Article submitted by: Thunderbolts on 7-Dec-2013  
နှစ်ပါတ်လည် ပြန်လည်သုံးသပ်ခြင်း(၁)
ဒို.လူကလေးများ ဆိုသလေး၊

မစုကြည် ပါးစပ် ဟ လိုက်တိုင်း ၊ တပ်မတော် ပြိုကွဲရေးသည် မူလ ပဌမ ဆိုတဲ့ ၊ အသံတွေ ဘဲ ထွက်လာ တယ် ၊ နားကြားဘဲ မှားသလား ၊ ဘာသာ ပြန်တာဘဲ မှားသလားမသိဘူး။ သစ်ပင်ကြီး ခုတ်၊ ပင်စည်ကြီးကို မဟာ စည် တော်ကြီး ထွင်း ၊ ဗဟိုစင် တင်ပြီး တီးခါမှ ( ဘုရင်ကြီး ဖွဲစားတယ် ဗျို.) ဆို တဲ့ အသံကြီးက ဘယ်က ပေါ်လာတယ် မသိဘူးဆိုတဲ့ ပြုံ့ပင် တခုရှိတာ ကို တော့ ကြားဘူး မှတ်ဘူးတယ် ။ အဲသလိုများ ဖြစ်နေမလား ။

အပစ်အခတ်ရပ်ဆဲရေး မှ ငြိမ်းချမ်းရေးဆီသို. ဒီနှစ် ( ၂၀၁၃) မကုန်ခင်. နောက်နှစ်( ၂၀၁၄) ဆန်းတွင် ရရှိ လိမ်မယ်လို. အကောင်းဖက်က အမြင်နဲ့ မျှော်လင့်ချက်တွေ ရှိသလို။ လက်ရှိ အခြေအနေအရပ်ရပ် တွေကို အရှိ အရှိ အတိုင်း အတိတ်ကဖြစ်ရပ်တွေနဲ့ ပေါင်းစပ် လေ့လာ ပြီး ငြိမ်းချမ်းရေးဆိုတာ ဘာလဲ လို. မေးနေ သူတွေ လဲ ရှိတယ်၊ စစ်မှန်သောငြိမ်းချမ်းရေးလား။ အတုအယောင် ငြိမ်းချမ်းရေးလား။ အစစ် ဆိုတာ ရှိရင်၊ အတုဆိုတာလဲ ရှိ တယ် ဆိုတာ သတိပေးပါရစေ ။ မြန်မာနိုင်ငံနဲ့ပါတ်သက်လာရင် အတုအ ယောင် လွတ်လပ်ရေး ဆိုတာတောင် ရှိခဲ့ဘူးတယ် လို.သိရတယ် ၊

ဒိုများတော့ အစစ်နဲ့ အတု မခွဲတတ်အောင်ဘဲ တုံးတယ်။ ငြိမ်းချမ်းရေး ရ သည်ဖြစ်စေ မရသည် ဖြစ်စေ မြန်မာနိုင်ငံ ဘာထူးသွား မှာလဲ ? စကားအရာ ပြောရမယ် ဆိုရင် ။ ငြိမ်းချမ်းရေးဟာ ရှိပြီး သား၊ ရှိနေတာဘဲ လို.ပြောခြင် တယ်။ ရှိမှန်းမသိကြ ဘူးလား။ စဉ်းစား ကြည့်ကြ စမ်းပါ ။

