Article submitted by: Thunderbolts on 6-Nov-2013  
မြန်မာနိုင်္ငငံသည် ရတနာသိုက် ကြီး။
မျိုးချစ် တိုင်းချစ် ပြည် ချစ်အပေါင်းတို.

မြန်မာနိုင်ငံဟာ သယံ ဇာတ ပေါင်းများစွာ နဲကြွယ်ဝနေတဲ့ ရတနာတိုက်ကြိး ဘဲ။ (သိသူဖေါ်စား မသိသူ ကျော်သွား) ဒီရတနာ သိုက်ကြီးပေါ်မှာ ခွ ထိုင်ပြီး ဆင်းရဲ နေပါတယ် လို. ပြောနေကြတာ မြန်မာတွေဘဲ ။ မချမ်းသာခြင်လို. ပြောနေ တာတော့ မဟုတ်ဘူးနော်. ချမ်းသာသူကိုလဲ့ သူတို. မရှုစိမ့်ဘူး။ သိုက်တူးခြင်ကြသူကတော. ဒူနဲ့ဒေးဘဲ မြန်မာတွေ ထဲက နဲပြီး. မြန်မာနိုင်ငံ သားတွေ နဲ့ ပြင်ပသူတွေဘဲ. သူတိုအားလုံး ဟာ သို်က်တူးသမား ALLAN QUATERMAIN ရဲ့ သား စဉ်မြေးဆက်တွေ ဖြစ်ပုံရတယ် ။ ရမယ်သာ ဆိုရင် ဘ နဖူး သိုက်တူးမယ် ဆိုတာ မြန်မာစကားဘဲ ။

ဒါမှ မဟုတ် ၊ (တောမီးလောင် တောကြောင် လက်ခမောင်းခတ်။) အင်္ဂလိပ် လို ပြောမှ နားလည် မယ် ဆိုရင် တော့။ THERE ARE PEOPLE WHO ARE MAKING FORTUNES OUT OF OTHER PEOPLES MISERIES ဆိုတာဘဲ ပေါ. GOLD DIGGERS, TREASURE HUNTERS ဆိုတာ ရတနာ သိုက် တူး သမားတွေ မြန်မာနိုင်ငံမှာ မရှိဘူး မထင်နဲ့ နော် ။ မှားသွားမယ် ဆရာ တို.ရေ. ။ ပေါသလား မပြောနဲ့.၊ ပေါ သမှ ပေါ။

မြန်မာနိုင်ငံမှာ သောင်းကျန်းမှူု အန္တရာယ် အမျိုးမျိုးမှာ စီးပွားရေးသောင်း ကျန်း မှုကို ထည့် သွင်းထားတယ် ။ စာဆို တော် မြို.မငြိမ်းရဲ့ စာတပုဒ်မှာ (ကျန်းမာရေးနဲ့ သူဌေးဝါဒကို မပါယ် ) ဆိုတာကို ကြားလိုက်ရ တယ် ၊၊ အဓိပါယ် ရှိလှ ပါပေတယ် ။ ကျန်းမားရေး ဘန်းပြပြီး သူဌေးဖြစ်နေကြသူ တွေ ဘယ်သူခွေးဖြစ်ဖြစ် ရေးမကြီးဘူး ၊ နိုင်ငံခြားရောက် မြန်မာဆရာဝန် တချို. မြန်ပြည် ပြန်လာပြီး စေတနာ လုပ်အား လှုသတဲ့.၊ လှူတယ် ဆိုတာ ဘာကိုဆိုလိုသလဲ မသိ ဘူး ၊ မျက်စေ. ခွဲတာ ခွဲစိပ်သူ ပညာရှင် ဆရာဝန်ရဲ ခွဲစိပ်ပေးခ မပါ ဘူး ၊ မျက်စေ့တဖက်ကို စမ်းသတ်ခ ၊ ဆေးဘိုး နဲ့ ဆေးရုံ ကုတင် အခန်းခ ကတော့ ၅ သိန်း လောက် ထုတ်ပေးလိုက်ရတယ် ။ ဒါတောင် အခန်းခက တနေ. ဆာ ဘဲ ရှိသေးတယ် ။

