Article submitted by: Thunderbolts on 5-Nov-2013  
ဗမာပြည် တိုးတက်မှု ငြိမ်းချမ်းရေး (၁)
မျိုးချစ် တိုင်းချစ် ပြည်ချစ် အပေါင်းတို.။

ငြိမ်းချမ်းရေး တကယ် လိုခြင်သလား ? တကယ် လိုခြင်ရင် တကယ်ရ ပါ တယ် ။ ၁၈ ရာစု မြန်မာ့ သမိုင်း ဖြစ်စဉ် ကို ချွင်းချက်မရှိ လက်ခံ ၊ ကိုယ်မှာ တာရှိရင် ၀န်ချတောင်းပန် ၊ တောင် အာဖရိက လူမဲနိုင်ငံမှာ လူမဲတွေဟာ လူမဲ ( ANC) အစိုးရအောက် ကိုယ့်တိုင်း ကိုယ့်ပြည်မှာ နေစရာမရှိ စားစရာ မရှိ ၀တ်စရာ မရှိဖြစ်နေကြ တယ် ၊ နာမည်ကျော် မင်းသား ကြီး နိုဘယ်(လ) Nelson Roli hla hla Mandella တယောက်လဲ ငြိမ်းချမ်းရေးဆုအပါအ၀င် ဂုဏ်ထူး ဆောင် ဘွဲ.တွေ ဆုတံဆိပ် ပေါင်း ၂၅၀ ကျော်နဲ့ သေဘဲ သေတော့ မယ် ၊ လူမဲတွေဟာ လူဖြူတွေရဲ ခိုင်းဖတ် ၊ ရှေးက ကျွန်ဘ၀ထက်တော့ သာ တယ် လို.ပြောရရုံ ဘဲရှိတယ် ၊ လွတ်လပ်စွာ အော်နိုင်ကြတယ် ဟစ်နိုင်ကြ တယ် တောင်းဆိုနိုင်ကြတယ် ၊ ဆန္ဒ ပြနိုင် ကြတယ် သပိတ်မှောက် နိုင်ကြ တယ် ။ လိုတာ ရ မရ ဆိုတာ ကတော့ တဂဏ္ဍ ပေါ့လေ။ မယုံရင် ပုံပြင် လိုသာဘဲမှတ်ကြပေတော့ ၊ လေ့လာကြည့်ကြပေါ. ။၊

ဗမာတွေနဲ့ ဗမာပြည်ပျောက်မှ ဖယ်ဒရယ်ပြည်ထောင်စု ဆိုပြီး ငြိမ်းချမ်းရေး ရမှာ တဲ့လား ? ဒီအတိုင်း သာ ဆိုရင် ငြိမ်းချမ်းရေးဟာ ဝေးသေးတယ် ယာယီငြိမ်းချမ်းရေးလား၊ အပစ် အခတ် ရပ်ဆဲရေးလား ကိုရီးယား ၂ နိုင်ငံလို (စစ်ရပ်ဆဲရေး ကာလ) ဘဲလား ? ဗမာပြည်ကို ဘယ်သူပိုင် သလဲ ?
ညောင်မြစ်တူးရင် ပုတ်သင်ဥ ပေါ် တယ် ဆိုတာ အဲဒါပြော တာပေါ့ ၊ ကဲ ထားလိုက် ပါအုံး ။ အဝေ မတတ် ဆရာငတ် ဆိုတာ ကြားဘူး မှာ ပေါ့နော် ၊

ငြိမ်းချမ်းရေးဆိုတာ တိုက်မယူဘဲ မရဘူး၊ လွတ်လပ်ရေးဆိုတာ တိုက်မယူဘဲ မရဘူး ၊ ရရင် ရ မရရင် ချ ဆိုလို.ကတော့ သေပျော်ပါတယ် တဲ့လား? တိုက် ယူ တယ် ဆိုတာ အနုနည်း အကြမ်းနည်း ဘယ်နည်းလဲ? ငြိမ်းချမ်းကြလို.ချစ်ကြပြန်တော့လဲ (ခင်စား မောင်စား)နဲ့ သဒ္ဒါ နေလိုက်ကြတာ ကြားထဲက ခွေးစားသွား တာ တောင် သိလိုက်မယ် မဟုတ် ဘူး ။