ဘယ်လိုငြိမ်းချမ်းရေးလဲ ? လွန်ခဲ့တဲ့ ၆၇ နှစ်က မှတ်မိ သလောက်ဆိုကြ ပါစို. မြန်မာနိုင်ငံမှာ အပစ် အခတ် ရပ်ဆဲရေးတွေဟာ ငြိမ်းချမ်းရေးမရခဲ့ဘူး ဘူး ဆိုတာ တွေ.ရတယ်။ တင်ခြင် တဲ့ သူအပေါ်သာ အ ပစ်တင် ကြ တော့ ။ အပစ်တင်စရာ ဘယ်သူတွေလဲ. အင်္ဂလိပ်တွေ မြန်မာတွေ လူမျိုးစုခေါင်း ဆောင်တွေ၊ ဦးနု ၊ ဦးဘဆွေ ၊ ဦနေ၀င်း ( ဒေါက်တာ မောင် မောင်နဲ့ ဗိုလ်ချုပ် စောမောင်) ဦးသန်းရွှေ နဲ မစုကြည် တို.နာမည် တွေ တွေ. ရတယ် ။ တယောက်ကလဲ ဦးသိန်းစိန်ပေါ့လေ၊၊ ပြည်သူလူထုဟာ ဘယ်အခန်းဂဏ္ဍက ပါခဲ့သ လဲ ဆိုတာကတော့ အမြဲတန်း မေးခွန်းကြီးဘဲ ။ ပြည်သူ လူထု ဟာ ဝေလေလေ အခန်းက အမြဲပါခဲ့တယ် ၊ အားမနာတန်းနဲ့ ရိုင်းရိုင်း ပြောရ ရင် မြို.ပေါ်နေ လူထုဟာ လက် ခုတ်တီးရင် ဟောင်တတ် တယ် ၊ ရှုးတိုက် ရင် ကိုက်တတ် တယ် ။ တောက လူတွေကတော ဘုန်းကြီး ကျောင်းနဲ့ လယ် ထဲမှာ အလုပ်ရှုတ်နေကြတာ များတယ် ။ ဘာတွေ ဖြစ်လို. ဖြစ်တယ် ဆိုတာ နောက်ဆုံးမှ သိရတယ် ၊ အဲဒီတော့လဲ အော် အင်း ဟုတ်လားနဲ့ ပြီးသွားတာ ဘဲ ပေါ့ ။

ကိုယ်အမြင်နဲ့ပြောရရင် ပြည်သူလူထုဟာ စိတ်လဲ မ၀င်စားဘူး။ စိတ်ဝင် စားရမှန်းလဲ မသိ ဘူး။ ဒို.နဲ့ မဆိုင် ဘူးလို ယူဆနေပုံရှိတယ် ၊ နိုင်ငံတော် အေးချမ်းသာယာရေးဟာ အစိုးရနဲ့ တပ်မတော်တိုရဲ့ တာဝန်ဖြစ်တယ် ၊ ဖွံ.ဖြိုးရေးဟာ အစိုးရက လုပ်ပေးရမှာဖြစ်တယ်လို. ဆိုပြီး လုံးဝ လွှဲထားတယ် ပုံလဲ ရှိတယ် ။ သူတို.တာဝန် လုံးဝမရှိဘူးလို. ခံယူနေပုံဘဲ၊ စားဝတ်နေရေး ဘ၀ ဖွံဖြိုးတိုးတက်ရေး တွေကို ဘယ်လိုထိ ခိုက်နေ ပါ လားဆိုတာ သူတို.မသိဘူး၊ မရိတ်မိဘူး။ သူတိုဆင်းရဲနေတာ ကံမကောင်း အကြောင်းမလှလို.၊ ပါရမီ မပါလို.ဘဲ ဆိုပြီး ယုံကြည်နေတယ်. ဒီလို ယုံကြည်အောင် ပြောသူက လဲ ပြော ၊ ဟောသူကလဲ ဟောနေ သကိုး။ ဒီထဲမှာ လူလည်တွေလဲ ပါသ ပေါ့.။

