Article submitted by: Thunderbolts on 7-Dec-2013  
နှစ်ပါတ်လည် ပြန်လည် သုံးသပ်ခြင်း(၂)
ကဲ ဆက်ကြရအောင် ။

ဒို.လူကလေးများ ဆိုသ လေး၊

ဒီနေ.မေးခွန်းက ငြိမ်းချမ်းရေး ရဘို.တကယ် လိုသလား ? မရရင် အစိုးရနဲ. တပ်မတော်က ဘာ ဆက်လုပ် မယ် ဆိုတာဟာ ဖြစ်စဉ်တွေကို ဘယ်လို နား လည် သဘောပေါက်တယ် ဆိုတာ ပေါ်မှာ မူတည်မယ် ။ လက်နက်ကိုင် သောင်းကျန်းတွေက သူတိုကို သူတို လူအဃါင်.အရေးနဲ့ ကာကွယ်ထားတ.ိ မိသားစုတွေ ခလေးတွေ. ကို ဒိုင်းလွှားအဖြစ် အသုံးပြု ကာကွယ်နေတယ်၊ တခြားလူတွေကတော့ လူတွေ မဟုတ်ဘူး ပေါ့.လေ။ ၊ တိုက် ရင်လဲ တိုက်ကြ မယ် သတ်ခြင်လဲ သတ် ကြမယ် သေဘို.လူတွေ အများကြီး ကျန်သေး တယ်။

ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးလေး သုံးဘို.အတွက် မတိုက်ခြင်လဲ တိုက်ကြ၊ ပြောကောင်း လုပ် ကောင်း စားကောင်း သောက်ကောင်းအောင် ပဋိပက္ခ မှုလေးကိုတော့ ဇတိ ဖန်တည်းထား ရမယ်။ ပြီးခဲ့ တဲ့ အပိုင်းက အသူရာ ဂျောက်ကြီးထဲ ကျမဲ့ ဆဲဆဲ ၊ အကြိမ်ပေါင်းများစွာကို တပ်မတော် က အချိန်မီ ကယ်တင်ခဲ့ရဘူး ပြီးပြီ ၊ ဒီတခါ ကယ်နိုင်ပါ့ မလား။ ကြားဘူးပြီးသား ရိုးနေ တဲ့ အကြောင်းပြ ချက် ဘဲ တဲ့။ ကျားတကယ် လာ တော့ ကယ်မဲ့သူမရှိဘူး ဖြစ်တတ်တယ် ။

ဒါတွေဟာ စိုးရိမ်ချက်တွေဘဲ ဖြစ်ခြင်မှလဲ ဖြစ် မယ် ၊ မဖြစ်ဖို.များတယ် လို. အကောင်းမြင်နဲ့ ပြော ခြင်တယ် ။ ဇါတ်တော်ထဲမှာတော့ ဂျောက်ထဲ ကျနေ တဲ့ ပုဏ္ဍား ကို မျောက်မင်း ကယ်ခဲ့ပြီး အနားယူ အိပ်ပျော်နေတဲ့ မျောက်မင်း ကို ပုဏ္ဍားက ကျောက်တုန်းနဲ့ ခေါင်းထုပြီး သေကြောင်း ကြံသ တဲ့ ၊ ပုဏ္ဍား မြေ မြိုတာကို မျောက်မင်း ကြည်နေလိုက်ရတော့တယ် တဲ့။ ဘယ်သူက မျောက်မင်း ဘယ်သူက ပုဏ္ဍားလဲ ? စောလူးမင်းကို ကျန်စစ်သားကယ်ပေမဲ့ အကယ် မခံလိုတဲ့ စောလူးကို ငရမန်ကန်း အသေ သတ်ခဲ့တယ် တဲ့ ။ ဒါမျိုး တွေ ရှေးက ရှိခဲ့ဘူးတော့ နောက်မဖြစ်နိုင်ဘူးလို. လဲ သေချာပေါက် မပြော နိုင်ဘူး။ ကိုနေ၀င်း တောင် အသတ်မခံ ရရုံတမယ် ဈ ခေါင်းထုခံရတာဘဲ ခေါင်းဆောင် ဖြစ်လာရင် ခေါင်းထုခံရမှာဘဲ ခေါင်းခံရ မှာဘဲ။

