Article submitted by: minkyaw thuyein on 30-Nov-2013  
ငြိမ်းချမ်းရေး အတွက် အထူးမျှော်လင့် ချ&#
ညီအကို သူပုန်များတို.။

လှေနဲ့ ဒါး ထစ် မျှော်လင်ချက်ကြီးနဲ့ တော့ ဘာမှမလုပ်ပါနဲ့ ၊ တိုတိုဘဲ ပြောရ ရင် ၊ နောက်ထပ် ငြိမ်းချမ်း ရေးဆွေနွေးပွဲတွေ လုပ်ကြအုံးမလို.လား ။ ဘာမျှော်လင့်သလဲ? ဒါဆိုရင် ကွဲရေး ခွဲရေးတွေဘက် ယိုင်တာ တွေ မစဉ်း စားဘဲ ၊ တွဲရေး မြဲရေး ကိုသာ ပြောင်းလဲ စဉ်းစား သင့် တယ်လို. မြင်တယ်။ အဲ ဒါကိုမှ မလုပ်နိုင် ရင် ဘာမှ ဆွေးနွေး မနေနဲတော့ ။ သူကို ကိုယ် က မယုံဘူးဆိုတာနဲ့ မစပါနဲ့ ကိုယ့်ကိုရော သူက ယုံနိုင်စရာ ရှိသလား ။

စကားကို က One good turns deserve another . သူမေတ္တာရှိမှ ကိုယ် မေတ္တာ ရှိမယ် ဆိုသလိုပေါ့။ ကိုယ် နှုတ် နှလုံး သန်.ရှင်းဘို.လိုတယ် ၊ စကားနာ ထိုးနေလို.မပြီးဘူး။ အပေါ်စီးရဘို.အရေးသာ ဆိုရင် လဲ လုပ်မနေ ပါနဲ့ တော့ လူအမြင် ကပ်ရုံဘဲ ရှိမှာပါ၊ အစိုးရကိုဖြစ်စေ၊ တပ်မတော်ကို ဖြစ် စေ တိုက်ခိုက်လာရင် ပြည်သူတရပ်လုံးကို တိုက်ခိုက်လာတာလို.ဘဲ သာမန် ပြည်သူတွေက သဘောပေါက် တယ်။

စကားဆိုတာ သူ.နေရာနဲ့သူ စဉ်းစဉ်းစားစား ပြောရင် ကောင်းမယ်၊ စကား တလုံးမှားသွား ရင် (ထွက်ပြီး ဆင်စွယ် ၀င်တယ် လို. မရှိ) ဆိုတာနဲ့ နှိုင်းထား တယ် ။ In real life there is no rehearsal, there is no second take လို.တောင် တချို.ူက ပြောထားတယ် ။

ကြားဘူးတဲ့ ငြိမ်းချမ်းရေးခေါ်သံတွေကတော့ ၊ အချိန်မနှောင်းခင် ပြန်လှဲ.ခဲ့ ရဲ ဘော်တို.။ အမှောင်ပစ်၍ အလင်းဝင်ခဲ့ပါ ၊ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲ ဘို.အချိန်ရောက်ပါပြီ စသည် အားဖြင့် ဘဲ။ အတိတ်က အကောင်း နမူနာ သခဏ်းစာပြသွားသူတွေ ရှိကြ ပါတယ် ။ အတိတ်က မကောင်းနမူနာ သင်္ခဏ်းစာ ပြသွားသူတွေရှိကြပါတယ် . ကြိုက်တာကိုသာ ယူကြပါ ။ ဒီတခေါက် Compromise ဆိုတဲ့ စကားလေး သုံးလာတာ ထူးထူးခြားခြား တွေ.ရတယ် ။ အပေးအယူ လို.သဘောပေါက်ရမှာပေါ့လေ။ ဘယ်သူတွေကြား ဘာအပေးအယူ လုပ်ကြမှာလဲ ဘယ်သူက ဘာပေးပြီး ဘာတွေ ယူမ လို.လဲြ့ပည်သူလူထူ သိခွင့်ရှိသလား? အစိုးရဟာ တိုင်းပြည်လူထု ၅၅ သန်း ပိုင် မြေထု လေထု ရေထု သယံဇာတ ဓနပစ္စည်းတွေ ကို ဘယ်သူ.ကို ပေးမ လို. လဲ ငြိမ်းချမ်းရေးဝယ် မလို.လား။ အပေါင်းပစ္စည်းလား ၊ ဦးနုလက်ထက်က မင်းဘဏ္ဍာ ကိုယ် ဟာ မှတ်ပြီး တရုတ်( ချောင်အင်လေး )ကို ပေးခဲ့မိတာ ဖွတ်မရ ဒါးမ ဆုံးရတာတွေ မမှတ်ကြသေးဘူးလား?