မြန်မာတွေ ဟာ သူတိုခေါင်းနဲ့ သူတို မစဉ်းစားတတ်ဘူးလို. ပြောရရင် တော့ သိပ်ကို ရိုင်းသွားမလားမသိဘူး။ ဘာကြောင့်လဲ ဆိုတော မြန်မာအများ စုဟာ ဗုဓ္ဒဘာသာ ၀င်တွေ ဖြစ်ကြတဲ့ အတွက် ရုပ်ဝါဒ ကိုသိတ် ဂရုမစိုက်ဘူး ၊ လူ.ပြည်ဟာ ခရီးတထောက်နား စခန်းသာ ဖြစ်တယ် လူဟာ ခရီး သည် သာဖြစ်တယ် ဖြတ်သန်းသွားလာနေ သူဘဲ လို. စွဲမြဲစွာ ယုံကြည်နေကြတယ် ။ ဘာသာရေး ပါလာတော့ ဘာသာ သာသနာကို ဆန်.ကျင်ပြောရင် မိစ္တာဒိတ္ထိ လို. စွပ်စွဲခံရမယ်။ ဗုဓ္ဒဘာသာ မှာ လောကီနဲ. လောကုတ္တရာ လို. ခွဲထားတာ တွေကို ရောပြွ့န်းပစ်ကြတယ် ။ ဆရာမပြ နည်း မကျ လို. ဆိုရမှာ လား ဆရာတွေကိုယ်တိုင်က နည်းမကျတာတွေ ပြခဲ့.လို.လား - ရောပေး လိုက်တာလား။

ငြိမ်းချမ်းရေး ဆိုတာကို တဖက်ကပြောရရင်လဲ ပြီးခဲ့တဲ ၆၇ နှစ်အတွင်းမှာ ၊ ငြိမ်းချမ်းရေး မရှိခဲ့ဘူးလို. ပြောမဲ့ သာပြော ရ တယ် ၊ ၁၉၄၈ ခု ကစပြီး ကာလ ဒေသ အပိုင်းအခြားထား ပြောရရင် ပြည်မ ပြည်နယ် အားလုံးမှာ သောင်းကျန်းသူ အမျိုးမျိုးက ဟိုမြို.သိမ်း. ဒီမြို.သိမ်းလုပ်ထားတာတွေကို တပ်မတော် က တိုက်ခိုက်ပြန်လည် သိမ်းယူခဲ့တယ်။ တရုတ်ဖြူ ဆိုတာတွေ ကိုလဲ တိုက်ခဲ့ရသေးတယ် ။ အဲဒါတောင် တနိုင်ငံလုံးအတိုင်း အတာနဲ့ ငြိမ်း ချမ်းရေးဆိုတာ ရှိသင့် သလောက်ရှိနေ ခဲ့တယ်၊ မျြို ကြီး ပြကြီး ရွာနယ် ဇနပုဒ် အားလုံးမှာ ငြိမ်းချမ်းရေးဆိုတာဟာ ရှိနေခဲ့တာလဲ ဖြစ်တယ်။

လူမျိးစုဝင် လက်နက်ကိုင် သောင်း ကျန်းတွေဟာ နယ်စပ်ဒေသ ဆိုတာ တွေမှာ စီးပွာရေး သက်သက် ဥပဒေမဲ့လှုပ်ရှားနြေ့ပီး နိုင်ငံတော်ကို အခွန် အတုတ် မပေး ကြလို. အစိုးရဟာ ဖွံ.ဖြိုးမှုတွေ လိုသလောက် လုပ်ပေးနိုင် ခြင်း မရှိဘူး. တချို.ကလဲ အလုပ်မခံဘုး ဆိုတာ တွေပါ ထည်ပြောမှ ပြည်စုံ မယ် ထင်တယ် ။ အခုဖြစ်နေတာတွေကို ဘဲ ကြည့်တော့ ဘယ်လောက် မြင် ကြမယ်တော့ မသိဘူး။ ဖွံ့ဖြိုးရေး တွေ လုပ်တော့မယ်ဆိုရင် တခုမဟုတ် တခု အနှောက် အယှက်တွေ ပေါ်ပြီး အဟန်းအတာတွေ ဖြစ်ရတယ်။ မြန်မာ တွေ ဘာလိုခြင် တယ် ဆိုတာ အစိုးရ မသိလို.လား ၊ မြန်မာတွေကိုယ်တိုင်သူတို. ဘာလိုခြင်လို ဘာ လို မှန်း မသိကြဘူး။