(အာရောဂျံ ပရမံ လာဘံ ကျန်းမာခြင်းသည် ဆေးတခွက်) တဲ့ ၊ ခေတ်မီ ဆေးပညာတွေ မရှိခင်က မြန်မာ တွေမှာ တိုင်းရင်းမြန်မာ ဆေးဆရာ ဇီဝကတွေနဲ့ သစ်ပင် ပန်းမာလာ တို.က အပွင့် အသီး အရွက် အမြစ် အခေါက် သစ်ဥ သစ်ဖု ဆေးဘက်ဝင် သဘာဝ ပစ္စည်းတွေ နဲ့ ဆေးဖေါ် ကုသကြတယ် ၊ ဇီဝက တွေကိုလဲ့ ဓါတ်ဆရာ အင်းဆရာ ဆေးဆရာ ဘိန္တော ဆရာ ပယောဂ ဆရာ စသည်ဖြင့် ရှိခဲ့တယ် ။ ဒါတွေကို အနောက်တိုင်းသား တွေက စုံးတွေ နတ်စရာတွေရယ် လို သတ်မုတ်ခဲ့တယ် ၊ နှိမ့်ချ ရှုံ.ချခဲ့တယ် ။ သူတိုမှာတော့ မရှိတာ ကျနေ တာဘဲ ၊ သူတို.ဆေးမှ ဆေး ဖြစ်ရအောင် ဆရာဝန် လက် မှတ် ဆေးကုသ ခွင့်ြု့ပူ ချက် လိုင် စင် မရရင် ဆေးမကုရဘူးလို. သတ်မှတ် ကန်.သပ် ခဲ့တယ်။ တကယ်တော့ နိင်ငံတကာ မှာ Harbal Medicine ဆိုတဲ့ ပရဆေး ဘယဆေး ဆိုတာရှိနေတာဘဲ ။

ဒိုမြန်မာလက်ထက်မှာ တိုင်းရင်းမြန်မာဆေးပညာကို အား ပေးခဲ့တယ် ဆေးရုံတွေတည်ထောင် ခဲ့တယ် ပေါ်ပေါက် လာရတယ်။ ဒါပေမဲ့ အားရစရာ မရှိခဲ့ ဘူး။ အားမပေးကြလို. ပေါ့ ၊ အကြောင်းကတော အနောက်တိုင်းဆေး ကိုမှ ဆေး လို.ထင်နေကြ သူတွေ ကြောင့်ဘဲ လို.ပြောစရာရှိတယ် ။ မြို.နေ လူတန်းစားတွေလို. ခွဲခြားပြောလို.လဲ ရတယ် ။ ကျေးလက် တောရွာက လူ တွကတော့ လူတွေ မဟုတ်တာ ကျနေတာဘဲ ။ ရွာလယ်က ဆရာကြီး ကွမ်းရွက် ဆေးနဲ့ စခန်း သွားနေ ကြတာပေါ့. မဆန်း ပါဘူး။

ငွေကြေးတတ်နိုင် သူတွေ ဆိုရင် ဘန်ကောက်တို ၊ စင်္ကာပူဆိုဆီသွားပြီး ဆေး ကုသ ကြသတဲ့ ။ လူ မသေ ဘူးတဲ့ အိမ် ဆိုတာ မရှိဘူး တဲ့ ။
တကယ်တော့ ကျန်းမာရေးဟာ အစားစည်းကမ်း အသောက်စည်းကမ်း. အ
ဝတ်စည်းကမ်း အနေစည်းကမ်း ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး စည်းကမ်းစတဲ့ စည်းကမ်တွေဘဲ ၊ အစားမတော် တလုတ် အသွားမတော် တလှမ်းလို. ဆိုထား တဲ့ အတွက် စည်းကမ်းတို.နဲ့ ညီညွတ်ရင် အသက် ရှည် အနာမဲ့ တယ် လို. ပြောတယ် ကျန်တာကတော့ ၀ဋ်နာတွေပေါ.။ အစိုးရက ပညာပေး အစီ အစဉ်တွေနဲ့ ပညာပေးနေတာဘဲ ဘယ်သူတွေ လိုက်နာကြသလဲတော့ မသိဘူး။ စည်းကမ်း လို.ဆိုလိုက်ရင် မြန်မာတွေဟာ သူရဲ သူစ္ဆေ မြေဖုတ် ဘီလူး အသံ ကြားလိုက်ရသလို တွန်တွန်.သွားကြတာကလဲ ရှိသေး တယ်။