ဒီနေ.ပြောနေတဲ့ ထာဝရ ငြိမ်းချမ်းရေးဆိုတာ ခဏမေ့ ထားလိုက်စမ်းပါ ။ စစ်မှန်သော ငြိမ်းချမ်းရေးရော ဟုတ် ပါ့မလား။ နယ်စပ်က ထွက်သမျှတွေ ဟာ အတုတွေက များနေတာ ။ တခါသေဘူး ပျဉ်ဘိုး နားလည် ဆိုတဲ့ စကား ရှိပါတယ် ။ အစိုးရဟာ ငွေညှစ်တာ ခံနေရ သလား ။အကြပ် ကိုင် ခံနေရသလား လို. မေးလား သူတွေလဲ မနဲတော့ဘူး။ ? ယူဆခြင်သလို ယူဆလို.ရပေမဲ့ ငွေညှစ်တာ အကြပ်ကိုင်တာကို ခံနေရတယ် ဆိုရင် ဘယ် တော့ မှ ပေးလို မဆုံး တော့ဘူး။ ၆၇ နှစ် ကြာနေတာ ဒါကြောင့်များလား ?

သူတိုလုပ်နေတဲ့ အလုပ်တွေ ပှိုရှုတ်မသွားစေခြင်လို ချိုသည် ခါးသည် ၀င်မပြောတာကိုက ကိုယ်တာဝန် မကျေပုံ ပေါ်နေတယ် ငြိမ်းချမ်းရေးဆိုတာ နိုင်ငံသားတယောက်ဖြစ်တဲ့ ကိုယ် နဲ့လဲ ဆိုင်တယ် သူပုန်နဲ့ အစိုးရ၊ သူပုန်နဲ.တပ်မတော်တို.သာ ကွက်ပြီး ဆိုင်နေတာမဟုတ် ဘူး။

သူတိုသဘောထားတွေနဲ့ ဒင် မပြီး ကောင်းဘူး။ ပြည်သူအယူအဆ သဘောထား အမြင်တွေ ကို ပြည်သူတွေက ထုတ်ဖေါ်ပြောကြရမယ် ။ သူပုန်က သူတို ထုတ်ခြင်တဲ့ ကျေငြာချက်တွေ ထုတ်ပြီး. သူပုန်ဘက်ယိုင်တဲ့ အတိုက်အခံ မီဒီယာ တွေကလဲ အခု ထိ အစိုးရမကောင်း ကြောင်း တပ်မတော် မကောင်းကြောင်းတွေဘဲ ၀ါဒဖြန်. သတင်း လုပ်နေတယ် ။

အမှန် က တော. ဦးနိုင်ဟန်သာပြောတာတွေကို ။ ကာကွယ်ရေးဦးစီးချုပ်, အချုပ်အခြာ အာဏာ ကာကွယ် ရေး ဦးစီးချုပ်ရဲ့ အထူးအာဏာကုန် လွှဲအပ် ခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ပြောစကားတွေနဲ့ ယှဉ်ကြည့် ရမယ် ။ ဆွေးနွေးပွဲတွေ ဘာကြောင့် မအောင်မြင်တယ် ဆိုတာပေါ်လွင်တယ် ၊ တချို. ကိစ္စတွေမှာ ဘာမဟုတ်တဲ့ စကားအသုံးအနှုန်းလေးတွေနဲ့ ရှေ. မဆက်နိုင် အောင်ရှိနေတယ် ဆိုတာတွေရတယ် ။

