Article submitted by: Thunderbolts on 2-Nov-2013  
သမတ ဖြစ်လိုသူ အတွက် ဆေးတခွက်။
မျိုးချစ် တိုင်းချစ် ပြည်ချစ်များ။

အလျှင်းသင့်တုန်းပြောရရင် “ ဗြိတိန် စစ်တပ်မှ မြန်မာပြည်သူများ အပေါ် ခေါင်းဖြတ် သတ်ခဲ့သည့် သမိုင်း ဝင် ဓာတ်ပုံများ ” ကို မစုကြည် တယောက် တွေဘူး မြင်ဘူးပါလိမ့်မယ်။ သူ.ခမည်းတော် သခင်အောင်ဆန်း တယောက် အပေါင်းသဟာတွေနဲ့ အင်္ဂလိပ် လက်ပါးစေ ( မောင်စော) လက်ချက်နဲ. နတ် ရွာလားသွားတယ်၊ ဆိုတာလဲ တနိုင်ငံလုံး အသိဘဲ ၊ အဖေမျက်နှာမှ မထောက်တဲ့ မစုကြည် ဟာ သူ.စိတ်နဲ့ သူ.ကိုယ် မဟုတ် ၊ သူ.ကိုယ်နဲ့ သူများ စိတ် သူဘာလုပ် လို. လုပ်မိတယ် ဆိုတာ ၀န်မခံရဲဘဲ ပေါ့ပေါ့ တန်တန် သဘောထား တယ် ။ သူအဖေ လုပ်ခဲ့ တာတွေဟာ မှားတယ်လို. ပါးစပ်က ထုတ်မပြောယုံ တမယ်ရှိတယ် ၊ သူအဖေ လုပ်တာတွေက မှားကြောင်း သူကိုယ်တိုင် လုပ်ရပ်တွေက ပြသနေတယ် ဆိုတာ သူမရိတ်မိဘူးလား ။

မစုကြည် လို ပုဂိုလ် တယောက် ဒီလို စာမျိုးတွေကို ဖတ်သင့်ပါတယ် ဖတ်စေခြင်လို.၊ ဖတ်ဘို.သိစေခြင်လို. သိဘို. အချိန်ကုန် လူပန်းခံ ပြီးရေး တာဘဲ ပေါ့ သူကို မြောက်ပင့်တဲ့ စာတွေကိုချည်း အကောင်းအဖြစ်နဲ့ ဖတ်နေလို.တော့ မဖြစ်ဘူး ။ လူတိုင်းလဲ ဖတ်သင့်တယ်၊ နိုင်ငံတော်နဲ့ နိုင်ငံ တော်သားတို. အကျိုးအတွက် ရည်စူး ရေးတာဆိုတော့ စိတ်ဝင်စားတယ် ဆိုတဲ့ လူတိုင်း ဖတ်သင့်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံတော်သား အကျိုးဆောင် ရွက်နေပါတယ် ၊ ဆောင်ရွက်ခြင်ပါတယ် ဆိုတဲ့ လုတွေ ဖတ်သင့်တယ် ၊ ဒီလိုဖတ်မှလဲ သူ.ရှုဒေါင့် ကိုယ့်ရှုဒေါင့် ၊ ဒေါင်မျိုးစုံကမြင်နိုင်ပြီးး ။ သူ.ဟာ သူချင်ချိန်နိုင်မယ် ဆင်ခြင်နိုင်မယ်။ ကိုယ်က ရေးတာ ကိုယ့်အတွေ့အကြုံ ကိုယ့်ရှုဒေါင့် ကိုယ့်အမြင်ဘဲ ဖြစ်တယ်။

အင်္ဂလိပ် မယားဖြစ်ခဲ့ဘူးလို. အင်္ဂလန်မှာနေခဲ့လို.ကမ္ဘာပါတ်ဘူးလို. သူသာ သိ သူသာတတ်လို. ထင်ခြင် ထင်နေမယ်၊ စစ်တပ်ကလူတွေကို အနောက် နိုင်ငံရပ်ခြား မသွားမလာရအောင် တားမြစ် ပိတ်ပင်ထားခဲ့လို. သူတိုတတွေ လက်တွေ့ နိုင်ငံခြား အတွေအကြုံ ဗဟုသူတတွေနဲကောင်းနဲ့လိမ့်မယ် ဖြစ်ပေ မဲ့ သူတို.ဟာ မြန်မာတွေထဲက မြန်မာ တွေဘဲ ၊ ဂေါတမ ဗုဓ္ဒဟာ ဗောဓိပင် အောက်မှာ ထိုင်ပြီး ဘယ်မှ မသွားဘဲ လောက ၃ ပါးအကြောင်း အပါ အ၀င် ဒိဗ္ဖစက္ခု ဥာဏ်ကိုရခဲ့ ပါတယ်။

