Article submitted by: Thunderbolts on 7-Nov-2013  
သိုက်သမားတွေ နဲ့.မြန်မာနိုင်ငံ ။
မျိုးချစ် တိုင်းချစ် ပြည်ချစ် များတို.။
(ဘ နဖူး သိုက် တူးလိုသူများ )။ (ဘ ကိုချစ်လို. ဘ နဖူးပေါ် နားနေတဲ့ ခြင်ကောင်ကို သား က ပုဆိန်နဲ့ ခုတ်သတ်) လိုက်သတဲ့ ။့ အဓိပါယ် နဲ့ အကျိုးသက်ရောက် မှု တွေ ကို သေသေ ချာချာ စဉ်းစားကြည့်ကြစေခြင် တယ်။ ချစ်တယ် ဆိုတိုင်း မပြီးဘူး၊ ချစ်တတ်ရမယ် တဲ့။

ရှေ.ဆက်မပြောမီ တခုပြောခြင်တာက( တရားဥပဒေ စိုးမိုးရေးလို တကျော် ကျော် အော်နေ တဲ့ ကိစ္စ) တရား ဥပဒေ ဆိုတိုင်း တရားတယ် ထင်သလား လို. မေးခြင်တယ် ။ မြန်မာနိုင်ငံက ဥပဒေတွေဟာ အင်္ဂလိပ် အုပ် ချုပ်စဉ်က ဥပဒေတွေ (သို.) အဲဒီ ဥပဒေတွေကို မှီငြမ်း ပြဌာန်းတဲ့ ဥပဒေတွေ ၊ပါလီ
မန်ခေတ် ၊ မြန်မာ ဆိုရှယ်လစ် ခေတ် ဥပဒေတွေ ကလဲ ရှိနေတယ် ၊ ဘယ် ဥပဒေ ကို စိုးမိုး စေခြင်တာလဲ ၊ အင်္ဂလန်နို်င်ငံက တရားဥပဒေ ဆိုတာတွေ ကို စာအုပ် အတိုင်း ယူလာပြီး မြန်မာနိုင်ငံမှာ စိုးမိုး စေလို လို.လား၊ ဥပဒေ စိုးမိုးရေး ဆိုပြီး လူကြားရုံ တဂျီဂျီ အော်နေလို.တော့ မပြီးသေးဘူး လေ ။

မေးပါရစေအုံး အင်္ဂလိပ်တို. အမေရီ ကန် တို.မှာ ဥပဒေ သာ စိုးမိုးနေရင် လူတွေ ကျောင်းသူ ကျောင်းသား ခလေးတွေ နေ.စဉ်နေ.တိုင်း သေ နတ် ပစ် ခံ ပြီးသေပွဲ ၀င် ကြရလိမ့်မယ် မဟုတ်ဘူး ၊ နိုင်ငံရေးသမား ၊အမှုထမ်း တွေကြား အဂိတ လိုက်စားမှူတွေ ကြားရ မြင်ရ လိမ့် မယ် မဟုတ်ဘူး။ အမေရိကန် ပြည်ထောင်စု မှာ တနေ.တနေ. သေနတ်ပစ်သတ်ခံရလို သေ ရ တဲ့ မသာ ဘယ် နှလောင်း ရှိသလဲ ?

မေးဘူးပါတယ် ၊ မယ် မင်းကြီးမ အိမ်က အစေခံတွေ ယဉ်မောင်း ခြံစောင်.အပါအ၀င်ကို ဘယ် ဥပဒေတွေ၊ ဘယ်ခံစားခွင့်တွေနဲ့ ခန်.ထားသလဲ လို.၊ ကျွန် လစာ လုပ်ခနဲ့လား ။ စနေ တနင်္ဂနွေ အပြင် တနှစ်ကို လုပ်ခ ပြည့် အားလပ်ခွင့် ဘယ်နှရက်ပေးသလဲ ။ ၊ ပင်စင် ထား ပေး သလား ၊ အခမဲ့ စေတနာ့ ၀န်ထမ်းတွေလား သိခြင်တာက ဒါတွေအားလုံး ဥပဒေ အတွင်း ကလား ဆိုတာပါ ။