ဥပမာပြရရင် Union နဲ Federal ဆိုတာတွေပေါ့ ၊ တချိန်က အမေရိကန်ပြည်ထောင်စုမှာ Union Army နဲ့ Confederate Army တို. ၁၈၆၁ ခုမှ ၁၈၆၅ ခု ခွဲရေး တွဲရေး ၄ နှစ်ကြာ လူသတ်ပွဲကြီး။ အရပ်သူ အရပ် သား ထိခိုက်သေဆုံးမှု စာရင်းမပါ . ၂ ဖက် စစ်သား ၇ သိန်း ၅ သောင်း ကျ ဆုံးခဲ့ရတယ်လို. မှတ်တမ်း တွေမှာ တွေ.ရတယ် ၊ ဒို.နိုင်ငံမှာ ၆၇ နှစ် အတွင်း ဘယ်လောက်ရှိပြီဆိုတဲ စာရင်းချုပ် မတွေ.ဘူးသေးဘူး ၊ စစ် မပြီးသေးလို. လဲ ဖြစ်နိုင်တယ် ။စစ် ဘာကြောင်ြ့ဖစ်ရသလဲ ဆိုတဲ့ အကြောင်းကို တော့၊ မမေးပါနဲ့တော့ ဖြစ်ခြင် လို.ဖြစ်တယ်ဘဲ ပြောရမယ် ။ ကိုယ့်ဖက်သူဖက်က အကြောင်း အမျိုးမျိုးပြ ပြောကြမှာဘဲ ။ ဆားငံတယ် ဆားပေါ့.တယ် ဆိုတာ မျိုးပေါ့၊ ကိုယ် သန်ရာ သန်ရာဘဲ ဟုတ်ဘူးလား ၊

အခုကြည်.လေ အစိုးရ သဘောထား မမှန်၍ နိုင်ငံတ၀န်း အပစ်ရပ်ရေး ကြာဦးမည်ဟု နိုင်ဟံသာ ပြောဆိုတဲ့ ခေါင်းစဉ်ပါ သတင်းမှာ ကျနော်တို့ကို စခန်းသစ် မဆောက်ရေး၊ တပ်သားသစ် မစုဆောင်းဖို့၊ လူစာရင်း၊ လက်နက် စာရင်းတွေ ပေးရမယ် ဆိုတဲ့ ကိစ္စတွေ၊ နောက် လူထုဆီမှာ အကောက်အခွန် တွေ မ ကောက် ရဆိုတဲ့ ဟာတွေက ကျနော်တို့ အတွက် လက်ခံနိုင်စရာ တော့ မရှိဘူး (burma.irrawaddy.org)

တနည်းအားဖြင်လဲ ကောင်းပါတယ် ၊ ဦးနိုင်ဟံသာတို. မွန်တွေရဲ့ စိတ်ထဲမှာ ဘာတွေ ရှိနေတယ် ဆိုတာ အားလုံး သိရတာပေါ့ ၊ ဒီကအမြင်ပြောရရင် ဒါဟာ ငြိမ်းချမ်းရေးမပြောနဲ့ အပစ်အခတ်ရပ်ဆဲရေးတောင် စနိုင်တဲ့ စကား မဟုတ်ဘူး။ သက္ကရာဇ် ၁၀၅၇ - ၅၈ က ပုဂံပြည့်ရှင် အနော်ရထာမင်းက ပိဋိကတ်တော် တစုံ ချီးမြင်ဘို. မေတ္တာ ရပ်ခံတာကို သထုံ မင်းက မချေမခံ့ ပြောလို သထုံနဲ့စစ်ဖြစ်ခဲ့ရတယ် ၊ သထုံကို သိမ်းပိုက် ပြီး မနုဟာ မင်းကို နန်းချခဲ့သော်လည်း ဘုရားအလုပ်အကြွေးအဖြစ် ကောင်းမွန်စွာ ပြုစုခဲ့တယ် ဆိုတဲ့ မှတ် တမ်းတွေလဲ ရှိတယ် ။ ပေါ်တူဂီ ငဇင်ဂါ ( ဖီးလစ် ဒီ ဘရစ် တို ) လဲ လာကယ် နိုင်မယ် မဟုတ် ဘူး။ ဒီနေရာမှာ ပြောခြင်တာက မွန်ပြည်သစ် ပါတီဟာ မွန်နိုင်ငံတော်သစ် တခု တည်ထောင်ဘို. ဆိုရင် နောက်ထပ် နှစ်ပေါင်း ၁၀၀၀ ကျော်ကြာ ကြိုးပန်းရလိမ့်အုံးမယ် ဆိုတာ ဘဲ။