သွေး နားထင်ရောက် သွေူးကြောပြတ် သေတဲ့ လူတွေလဲ မနဲပါဘူး။ ဖြစ်တတ်တယ် ဆိုတာ သူမ သိအပ် တယ်။ သူသာသိ သူသာတတ် မဟုတ်၊ သူလိုသိ သူလိုတတ်တဲ့ လူ တွေအများကြီးရှိသေးတယ် ဆိုတာလဲ သူ.ကို သိစေခြင်တယ်။ ကေသရာဇာ ခြင်္သေ.မင်း တိုသည် တဂူထဲ တွင် နှစ်ကောင် မအောင်း ဆိုတဲ့ စကား အရ၊ ဒါမှ မဟုတ် ဆရာများ သားသေ ဆိုတာအရ ဒို.မြန်မာနိုင်ငံမှာဆရာ ဆရာမတွေ များနေတော့ လှေ မှောက် လှည်းမှောက် ကားမှောက် သင်္ဘောမှောက် ရထားမှောက်တာတွေ မဆန်ူးပါဘူး။ သံဃာစင် တောင် မှောက် နေသေးတာ ဘဲ ။

မစုကြည် သိဘို.က လူတိုင်းဟာ သူအိမ်မှာမွေးထားတဲ့ ချစ်စနိုး ခွေးလေးတွေ မဟုတ်ဘူး ၊ သူအသံကြား ရင် အမြီးတနံ.နုံ. နဲ့ ဖင်ခါ ပြီး သူ.ကို လျှာနဲ့လျှက် နေသူ တွေ မဟုတ်ဘူးဆိုတာဘဲ ၊ သူကြွေးလို.သူထမင်း စားနေ ကြသူတွေ မဟုတ်ဘူး ဆိုတာ သူသိရမယ်။

အောင်ဆန်းကို ဘယ်သူသတ် သလဲ ဆိုတဲ့ မေးခွန်းဟာ ၁၉၈၈ ခုမှာ ထင်
ပေါ်လာတယ် ။ ဦးနေ၀င်းကို အကြောင်းအမျိုးမျိုးနဲ့ မကျေနပ် ကြသူတွေ ကလဲ ဦးနေ၀င်းကို တရားခံ လုပ်ခြင်ကြပုံရှိ တယ်၊ ဘီဘီစီကလဲ မှတ်တမ်း
တင် ပြခဲ့တယ် Conspiracy ဘာမှမရှင်းလင်းမပြီးပြတ်ခဲ့ဘူး ။ စာအုပ်ရေးသူ ဦးခင်အောင်ဆိုတာ တချိန်က မြန်မာနိုင်ငံရှိ ဗြိတိသျှရေတပ်နဲ. မြန်မာ့ရေတပ် မှာ အမှုထမ်းခဲ့ ဘူးသူဖြစ်တယ် လို. သူကိုယ်ရေးမှတ်တမ်း အရ သိရ တယ်၊ ၁၉၈၈ ခုနောက်ပိုင်းမှာ “Committee for Restoration of Democracy in Burma” ရဲ့ နာယက တယောက်အဖြစ် မက ပြည်ပရောက် (ပြည်ပြေး) ပြည်ထောင် စု မြန်မာနိုင်ငံ အမျိုးသား ညွန်.ပေါင်းအစိုးရ သြစတေးလျှား နိုင်ငံဆိုင်ရာ ကိုယ်စားလည် လို. သိရတဲ့ အပြင် သူရေးတယ် ဆိုတဲ့ “Who killed Aung San” ကို ဘာရည် ရွယ်ချက်နဲ့ ရေးတယ် ဆိုတာ ကတော့ ထင်ခြင်သလို ထင်နိုင်တယ် ။ စာအုပ် နောက် အဖုံးမှာ The events might not have been all that they seemed လို. ဆိုထားတာကို ကြည့်ရင် အထောက်အထားတွေ မခိုင်လုံလို. နောက်ဆက်တွဲလဲ ပေါ်မလာတော့တာ ဖြစ်နိုင်တယ်။

