစ်ပွဲအပြီးမှာ ဒို.ကို ရေတပ်နဲ့ ပိတ် ၊ အစာရေစာ အငတ်ထားခဲ့လို. ၁၈၈၆ ခုမှာ ပါတော် မူခဲ့ ရ တာတွေ ၊ ၁၉၈၈ ခုနောက်ပိုင်းးမှာလဲ ဒို.မှာ ဖွဲ့ဖြိုးတိုးတက်မှု တွေ လိုအပ် နေတာသိပါရက်. သူတိုအလိုမလိုက်လို. စီးပွားရေး ပိတ်ဆိုခဲ့တဲ့ သာဓကတွေ တပုံချည်း ဘဲ။ ကိုယ့်လူ သူဖက်သားတွေ ၊ ပုဆိန်ရိုးတွေ ကြောင့်ပေါ့ ။ ဒါတွေဟာ သိပြီးသားတွေဆို ပေ မဲ့ ၊ အသိမှန်ကြရဲ့ လား။ အမြင်မှန်ကြ ရဲ့ လား။ အဓိပါယ်ကောက် အယူအဆ မှန်ကြရဲ့ လား ?

အချောင်စားခြင်တဲ့ စိတ်ဓါတ် ရေသာခိုခြင်တဲ့ စိတ်ဓါတ်. လှေကြုံလိုက်ခြင်တဲ့ စိတ်ဓါတ်တွေ. သူများ ခူးခတ် ပေးတာကို အသင့်စား သာယာနေတဲ့ စိတ် ဓါတ်တွေကိုစွန်.ပစ် ရမယ်။ အသိ တရားနဲ့ ဖျောက် ဖျက်ပစ်ရမယ်၊ မြန်မာ အသိုင်းအ၀ိုင်းမှာ တရုတ်လိုရှာ ကုလားလိုစု. မြန်မာ လို မဖြုံးနဲ့ လို. စကားဖွဲ ခဲ့တာဟာ အကြောင်းရှိ လိမ့်မယ်။ ခေါင်းဆောင် တဦးကလဲ ( ပြဲနေ ကွဲနေ အောင် လုပ်ကြရလိမ့်မယ် ) ပြောခဲ့ဘူးတယ် ။

လောကမှာ မဖြစ်နိုင်တာမရှိဘူး- မဖြစ်သေးတာသာရှိတယ် လို.ဆိုရိုးရှိ ထား တော့ ဒိုနိုင်ငံ မှာမဖြစ်ဘူး သေး တာ တွေ ဖြစ်လာအုံးမှာလားလို.တော့ တွေး တောမိတယ် ၊ မဖြစ်ဘူးတာ တွေ လို.ဆိုထားတော့လဲ ဘာတွေ ဖြစ်မယ် ဆိုတာ ကြိုတင်ပြောဘို.ခက်တယ် ။ ဖြစ်ခြင်တာ မဖြစ်ခြင်တာ အပထား။ တစုံတခု ဖြစ်လာရင် ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ ၊ ဖြစ် သမျှ အကြောင်း အကောင်းချည်းဘဲလို.မြန်မာတွေ ဗုဓ္ဒဘာသာ တွေး တွေးပြီး လက်ခံတတ် ကြတယ်. ဒါကလဲ တရားသဘောအရ လက်ခံတာထက် မ တတ်သာလို. မန် လျှော့ တာ လက်မြောက် အရှုံးပေးကြတာဘဲ ။ မြန်မာနိင် ငံ မှာ ဗုဓ္ဒဘာသာတွေ ချည်းဘဲမှ မဟုတ် တာ၊ ပြောဘို.လိုသေးသလား။ ပြောခြင်တာပြော ငြင်းခြင်တာငြင်း၊ ဖြစ်နေတဲ့ ပဋိပက္ခတွေက သက်သေခံ နေ တယ်၊ ဗုဓ္ဒဘာသာ ဆိုလို.လဲ သူများ လုပ်သမျှ ငုံ.ခံ လိမ့်မယ် မဟုတ် ဘူး ပေါ့ ၊ ဗုဓ္ဒဘာသာဝင်တွေ လဲ ပုထုဇဉ် လူသားတွေဘဲ လေ ။ လောဘ ဒေါသ မောဟ ဆိုတာ ကင်းသေးတာမှ မဟုတ်တာ။
၂၀၁၅ ခု မတိုင်မီ ဖွဲ.စည်းပုံအခြေခံ ဥပဒေ မပြင်ရင် အသစ်မဆွဲုရင် ဘာလုပ်ကြ မလဲ ? အုပ်ချုပ်ရေး ယန္တယား ရပ်တန်. သွားမလား ။ လုပ်ငန်းအရပ်ရပ်. လှုပ်ရှားမှု အရပ်ရပ် ရပ်တန်.သွားမလား၊ (The Day Myanmar Stood Still) ပေါ့ ဟုတ်လား ၊ မစုကြည် သမတ မဖြစ်ရရင် စီးပွားရေးဒါဏ်ခတ် မှု တွေ ပြန်ပြီး သွတ်သွင်းမလား ။ သံတမန်ဆက်ဆံ ရေး ဖြတ်တောက်မလား ။ စည်းရုံးနေကြတယ် (လူမျိုးစု လက်နက်ကိုင် တပ်များ)ဆိုတဲ့ သူပုန် ၁၇ ဖွဲ.ဆိုတာက က အနဲဆုံး သူတို.ပြည်နယ်တွေထဲက နီုးရာ မြို.ကြီးငယ်တွေကို အတင်း ၀င်သိမ်း မလား ဆိုတဲ့ လား ပေါင်း များစွာ ပေါ်လာမယ် ၊၊ ဒါမျိုးတွေ အနဲနဲ့ အများဆိုသလို ၁၉၄၈ ခုနှစ်ပါတ်ဝန်းကျင်မှာ ဖြစ်ခဲ့ဘူးတာတွေ ရှိ တယ် ။ ဘယ်သူကမှတော့ လက်ပိုက်ကြည်.နေမှာ မဟုတ် ဘူး။