နိုင်ငံတော် အစိုးရ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ ဆေးရုံ ဆေးခန်း တွေဟာ လဲ အားရ ကျေနပ် ဖွယ်ရာ မှရှိပါဘူး။ ဒါကတော သူ.အိုးနဲ့ သူ.ဆံ တန်ရုံဘဲ လို.ပြောနိုင်ပါတယ် ။ မြန်မာဆိုတာတွေဟာ သူတို. စကားအတိုင်း ခြံနားကမြက် ခြံနွား မစားဘူး တဲ့ ။ ရေကြည်ရာ မြက်နုရာ ရှာကြံ စားသောက် တယ် ဆိုတာ က လဲ ရှိသေးတယ်၊

မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားမှာ သွားရောက် လုပ်ကိုင် စားသောက်နေကြ တဲ့ မြန်မာ ၄ သန်းဆိုလားရှိ တယ် လို. အမှတ်မထင် တွေလိုက် ကြားလိုက် မိတယ် ။ သူတိုလိုတဲ့ လစာ တွေ မြန်မာနိုင်ငံက အစိုးရရော ပုဂလိကတွေ ကပါ မပေးနိုင်လို.ပြည်ပထွက် လုပ်ကြတာလို. ဆင်ခြေ ပေးတယ် ဟုတ်ရဲ လား? ဒီ လေးသန်းထဲမှာ အသက်မွေးဝမ်း ကျောင်း ပညာ အမျိုးမျိုးနဲ့ မြန်မာ တွေ ပါဝင်တယ် လို သိရတယ် ။

မြန်မာနိုင်ငံဖွံ.ဖြိုးမှု နဲ ရတာ ဘာကြောင့်ဆိုတာ ပေါ်လွင်နေပြီ ။ သူတိုတွေ သူများနိုင်ငံကို သွားအကျိုးပြုနေကြလို.ဘဲ ၊ နေပါအုံး ဒီ ၄ သန်းထဲက ဘယ် နှယောက် ဟာ နိုင်ငံရပ်ခြားမှာ လုပ်ငန်းရှင်ကြီးတွေ ကုမ္ပဏီပိုင်ရှင်ကြီးတွေ ဖြစ် နေကြ ပြီး လုပ်ငန်းတွေ ကုမ္ပဏီတွေ မြန်မာ နိုင်ငံ ဆီ ပြန်ယူလာ ချဲ့ထွင် နေကြသလဲ. ဘယ်နှယောက် ဟာဖြင့် လုပ်ခစား လခစားအဖြစ် သူများလက် အောက်မှာ ကျိုးကျိုး နွံနွံဆီ ခါးကုန်းအောင်မှာ ရိုးရိုးအလုပ်သမား အဖြစ် လုပ် ကိုင်နေကြသလဲ့ ဆိုတဲ စာရင်းတော့ မရှိဘူး။ သူတို ပြည်ပကို ဘယ်လိုနည်း ဟန်တွေနဲ့ ရောက်ရောက် သူတိုကိုလဲ မျိုးမချစ် တိုင်းမချစ် ပြည်မချစ် တွေ လို ပြောလို. မရဘူး။ သူတို. ဟာသူတိုတော့ ချစ် မချစ် သိကြမှာပါ ။ ချစ်သူလဲ ရှိမယ် မချစ်သူလဲရှိမယ်။ ချစ်တယ် ဆိုတာ ဘာလဲ အကို ?