ဒို. မြန်မာတွေ အများစု ဟာ ပုဂိုလ်စွဲတွေရှိကြတယ် ပုဂိုလ်ကိုးကွယ်မှုတွေ ရှိနေပြီး ဗုဓ္ဒဘာသာဝင်တွေ မိစ္ဆာအယူပြောင်း သွားကြပြီလား လို.တောင် မှတ်ယူရမလောက်ဘဲ၊ နိုင်ငံခြားဖြစ် ပစ္စည်းမှ ၊ နိုင်ငံခြားပြန်မှ သဘောကျ တယ် ၊ တကယ်တော့ ဘာကြိုက်တာမှန်းလဲ မသိဘူး။ သူများဖြီးတာ ဖျန်း တာ ကို အဟုတ်မှတ် ယုံနေကြ တာသူတွေကတော့ ဗဟူသုတ အသိဥာဏ် နဲပါး တဲ့ ကံမကောင်း အကြောင်း မလှ သူတွေဘဲ လို ပြောရ လိမ့်မယ် ၊ အသိဥာဏ် ခေါင်းပါး. လို.တော့မဟုတ်ဘူး။ မြို.နေလူတန်းစားက အဆိုးဆုံး ပေါ ။ သူတို. သား သမီးတွေ ကို မထိမ်းနိုင် မသိမ်းနိုင်တိုင်း ခေတ်မီနေကြပြီ ဆိုပြီး အယူမှားဂုဏ်ယူနေကြတယ်။ ဟိုလူ လိုလို ဒီလူလိုလို သူများတွေကို အပြစ်တင်နေကြတယ်။

မျက်နှာမှာ သနပ်ခါး၊ ပေါင်မှာ သေးစီးကြောင်းဆိုတာ ကြားဘူးမှာပေါ့၊ လောကကြီး ၊ ကမ္ဘာကြီး မပြောနဲ့ မြန်မာနိုင်ငံ၊ မြန်မာ လူမျိုးတွေနဲ့ ပါတ်သက် လို. သူမသိတာတွေ၊ မတတ်တာတွေ ရှိပါသေးလားဆိုတာ သူဝန်မခံ သည့် တိုင် သူ သိရမယ်။ ဒါတွေ သိစေခြင်လို.ဘဲ ။ သူကို သိစေခြင်တဲ့ တချိန် ထဲမှာဘဲ ကျန်သူ တွေ ကိုလဲ လောကကြီး အကြောင်း၊ ကမ္ဘာကြီးအကြောင်း အရှိကို အရှိ အတိုင်းသိစေခြင်တယ် မြင် စေခြင်တယ် ။ ချမ်းသာအမျိုးမျိုး ဆင်းရဲအမျိုးမျိုး ဟာ ဘဒ္ဒကမ္ဘာကြီးမှာ ရှိနေမြဲဘဲ ဆိုတာ မစုကြည် အပါအ၀င် အားလုံးသိရမယ် ဘာကိုမှ တပြေတည်းညီ လုပ်လို.မရဘူး ဆိုတာဟာ မှန်သောစကား ။

တရားဟောတယ် ဆိုတိုင်း ဘုန်းကြီးတွေလို လူတကာနားမလည်တဲ့ ပါဠိ ပါတ်သားတွေနဲ နင်းပြီးတရား ဟော နေလို.တော့ မရဘူး။. တရားနာတိုင်းလဲ တရားရပြီး သောတပန် . အနာဂံတွေ ဖြစ်ပီလို. မဆိုနိုင်ဘူး၊ ကျွှတ်တန်းဝင်သူ ကျွတ်တန်းမ၀င်သူတွေကလဲ ဒုနဲ ဒေးမဟုတ်လား။ ပြောမဲ့သာ ပြောရ တယ် မြန်မာတွေ တရားပေါက် တရားရနေလို. ဘယ်သူတွေ ဘာလုပ်လုပ် တုံဏှီဘာဝေ ဆိပ်ဆိပ်နေလူပ်နေကြပုံဘဲ ဘယ် အချီ ထတွယ်ကြအုံးမယ် မသိဘူး ၊ မဝေးတော.ဘူး ၊ ပြေးနိုင်မှ လွတ်မယ် နော်။

ဒါကြောင့် မြန်မာတိုင်းဖတ်နိုင်အောင် ရိုးသားတဲ့ မြန်မာစာနဲ ရှိုးသားစွာ ကြိုး
စားပြီးရေးနေပါတယ် ၊ မြန်မာ ဆိုရင် မြန်မာစာတော့ ရေးတတ် ဖတ်တတ် မှာပေါ့။ ဟုတ်ဘူးလား ။ မြန်မာမှာ ကိုယ့်စာပေ ကိုယ့်ယဉ်ကျေး မှုရှိတယ် ဆိုတာလဲ လူတိုင်း သိစေခြင်တယ် ၊ ပေါ်လွင်စေခြင်တယ် ၊ ဒါတွေ ထိမ်းသိမ်း ရအောင်လဲ ကိုယ် မှာ တာဝန်ရှိတယ် လို.မှတ်ယူတယ်။ အချိန်အခါ ပေးလာ ရင် အခွင့်သာလာရင် မြန်မာစာကို သူ.နေရာနဲ့ သူသုံးတယ် ။ မြန်မာစာနဲ့ ရေးလာတဲ့ အချိန်ကစပြီး လဲ Viewer ဖတ်သူဦးရေ တိုးလာတာကို သတိ ထား မိတယ် ၊ အရေးကြီးတာက အစိုးရပိုင်းကရော အတိုက်အခံ ပိုင်းကပါ ပြု့ပင်ပြောင်းလဲမှုတွေ လုပ်လာကြတာ ကိုလဲ တွေရလို. ရေးရကျိုး နပ်တယ် ၊ ရေးအားရှိတယ် ပေါ.။