မှန်ရာကို သစ္စာ ဆိုပြီး ပြော ရရင် ၊ ၅၅ သန်းသောအများပြည်သူအကျိုး အတွက် ဆောင် ရွက်နေတဲ့ အစိုးရနဲ.ကာကွယ်ရေး တာဝန် ယူထား တဲ့ တပ်မတော်တို.က တဖက် ၊ လက်နက်ကိုင် သောင်းကျန်း နေသူတွေက တဖက်၊ နိုင်ငံ ရဲ.သယံဇာတ တွေကို စီမံခန်.ခွဲရေး စားခွက်လု နေကြတာဘဲ လို.လဲ ရိုးသားစွာ မြင်နိုင်တယ် ။ လက်တဆုတ်စာ သောင်းကျန်း သူတွေက သူတို. လူနဲစုသာ စားသင့်တယ် သူတိုသာ စီမံခန်းခွဲသင့်တယ် သူတိုပေးတာ ကိုသာ ကျန် သူတွေက စားရမယ် ၊ စားထိုက်တယ် လို မြင်ပုံရှိတယ် ။ ကျန် တဲ့ သူတွေနဲ မဆိုင်ဘူးလို. ပြောနေကြ တာဘဲ ။ အင်္ဂလိပ် ခေတ် ဆိုတုန်းက သို.ဘာတွေ ဘယ်လို စီမံ ခန်.ခွဲကြတယ် တော့ မသိဘူး။

ဒီမိုကရေစီ နိုင်ငံတော်မှာ အစိုးရကို လက်နက်ကိုင် တော်လှန်ပုန်ကန်ရင်. ဒါဟာ သောင်း ကျန်း သူဘဲ ဖရီးဒန်း ဖိုက်တာ( Freedom fighter) မဟုတ် ဘူး ။ နိုင်ငံတော်ကို သစ္စာ ဖေါက်သူ ဘဲ၊ သေဒဏ်ထိုက် စေရမယ် ၊ ကာ ကွယ်ရေးတာဝန် ယူထားတဲ့ တပ်မတော်အဖွဲ. ၀င်တွေဟာ၊ သောင်းကျန်း သူတွေ မြို.ကြီး ပြကြီး ရွာနယ် ဇနပုဒ်တွေ ထဲ ၀င်ပြီး ပြည်သူ လူထုကို ဒုက္ခ မပေးနိုင်အောင် တာဝန်ကျေပြွန်စွာ ကာကွယ် ပေးနိုင်ခဲ့တယ်၊ လုံခြုံမှုကို ပေးနိုင်ခဲ့တယ် ။

တပ်မတော်ဟာ နိုင်ငံတော် နဲ့ နိုင်ငံသားတို ကို ကာကွယ်ဘို. တာဝန်ရှိတယ်။ ဒီတာဝန်ကို ထမ်းဆောင် နိုင်ြခင်းမရှိရအောင်. တပ်မတော် အပေါ် အထင် အမြင် လွဲမှား အောင်. အခါ အခွင်.သင့်တိုင်း ပြည်တွင်း ပြည်ပ တို.က တပ်မတော်နဲ့ ပြည်သူကို ပဋိပက္ခ ဖြစ်အောင် ရန် တိုက်ပေးတယ် ။