ဒီနေ.ပြောခြင်တာက ဆရာဝန်တွေအကြောင်းဘဲ သူတိုဟာ တဖက်တလမ်း က နိုင်ငံတော်နဲ့ နိုင်ငံသားတို.အတွက် ဆောင်ရွက်နေကြတယ် ဆိုတာ အသိ အမှတ်ပြုရမယ် လေးစားရမယ်၊ တချိန်ထဲမှာဘဲ သူတိုဟာ ကိုယ်ကျိုး ရှာ စီးပွားရေးသောင်းကျန်းနေကြတယ် လို. မြင်တယ်။ မှန်ပါ တယ် အစိုးရ ကျန်းမာရေး ဌာနတွေ မပြည့်စုံဘူးဆိုတာ ။ သူ.၀န်နဲ့ သူ.အားမမျှလို.ပေါ့ အစိုး ရ ရ နေတဲ့ ဘဏ္ဍာ တွေဟာ ကျန်းမာရေးဘက် တခု ထဲ သုံးနေရတာ မဟုတ်ဘူး။ လုပ်ငန်း အားလုံးမှာ မျှတ သုံးစွဲနေရတာ ကြောင့် လုပ်ငန်းအား လုံး မှာလဲဘဲ လိုသ လောက် မသုံးစွဲ နိုင်တဲ့ အတွက် ပြည့်စုံမှု မရှိ ချုး.တဲ့ နေရပြန်တယ် ဒါတွေ ကတော့ ရှိနေတယ် ။

ရန်ကုန်မှ ပုဂလိက ဆေးခန်း ဆေးရုံ ဆိုတာတွေ မှို လိုပေါက်နေတယ် ပြည်သူဆေးရုံ တွေ မှာ ဆရာဝန်တွေ ရှိမှ ရှိပါ သေးရဲ့လားလို.တောင်ထင်မှတ်ရတယ် ၊ အစိုးရလစာနဲလို န၀လီ လိုက် လစာ ၊ ၂ ရပ်ပေါင်းလစာ ၀င် တွေအခွန် ရှောင် ပြီးရင် အိုကေ ဘဲ၊ ဒီလိုပြည်.နေလို. ကျန်းမာရေး ပြည်စုံ နေကြပြီလို.လဲ မထင်မှတ်လိုက်နဲ့ အုံး ၊ ရန်ကုန်မှာ ရှိတာမှန် ပေမဲ့ မှော်ဘီ တိုက်ကြီး ၊ လှည်းကူး ၊အင်းတကော် ၊ ပြည် သာယာဝတီနဲ့ လက်ပန်တန်းတို.မှာ ရှိခြင် မှ ရှိမယ် ။ ဆေးရုံ ဆေးခန်း တခါရောက်မိရင်. ဟိုနေ.လာအုံး ၊ ဒီနေ.လာအုံး သွားတိုင်း လာတိုင်း လဲ ပေးနေရတယ် ၊ မသေမချင်း သွားရ တော့မယ် ။ ဆရာဝန်တွေကို လုပ် ကြွေးနေရတာနဲ့ တူနေတယ် ။

ကျောက်ကပ်ရောဂါ ကျောက်ကပ်ဆေးဘို စက်ဘိုးမတတ်နိုင်လို. တခြား ဘာရောဂါမှ မရှီဘဲ သေ ရသူတွေ ကင်ဆာ မဟုန်ဘဲ ကင်ဆာဆိုပြီး ဆေးဖိုးကြီးလှတဲ့ ကီမိုသရပီ ဆိုတာတွေ အတင်းကွေျ့းပြီး သေခိုင်းနေတယ် လုနာ ရှင် တွေကတော သူတိုလူနာ သေနေ. စေ.လို သေ တယ်လိုဘဲ ရိုးရိုးမှတ် ယူနေကြတယ် ၊ လူသတ်လို.သေတယ် ဆိုတာ မယုံနိုင်ဘူး။

