Article submitted by: Thunderbolts on 9-Nov-2013  
ဗမာ လူမျိုးစု တပ်မတော် ဖွဲ.စည်းရေး ။
အားလုံးကို လေးစားပါတယ် ၊

ွှအရမ်းလဲ မစိုးရိမ်ပါနဲ.အခြေအနေပေါ်မူတည် ပြီး အခြေအနေက တောင်းဆို လာရင် ဗမာ လူမျိုးစု တပ်မတော် တခုဖွဲစည်းရေး ဗမာတွေ. ကြိုတင် စဉ်းစား ထားကြဘို.ပါ ။

ဗမာတွေဟာလဲ တိုင်းရင်းသားတွေ ဖြစ်တဲ့ အတွက် တိုင်းရင်းသား အရေး ဆိုရင် ဗမာတွေ အရေးပါတယ် လို.ပြောရမှာ ဖြစ်တယ် ။ ဗမာအရေးကို တော့ ဗမာတွေ အချင်းချင်းကြားမှ သီးခြားဆွေနွေးကြရမယ်. ဆွေးနွေးစရာ တွေ အများကြီးဘဲ ။ ရှေးကလဲ ( ဒို.ဗမာ အစည်း အရုံး ) ဆိုတာ ရှိဘူးပါ တယ် လေ။ ဖြစ်ပေါ်လာနေတဲ့ အခြေအနေတွေအရ အမြန်ဆုံး ဆွေးနွေး ကြရမယ် ။

လက်နက်ကိုင် သူပုန်တွေဟာ တဦးတယောက်အတွက် အကြမ်းဖက်သမား တွေ ဖြစ်ကောင်း ဖြစ်မယ်. နောက်တဦးတယောက်အတွက်တော့ လွတ်လပ် ရေး တိုက်ပွဲဝင်သူ ဖြစ်ပါလိမ့်မယ် ၊

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတွှက် ကာလ အလျှောက် အခေါ်အဝေါ် အသုံးအစွဲ ပြောင်း လဲလာတာ တွေကတော့ရှိမှာဘဲ ဒါတွေကြောင့်တော့ ကိုယ် ကသာ မျက်ခြေ မပြတ်စေ နဲ့ ပေါ.လို.ဘဲ ပြောရမယ်။

Myanmar Army must be in politics until Terrorists are gone ရင် ပေါ့သွားအောင် ပြောခြင်တာြေ့ပာလိုက် တာ အကောင်းဆုံးဘဲ ။ ၁၉၄၈ ခုက ၁၉၆၂ ခုထိ တပ်မတော်ဟာ နိုင်ငံရေးထဲ ( ပါလီမန်ထဲမှာ) ၀င်မထိုင်ဘဲ တပ်မတော်ရဲ့ တာဝန် ဖြစ်တဲ့ ကွန်မြုနစ်ရန် တရုတ်ဖြူရန် အပါအ၀င် လူမျိုးစု အမည်ခံပြီး တရားမ၀င် မှောင်ခိုလုပ်ငန်း အရပ်ရပ် လုပ်နေ တဲ့ သောင်းကျန်း သူ အရပ်ရပ် ကို ချေမှုန်းနေခဲ့ပါတယ် ။