ေ မေးသူ တဦးက မေးထားတယ် ။ (ဦးနိုင်ဟံသာ ၊ အစိုးရ သဘောထားမမှန် ဘူး လို ပြောရ အောင် ခင်ဗျား တို.သဘောထားကရော မှန်တယ် တဲ့.လား ။ ဘယ်သူကပြော သ လဲ ? ငါစကား နွားရတွေ ပြောအနေပါနဲ့ ၊ ကျုပ်တိုမြန်မာ တွေဟာ နွှားတွေ မဟုတ် ပါဘူး။ ခင်ဗျား ကိုယ်တိုင်ရဲ့စကားတွေကို ခင်ဗျား ကိုယ်တိုင် နား လည် မယ်ထင်ပါတယ် ၊ နားကော လည်ရဲ.လား? ခင်ဗျားတို. ဟာ အခုထိ အခြေခံ ကိုက မပြောင်းလဲ သေး ဘူး ဆိုတာ ထင်ရှားတယ် ၊ ဒါကြောင့် လဲ အပစ်အခတ်ရပ်ဆဲရေး မရနိုင်တာ မအံ့သြ ဘူး ။ ငြိမ်းချမ်းရေး ဆိုတဲ့ စကား ကို မေ့လိုက်စမ်းပါဗျာ ၊ ခင်ဗျားတို.ငြိမ်းချမ်းရေူး ဆိုတာကို နားမလည်လို. စိတ်မ၀င်စားပါဘူး ဆိုရင် မှန်ပါလိမ့်မယ် ။ လူတွေကို အရူး လုပ် ဘို.မကြိုးစားပါနဲ့ ခင်ဗျားတို.သာ ရူးသွားမယ် ။ ပြည်သူတရပ် လုံးကို ကိုယ် စားပြူတဲ့ တပ်မတော်နဲ့ဖြစ်စေ ပြည်သူအစိုးရနဲ့ ဖြစ်စေ ဆွေးနေွး ကြတယ် ဆိုတာကို ပြည်သူ တရပ်လုံးက စိတ်ဝင်တစား စောင့်ကြည့် နားထောင်နေ တယ် ဆို တာ သိပါ။) တဲ့ ။

စောင့်ကြည်ရုံနဲ့တော မပြီးဘူး ထင်တယ် ။ အရင်က ကိုယ်မမြင် အယူအဆ တွေကို ထုတ် ဖေါ် ဝေဖန် မ ပြော ခဲ့ကြလို. ၆၇ နှစ်ကြာသည့်တိုင် ငြိမ်းချမ်း ရေးမရခဲ့တာ ဆိုရင် အခု ပြော ကြရလိမ့်မယ် ၊ မြင်တွေ.နေ ရတာက. သာ မန် ပြည်သူတွေက ငြိမ်းချမ်းရေး ရလိုကြောင်း သဘောရိုးနဲ ဆန္ဒ ထုတ်ဖေါ် တာထက် ၊ မြေ ပေါ်အတိုက်အခံတွေ၊ သူပုန်ကိုယ်စားပြု နိုင်ငံ ရေးပါတီ တွေက သူပုန်တွေဘက်ကနေပြီး အစိုးရနဲ့ တပ်မတော်ကို သူပုန်တွေကို အလျှော ပေးဘို. ဖိအားပေးနေတယ် ဆိုတာကိုဘဲ တွေ့နေရတယ် ၊ တကယ်တော့ ဆန္ဒထုတ်ဖေါ်သူ တွေဟာ သူပုန် ကိုယ်စားပြု နိုင်ငံရေး ပါတီတွေရဲ့ လှိမ့်ကွက်ထဲ ၀င်သွားတာ တောင် သူတို. ဟာသူတို မရိတ်မိကြ ဘူး ။ အတိတ်ကလဲ့ ဒါမျိုးတွေ ဖြစ်ဘူးတယ် ။

