Article submitted by: Thunderbolts on 9-Nov-2013  
ဗေဒင် မေးဘို.မလို ပါဘူး။
မျိုးချစ် တိုင်းချစ် ပြည်ချစ်များ တို.၊

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သွား ရောက်မည်ဆိုသည့် သတင်းမှာ မမှန်ကြောင်းနှင့် တရားဝင် ဖိတ်ကြားထား ခြင်းလည်း မရှိကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား။

(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တရုတ် နိုင်ငံ သို့ သွားရောက် မည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် တရားဝင် ဖိတ်ကြား ထားခြင်းလည်း မရှိ ကြောင်း NLD ပြောရေးဆိုခွင့် ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က သတင်း ထောက်များအား နိုဝင်ဘာ ၇ ရက်တွင် ပြောကြားသည်။

ဦးဝင်းမြင့်က ''ကျွန်တော်တို့ ပါတီဥက္ကဋ္ဌကို တရုတ်နိုင်ငံ ဖိတ်တယ်။ တရုတ် နိုင်ငံကို သွားဖို့ရှိတယ်လို့ အပြင်မှာ ပြောနေကျတာတွေက မဟုတ်ပါဘူး။
တရုတ်နိုင်ငံကနေ တရားဝင် ဖိတ်ကြားထားတာလည်း မရှိပါဘူး'' ဟု ပြော ကြားသည်။)

Created on Thursday, 07 November 2013 23:39 ဆိုတဲ့ မှတ်ချက် အရ ဆိုရင် လန်ကြုတ် သတင်း ဆိုတာ ပေါ်လွင်နေတယ် ။ မြန်မာမှုမှာ အသားလို လို.အရိုးတောင်း ဆိုတာ ရှိလေတော့ ။ အခုထိ မစုကြည် ကို တရုတ်တို.က ကြိုးရှည်ရှည်နဲ့ လှန်ထားတုန်းဘဲ လေ.လာနေသေးတုန်းဘဲ ရှိတယ် လို. ယူဆရတယ် ။

တရုတ်နဲ့ ရုရှားတိုက ၂၀၁၅ ခု ရွေးကောက်ပွဲ မတိုင်မီ အမှီ သူကို ချွင်းချက် မရှိ ထောက်ခံ ဘို.မစုကြည် လိုလား တယ် ၊ မျှော်လင့်တယ် ၊ ဒါဆိုရင် မြန်မာ သာမက ကမ္ဘာနဲ့ စင်္ကြာဝဋာ ကိုပါ လက်ဝါးကြီး အုပ်နိုင်မယ် ။

ဖြစ်နိုင်တာတွေက တော့ မစုကြည်ကို မမေ.ပါနဲ့ ဖိတ်ကြားဘို. အချိန်ရောက် ပါ ပြီ ၊ လာလည် ဘို.လဲ Ready ပါဘဲ လို. ပြောနေတာလား ၊ အချက်ပေးနေ တာလား အသိအမှတ်ပြုဘို. အချိန် ရောက်ပါပြီလို. သတိပေး လိုက်တာ လား ။ တရားဝင် ဖိတ်ကြားထားခြင်းမရှိပါဘူး ဆိုတော့ တရားမ၀င် တိုးတိုး တိတ်တိတ် ခရီးသွား ဟန်လွဲများ ဖိတ်ထားသလား လို. ထင်ယောင် ထင်မှား ဖြစ်စရာ ။ NLD က လာလည်ပါရစေ လို. တိုးတိုးတိတ်တိတ် ပြော ချည်းကပ် ခဲ့လို. မလာပါနဲ့ အုံး လက်မခံနိုင်သေးပါဘူးလို.ပြောလိုက်တာကို အရှက်ပြေ အရင်ဦးအောင် ထုတ် ပြောလိုက်တာလား ဦးဝင်းမြင့်ရယ်။ နောက် အပါတ် ကျရင် ရုရှားဖယ်ဒရေး ရှင်း က မော်စကိုလာဘို.များ ဖိတ်တယ် လို.ကြားရ လေမလား လို.လား?

မြန်မာနိုင်ငံ ဟာ မစုကြည် တယောက်ကို မြွေပွေး ခါးပိုက် ပိုက်ထားရတာ ကတော့ အမှန်ဘဲ ဒီမြွေပွေးဟာ တရုတ်နဲ့ ရုရှုားတိုကို ရော အန္တရယ်ပြုနိုင် တယ် ။ မစုကြည်ရဲ့ သဘောထားကို တရုတ်တွေ ရုရှားတွေ ကောင်းကောင်း သိပါတယ်၊ နိုင်ငံရေးမှာ ကောင်းကောင်းသိတယ် ဆိုရင် ဘဲ လုံလောက်ပါပြီ။