လူမျိုးစုတိုင်းက လူမျိုးစုဝင်အားလုံး ဟာ သောင်းကျန်း အကြမ်းဖက် သမား တွေ မဟုတ်ကြ ပါဘူ ။ ဒါပေမဲ့ စောလူးမင်းကို ကျန်းစစ်သားမကယ် နိုင်သ လို. သူတိုကို ငသောင်းကျန်းတွေ ရဲ.လက်က ကယ်ဆယ်နိုင်ဘို.အစိုးရက ဘာမှ လဲ မတတ်နိုင်အောင် ရှိနေတယ် ။ ခက်နေတာ က ဒုက္ခသယ် ဆိုတာ တွေကို အကာအကွယ်ယြူ့ပီး သောင်းကျန်းတွေက ကုလ အဖွဲ.ကိုတောင် လှဲ့ပါတ်နေတာ သိရက် နဲ့ ခံနေရတယ် ။ အစိုးရတပ်ကို ဗမာ တပ် ဆိုပြီး တမျိုး ၊ ဗမာတွေဆိုပြီး တဖုံ၊ ဗမာဆိုတာ ဖြူသလား မဲ သလားတောင် မမြင် ဘူးတဲ့ သူတွေကို ခလေး ချောက်သလို စာချောက်ရုပ်ပြပြီုး ချောက်ထား တယ် ။ ဒုက္ခသယ်တွေအနေနဲ့လဲ နီးရာဒါး ကြောက် နေ ကြရတယ် ။

နိုင်ငံရေးသမားတွေက ရှုံ.ချီတခါ နှပ်ချီတလှည့် နိင်ငံရေး ကစားနေခဲ့တာ ကျီးနဲ့ ဘုတ် ဘယ်သူက ဘယ် သူ.ကှို မရိုသေဘူး တပ်မတော်ကို မလေး မစား ခလေးလို.ဆက်ဆံ ခဲ့တာ တွေကြောင့်၊ သောင်း ကျန်း တွေဟာ ကန်း တက်ပြီး အစိုးရကိုလဲ မလေးစား တပ်မတော်ကို လဲ မလေးစား ပြည်သူတရပ် လုံးကိုပါ စော်ကားခဲ့တာတွေ မြန်မာ နိုင်ငံရေး တလျှောက်မှာ တွေခဲ့ရတယ် ။

အထူးသဖြင် ၁၉၈၈ ခုက ကိုယ်ဘာလုပ်လို ဘာမှန်းမသိသူတွေ ကြားမှာ မစုကြည်ကို သွေး အိုင်တွေထဲ ဖျာခင်းပေးသူက ခင်းပေး၊ ထိုင်သူကလဲ အရှက်မရှိ ၀င် ထိုင် တယ် ၊ ဖင် သွေးစိုတော့ ကိုယ်ဟာကိုယ် ဘာသွေးမှန်း တောင် မသိအောင် မွှန် နေသူကလဲ ရှိသေး တယ်။

ပြောခဲ့ဘူးတဲ့ ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာနိုင်ငံမှာ တပ်မတော်ကို မပျက် ပျက်အောင် ဖျက်ဘို.နည်းအဖုံဖုံ ကြိုးပန်းခံကြပေမဲ့ ဗိုလ်နေ၀င်းနဲ့ တပ်မ တော် ရဲဘော်အားလုံးကျေးဇူး ကြောင့် သောင်းကျန်းမှုရန် လျှော့ သွား တယ်၊ အမြစ် မပြတ်ဘူး။ အိမ်နီးချင်းတွေကို ၊ ကျေူးဇူးတင်ရင်လဲ ရတယ် အပြစ်တင်ရင်လဲ့ ရတယ် ။ အမြစ် မပြတ်ရတဲ့ အကြောင်းတွေ ကတော့ တပ်မတော် ဟာ လူတွေနဲ့ ဖွဲ.စည်းထားတဲ့ လူ.အဖွဲအစည်းဖြစ်လို.ဘဲ ။

တပ်မတော်လဲ မပျက်ဘူး ၊ ဒါကို မရှုစိမ့်သူတွေထဲမှာ မစုကြည် မပါဘူးလို. ပြောလို.မရဘူး. သူရဲ စိတ်နေ သဘောထား ခံယူချက်တွေကို ၁၉၈၈ ခု က မြင်တွေ ခဲ့ရတဲ့အပြင် အခုလဲ တပ်မတော် ကို သူကြိုးကိုင် ခြင်ပုံရှိတယ် ဆိုတာတွေ ရတယ် ။ မစားရတဲ့ အမဲ သဲနဲ့ ပက် ပေါ့လေ ။ ဗိုလ်ချုပ်နေ၀င်း တယောက် သူအဖေ ကိုအောင်ဆန်းထက် သာသွားမှာကို လုံးဝ မလိုလားတဲ့ မစုကြည်။ မစုကြည် သိစရာ တတ်စရာ မလိုဘူးလေ။ မြန်မာစကားမှာ (လူ မတတ်ဘူးဆိုပေမဲ လဘက်ထုတ်တော့ တတ်သေးတယ်) ဆိုသလို မစုကြည်ဟာ အဝေး ထိမ်းခလုက်နဲ့.လှုပ်ရှားနေသူတယောက် ဆိုတာ မပြောဘဲ သိဘို.ကောင်းတယ် ။