ဒီနေရာမှ ပြည်ခိုင်ဖြိုး တွေ လိမ္မာတယ် ပါးနပ်တယ် ၊ အားကျမခံ ထွက်လာ ရင် အတိုက်အခံ ထောင် တဲ့ ထောင်ချောက်ထဲ မိမှာ အမှန်ဘဲ ။ ကိုယ်အမြင် ကိုယ် အယူအဆအတိုင်းပြော ရရင် အင်္ဂလိပ်ကို မျက်နှာလို အားရလုပ်ပြီး ကြေးစား လူသတ် သမား တပိုင်းဘ၀နဲ့ ဗမာတွေ ကို အသေ သတ်ပေးခဲ့တဲ့ သူတိုကိုယ်သူတို လူမျိုးစုဝင် ဆိုတာတွေဟာ ၊ သူတိုစိတ် သူတို.မလုံ မလဲ အမြဲ ရှိနေကြတာ၊ လေ ညှင်းလေးတိုက်လို. သစ်ရွက် ကလေး လှုပ်ရင် အစိုးရ လုပ်တာဘဲ ဆိုပြီး ကမ္ဘာ ပျက်ပါပြီ လို. အသံစုံ အသံကုန် ဟစ်နေကြတယ် ။ သူတိုမှာ ဆရာကောင်းတွေ ရှိနေတယ် ဆိုတာ သတိမလစ်ရဘူး၊ ဒါပေမဲ့ ဆရာစကားနားထောင်မိလို. အင်္ဂုလိမာလ ဟာ လူသတ်သမား လူဆိုးကြီး ဖြစ်ခဲ့ ရသလို ၊ အဇာတသတ် ဟာ လဲ ဆရာ ဒေ၀ဒတ် စကားနားထောင်မိလို.အဖသတ် သား ဖြစ်ရတာ တွေ ရှိတယ် ။

ငြိမ်းချမ်းရေး မယုံကြည်ရင် အစိုးရ အပေါ် စိတ်ချမှု လူံးဝ မရှိရင် လူကြား ကောင်းရုံ သက် သက် ဆက်ပြီး ဆွေးနွေးမနေပါနဲ့ ၊ ဆွေးနွေးပွဲ ဖျက် ၊ နောက်ထပ်လဲ လူပ်မနေပါနဲ့ ။ ရရင်ရ မရရင် ချ စိတ်နဲ့ လက်နက်ကိုင် တိုက် ပွဲ ၀င်သွားဘို. ဆုံးဖြတ်တယ် ဆိုရင်လဲ ။ ဘာပြောနေ စရာ လိုသေးလဲ ။ ဆက်လုပ် ရဲဘော် ဘဲ ပေါ့။

မေးစရာတွေက လူမျိုးစု သူပုန် လို. နာမည်တတ်ပြောရအောင်. လူမျိုးစုဦးရေရဲ.ဘယ်နှစ်ရာ ခိုင်နှုန်းက လက်နက်ကိုင် တဲ့ သူပုန်တွေလဲ၊ ဒီသူပုန်တွေဟာ ဘယ်သူတွေက ရွေးချယ် တင်မြောက်ထားတာလဲ ။ သူတိုက ဘယ်သူတွေ ကို ခေါင်းပုံဖြတ် အမြတ် ကြီးစားနေတာလဲ ဘာတွေ များလုပ်ပေးနေ သလဲ ?သူတိုကို ကျန်သူ ဘယ်နှရာခိုင်နှုန်းက ထောက်ခံနေသလဲ ၊ သေနတ်ပြောင်းဝနဲ့ တေ့ထားလို. ထောက်ခံ နေရတာလား ၊ သေနတ်နဲ့ အုပ်ချုပ်လို. ထား ရာ နေ စေရာသွား ကြက်တူရွေးလို.သင်ထားတဲ့ ဂါထာ မန္ဒာန် တွေ ရွတ်နေကြရ သလား။ ကိုယ် အိမ်ပြန်ခြင်လို.တောင် သူတို ခွင့်ပြုချက်မရဘဲ မပြန်နိုင်ဘူး ၊ ပြန်ခွင့်ပြုရင် သူတို.အကြောင်းတွေ ပေါ်မယ် ၊ သူတို.အရှုတ်တွေပေါ် မယ် ။ သူတို အားပျော့သွားမယ် ။