ဒီမိုကရေစီကို မယုံကြည်လို. အကြောင်း ရှာပြီး အစိုးရ အဆက်ဆက်ကှို တိုက်ခိုက်လာသူတွေ ပြည်သူတွေ ကို နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးခဲ့ တဲ့ သူခိုး တွေ ဓါးပြတွေက လူ လူ ဟစ်နေတာ ကို ယုံသူတွေက ယုံနေကြ တော့လဲ အ ခက်သားဘဲ ၊ အခုလဲ ဒီသူခိုးတွေက သူတိုခိုးခြင်တိုင်းမခိုး ရတဲ့ ဒီမိုက ရေစီကို ယုံကြည်ဘို. ဆိုတာတော. ခက်တယ်။ ဒီမိုကရေစီကို လုံးဝ ယုံကြည် ပါတယ် လို.ဘယ်သူက ပြောသလဲ ၊ သူက စီခိုင်း လို.ကိုယ်က လိုက် စီ ရ တာ လား ၊ ကိုယ်က ဒီမိုကရေစီကို တကယ်နားလည် သဘော ပေါက် လက် ခံလို. လား။ တကယ် ယုံကြည်လို. လား ? ဒါကတော့ ကိုယ်.ဟာကိုယ် ဘဲ သိကြမယ်။ အရင်ကမယုံဘဲ အခု ယုံတယ် ဆိုတာတော့ ၊ နဲ နဲတော့ လျှော့ပါ လို.ြေ့ပာခြင်တယ် ၊ ချော်လဲ ရောထိုင်တွေ များလွန်းနေ တယ် ထင်တယ် ။

သမတ ဦးသိန်းစိန်က ဒီသူခိုးဒါးပြ တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ မင်းကောင်းမင်းမြတ်တို.ရဲ ကျင့်စဉ် မို. မကောင်းဘူးလို.ပြောရမှာခက်တယ်၊ တိုင်းပြည် ဆူပူအောင် ရည်ရွယ်ပြီး လွှတ်ခဲ့တာလား ၊ ရိုးမှ ရိုးရဲ့ လား။ ၁၉၈၈ ခုအတောအတွင်းက ထောင်တံခါးဖွင့်ပေးခဲ့တယ်ဆိုတုန်းက အစိုးရရဲ့ မသမာ မှု လို. ပြောဆို စွပ်စွဲကြတာကို ကြားယောင်နေတုန်းဘဲ ရည်ရွယ်ချက် အောင်မြင်နေပုံရှိတယ် ၊ အခုဆို ဟိုက တညံညံ ဒီက တညက်ညက်နဲ့ အသံကို စုံနေအောင် ကြားနေရတယ် ။ ဘုရားပွဲကျနေတာဘဲ ။

အခုဆိုရင် မစုကြည်က သူရဲ့ နောက်ဆုံး ကုလားကာချ တိုက်ပွဲမှာ တဆင့် တက် လာပြီး Sanhurst ပြန်။ သြစတွေလယား ခရီးအတွင်း တပ်မတော်သား တွေကို အသိဥာဏ်နဲ့ ပါးသူတွေ ပမာ ပညာပေးဆုံးမနေတယ် ၊ သူ.စကားကို အခုထဲက နားထောင်စေခြင်နေတယ် ၊ ၁၉၈၈ ခု ကုလားကာ ဖွင့်တုန်းက တပ်မတော်သားတွေ ကို စစ်ဦးစီး တွေနဲ့ တိုက်ပေး ခဲ့တယ် ၊ စိတ်ဝမ်းကွဲ အောင်၊ တပ်မတော်ကို ပြိုကွဲ အောင် ၊ တိုက်ရိုက်ဖြို ခွဲနေတာတွေ ဟာ ဒိအပြင် ဘယ်လောက် ပိုပြီး ထင်ရှား စရာလိုပါ အုံးမလဲ ? ကျမ ပြောခြင် တာကို ပြောဘို.က ကျမ တာဝန် ၊ ကွဲတာ မကွဲတာ သူတို အလုပ်ပေါ့ ဟုတ်လား ဆျိုတဲ့ ရှေ.နောက ဆင်ခြင်တုန်တရားမရှိတဲ့ ငါ တကော ကော မှုတွေကို တွေ.နေရတယ်။