ဒို.ပြည် ဒို.မြေကို မြန်မာပြည် ဘဲ ခေါ် ခေါ် တကောင်း ၊ ပုဂံ၊ သရေခေတ္တရာ ၊ တောင်ငူ ၊ ကုန်းဘောင် လိုဘဲ ခေါ်ခေါ် ဒီပြည် မှာ ဗမာအများဆုံးဘဲ ဆိုတာ စင်္ကြ၀ဋာ တသောင်း နဲ့ ၃၁ ဘုံ က လူ နတ် ဗြမ္မာ သတ္တ၀ါ အားလုံးက သိကြ ပါတယ် ။ သူတို ပထွေးတွေက တောင် ဗမာ များတဲ့ မြေကို ဗားမား လို.ဆိုပြီး ဗမာတွေကို ရည်ညွန်းပြီး ခေါ်နေတုန်းဘဲ၊ ဒီမိုကရေစီ ကျကျ ခေါ်ခဲ့တာဘဲ ။ အမည်နာမဆိုတာ ပညတ်ချက်ပါ ၊ ဗားမားဆိုလို. အဆိုးကြီးဘဲတော့ မဟုတ် ပါဘူး။

ဖယ်ဒရယ် ပြည်ထောင်စု ဆိုရင် လဲ ဗမာ အများစု ပါဘဲ ၊ (ဖယ်ဒရယ်) ဆိုတာက ဗမာ စကားမဟုတ်လို. ဗမာ တွေ မရှိတော့ဘူး၊ ဗမာပြည် မရှိ တော့ ဘူးရယ်လို.တော့ မထင်မှတ် လိုက်ပါနဲ့ ။ အတိတ်က ကျုပ်ပြောခဲ့ ဘူး တာတွေကို မြန်မာတွေ အားလုံးသဘောပေါက်စေ ခြင်တာက ၊ ကျုပ်တို. ဗမာတွေဟာ ရန်မလိုတတ် တဲ့ ဗုဓ္ဒဘာသာ တွေပါ ။ အထူးသဖြင် ဗမာတွေ ကို ဘယ်သူ ဘယ်လောက်ဘဲ လူမျိုးရေးအရ ဘာသာရေး အရ စော်ကား နေစေ ၊ ရန်ကို ရန်ချင်း လက်တုန်.မပြန်ပါဘူး။ အေးအေး ဆေးဆေး မေတ္တာ ဘာဝနာ ပွားများ ပြီး တာဝန် ရှိသူတွေ တာဝန်ရှိသလို လုပ်ကြပါဘူး စေလို. ယုံကြည် စိတ်ချမှူ အပြည့်ထားခဲ့ပါတယ်၊

ဗုဓ္ဒဘာသာ ဂိုဏ်း ဗမာဂိုဏ်းဆိုတာတွေ ဖွဲပြီး လူတဦးတယောက်ပေါ်ဘဲ ဖြစ် စေ လူ.အဖွဲ အစည်းတခုခု အပေါ်ဘဲ ဖြစ်စေ စော်ကားရမ်းကား ခဲ့ခြင်းမရှိ ပါဘူး။ ဗမာတွေမှာ လူမျိုးစု တွေ ကြား လူမျိုး ခြွဲခားမှု ဆိုတာမရှိဘူး။ တခြားလူမျိုးစုဝင်တွေလိုဘဲ လူမျိုးရေး ဘာသာရေး အစွန်းရောက် ၀ါဒီတွေ မရှိဘူးလို.လဲ တာဝန်မခံနိုင်ဘူး။ သီးခံတယ် ဆိုတာ သူ.အတိုင်းအတာနဲ့ သူသာရှိတယ်၊ သီးမခံနိုင်တော့ရင်လဲ ဗမာအကြောင်း သိကြရမှာပါ ။