(မြန်မာနိုင်ငံဟာ နိုင်ငံရေး စီးပွားရေး လူမှုရေး အရပ်ရပ် တည်ညိမ်မှု ဘာမှမရှိသေးဘူး. အားရစရာ ဘာမှ မရှိဘူး ၊ တံလျှပ်ကို ရေထင်နေကြတာဘဲ ရှိတယ် ။ အခုလက်ရှိဟာ မတည်ညိမ်မှူုတွေ တည်ညိမ်သွားရင် ဘယ် လောက် ဇကာတင်ကျန်မယ် ဆိုတာ တွေ.ရမယ်၊ အင်္ဂလိပ်လို.ပြောရရင်တော့ Gold Rush, Land Rush တွေမှာ လူတိုင်းသူဌေး မဖြစ်နိုင်ဘူး။ ၁၈၄၈ ခုနှစ်က ကာလီဖိုးနီးယား Gold Rush မှာ ဌာနေတိုင်း ရင်း သားမဟုတ် တဲ့ လူမျိုးခြားတွေ ကြီးပွားကြတယ် ၊ တိုင်းရင်းသား စင်စစ်တွေ ခွက်ပျောက် တယ် ။ ဒီနေ မြန်မာ နိုင်ငံ က Gold Rush မှာ ဘယ်သူတွေ ခွက်ပျောက်ကြ အုံးမလဲ ? ထိခိုက် အနာတရ တွေ တော့ ရှိ မှာဘဲ ။) တဲ့ ၊

ဟုတ်ပါတယ် မြန်မာနိုင်ငံဟာ ၁၉၈၈ ခုက ဒီနေ.အထိ တရွေ.ရွေ.တိုးတက် လာနေတယ် လို ဆိုရမယ် ၊ ဆုတ်ယုတ် ဆုံးရှုံးမှုတွေ ကို မသိခြင်ရင် ထည့် မတွက်ရင် ပေါ့လေ ။ တိုးတက် တယ် ဆိုတာနဲ.ဘဲ ကျေနပ် ၊ တိုးတက်တယ် ဆိုတာ ဘာလဲ ?

နိုင်ငံတော် ခေတ်မီ ဖွံဖြိုးတိုးတက်ရေးအတွက် သယံဇာတတွေ ရောင်းချလို.ရတဲ့ ကြိုတင် စပေါ်ငွေ စရံငွေ၊ ငွေ အစား ကုန်ပစ္စည်း အဖြစ် နဲ့ ရတာတွေ နဲ့ မလုံလောက် လို ပြင်ပက ငွေ ချေးယူရတာတွေ ၊ ကမ္ဘာလှည့် ခရီးသယ် လုပ်ငန်းကရတဲ့ ငွေသား အလုံး အရင်း တွေနဲ့ ဘတ်ဂျက်စာရင်း သုံးငွေ လိုငွေ အနှီ ပြနေတာ၊ ကြွေး မဆပ်နိုင်ရင် ဘာဖြစ်မလဲ ကြွေး လျှော်ပစ်ပေး မယ်တဲ့လား ၊ နောက်ထပ်ငွေ ချေးအုံးမတဲ့ လား၊ On demand စာချုပ်တွေနဲ့ မြန်မာတွေ တချိန်က ခံလိုက်ရတာ ဖင် မွှေးတောင် ကျွတ်ကုန်ပြီ ၊ ရိုးရိုးပြော ရရင် လက်ရှိ ဖွံဖြိုး တိုးတတ်မှူ ဆို တာ တွေ ကို ပိုပြီးတိုးတက်အောင် လုပ် နိုင် မလဲ ဒါမှမဟုတ် ဘယ် လောက် ကြာကြာ ထိမ်းထားနိုင်မလဲ ဆိုတာဟာ စပ်ဆိုင် အဓိက ကျတဲ့ မေးခွန်းကြီးဘဲ ။ ခေတ်မီ တိုးတက်ဖွံဖြိုး လာတဲ့ ဒို.ပြည် ဒို.မြေ ကို ဒိုတတွေ ပိုင်ကြတယ် လို.သာ ဆိုရမယ် တကယ်တော့ ဒို.ဟာ အိမ်ဌား မြေဌား လုပ်နေတာဘဲ ရှိတယ် ဘယ်လောက်ကြာကြာ ပိုင်နေ အုံးမလဲ ဆိုတာကတော့ မသိဘူး ။