နှာစေး ချောင်းဆိုး မျက်စပ် ပိုးဝင်တာတောင် ဆေးထိုးရမှ ကျေနပ်နိုင်တဲ့ မြန်မာတွေ ဆေး ဘိုး ၀ါးခကတော့ ပြောမနေ နဲ့.တော့ ၊ လိုလို မလိုလို လူနာ စိတ်ကျေနပ်အောင် ဆေးပုလင်း ထဲက အရည် တလုံး ထိုးပေးလိုက်ရင် အား လုံး စိတ် ရောကိုယ်ပါ သက်သာ ရတယ် ကျေနပ် ကြ တယ် ၊ မလိုအပ်ဘဲ ပိုက်ဆံ သုံးတဲ့သူနဲ့ပိုက်ဆံရ ပြီးရောပေါ့ ဆိုတဲ လူတွေ၊ ကိုက်လဲ ကိုက်ကြပါ တယ် ၊

အိုဗာဒို.(စ) ၊ အန်ဒါ ဒို(စ) Wrong Diagnose နဲ့ သေတဲ့ လူနာတွေ ဘယ် နှစ်ယောက် ရှိပြီလဲ မသိဘူး ၊ လူသေကို Medical Examiner ကဘာ ကြောင့် သေတယ်လို. Post Mortem မစစ်ဆေး နိုင်ဘူး၊ သေစာရင်း လွယ်လွယ် ထုတ် ပေးနေတယ် ။ မနက်သေ ညချတဲ့ မသာတွေလဲ ရှိသေး တယ် ၊ မသေသင့် ဘဲ သေတယ် လို ယိုးစွပ် လို.လဲ မရ ဘယ်ဆရာဝန်
ကိုမှလဲ တရားစွဲ လို.မရဘူး။ ရူံးပြင်ကန္နား စရိတ်လဲ မတတ်နိုင် ၊ သေနေ.စေလို သေတာဘဲလေ လူဆိုတာ သေမျိုးချည်းဘဲ ကျန်သူ ဘယ်သူမှ ဒုက္ခ ပေးမနေ ပါနဲ့ တော.ဆိုပြီး ဗုဓ္ဒဘာသာာ ရဲ့ မေတ္တာ ဘာဝနာတွေ ပွားများ လိုက် ကြပြီး ကူလားကာချ ဇါတ်သိမ်းလိုက်တယ် ။

လူဦးရေ လျှော.ချရေးအစီအစဉ်လား ၊ ကိုယ် ၀န် ဘယ်နှခု တရားမ၀င် ဖျက်ချ ပေးပြီးပြီ လဲ။ မျခင် ဘယ် နှောညက်သေပြီလဲ။ ကောင်းပါတယ် ကောင်းပါတယ် နောက်ဆူံးတော အစိုးရ အသုံ.မကျလိုဘဲ ပေါ. ၊

ဆရာဝန်တွေ လောဘကြီးနေတာ ရတနာသိုက် တူးနေတာတွေ ဟာ နိုင်ငံတော် နဲ့ နိုင်ငံသားတို.အကျိုးပေါ့ အခုချိန်မှာ အားလုံးဟာ နိုင်ငံတော် နဲ့ နိုင်ငံ သား အကျိုးဘဲ။ မသေခြင်တဲ့ သူ။ မသေရဲ တဲ့ သူတွေ ဆေးခန်း ဆေးရုံ မသွားကြနဲ့လို. တောင် ပြောစမှတ်ရှိနေတယ် ။

မြန်မာနိုင်ငံမှာ သူငယ်တန်းက တက္ကသိုလ်အထိ အခမဲ့ ပညာရေးစံနစ်ဖြစ်တယ်. အစိုးရက ရာခိုင်နှုန်း အပြည့် အ၀ ထောက်ပံ့တဲ့ ပညာရေး စံနစ်ဆိုရင် မမှားဘူ။ အချိန်တန်တော့ ဘွဲ.ရ ဘွဲ.လွန် ကျောင်းသူ ကျောင်းသားတွေ ဆီက နိုင်ငံတော် နဲ့ နိုင်ငံတော်သားတိုအတွက် ဘာပြန်ရသလဲ ? Dropped Out ဆိုတာတွေကလဲ မရေမတွက်နိုင်ဘူး။