ဗမာတွေဟာ ဗမာ လူမျိုးကြီးဝါဒကျင့်သုံး နေတယ် လို. လူမျိုးစုခေါ့င်းဆောင် တချို.က မလို တမာ ပြောကြ တယ် ၊ သူတိုစိတ်နဲနှိုင်းပြီး ဗြောင် သက်သက် စော်ကားတာဘဲ ၊ ပြောရ လောက် အောင် ဗမာတွေ ဘာမှ မလုပ်ခဲ့ဘူး။ ဗမာ လူမျိုးစု စစ်တပ်ဆိုတာတောင် မဖွဲ.ဘူး ။ ပုဂလိကပိုင် စစ်တပ်ဖွဲ.၊ ပြ့ည်သူ.စစ်တွေ. ကာကွယ်ရေးတွေဖွဲ့ ရပ်ကွက် မီးကင်း ၊ရေကင်း လေ ကင်းတောင် မဖွဲဘူး။ မဖွဲဘဲ လက်ရှိ မြန်မာတပ်မတော် ကိုဘဲ အားကိုးတယ် ယုံကြည်တယ်။ ရှေ.ကိုလဲ ဒီအရံအဖွဲ့တွေ မလိုပါစေနဲ့လို သာမျှော် လင့်ရ တယ် ။ အတွေအကြုံအရ ဗမာ တွေ သတိလက်လွတ်တော့ မဟုတ်ပါဘူး။ လက်ရှိ လူမျိုးစု လက်နက်ကိုင် ဆိုတာတွေ ကို အစိုးရကရော ဖွဲစည်းပုံ အခြေခံ ဥပဒေကပါ ခွင့်ပြုမယ် ဆိုရင် ဗမာတွေလဲ ဗမာ စစ်စစ် ဗမာ့တပ်မတော် တခု ဖွဲ.စည်းကြတာကို ခွင့်ပြုရလိမ့်မယ် ၊ ရန်ပြုဘို. မဟုတ်ဘူးနော် လာမဲ့ ရန်ကို ကာကွယ်ဘို.ဘဲ၊ လုမျိုးစု လက်နက်ကိုင်တပ်တွေ ရဲ့ စိတ်ရင်း သဘောရင်း တွေဟာ သိသာ မြင်သာ လွန်းနေတယ် ။

ရခိုင် ပြည်နယ်မှာစတဲ့ မွတ်စလင် ဗုဓ္ဒဘာသာ အဓိကရုဏ်းဟာ လုကြီး လူငယ် အားလုံးကို နိုးကြားစေခဲ့ တယ် မျက်လုံးပွင့် စေခဲ့တယ် ။ ( အိပ် နေတဲ့ ကျားကို မနှိုးပါနဲံ) ဆိုတဲ့ တရုတ် စကားပုံရှိသလို အိပ်နေတဲ့ ဗုဓ္ဒ ဘာသာတွေကို အိပ်ယာက နိုးလိုက်တဲ့ အတွက်လဲ တနည်း ကျေးဇူးတင် အားရတယ် ၊ ဘာကြောင့်လဲ ဆိုတော့ ဗမာတွေ အိပ်မောကျနေတာ ၊ သတိများ လစ်နေသလား ၊ မျောနေတာလား အသက်တောင် ပါ သွား ပြီ လားလို. စိုးရိမ်နေခဲ့ရတာ ။ တော်သေးတာပေါ့. ထိမ်းထိမ်း သိမ်းသိမ်းရှိခဲ့တာ ဘ။ဲ