သောင်းကျန်းသူ တွေ ကလဲ သောင်းကျန်းသူတွေ အလျှောက် ၊ အခုဆို ရင် အတိုက်အခံ NLD ခေါင်းဆောင် မစုကြည်က ပြည်ပ က သူ.ပထွေးတွေ အားကိုး နဲ့ အမြဲ ဘဲ ပုတ်ခတ် တိုက်ခိုက် နေခဲ့တာ ဆိုတာ လူတိုင်းအသိဘဲ။ တပ်မတော် ကိုပါ ရုပ် သေး တပ်မတော် အဖြစ်အသစ်တည်ထောင်ဘို. ကြိုး ပန်းနေပုံရှိတယ် ။ တချို.ကလဲ သံ ယောင် လိုကနေကြတာ များတယ် ။
တပ်မတော်ကို သူဖေဖေ စတင်တည် ထောင်တာပါဆိုတာ ကိုလဲ အလျှင်း သင့် တိုင်း ပြော လေ.ရှိတယ် ၊ သူအဖေမတိုင်မီက ၊ တပ်မတော်နဲ့ ခေါင်း ဆောင်တွေဟာ လူတွေ မဟုတ်တာ ကျနေတာဘဲ။ လေးစားပုံ မတွေ.ရဘူး၊ စကားထဲတောင် ထည့် မပြောဘူး။ အဲဒီတုန်းက တပ်မတော်တွေကို သူပုန် ဆိုပြီး ၊ ဖမ်းဆီး ခေါင်းဖြတ်ခဲ့ခံရတာတွေကို မစုကြည် မသိခြင်ဘူး ၊ ၁၉၈၈ ခုနှစ် က တပ်မတော် ခေါင်းဆောင်တွေကို ရရင် ဖမ်းပြီး ခေါင်းဖြတ်ဘို. အစီ အစဉ် တွေရှိခဲ့တယ် လို သတင်းတွေ ရှိခဲ့တယ်။

တပ်မတော်ကို ဖျက်ဘို.အင်္ဂလိပ်က အောင်ဆန်းကို ဖျားယောင်းခဲ့တယ် ၊ အောင်ဆန်ူး ဘာလုပ်ရမယ် မသိ အောင် ဦးနှောက်ချောက်ခဲ့တယ် ၊ အောင် ဆန်းဟာ တပ်က ထွက် လိုက်တယ် ။ တပ်မတော်ကို စတင် တည် ထောင် ခဲ့ပါတယ် ဆိုသူက တပ်ကနေ ထွက်သွား တယ် ။ နိုင်ငံရေးအာဏာ ကို ပိုပြီး မက်မောလို. ထွက်သွား တာ ပေါ့ လို. ပြောလို.ရတယ် ။ ပြောစရာ မလိုပါ ဘူး၊ သေခြင်တဲ့ ကျား တောပြောင်း ခဲ့တာဘဲ ၊ တပ်နဲ.အောင်ဆန်း ဘာမှ မဆိုင်တော့ဘူး ၊.

ကရင်ဗိုလ်ချုပ်တွေ ဦးစီးနေတဲ့ တပ်မတော် အစိပ်အပိုင်း က ကရင် တွေက တော်လှန်ကြလို.ကိုနေ၀င်းက ဆက်ပြီး ဦးဆောင်ခဲ့တာ တပ်မတော် ဟာ အောင်ဆန်းရဲ့ တပ်မတော် မဟုတ်တော့ဘူး ၊ ကရင်တွေရဲ တပ်မတော် မဟုတ်ဘူး၊ နေ၀င်းရဲ့ တပ်မတော်လဲ မဟုတ်ဘူး၊ ပြည်သူ. တပ်မတော် ဖြစ် လာတယ်၊ အောင်ဆန်းကိုလေးစားလျှက် ၊ ဒါပေမဲ့ တချို.လူတွေက သူတို.မှာ ကိုယ်ပိုင်တပ်တွေရှိနေတာကို တရားသလို.ဖြစ်အောင် တပ်မတော်ကို နေ၀င်း ရဲ့ခါးပိုက် ဆောင်တပ် ကိုယ်ပိုင်တပ် လိုသမုတ် ကြ တယ်။ နေ၀င်းနဲ. တပ် မတော် ဘာတွေကို ဘာကြောင်. လုပ်ရ တယ် ဆိုတာ ကိုယ်ဟာ ကိုယ်လဲ မလေ့လာ။ မသိလဲ မသိ. သူများက ချိုဆို ချို ခါးဆို ခါး နေကြ တဲ့ သူတွေက လဲ ရှိသေးတယ် ။

