Article submitted by: Thunderbolts on 9-Dec-2013  
နှစ်သစ် ကူးပြောင်း ဤဆုတောင်း ။
နောင် ညီ နှမ များတို.။

(ပြည်ထောင်စုမှ ခွဲထွက်မည်ဟု မည်သူကမှ တောင်းဆိုထားခြင်း မရှိသည့် အတွက် စိတ်မပူ ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ဆဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) ခေါင်းဆောင် ဦးနိုင် ဟံသာက ဒီဇင်ဘာ ၈ ရက်က ပြောကြားသည်။( News from Eleven)

ခွဲထွက်မရလို.ခွဲမထွက်ဘူးလို.ပြောနေတာလား ၊ ရရင် ထွက်မှာဘဲ မဟုတ် လား။ အတွင်း ၀င်ပြီး လှိုင်ခေါင်းဖေါက် နှောက်မလို.လား? ဘယ်လိုမှ အ ကောင်းမမြင်နိုင်တာလဲ မပြောနဲ့ လေ ၊ ခါးသီးတဲ့ အတွေ.အကြုံတွေကလဲ နက်ရှိုင်းတယ် များခဲ့တယ် .အခုထိ ပါးစပ်ခါးနေ တုန်း ဘဲ ရှိတယ် ။

ဦးနိုင်ဟံသာက NCCT တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင် Commander in chief of the ethnic armed forces of Myanmar တနည်း အားဖြင့် မြန်မာနေတိုး အဖွဲု. ခေါင်းဆောင်ပေါ့ ဟုတ်လား၊ သူ.အထက်က ကောင်းကင်ဘဲ ရှိတော့ တယ်လား။

( ပြည်ထောင်စုမှ ခွဲထွက်မည်ဟု မည်သူမှ တောင်းဆိုထားခြင်း မရှိသည့် အတွက် စိတ်မပူ ရန်) ဆိုတော့ အခုတောင်း ဆိုခြင်းမရှိ၊ ဟိုတုန်းက တောင်းဘူးသလား။ နောင်ကို တောင်း မတောင်းတော့ အာမခံနိုင်မယ် မဟုတ်ဘူးပေါ့၊ မွန်နဲ့ မြန်မာ တိုဟာ သမိုင်းတွေရှိကြတယ် ၊ မှတ်တမ်းများ အရ ၁၉၇၄ ခုက မွန်ပြည်နယ် ဖွဲစည်းပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိနေတဲ့ ပြည် နယ် တခုဖြစ်တယ် ၊ နောက်ထပ်ဘာတွေ လိုခြင်ပြန်လို. အခုအခြေအနေ ကိုရောက် လာရ တာလဲ? ဒါကိုကြည့်တာနဲ့ ကို၊ အခု စိတ်မပူရသည့်တိုင်၊ အတိတ်ကပူခဲ့ရတယ်၊ နောင် အနာဂါတ် ပူစရာတွေ ရှိလာနိုင်တယ်လေ။

ဦးနိုင်ဟံသာဟာ မွန်ပြည်သစ်ပါတီကို ကိုယ်စားပြုတယ်. မွန်ပြည်သစ် ဆိုတဲ့ စကားအရ ပြည်နယ်သစ်လို.မဆိုဘူး. ပြည်သစ်ဆိုတာ သူ.အဓိပါယ်နဲ့ သူရှိ နေတာဘဲလို.နားလည် တယ်၊ ထင်မြင်ယူဆစရာ မလို.အပ်တဲ့ စကား တ လုံးဘဲ။

ဦးသိန်းစိန်ကို ကြိုးချည်မနေပါနဲ့၊ စကားကြွယ်တိုင်းလဲ လှဲ့ပါတ်မနေပါနဲ့ ကုလားကြီးနဲ့ အရာကြီးဟာ အတူတူပါဘဲ ၊ တရုတ်ကြီးနဲ့ အတယ်ကြီးဟာ အတူတူပါဘဲ ၊ ဦးနိုင်ဟံသာ ဟာ တခြားအဖွဲ.တွေကိုပါ တာဝန်ယူနိုင်တယ် ဆိုရင်တော့ ဦးသိန်းစိန်ထက် စွမ်းနေပြီ။ သူနေရာ ယူဘို.သာ သင့်နေပြီ ။ ၂၀၁၅ ခုမှာ ၀င်ချဲဘို.ကောင်းတယ်။ မွန်စကားမှာ ဘယ်လိုပြောစမှတ်ရှိတယ်
မသိဘူး ။ ဗမာမှာတော့ (ကိုယ်ကကျူး ကိုယ့် ဒူးတောင်မယုံရဘူးတဲ့။)