လူဌားကိုနှင်ရင် ပြောင်းရွှေ.ခ ကုန်ကျစရိတ်တွေ ပေးရလိမ့်မယ် ။ ဗမာ တကျပ် ရှမ်းတကျပ် ဆိုတဲ့ စကား လေး သွား သတိရမိတယ် ၊ တကျပ် ခေတ် မရှိတော့ဘူး၊ ရှမ်းနဲ့ ဗမာဒင်ဘဲလား တခြား လူမျိုးစုတွေ က ဘာတဲ့ လဲ? မြန်မာတွေဟာ ကိုယ်ရှိတာလေး အကုန် တဖြုတ်ဖြုတ် ရောင်းတုတ် နေကြတာ ကိုသာကြည် တော့ ၊ ရသမျှ မြေရောင်းထုတ် ရသမျှလိုင်စင် ရောင်း ထုတ် ၊ ရသမျှ တယ်လီဖုန်းရောင်းထုတ် ။ မဆလ ခေတ်ကလဲ ဆီ ဆံ ဆား ငရုတ် ကြက်သွန် ထုတ် ရောင်း ။ ဒါနဲ့ တောင် ဆင်းလှချည်ရဲ. ဆိုတော့ အစိုးရနဲ မဆိုင်တော့ဘူး စံနစ်တွေ ၀ါဒတွေနဲ့ မဆိုင်တော့ဘူး ၊ ဆင်းရဲ ဇါတာ ပါလို.ဘဲလို.ယူဆရမယ် ၊ ဘာလုပ်ပေး လိုမှလဲ မရဘူး ၊ လုကံ ၀ ကံဘဲ ပေါ့။ (ကံဆိုးမ သွားရာ မိုးလိုက်လို.ရွှာ) ဆိုတာ မြန်မာမှုဘဲ ။ သတ္တ၀ါတခု ကံတခု လို. ဆို သမို.လား။ ကံ ဆိုးမ ဆိုတာ ဘယ်သူလဲ ?

နိုင်ငံတခု တိုးတက်တယ် ဆိုတာကို တိုင်းတာတဲ့ ပြဒါးချိန်တွေ အများကြီးနဲ့ အမျိုးမျိုးရှိတယ်၊ အထိက က တော့ လူတွေဟာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြရဲလား ၊ စားဝတ်နေရေး ပြည်စုံကြသလား၊ အူမ တောင့် ကြရဲလား သီလစောင့်ကြရဲလား ၊ ကြွေးစမြီ ကင်းကြရဲ့လား ဆိုတာ တွေနဲ့ တိုင်းတာ ကြည့်ဘို. လိုလိမ့်မယ် ၊ ကိုယ့်ကိုကိုယ် မညာကြနဲ့နော် ။