အဲဒီအချိန်က အောင်ဆန်း မပါဘဲ ဖွဲ.ခဲ့ တဲ့ တခြား ဗမာတပ်တွေ ၊ ၀ါဒစွဲ လူမျိုးစွဲ ဘာသာစွဲနဲ့ ကိုယ်ပိုင် ခါးပိုက်ဆောင်တပ်တွေ ကိုယ်ပိုင်တပ်တွေလဲ ရှိကြတယ်။ ဘာ ပြောခြင်ကြသလဲ - ဘာပြောကြမလဲ? အောင်ဆန်းကို စိတ်မချလို. ကိုသန်းထွန်းက ကွန်မြုနစ်တပ် ဖွဲခဲ့ တယ် လွတ်လပ်ရေးရရင်ရ မရရင် ချဘို.ဘဲ လို. သိရတယ်။ အောင်ဆန်းကိုယ်တိုင် ဟာ ကွန်မြုနစ် ဆိုရင် ဘာပြောမလဲ ?

အင်္ဂလိပ် ဖိအားပေးမှုကြောင့် ။ အင်္ဂလိပ်က ကရင်တွေကို လိုလားမှုကြောင့် တပ်မတော်က ထွက်ခဲ့ရပြီး ဖြစ်တဲ့ အောင်ဆန်းရဲ့ ရုပ် အလောင်းကို တပ်မ တော် စစ်ဝတ်စုံ ၀တ်ပေးခဲ့တယ်။ ဘယ်သူမှ ဆွဲမချွတ်ဘူး။ ဒို.မြန်မာတွေ ကြားမှာ (အောင်ဆန်းသ အ၀န္နာဘာသတိ . စုကြည်သ အ၀န္နာ.ဘာသတိ) တွေ တိုးလာ တယ် သူတိုအကြောင်း မကောင်းပြောမိရင် ၊ သေချင်းဆိုးနဲ သေရမလောက်ဘဲ ။ သေခြင်းဆိုးနဲ.သေခဲ့ ရသူတွေ ရှိခဲ့တယ် ။

ဒို.နိုင်ငံမှာလဲ ၁၉၈၈ ခုက ထိမ်းမနိုင်သိမ်း မရ အခြေအနေတွေမှာ ရဲစခန်းနဲ့ ရဲအဖွဲဝင်တွေ မီးရှို. ဖျက်ဆီး အသတ်ခံရတယ် အရပ်သူအရပ်သား တချို. အသတ်ခံရတယ် ခေါင်းဖြတ်ခံရတယ်၊ တပ်မတော်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက သာ ပြတ်ပြတ်သားသား ဆောင်ရွက် နိုင်ခြင်း မရှိခဲ့ရင်၊ ၁၉၄၈ - ၅၀ ခုအခြေ အနေတွေကို ပြန်ရောက်သွားနိုင်တယ် မြန်မာနိင်ငံ တခုလုံး သွေး လွှမ်းမိုးခံရ မယ် ။

အလုပ်မရှိလို. အတိုက်အခံလုပ် မစုကြည်ကို မြောက်ပေးနေတဲ့ သစ္စာဖေါက် NLD ဦးတင်ဦးနဲ. မစုကြည် အပါအ၀င်တို. ကိုယ်တိုင် တောင် အခြေအနေကို ထိမ်းနိုင်ဘို.နေနေသာသာ ၊ အပေါင်းပါတွေဟာ ပြေး ပေါက်ရှာရင်း သူတို.ကိုပါ လုံခြုံရေးပေးကာကွယ်ပေးဘို. ယာသီသမတ ဒေါက်တာ မောင်မောင် ဆီမှာ အသနားခံခဲ့တယ် လို. မှတ်တမ်း ပြုထားတာ တွေ.ရတယ် ၊ ဦးနေ၀င်း နဲ့ လမ်းစဉ်ပါတီ ခေါင်းဆောင်ပိုင်း တိုရဲ့ ကံကြမ္မာမှာတော့ အသေဆိုး နဲ. သေ ဘို. ပါရမီ ပါမလာဘူး ၊အသေ မလှဘူးလို.တော မြန်မာပီပီ ပြောရလိမ်.မယ်။