ဒီက အမြင်အကြား အရကတော့ မစုကြည်ရဲ ကြွေးကြော်သံကို (ရရင်ရ မရရင် ချ ) လို. ကြားယောင် နေတယ်။ သူ သမတ မဖြစ်ရမဲ့ဖွဲစည်းပုံ အခြေခံ ဥပဒေ ကို သူလက်မခံဘူး။ ဘယ်ရွေးကောက်ပွဲတွေ ဘယ်လောက်ဘဲ တရား မျှတစေ သူမနိုင်ရင် မမျှတဘူး ၊ သူမနိုင်ရင်တောင် သူကို သမတ အဖြစ် စွဲခန် စေခြင်ပုံရှိတယ် ။

တကယ်လို.များ မြန်မာနိုင်ငံ ပြိုကွဲရင် ဘယ်သူ.ကြောင့်လဲ ၊ မစုကြည်လား. ဦးသိန်းစိန်လား၊ ဒီတခေါက် တပ်မတော်က ဘယ် အခန်းဂဏ္ဍကပါဝင်မှာလဲ ၊ ဘယ်အခန်းကမှ မပါဝင် နိုင် အောင် NLD နဲ့သူ.ရဲ မဟာ မိတ်တွေက စီစဉ် နေတယ်လေ။ သက်ဆိုင်သူတွေ သိဘို. က NLD ကို မထောက်ခံ သူတွေ။ ပြောရ မယ် ဆိုရင် မစုကြည်ကို မကြည့်ခြင် မမြင်ခြင်တဲ့ သူတွေ ဒုနဲ ဒေး။ ကြိုက်သူ မကြိုက်သူ တွေ ကြား အကြမ်း ဖက် ပဋိပက္ခ တွေ ဖြစ်လာ ရင် တပ်မတော်နဲ့ကာကွယ်ရေး တပ်ဖွဲဝင်တွေက ၀င်မပါဘဲ လက်ပိုက် ကြည့် နေရ မှာလား ၊ တပ်မတော်ကိုပါ တိုက်ခိုက်လာရင် တပ်မတော်က လက်နက်ချ အလျှောပေး မလား။ ငြိမ်ဝပ်ပိပြား ရေးနဲ့ တရား ဥပဒေ စိုးမိုးရေးကို လုံးဝ တာဝန်မယူတော့ ဘူးလား? လာနေရာမှာ စည်းတား ထာမှာလဲ ? အစိုးရနဲ့ အတိုက်အခံတို.ဖြစ်တာ ငါတို. မဆိုင်ဘူးလို.ပြောလို.မရဘူး. ငါတိုလူတွေ လွှတ် တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ရှိနေ တယ် ။ ဘာလုပ်နေကြတာလဲ ? ငါ့တာဝန်ဘာလဲ ?