ဒီနေ. ဆွေးနွေးခြင်တာက ရတနာသိုက်ကြီး ဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ သိုက်တူး သမားတွေ အကြောင်းဘဲ ၊ မြန်မာတွေက အဂိယ ဖိုလ်ထိုး ၀ါသနာ ပါကြ တယ်၊ လိုတရ ပြဒါးရှင်လုံး ရဘို.ပေါ့လေ ၊ သိုက်ရှာတဲ့ လူတွေ တော့ မဟုတ်ပါဘူး မြေသျှိုး မိုးပျံ ဘို.လဲ ပဌမံ ဘိုးဘိုး အောင် ၊ ရှင် အဇ္စဂေါဏ တို. ရှေက လမ်းပြသွားတော့ နောက်က လိုက်ကြတာပေါ့. မင်းတုန်းမင်းကြီး ဦးလွင် တောင် ပါသေးသတဲ. ဘဏ္ဍာတိုက်က ငွေကုန်တော့မှ ဖိုဆရာကို အသေ သတ်တော့ တာဘဲ ။

မှန်ပါတယ် မြန်မာနိုင်ငံဟာ သယံဇာတ ပစ္စည်းပေါင်းများစွာနဲ့ ကြွယ်ဝနေတဲ့ နိုင်ငံ ဖြစ်တယ် ၊ ဖိုလ်ထိုး လို.တော့ ဖြင့် မကုန်သေးပါဘူး။ သိုက်သမားတွေနဲ့ တွေ.မှ ကုန်တော့မှာ ပါ။

မြန်မာတွေကတော့ လက်နဲ့တူးလို သယ်ဇာတတွေ တပုံကြီူ ကျန်သေးတယ် ။ ရတဲ့ အကြမ်း ထည် ကို အကြမ်းထည် အတိုင်း ပေါပေါနဲ့ ရောင်းရင် ရောင်း ၊ ဒါမှမဟုတ် တွင်းကို ပေါပေါနဲ့ ရောင်း၊ လုပ်ပိုင်ခွင့် ကို တောင် ပေါပေါနဲ ရောင်း ပစ်တတ်ကြတယ် ၊ ကိုယ် အသုံးမကျတာ မလုပ်တတ် မကိုင်တတ် တာတွေ ကို ဖုံးကွယ်ပြီး လောဘ မရှိသယောင် နာမည်ကောင်း ယူလိုက် သေးတယ် ။ သူများတွေ ကြီးပွားတော့မှ ကြီးမားတော့မဲ အရေးမြင်မှ ကိုယ့် ပစ္စည်း ကိုယ်ပြန်လို ခြင်ကြ သတဲ့။ ဒီထဲမှာ တချိန်က နိုင်ငံပိုင် အဖြစ် သိမ်း ထားတာတွေလဲ ပါမယ် ။

မြန်မာသယံဇာတတွေ ကို ခေတ်မီ စက်တွေနဲ့ တူးရင် ဘယ်လောက်ကြာကြာ ခံမလဲ? တောင်တွေ ဖေါက်၊ တံတားတွေ ဆောက်။ ဒီ ပစ္စည်းတွေကို ပိုင်ဆိုင် မှု စီမံထုခွဲနိုင်မှူ တွေ ဟာ ပဋိပက္ခ ဖြစ်ရတဲ့ ပြသနာ ရင်း ဆိုတာ သိကြရဲ့ လား?

ကမ္ဘာသစ် ဆိုတဲ့ အမေရိက တိုက်မှာ ဥရောပသား တွေ ဒုတ် စိုက် အလံစိုက် ပြီး မှတ်ပုံတင် စာအုပ်ထဲ ရေးသွင်းပြီး မြေတွေ ကို တိုင်းရင်းသား လူမျိုးစု တွေဆီက အတင်းအဓမ္မ သိမ်းခဲ့ ကြ တယ်။ တိုင်းရင်းသားလူမျိုးစုတွေဟာ သူတို ဘိုးဘွားပိုင် မြေ တွေ ပါလို. ပြောရုံကလွဲပြီး ပြစရာ အထောက် အထား ဘာမှ မရှိဘူး။