ပြည့်စုံနေကြလို.ထင်ပါရဲ. အလုပ်သမားတွေ လယ်သမားတွေက လဲ တောင်း ဆိုချက်တွေ အမျိုးမျိုးနဲ့ သပိတ်မှောက် ဆန္ဒပြ လို ပြ၊ စက်ရုံ အလုပ်ရုံတွေ ပိတ်ရတာ. လုပ်ငန်းတွေ ရပ်ဆိုင်းရတာ တွေကြောင့် အလုပ်ရှင်ရော အလုပ် သမားပါ ဘာတွေဘယ် လောက် ဆုံးရှုံးနစ်နာရတယ် ပျက်ဆီးရတယ် ဆို တာ တော့ မသိဘူး ၊ မပြည်စုံလို.လဲ အခုလို တောင်းဆို ဆန္ဒ ပြကြရ တာ ပေါ့.လို.လဲ ပြောနိုင်တယ် ။ ဆုံးရှုံးသွားပြီးသား ၊ ရေ မြောသွားပြီးသားကို လိုက်ဆယ်လို.မရဘူး ၊ တိုင်းပြည် စီးပွားရေးတိုးတက်ဘို.မှာ ၀ါနိဉ္စ ပဋိပက္ခ မရှိရင် ၊ နဲနိုင်သမျှနဲရင် အကောင်း ဆူံးဘဲ ၊ အလုပ်ရှင် အလုပ်သမားပြသနာ ဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို တနည်း မဟုတ် တနည်းနဲ့ ဒုက္ခပေးတတ် ပါတယ် ၊ တိုင်းပြည် ဟာ ဘယ်လို စီးပွားရေး စံနစ် ကျင့် သုံးတယ် ဆိုတာ ပေါ်မှာတည် တယ်။ အလုပ်ရှင်က အရင်းရှင်၊ အလုပ်သမားက ကွန်မြုနစ် ဆိုရင်လဲ ကြည်ကောင်းမဲ့ ပွဲဘဲ။

ဒီကြားထဲ ဖွံဖြိုးရေး စီမံကိန်းတွေ တိုင်းမှာလိုလို အကြောင်းတခု မဟုတ်တခု ပြပြီး ဘုန်းကြီး တွေနဲ လူတွေ ပေါင်းပြီး ကန်.ကွက်ဆန္ဒပြတာတွေကလဲ ရှိသေး။ ( မိုင်းခွဲရာမှ လယ်တီ သိမ်ထိခိုက်မှု သတင်းကြောင့် ဒေသခံနှင့် လုံခြုံရေး တပ်များ တင်းမာမှုဖြစ်ခဲ့ )တဲ့။

မြန်မာတို.ကို လေ့လာရ အောင် သူတိုရဲ.ပင်ကိုယ် သဘာဝ နိုင်ငံရေး စီးပွား ရေး လူမှူရေး ပိုင်း ခံယူ ချက်တွေက ဘာတွေလဲ? သက်ဦး ဆံပိုင် စံနစ် ၊ အာဏာရှင် စံနစ်၊ ဒီမိုကရေစီ စံနစ် ။ အရင်းရှင် မြေရှင် ကြေးရှင်ဝါဒ ။ ဆိုရှယ်လစ် ၊ ကွန်မြုနစ် ၊ ဘယ်ဟာလဲ ? မြန်မာတွေ ကိုယ်တိုင်ရဲ့ အတွင်း
သဏ္ဍာန် ခံယူချက် သဘာဝတွေ ကရော ဘာလဲ ? အရင်းရှင်ကို အရင်ရှင်း ရ မယ် ဆိုတဲ့ ယောင် ၆၀ ၀ါဒလား - ကိုယ်ဆင်းရဲ နေရတာ သများ ချမ်းသာ နေလို.တဲ့ လား ? မြန်မာတွေမှာ ချမ်းသာသူ ကိုယ်ထက်သာသူကို ကို မရှူစိမ့်တုန်းဘဲ ၊ ဗုဓ္ဒဘာသာတွေ ဆို၊ ဆင်းချမ်းသာ ကွာဟမှု ဟာ ဘာ ကြောင်.လို.ယူဆသလဲ ?