အခုလဲ ပြောမဲ့.သာ ပြောနေတယ် ။ ဗမာဆိုတဲ့ အမည်ဟာ ဘယ်သူ ဖျောက် ဖျောက် ဘယ်လို ဖျောက်လို.မှ မပျောက် ပါဘူး ၊ တိုင်းရင်းသား စည်းလုံရေး အတွက်. နိုင်ငံတော် အေးချမ်းသာယာရေးအတွက် ၊ ဖွဲ.ဖြိုး တိုးတက်ရေး အတွက်ဘဲ ဗမာတွေဟာ လူမျိုးရေးအရ ဘာသာ ရေးအရ အနစ်နာ ခံ နေ ကြတာ ဆိုတာကို ဖွင်.မပြောဘဲ သိကြစေလိုတယ် ။ ဒါကို ဗမာ တွေ ဟာ ဆောက်အ ဆောက်န တွေဘဲ ထင်ပြီး ထပ်စော်ကား လာရင် မကောင်းဘူး ၊ လူကရိုက် ရင် ဘုရားရိုက်တာထက် နာတတ်တယ် ဘုရား သခင်လဲ တတ်နိုင် မှာ ကယ်နိုင်မှာ မဟုတ် ဘူး ။

မြန်မြာ့ပည်မှာ အများစု ဖြစ်နေတဲ့ ဗမာ အရေအတွက် လျှော့ချ ရအောင် လုပ်ခြင်နေကြ သလား ၊ လုပ်နေ ကြတာလား လိုဘဲ မေးပါရစေ ?

မြန်မာတပ်မတော် တောင့်တင်း ခိုင်မာဘိုရာ ပြည်သူတွေရဲ့ အသိတရား တောင့်တင်း ခိုင်မာမှုအပေါ် တည် တယ် ၊ တပ်မတော်ကို ပြည်သူနဲ ခွဲမဲ့.သူ ကို ဘယ်လိုမှ လက်မခံရ ဘူး။ တပ်မတော်သည် ပြည်သူ ၊ ပြည်သူ သည် တပ်မတော် ၊ တပ်မတော်မှာ မြန်မာတိုင်း ရင်းသား လူမျိုးစုဝင်တွေဘဲ ဖြစ် တယ် ၊ လူမျိုးခြား ကြေးစား စစ်သားတွေ မဟုတ်ဘူး ၊ နိုင်ငံတော်နဲ့ နိုင်ငံတော်သားတို.ကို တပ်မတော်နဲ ပြည်သူတို.လက်တွဲ ကာကွယ် ရမယ် ဖြစ်တယ် ။

မစုကြည်မှာ တိကျခိုင်မာ ရေရာတဲ့ မူတွေ ရှိပုံမရဘူး ၊ ပြည်သူလူထုကို မြော့ သွေးစမ်းတုန်း ဘဲ လို.မြင် တယ် ။ ဆိုလိုတာက မရုတ် မလွန်တွေပေါ့၊ မစုကြည် နဲ့ လူထုဟာလဲ တဖက်နဲ့ တဖက်နဲ့တဖက် အကဲခတ်နေတယ် ။သူကိုယ်တိုင်လဲ ရေရေရာရာ ဘာမှ မသိဘူး ၊. ပြည်သူလူထု အများစု ဟာ ဗမာ တွေ ဘဲ ဆိုတာ သူသိတယ်လေ ၊ ဗမာကိုယ် စားပြု နိုင်ငံရေးပါတီ ၄၆ ခု ဆိုလား ရှိတယ်. မစုကြည် ပန်းဝင်ခါနီးမှ ခွာ လိမ် ခြေခေါက်သွားလို. မဖြစ်ဘူး။ လိုဘဲ ပြောတော့ မယ် ။ ဖြစ် သွားလဲ ၀မ်းမနဲပါဘူး။

တော်သေးပြီ ။