မြန်မာလို နိုင်ငံမျိုးမှာ ဘိုးဘွား ပိုင် ဆိုတာ ဘာလဲ လို.မေးရမယ် ။ ဘုရင့် မြေ ၊ ဘုရားမြေ (သာသနာ့မြေ) ဘုရင်မင်းမြတ်က ဆုလဘ်အဖြစ် သနားလို.ရနဲ့ မြေတွေဟာ ဘုရားမြေ(သာသနာ မြေ) မှတပါး ဘုရင် က အချိန်မရွေး ပြန် သိမ်းလို.ရတယ် လို. လူကြီး သူမတွေ ပြောတာကြားဘူးတယ် ၊ ဂရံ မြေ ၊ ဖရီးဟိုး ၊လိ(စ) ဟိုးဆိုတာတွေ ကိုတောင် အုပ်ချုပ်သူ ဘုရင်၊ နယ်စား ပါယ် စားတို.က အခွန် အတုတ် ကောက်ကြတယ် ဘိုးဘွားပိုင် ဆိုတာ ဘာကိုပြော တာလဲ ? အခွန်အတုတ်ပေးနေသမျှ လုပ်ပိုင်ခွင်သာရှိတယ် ပိုင်ဆို်င်ခွင့် မရှိ ဘူး ဆိုတာ ပြနေတာဘဲ လို.တောင် အဓိပါယ်ကောက်ယူလို.ရတယ် ။

၁၉၄၈ ခု လွတ်လပ်ရေး ရအပြီးမှာ နိုင်ငံပိုင် လုပ်ခဲ့တာတွေ ၊ ၁၉၆၂ ခု နောက် ပိုင်း ပြည်သူ ပိုင် အဖြစ် သိမ်း ဆီးခဲ့ တဲ့ ကုလားပိုင် တရုတ်ပိုင် မြေတွေ လယ်တွေ ယာတွေ ကို ဘိုးဘွား ပိုင် လို.ပြောရအောင် ဘယ်သူ ဘိုးဘွားတွေကို ဆိုလိုသလဲ - မြန်မာတွေလား လူမျိုးခြား တွေလား ? ဘယ်ခေတ် ဘယ်ကာလ ကိုပြောနေ တာလဲ ? ဥပဒေကြောင်းအရ ပြောရ ရင်. ကိုယ် ပိုင်ကြောင်း ဆိုင်ကြောင်းကို ဥပဒေအရ ကန်.သတ်ထားတဲ့ နှစ် ကာလ အပိုင်းအခြား အတွင်းမှာသာ အထောက်အထားနဲတရားရုံးမှာ လျှောက်ထား တောင်းဆိုပိုင်ခွင့်ရှိတယ် ။

၁၉၇၄ ခု က စတဲ့ ဆိုရှယ်လစ် ခေတ်မှာ မြန်မာတိုင်းရင်းသား၊ မြန်မာနိုငံသား ဆိုတာတွေ အတိအကျ ပြ ဌာန်းခဲ့တယ် ဧည့်နိုင်ငံသားဆိုတာတောင် ပါသေး တယ် ။ ဒါပေမဲ့ သွေး မစစ်ဆေးခဲ့ဘူး၊ DNA မစစ်ခဲ့ဘူး။ အခုဆိုရင် စစ်ဘို. အထူးလိုလာပြီလို.မြင်တယ် ။

ဒီနေ. မြန်မာ့ ရတနာသိုက်ကြီးကို စက်နဲ့တူးဘို. ရည်ရွယ်နေတဲ့ သိုက်တူး သမား တွေရောက် လာနေကြပြီ။ အကျိုးအမြတ် အရိုးအရင်း ကလေးများ စားရ ၀ါးရ လေမလားလို.မြန်မာအချို.က သူတိုဘိုးဘွား ပိုင်တွေ ပါလို.အော် နေကြပြန်တယ်။ တနည်းအားဖြင့် မှန်ပါတယ် ၊ မြန်မာ တနိုငံလုံးဟာ ဒိုးဘိုးဘွား အမွေအနှစ် စစ်စစ်ကြီးပါ။ ပုဂလိကပိုင် မဟုတ်ဘူး။

ကိုယ်ကဘဲ လုပ်လုပ်၊ ကိုယ် မလုပ်နိုင်လို.သူများလာ လုပ်ရင် ကိုယ်နဲ့ တကွ တတိုင်းတပြည် လုံး အကျိုးခံ စား ခွင့်ရှိမယ် ဆိုတာကိုလည်း မမေ့အပ်ဘူး။ (တတိုင်းပြည်လုံး )ဆိုတာကို မကြားခြင်၊ ကိုယ်သာ ခံစား လိုတဲ့ ကျဉ်းမြောင်း စိတ်နဲ့ ဆိုရင်တော့လဲ ဒီမိုကရေစီနဲ့ ဆန်.ကျင်နေလိမ့်ဦးမယ် လို. ပြော ခြင် တယ်၊ ထောက်ပြ ခြင်တယ် ။

နားလိုက် ဦးမယ် လေ။