မြန်မာ တွေ အားလုံး အရေလည်ရမယ် လိပ်ပါတ်လည်ရမယ် ၊ လိမ္မာပါးနပ် မှု တွေရှိ ရမယ်။ ဝေလေလေတွေ လုပ်နေလို တာဝန်မကျေဘူး ၊ သူများပြော သမျှ ခေါင်းညှိမ့်သဘောတူနေလို.လဲ တာဝန်မကျေဘူး။ လူတဦးတယောက်ရဲ့ အတွင်း စိတ်ကို ထိုးထွင်းမြင်နိုင်ရ မယ် ။ ပြောစကားတွေရဲ နက်နဲ တဲ့ အဓိပါယ်တွေ ဖေါ်ထုပ်နိုင်ရမယ် ၊ ကိုယ်အပေါ် လူလည်ကျသွားမှာကိုတော့ လက်မခံ သင့်ဘူး။ ကိုယ်ဘ၀ ကိုယ်ဖန်တည်းကြရတာမှာ သူများက ကိုယ့် ကို ချယ်လယ်မှာကို ခွင့် မပြုသင့်ဘူး။ နိုင်ငံတခုတည်ထောင်တယ် ဆိုတာ လူတဦး တယောက်ထဲက လုပ်လို. မရဘူး စိတ်တူသဘောတူတွေ စုပေါင်း လုပ်ကိုင်ကြရ တဲ့ Team Work ဆိုတာဖြစ်တယ် ၊ ပုဂိုလ် စွဲမပါ ပါတီစွဲမရှိ အရည်အချင်းရှိသူတွေ စွမ်းစွမ်းတမန်ဆောင်ရွက်နိုင်သူတွေ ကို ရွေးကြ ရ မယ် လို.ဘဲ အကြံပြုခြင်တယ်။

တပ်မတော် ဘာလုပ်နေတယ်ဆိုတာ ဘာကြောင့်လုပ်နေတယ် ဆိုတာတွေ ကို အကြောင်း အကျိုးနဲ့စဉ်း စား ပြီး ကြည့်နိုင် မြင်နိုင်ရမယ် ၊ ကိုယ့်မျက်စေ့နဲ ကိုယ် ရှုဒေါင့်စုံက မြင် အောင်ကြည့်ပါ သူများမျက်စေ့ ဌါး မကြည့်ပါနဲ ၊ ကိုယ့် နားနဲ.ကိုယ် နားကျ ပါးကျ နားထောင် ပါ သံယောင်မလိုက်ပါနဲ။ ကိုယ့်ကို ကိုယ် အထင်လဲ မသေးပါနဲ့ အထင်လဲ မကြီးပါနဲ.၊ သူများကိုအထင်လဲ မကြီးပါနဲ့ အထင်လဲ မသေး ပါနဲ.၊ သူသိတာတွေ ကိုယ်မသိတာရှိအုံးမယ်. ကိုယ် သိတာကို သူမသိ တာတွေလဲ ရှိလိမ့်မယ် ။ ဆရာကြီး တွေ များနေ တာ ကို သိပါ ၊ သတိထားပါ။ ဆရာများရင် သားသေတတ်ပါတယ် ၊ ကိုယ့် ဟာကို ဘာမှန်းမသိ မယေယာ မသေချာမှုတွေကြောင့်လဲ ကိုယ် ကို ဒုက္ခ ပေးတတ်ပါတယ် ။ အထူးသဖြင်. အချောင်သမား ရေသာခို. လှေကြုံ လိုက် အကျင့်မပျောက်ရင် သူကျွန်သဘောက်အဖြစ် ပြန်ရောက်ရပါလိမ့် မယ်။

တော်သေးပြီလေ နောက်များမှ စကား ပြောကြသေးတာပေါ.။