သွားလေသူ ဗိုလ်ချုပ် အောင်ဆန်းတယောက် မြန်မာပြည် ကွန်မြုနစ်ပါတီ ကို စတင် တည်ထောင်ခဲ့တယ် လို.တချိုမှတ်တမ်းတွေက ဆိုတယ် ၊ ကွန်မြုနစ် ပါတီ ဗမာပြည်ရဲ့ အတွင်းရေးမှူး (တွင်း ၁ ) လို.သိရတယ် ။ ပြည်သူ.တော် လှန် ရေး ပါတီ ဆိုတဲ့ ဆိုရယ်လစ် ပါတီကိုလဲ ပူးတွဲ တည်ထောင်တယ် ၊ အင်္ဂလိပ်က ဖမ်း ၀ရမ်းထုတ်လို.တရုတ်ပြည် ထွက် ပြေး ရင်းနောက်ဆုံး ဂျပန်နဲ့ ပေါ့င်းမိ အင်္ဂလိပ် တော်လှန်ရေး အတွက် အကူအညီရခဲ့တယ်။
သူရဲ့ မိန်ူခွန်းတွေမှာ ဆိုရှယ်လစ်နိုင်ငံတည်ထောင်ဘို. ဆိုတာတွေပါတယ် ။ သူမရှိတဲ နောက်ပိုင်း ဗိုလ် ချုပ်နေ၀င်းက သူဆရာ ကိုအောင်ဆန်းကို နာခံတဲ့ အနေနဲ့ ၊ သူ.ဗိုလ်ချုပ် မလုပ်နိုင်ခဲ့တာကို.ဆက်လက် အကောင်အထည် ဖေါ် ဘို. ကြိုးပန်းခဲ့တာဘဲ ။ တကယ်တော့ မြန်မာ့ခေါင်းဆောင်အားလုံးဟာ ဆိုရှယ်လစ် တွေဘဲ။ ဘာကိုလေ့လာပြီး ဆိုရှယ်လစ် စံနစ် ဟာ မြန်မာတို.အတွက်ဖြစ်တယ် လို. ခံယူကြသလဲ မေးရင် မြန်မာတို. ရဲ့ အလေ့အထ ယဉ်ကျေးမှုထုံးစံ အစဉ်အလာ တွေလို.ပြောကြလိမ်.မယ် ။ ဆိုရှယ်လစ်ဇင်း ဟာ ကွန်မြူနစ် ၀ါဒ သက်သက်မဟုတ် ၊ စီးပွားရေးဝါဒ အားလုံးမှာ ပါဝင် အကျုံးဝင်နေတာကိုလဲ တွေ.ရလိမ့် မယ် ။

ဒီနေ.ဒီနေရာမှာ ရာမှာ အလျှင်း သင့်တုန်း ပြောရရင် .ရိုးသားစွာ လုပ်ကိုင်စား သောက်ခြင်း ဆိုတာဟာ ခေတ်နောက် ကျနေပြီး သူဌေးဖြစ် နှေးတယ် လို. ယူဆသလား ။ လိမ်နိုင် ညာနိုင် လှည်.နိုင်ပါတ်နိုင်မှ ချမ်းသာမယ် ၊ မြန်မာ
တွေ ကိုယ်ဟာကိုယ် ဘာမှန်းမသိ အရင်းရှင်လား ဆိုရှယ်လစ်လား ကွန်မြု နစ်လား သူခိုးတွေလား ဒါးပြ တွေလား ဘာတွေလဲ ?

သူများကောင်းစားတာကို မနာလို မရှူစိမ့် နေတာလား? မြန်မာတွေဟာ ယောင် ၆၀၊ ဝေ လေလေ တွေပါလို.ဆို။ ခုနှစ်ထွေ အက မှာ တဖက်ကမ်း ခတ်တယ် ၊ တီးခြင်တဲ့ ဆိုင်းသာ တီးလိုက် ဆိုင်းချက်နဲ့ အကွက်ကျကျ ကပြ လိမ့်မယ် ပြီးရင် မေးလိုက် ၊ သူဘာဆိုင်းမှန်း မသိဘူး ဆိုင်းသံ ကြားရင် မနေနိုင် လို.သာ ထ ကလိုက်တာလို. ပြောလိမ့် မယ် ၊ ဘုန်းကြီးကျောင်းက ခွေးတွေဟာ အာရုံ ဆွမ်း နေ.ဆွမ်း စားဘို. တုံးခေါက်ရင် ဖြစ်စေ ၊ ကြေးစည် ထု ရင် ဖြစ်စေ ဆူဆူညံညံ အူကြ ဟောင်ကြ တယ်။ အရိုးလေး အရွတ်လေး ပစ်ပေးလိုက်ရင် ငြိမ်သွားကြ ပြန်ရော။ ဒီလိုနဲ.ဘဲ ကျောင်းမှာ ကပ်စားနေ တာ နှစ်နဲု့ ချီနေပြီ။

ဆက်ရန်။