ဇန္န၀ါရီလဟာ မဝေးတော့ဘူး။ လွတ်လပ်ရေးနေ. ကျင်းပကြအုံးမယ် ၊ လွတ်လပ်ရေးဆိုတာ ကို ဘယ်လို အဓိပါယ်ပေါက်နားလည် ကြလို. လဲ တော မသိဘူး ။ မြန်မာနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင် လွတ်လပ် သော နိုင်ငံ ဆိုတာအမှန်ဘဲ လား။ အချို.ကလဲ တရုတ်က ချယ်လှယ်နေတာ လို.ပြောနေသလို အမေရိကန် နဲ့ အနောက်အုတ်စုရဲြ့ပန်ပေးဆွဲ အကြပ်ကိုင်ခံ နေရတဲ့ နိုင်ငံလို.လဲ တချို.ကပြောနေတယ် ၊ ။ ၁၈ ရာစုတုန်းကလဲ အင်္ဂလိပ် နဲ့ ပြင်သစ်ကြား ညပ်ခဲ့တယ်၊ ၁၉ ရာစုမှာ အင်္ဂလိပ်နဲ့ ဂျပန်ကြား ညပ်ခဲ့တယ်။ အခုလဲ ၂၁ ရာစုမှာ အနောက် အုတ်စု နဲ့ တရုတ်ကြား ညပ်နေ ပြန်ပြီ လို. ပြောရင် မှား မလား? မြန်မာမှာ ကြောက်ရမဲ့ သူချည်းဘဲ ၊ကျား လဲ ကြောက် ရ ကျားချီးလဲ ကြောက်ရ ဆိုတာများလား ? ကျားတွေက တော့ ဟုတ်ပါပြီ ကျားချီးတွေက ဘယ် သူတွေလဲ ?

ငြိမ်းချမ်း ရေး ရောဂါ ၊ ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရောဂါ စတဲ့ နိုင်ငံရေး စီးပွားရေး ချုပ်ကိုင် ဘို. အာဏာရူးရောဂါ နဲ့ အာဏာရူးတွေ ဝေဒနာ ခံစားနေရတာ တွေ.ရတယ် ။ ဒီ အာဏာရူး ရောဂါ ကို ဘယ် ဇီဝကက ဘယ်လိုပျောက်အောင် ကု မလဲ ။ တန်ဆောင်မုန်းလပြည့်က ဖေါ်ခဲ့တဲ့ ဆေးတွေ ထဲမှာ အရူး ပျောက်ဆေး အသစ်များ မပါကြဘူးလား ကရို. ?
တိုင်းပြည်ကို ဘယ်လို တိုးတက် ဖွံ့ဖြိုးအောင်လုပ်မလဲ ၊ ရှိပြီး ရပြီးသား တိုးတက်ဖွံ့ဖြိုး မှု တွေကို မပျောက် ပျက်ရအောင် ဘယ်လို ထိမ်းသိမ်းမလဲ ဆိုတာတွေ မပြောဘဲ ၊ ကျမမှာ အာဏာမရှိလို. အာဏာ လိုခြင် တယ်၊ ကျမ သမတဖြစ်ခြင်တယ် ၊ ဖွဲ.စည်းပုံ အခြေခံ ဥပဒေကို ပြင်ပေးပါ ဆိုတာတွေ လူမျိုးစု သူပုန်တွေ ကို ခလေးတွေ လို ထန်းလျှက် သကြားလုံးပေးပြီး ကိုယ်ဖက်ပါအောင်ဆွယ် နေတာတွေက တော့ တကိုယ် ကောင်းဆန် လွန်း တယ် လို.မြင်တယ် ။ သထားဘို.က နိုင်ငံရေးမှာ ဘာကိုမှ လှေနံ ဒါးထစ် မမှတ်နဲ့ ကိုယ်. ကို တက်လုပ်သွားလိမ့် မယ် ၊ ကိုယ်ကခံ ခြင်ရင် အလိုတူ ရင်တော တမျိုးပေါ.လေ၊၊