တကယ်တော. တရုတ်ပြည်သူ သမတ နိုင်ငံနဲ့ ရုရှား ဖယ်ဒရေးရှင်းတို.ဟာ ပြီးခဲ့တဲ့ အပိုင်း က မြန်မာနိုင်ငံကို ၀ိုင်းပြီး အဓမ္မကျင့်ကြတဲ့ ထဲမှာ မပါကြဘူး။ ကိုယ်ချင်းဆာ တရားနဲ့ ပြည်.စုံကြတဲ့ နိုင်ငံတွေဖြစ်တယ် လို.ပြောရင် ရတယ် ၊ အမှန်တကယ်က မြန်မာနိုင်ငံမှာ အနောက် အုတ်စုက စစ်ရေးအရ ခြေ ကုတ် ရရင် သူတို.လဲ အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်း မစားရ တလန်လန်ူ.နဲ့ နေရမှာကို စိုးရိမ်တယ် ၊ ကြောက်လို. တော့ မဟုတ်ဘူးလေ။ စစ်ဆို တာ သူကဘဲ စစ ကိုယ်ကဘဲ စစ စမိရင် ဆူံးအောင် တိုက်ရလိမ်.မယ် ၊နိင်သူ ရှုံးသူ ၂ ဦးစလုံး လူ နဲ့ ပစ္စည် ဆုံးရှုံးရလိမ်.မယ် ။ သူတို မအိပ်နိုင်တာ ထားပါတော ဒို.မြန်မာပြည် ဘာဖြစ်မလဲ ? စစ်တလင်း နဲ ဠင်းတ ဆာ။

ဒုတိယ ကမ္ဘာစစ် မှာ နာဇီဂျာမဏီနဲ့ ဂျပန်တို.ကို စေ့စေ့ ညက်ညက် ကြေ အောင် အပြတ်ခြေ မှုန်း ခဲ့သလို. အနောက် အုပ်စုက တရုတ်ကိုရော ရုရှား ကိုပါ ခေါင်းမထောင်နိုင်အောင် အပြတ်ရှင်းနိုင်မယ် မဟုတ်သလို. ဘီဂျင်းနဲ့ မော်စကို တို.ကလဲ အမေရိကန် ကိုရော ဥရောပ ကိုပါ. အပြတ်ရှင်းနိုင်မှာ မဟုတ်လို.ဘဲ ။ အကုန် ငတ်ကုန်မယ် ထုတဲ့ သြရှစ် ခံတဲ့ သြရှစ် ၂ ခုစလုံး အကြီးအကျယ် ကွဲမယ် ။ ရန်စ ရှည် မယ်။ နူးကလီးယာ လက်နက်ဟာ ကြောင်စရာဆိုတာ တွေ မြင်ခဲ့ကြရပြီ မဟုတ်လား ။

မစုကြည်ဟာ သူကိုယ်တိုင် အတွက်ဘဲ ဖြစ်စေ အမေရိကန် ဦးဆောင်တဲ့ အနောက်အုတ်စုရဲ ကျေးစေ တမန် အဖြစ်နဲ့ တရုတ်နဲ့ ရုရှားကို သွာြး့ပီး လူဦးရေ သန်း ၁၅၀၀ နီးပါးရှိ တရုတ် နိုင်ငံ ကို တာဝန်ယူနေတဲ့ သမတ Xi Jinping နဲ့ ၂၀၁၂ ခု စာရင်းအရ လူဦးရေ ၁၄၃ သန်းရှိ ရုရှား သမတ Vladimir Putin တို.ကို ချွဲချွဲပစ်ပစ်နဲ့ မြုဆွယ်နိုင် လိမ့်မယ် မထင်ဘူး ။ သူတို ၂ ယောက်စလူံးဟာ အို ဘားမား လို မဟုတ်ဘူးဆိုတာ သိရမယ် ။

ရုရှား နိုင်ငံ သမတ Vladimir Putin ကတော့ လောလောဆယ် မယားနဲ့ ကွာရှင်းထားတဲ့ တခုလပ် လို ဆိုရမှာပေါ.၊ Putin ဟာ အခုချိန်ထိတော့ အမေရိကန် သမတ ကနေဒီတို. ကလင်တင် တို.လို အညှီနံ့ မထွက် သေး ဘူး။ မိန်းမတွေနဲ့ တွေ.ရမှာ သတိထားပုံရှိတယ် ။ မလိုခြင်လို.တောင် ကွာ ရှင်းခဲ့တယ်။ လုပ်ကြံ စွပ်စွဲမှုတွေ ဟာ နိုင်ငံရေးလက်နက် တမျိုးဘဲ။ မှားတာ မှန်တာ ပထာဏ မဟုတ်ဘူး။

ရုရှားကို ဟာ ၁၉၄၅ ခု စစ်ပြီးကထဲ့က တချီထဲ အပြတ်ရှင်းဘို.အနောက်ဖက် က ကြံစည်သေး သလို ၊ တရုတ်ကိုလဲ ၁၉၅၀ ခု ကိုရီးယားစစ်ပွဲ အတွင်း အနုမြူ ဗုံးသုံးပြီး ဂျပန်လို ပြားပြားဝပ် အောင် လုပ်ဘို. အမေရိကန် ဗိုလ်ချုပ်ကြီး မက် အာသာ က အကြုံပြု ဘူးတယ် ။

အနောက် အုတ်စုရဲ့ စိတ်နေသဘောထားဟာ. စစ်အတွင်း မဟာမိတ် ဖြစ်တဲ့ ရုရှားပေါ်မှာ တောင် အကြံ ပက် စက် ၊ မရိုးသားဘူးဆို တာပေါ်လွင်တယ် ။
ဒီတော့ အနောက်အုတ်စုနဲ ပလူးခြင်တိုင်း ပလူးနေတဲ့ မစုကြည်ရဲ.စိတ်နေ သဘောထား အကြံအစည်တွေ ကို ဗေဒင် မေးဘို. မလိုပါဘူး ။ ခန်.မှန်းနိုင် လောက်တယ် ။

ဒီနေရာမှ တခန်း ရပ်လိုက် အုံးမယ် ။