၁၉၈၈ ခု အုံ.ကြွသူတွေရဲ့ ရမ်းကားမှု ဥပဒေမဲ့ မှုတွေမှ ကာကွယ် ပေးဘို.့နီးရာ လုံခြုံ ရေး တပ်ဖွဲ.တွေကို အကူအညီတောင်းခဲ့တဲ့ အရပ်သူအရပ် သားတွေက ကိုစောမောင်နဲ့တပ်မတော်က အာဏာသိမ်းတာကို ကြိတ်ဝမ်း သာခဲ့ သူတွေ ရှိခဲ့တယ် ။ ကြိတ်ဝမ်းသာ ရတာ ဗြောင် ၀မ်းမသာရဲ လို. ။ သူတိုနားမှာ ဒီမိုကရေစီ မျက်နှာဖုံးတတ် လူသတ်သမားတွေ ရှိ နေလို. ၊ လမ်းပေါ်မှာ ဒီမိုကရေစီ လူရမ်းကားတွေ ရှိနေလို.ဘဲ။

မြန်မာတပ်မတော်ကို ဖြိုခွဲ ဘို အကြံတွေဟာ ၁၉၄၅ ခု ထဲက ရှိခဲ့တာ ဘဲ ၊ လေ.လာသူတွေ သိကြတယ်၊ နားမဆန်.အောင် ကြားရတယ် ၊ ကွဲ သင့် သလောက်လဲ ကွဲခဲ့ပါတယ် ။ ဗိုလ် ချုပ်အောင်ဆန်းနဲ့ ဗိုလ်နေ၀င်း တို ရဲ့ ဆက်ဆံရေး ဆိုတာကို ဗိုလ်ချုပ် အောင်ဆန်း သေတုန်းက ၂ နှစ် နဲ့ တလ သားဘဲ ရှိတဲ့ မစုကြည် အားလုံးမှတ်မိနေတယ် တဲ့ ။ အံ့သြစရာဘဲ ၊ ဗိုလ်နေ၀င်းကို သူ.ဖေဖေ အောင်ဆန်း က မကြိုက်ဘူး တဲ့။ သူ. အသိလား၊ သူ.မေမေ ပြောပြ တာလား။ တခြားသူ တွေ ပြော ပြတာလား ?

သူမေမေ ကို ၁၉၆၀ ခုမှာ ဦးနုက အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာသံ အမတ် ကြီး အဖြစ် ခန်.ထားခဲ့ ပြီး ၁၉၆၇ ခု နှစ်ထိ တော်လှန်ရေး ကောင်စီ ဥက္ကဌ ဗိုလ် ချုပ်နေ၀င်း ကလဲ ဆက်လက် ခန်.အပ်ခဲ့တယ် ၊ မစုကြည် နေ၀င်း အပေါ် မကြည် တာ တွေဟာ ဘာကြောင့်ဆိုတာ တော့ မရှင်းဘူး။ ဒေါ်ခင်ကြည် အနေနဲ့လဲ ပြောသံ ဆိုသံ မကြားမိဘူး။ ပြောမှာပေါ့ လေ ၊ လူကိုတိုက်တာ မဟုတ် ဘူး မူကို တိုက်တာ လို. ၊၊ မူဆိုတာ လူက ချတာ ၊ မူကိုတိုက် ရင် လူကို တိုက်တာ ဘဲ ပေါ. ၊ စကားတတ်တိုင်း ဘာစကားတွေ လှဲ.နေတာလဲ ?

ကိုအောင်ဆန်းကိုယ်တိုင်ဟာ ကွန်မြုနစ် တယောက်ဖြစ်ပါတယ် ဆိုတာ မှတ်တမ်းတွေနဲ့ ပြောဘူးတယ် မဟုတ်လား ။ ယုံတာ မယုံတာ ဘေးချိတ် ပြောလိုက်ရရင် ပြီးရော၊ ညောင်မြစ်တူးရင် ပုတ်သင်ဥ ပေါ်တယ် ဆိုတာ မြန်မာစကား။

နောက် ဆက်ရန် ။