သူပုန်တွေကြားမှာ ဒီမိုကရေစီဆိုတာမရှိ နာမလည်တဲ့ တပါတီ အာဏာရှင် ကွန်မြုနစ်ဝါဒ ဆိုတာ သိ ရက် နဲ့ သူပုန် တွေကို ထောက်ခံနေတဲ့ အနောက် အုတ်စုဝင် နိုင်ငံတွေဟာ အရှက် မရှိတဲ့ သူတွေဘဲ ၊ လူ လိုသာ ခေါ် နေ တယ် မျောက်က ဆင်းသက်လာနဲ့ လူ.ကျင်ဝတ်မရှိသေးတဲ့ လူတပိုင်း မျောက်တပိုင်း တွေဘဲ ။ ဒီမိုကရေစီဆိုတာကို နာမလည် လက် မခံ လို.လဲ တိုင်းပြည်နဲ လူမျိုးအားလုံးတိုရဲ. အကျိုးကို မကြည့် ဘဲ။ သူတို လူမျိုးစုလေး သူတို.တစုလေးရဲ.အကျိုးစီးပွားအတွက် လှုပ်ရှားနေ ကြတာသာ ဖြစ်တယ်။ မြန်မာပြည်သူလူထုတရပ်လုံးကို ဖုတ်တဲ့ ငါးပိ ရှိတယ် လိုတောင်မထင် လူထု ကို ကာကွယ်နေတဲ့ တပ်မတော် ကို ကိုယ် နှုတ် နှလုံး ၃ ပါးနဲ ပစ်မှား နေ တယ် ၊ တပ်မတော်ကို တိုက်ခိုက်ခြင်း ဟာ ပြည်သူ တရပ်လုံးကို တိုက်ခိုက် တာလဲ ဖြစ်တယ် တပ်မတော်ဟာ ပြည်သူတပ်မတော် ဖြစ်တဲ့ အတွက် ပြည် သူကို ကိုယ်စားပြုတယ် ၊ ရေရှည်ရော ရေတို မှာပါ၊ ပြည်သူတရပ် လုံး အကျိုးမရှိဖြစ်စေမဲ့၊ တကိုယ်ကောင်း နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ဘာသာရေးတွေနဲ့ တိုက်ခိုက်လာတာတွေကို ကာကွယ်ပေးဘို.လိုတယ်၊၊

နိုင်ငံတော် နဲ့ နိုင်ငံတော်သားတိုကို ကာကွယ်နေတဲ့ တပ်မတော် ကို အဖက် ဖက်က အနု နည်းနဲ့ တမျိုး အကြမ်းနည်းနဲ့တဖုံ. ချေမှုန်းဘို. ကြိုးစားနေတာ တွေ ကို ယောင်လို.မှ လက်မ ခံရဘူး။ ဥပမာ ပြ ပြောရရင် ၁၉၈၈ ခုက စပြီး သိသိသာသာ တပ်မတော်ကို တိုက်ခိုက်ခဲ့တာ တွေ တွေ ခဲ့ရတယ် ။ တပ်မတော်ကို ၂ ပြားမတန်ပြောဟောခဲ့တာတွေ ၊ တပ်မတော်ရဲ တာဝန် တွေကို မသိနားမလည် သူတွေရဲ့ နားယောင်မှုတွေကြောင့် တချို.အပိုင်း တွေမှာ တပ်မတော် အပေါ် ပြည်သူအချို.ရဲ့ အထင်အမြင် လွဲမှားမှုတွေ ရှိခဲ့တယ်။

ပြည်သူလူထုတချို.ဟာ သူပုန်တွေရဲ မြေပေါ်ကိုယ်စားလည်တွေရဲ့ လှဲ.ကွက်ကို ခံရပြီး မိတ် ဆွေ ကို ရန်သူ၊ ရန်သူကို မိတ်ဆွေ မှတ်ခဲ့ တယ၊် ရလဒ် ကတော့ မြန်မာနိုင်ငံဟာ ၁၉၈၈ ခုအပြီးမှာ ၁၉၄၇ ခုဆီ ပြန်သွား နေတယ် ။ ဒီမိုကရေစီကို ဘယ်တုန်းကမှ မယုံ ဘယ်တုန်း က မှ လက်မခံတဲ့ လူမျိုးစု သူပုန်တွေ ဟာ အခုလဲ ဒီမိုကရေစီမှာ ချော်လဲ ရောထိုင် နေ တယ် ဆိုတာတွေ.ရတယ် ။

ေ တော်သေးပြီ