တိုင်းရင်းသား လက်နက်ကိုင်တပ်ဆိုတာတွေဟာ အနောက် နေတိုး အုတ်စု ပုံတူလို ဖြစ်လာ နေတာမို.လဲ အစိုးရနဲ့ တပ်မတော် ဟာ အထူးသတိ ထားနေ တယ်။ ပြည်သူတွေကလဲ စောင်.ကြည့်နေတယ်။ တချိန်က ထောက် ပြဘူး တယ် မြန်မာနိုင်ငံကို အနောက်တောင်အရပ် ရခိုင်ပြည်နယ်က မူဂျာဟစ် က စပြီး လက်ျာရစ် မြင်းခွာပုံ မွန်ြ့ပည်နယ် တနင်္သာရိထိ လက်နက်ကိုင် သူပုန် မျိုးစုံက၀ိုင်းထားတယ်။ ဒီကြားထဲ ABSDF ဆိုတဲ့ မြန်မာ တာလေဘန် တွေ လဲ ပါသေးတယ် ။

ပြည်သူတွေကို အလွဲ သုံးစားမပြုပါနဲ့. ပြည်သူဆိုတာ ဘယ်သူတွေလဲ ပြည် သူတွေရဲ ဆန္ဒဟာ ခင်ဗျားတိုအလိုကျ မဟုတ်ရင် . ဒီပြည်သူတွေဟာ ခင်ဗျား တိုပြောနေတဲ့ ပြည်သူတွေ မဟုတ်ဘူး။ ခင်ဗျာတို.ကို ထောက်ခံသူ တွေ မှ ပြည်သူတွေတဲ့ လား။ ခင်ဗျားတို မိသားစုတွေ သာ ပြည်သူတွေလား။ ၂၀၀၈ ခု ဖွဲစည်းပုံ အခြေခံ ဥပဒေ။ ၂၀၀၈ ခု အထွေထွေ ရွေး ကောက်ပွဲ တွေကို ပြည်သူတွေ တခဲနက် ထောက်ခံ အတည်ပြူခဲ့သော် ခင်ဗျားတို.အတိုက် အခံတွေ သျှာအရိုးမရှိတိုင်း သွားပုတ်လေလွင်တွေ ပြောနေကြ တယ် ။ ဒီထဲကိုက တခြား အကြောင်းတွေ အပါအ၀င် တဦး ပေါ်တဦး ယုံကြည်စိတ်ချ မှု လုံးဝ မရှိဘူးဆိုတာ ပေါ်လွင် တယ်၊ လွန်ခဲ့ နှစ် ၇၀ တွင်းမှာလဲ ဒီအတိုင်း ဘဲ၊ ဘာတွေများ ပိုထူးလို.လဲ ။

ဦးနိုင်ဟံသာ ကိုယ်တိုင်ကို ကျန်တဲ့ ငနဲတွေက ရောင်းစားနေတာ မသိတာ များ အံ့ပါရဲ.ဗျာ။ သူတိုတွေကတော့ ခင်ဗျားကို ဘန်းပြပြီး ဘာတွေ လက်ပုန်း ခုတ်နေကြတယ် မသိဘူး။ (ကိုယ့်အမြင်အပေါ်မှာပဲ မှားမှား မှန်မှန် အသေ ရပ်တဲ့ ပုံစံမျိုး မဖြစ်သင့်ဘူး။ ဖြစ်သင့်ဖြစ် ထိုက် တဲ့ဟာကို လိုက်လျောဖို့ လို တယ်) ကောင်းလိုက်တဲ စကားလေး မှန်လိုက်တဲ့ စကားလေး။ ကိုယ့်ဟာ ကို အဓိပါယ် နားလည်ရဲ့ လား ၊ ဘယ်သူသင်ပေးလိုက်တာလဲ ဆိုတာ သိပါ ရ စေ။ ဘယ်သူကို ရည် ရွယ်ပြီး ပြောနေတာလဲ ?