(နိုင်ငံတော်သည် သင့်အတွက် ဘာလုပ်ပေးနိုင်မယ် ဆိုတာထက် ၊ သင်က နိုင်ငံတော် အတွက် ဘာလုပ်ပေး နိုင်မယ်ဆိုတာကိုသာ ပြောကြစမ်းပါ ) တဲ့၊ ကောင်းလိုက်တဲ့ စကား ။ ကနေဒီ ပြောခဲ့တာလို.သိရတယ် ၊ ဒါကြောင့် ဘဲ သူ အဖျောင်ခံ လိုက်ရတာ လက်စ ပျောက်ဘဲ။ ဒို. ကိုအောင်ဆန်းပြောတဲ့ စကားတွေကိုလဲ သတိရမိတယ် ၊ နိုင်ငံသားတွေကို နိုင်ငံသိစိတ် ပြောဟော ရင် အဖျောင်ခံလိုက်ရတယ် လေ သိကြမှာပေါ့ ၊ သိရော သိကြရဲ.လား။

ပညာရေးဌာန လက်အောက် ကျောင်း။ တက္ကသိုလ်တွေကို အခမဲ့ စံနစ်၊ မှ ကျောင်းခလပေး စံနစ် သို. ပြောင်းဘို. ကောင်းတယ်။ အခမဲ့ ပညာရေးကို ဖျက်သိမ်းသင့်တယ် ။ ဘာကြောင့် လဲ ဆိုတော. မိဘ တွေဟာ သားသမီး တွေကို ကြေးကြီးတွေ ပေးပြီး ကြုရှင်တွေ ပို.နေတာ မို. ကျောင်းလခပေးဘို. သူတို ၂ ပြန် ၃ ပြန် တတ်နိုင်ကြပါတယ် ။ အခပေး ပုဂလိက စာသင် ကျောင်း တွေ ကောလိပ် နဲ့ တက္ကသိုလ်တွေ ခွင့်ပြုသင့် တယ် ၊ ခရစ်ယန် ကျမ်းစာ သင် ကျောင်း ၊ ထေရ၀ါရ ဗုဓ္ဒ တက္ကသိုလ်လို ဟာမျိုးတွေ သီးသန်. ရှိပြီး ဘာသာ သာသနာရေး ဘာသာ ရပ် သက်သက် ကိုသာ သင်သင့်တယ် ။ နိုင်ငံရေး စီးပွားရေးနဲတခြားအရေးတွေ မသင် သင်.ဘူး ။

အထူး ထူးချွန်သော ကျောင်းသူ/သားတွေကို နောက်တဆင့် ပညာရေး၊ အခမဲ့၊ အစိုးရရဲ့ ပညာတော်သင်ဆု နိုင်ငံခြား ပညာတော်သင် ဆုတွေ အတွက် ၀င်ရောက် ဖြေ ဆိုခွင့်ပြုသင့် တယ် ။ အောင်မြင်သူတွေအတွက် အလုပ်နေရာတွေ သီးသန်.ယာထားပေးထားရမယ် ။

နိုင်ငံတော်က အထောက်အပံ့တွေကို ယူစားပြီး နိုင်ငံတော် အတွက် ဘာမှ ပြန်မလုပ်ပေး သူတွေ ဘန်းပြ အချောင်စားသူတွေ. စာမေးပွဲ မအောင်တဲ့ တက္ကသိုလ် ကျောင်းတော်သား ကြီး အမည်ခံ လူလိမ် လူရှုတ် လူကောက် လူပွေ တေလေ ဂျပိုးတွေကို အစိုးရထုတ်ပေးတဲ့ ပညာရေးစရိတ်တွေ မိဘ တွေက တာဝန်ယူပြီး ပြန်ဆပ် စေရမယ် ။ အစိုးရ ဦးစီးတဲ့ ပြည်သူ.လုပ်ငန်း တွေမှာ သူတိုကို တနည်း လုပ်အားပေးစေရမယ် ။

နားလိုက်အုံးမယ် နော်။