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ကိုယ် ပြင်ခြင်သလို ပြင်မရရင် ဘာဆက်လုပ် ဘို. စိတ်ကူး သလဲ ? ။ ကိုယ့် စိတ်တိုင်းကျ သဘောကျ မဖြစ်ရင် ဘာဆက် လုပ်ကြမလဲ ? ရရင်ရ မရရင် ချဘဲလား ? လျှို.၀ှက်အပ်သော စကားကို မည် သူအားမျှ မပြောအပ် လို မဟော်သဓာ ဖြေခဲ့တယ် ။ စကားတွေ မပြော ခြင် ဘူး လား ရပါတယ် ၊

ခန်းမှန်းကြည်.မယ် နော်၊ ပါတီတွေ လွှတ် တော် မတက်ဘဲ သပိတ်မှောက် ကြမလား ? လွှတ်တော်ကို အတင်းအဓမ္မ သိမ်းမလား? ပြည်သူလူထူရဲ ထောက်ခံမှု ဆိုတာ ဘယ် ပြည်သူလုထု လဲ။ NLD ကို ထောက်ခံသူမှ ပြည်သူလူထုတဲ့ လား ပြည်ခိုင်ဖြိုးနဲ့ တခြား ပါတီထောက်ခံ သူတွေက ဘာ တွေ လဲ ? လမ်းပေါ်မှ NLD နဲ ပြည်ခိုင်ဖြိုးတိုရဲ့ရန်ပွဲတွေ မြင် ရတော့ မလား၊ ၁၉၈၈ ခု တကျော့ပြန် ဘို.နီးလာပြီ လား။ လူကြီးတွေ ကို လူငယ်တွေ စောင့်ကြည်.နေတယ် မီးစိမ်းမြင်ရင် ဘာလုပ်ရမလဲ ၊ ငြိမ်းချမ်း ရေး ရပြီ လို. အချက်ပေးလိုက် တာ လား. ၊ မရဘူးတော့ဘူးဟေ့၊ ထ သာ ချ တော့လို. မီးစိမ်းပြ လိုက်တာလား။ ကြည့်လဲ လုပ်ကြပါအုံး နော် ။

အထက်က ပြောခဲ့သလို ငြိမ်းချမ်းရေး ရရ မရရ ဘာတွေ ထူးလာမှာမို.လဲ ။ အစားမပျက် ၊ အ၀တ်မပျက် အနေမပျက် ။ ၆၇ နှစ် ကို ငြိမ်းချမ်းရေး မရှိ တဲ့ကာလဆိုတာ မပြောရင် သိ တောင် လူတော်တော်များများ သိတောင် မသိလိုက်ဘူး။ တိုကပွတြေါ ဖြစ်နေပါတယ် ဆိုတာ နမပြောရင် သိတောင် မသိရဘူး။ ငြိမ်းချမ်း ရေး ဆိုတာ နိုင်ငံရေးသမားတွေ ပြောစရာမရှိ လုပ်စရာ မရှိလို. လုပ်ကောင်းအောင် ပြောကောင်းအောင် သက်သက် လုပ်ကြံ ဖန်းတီး နေကြ တာလို. ပြော ရမလား ?

၁၉၈၈ ခုက မငြိမ်သက်မှုတွေကို ထိမ်းဘို. ပစ်ခတ်ခဲ့တဲ့ သေနတ်သံတွေ ကျည် ဆံတွေ ကြားမှာ ပြေးရ လွှားခဲ့ ရသူတွေ ၊ ပြည်တွင်းစစ်လို မဟုတ် မဟတ် အမည်ပေးထားနဲ ပဋိပက္ခ သေနတ်သံ ၊ ကျည်ဆံ သံ တရွှီးရွှီး ကြားပြေးလွှားခဲ့ရသူ ကြုံရသူ ဘယ်လောက်ဆိုတာ ၀ိုင်းပြီး စဉ်းစားကြည့်ကြ ဘို. လိုနေပြီ ။ငြိမ်းချမ်း ရေးဆိုတာ လုံးလုံးလေးလား ပြားပြားလေးလား ဘာအရောင်လဲ ကိုင်တွယ်ကြည့်လို.ရသလား ?

ေ တော်သေးပြီ ။