အစိုးရကိုထောက်ခံတဲ့ပါတီတွေကလဲ လူထု စည်းဝေးပွဲတွေ အခါအားလျှော် စွာလုပ်ပြီး အခြေအနေမှန် တွေ သူပုန်တွေရဲ့ အတိတ် ပစ္စုပန် အနာဂါတ် အကြံတွေကို ထုတ်ဖေါ်ပြရ မယ် ။ အတိုက်အခံတို.ဟာ ဒါမျိုးတွေနဲ့ ပြည်သူ တွေကို ညာဖြန်းနေတာ များလှပြီး ၊ အတိုက် အခံတွေသာ လူထုတရားပွဲတွေ မပြတ်လုပ်နေတာတွေရတယ်၊ အစိုးရပိုင်း ပုဂိုလ်တွေ၊ ပြည်ခိုင်ဖြိုး ပါတီ ကို လူထုတရားပွဲတွေ မလုပ်ရဘူးလို.သမတ ဦးသိန်းစိန်က ညွှန်ကြားထား သလား? အတိုက်အခံဘက် ယိုင်တဲ့ သတင်းစာ မဂဇင်းတွေနဲ. ဗြူးဆိုပြီး ကိုယ့်ကိုကိုယ် ကာကွယ်နေရတာမျိုးကတော့ သိပ်မနိပ်ဘူး ထင်တယ် ။

ေေ ခေတ်အဆက်ဆက်က သောင်းကျန်းသူ သူပုန်တွေဟာ သူတိုကို သူတို. (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ) လို. နာမယ်ပေးပြီး လူုထုကို အကြောင်ရိုက်နေပြန်တယ်။ တိုင်းရင်းသား အရေခြံကြပြန်ပြီ၊ ငြိမ်းချမ်း ရေး ဆိုတာ ငြိမ်းချမ်းလိုသူတွေ အတွက်သာဖြစ် တယ်၊ ငြိမ်းချမ်းရေးဆိုတာ ချိန်းချောက်ယူ၊ ဒါးပြတိုက်ယူ။ အကြပ်ကိုင်ယူလို. ဘယ်တော့မှမရဘူး။ ရလဲ စစ်မှန်လိမ့် မယ် မဟုတ်ဘူး။ တဖက်သပ် ငြိမ်းချမ်းရေးဆိုတာမရှိဘူး။

ေ သေနတ် ဆိုတာ ကစားစရာ အလှအပ ပစ္စည်း မဟုတ်ဘူး ၊ အဆောင် အယောင်သက်သက်လဲ မဟုတ်ဘူး၊ လိုအပ်ရင် ပစ်ဘို. ခတ်ဘို. ထား တာ၊ သူပုန်လက်ထဲမှာသေနတ်ကိုင်ခွင့်ပေးရင် သူခိုး ဒါးရိုးကမ်းတာနဲ့ တူတယ် ။ တနေ.မဟုတ် တနေ. ၊ တကြောင်းမဟုတ် တကြောင်းနဲ့ပစ်မယ် ခတ်မယ်. အနဲဆုံး မတော် တဆ ဖြစ်ရင်တောင် ကာလ နာတိုက် တတ်တယ် ဆိုတာကို အင်္ဂလိပ်တိုရဲ့ ဖန်တည်းးမှုတွေ စုံလှတဲ့ King Arthur (Arthur Pendragon) ပြုံ့ပင်မှာတွေ.ရတယ် ၊ ငြိမ်းချမ်းရေး ဆွေနွေး ပွဲမှာ မြွေတကောင်ကြောင့်၊ ငြိမ်းချမ်းရေး မအောင်မြင်ဘဲ နောက်ဆုံး Mordred နဲ.ဖြစ်ရတဲ့ စစ်ပွဲ မှာ Arthur အပါအ၀င် အားလုံးသေကျေပျက်ဆီး ကုန်တာသာ အဖတ်တင်တယ် တဲ့။

ကဲ နှစ်သစ်ကူးပြောင်း အတွက် ဘယ်လို ဆုတောင်း ကြမလဲ ?