ပြောခြင်တာက သာမန် တယောက်ရဲ့ မြင် အယူအဆတွေကိုလဲ လေးစား အပ် တယ် ဆိုတာဘဲ ၊ ဟိုနေ.က သတင်းဓါတ်ပုံ တခုမှာ အဖွားအို တ ယောက် လမ်းပေါ်ထိုင်ပြီ လက်ဖြန်.တောင်းနေတာကိုတွေရပြန်တယ်။

မစုကြည် ဘယ်လိုမြင်သလဲတော့ မသိဘူး။ NLD ကတော့ အစိုးရမကောင်း လို.ဆိုပြီး ပြောမှာသေချာတယ်။ သူတောင်းစား ဆိုတာ မျိုးနဲ.ရိုးနဲ့ လို.ပြောရ မှာလား။ သူတောင်းစားဆိုတာ ဘုရားအလောင်း မာတင်္ဂ က ဆင်းသက်တဲ့ မျိုးကြီးဆွေကြီးတွေလား ။ သူတိုလဲ လူပေမို. ဒီမိုကရေစီအောက်မှာ လူတိုင်း ဟာ လူ.အခွင့် အရေးအရ တောင်းရမ်းပိုင်ခွင့်ရှိတယ်တဲ့လား ၊ ခိုးစား တိုက် စား ဒါမှ မဟုတ်တာဘဲ လို.ပြော ရမှာလား?

သူတောင်းစားဆိုတာ တိုင်းပြည် ရဲ.နိုင်ငံရေး ။၊ စီးပွားရေး လူမှုရေး ကိစ္စ အရပ်ရပ်တို.ရဲ အခြေအနေမှန်ကို ဖေါ်ပြနေတဲ့ လက္ခဏာတွေ အရိတ်နိမိတ်ဆိုးတွေလို. ဒီကတော့ ယူဆတယ် ။

Pen Names တွေဟာ Pen names တွေဘဲ anonymous ဘဲလို.ဆိုရမယ် လေးစားရမယ်။ ဒို.ဗိုလ်ချုပ် အောင်ဆန်းဟာ နာမည်အမျိုးမျိုးနဲ့ဘဲ ထိန်လင်း၊ သခင်အောင်ဆန်း၊ ဗိုလ်တေဇ ၊ (ဂျပန်လ)ို အိုမိုဒို မွန်ဂျီ ၊ (တရုတ်လိ)ု တန် လူ ရှောင် အပြင် ကိုမျိုးအောင် နဲ့ ကိုဆက်ဖေ ဆိုပြီး နီးစပ်တဲ့ သေဖေါ် သေ ဖက်တွေက သိကြသေးတယ် ။ သိဒတ္ထ ဂေါတမ ဟာ အမည်ရင်းပျောက်ပြီး ဗုဓ္ဒ လို.ဘဲ ကြော်ကြားနေ ပါတယ် ။

မြန်မာတွေ လျှောက်ရမဲ့ ခရီးဟာ ရှေပါသေးတယ် သူတိုကို ပညာပေးဘို.ဆိုတာကလဲ အလျှင်းသင့်သလို ပြောနေကြတာ ၊ သူတိုဟာ ပညာမဲ့တွေ မဟုတ်ပါဘူး ။ ဘာပညာပေးမှာလဲ။ မြန်မာတွေဟာ အရိုင်းအစိုင်း တွေ တောထဲက သစ်ပင်တွေပေါ် မှာ မျောက်တွေလို နေကြတဲ့ သတ္တ၀ါတွေမို. သူတိုကို ယဉ်ကျေးအောင် ငါတို.က လာပြီး ပညာပေးတာပါလို. ဆိုမလို.လား ။ Civilized World ယဉ်ကျေးတဲ့ ကမ္ဘာသားတွေဆိုတာ ဘယ်သူတွေလဲ ။
ကိုဗမာကြီး ဖေါ်ပြခဲ့တဲ့ “ ဗြိတိန် စစ်တပ်မှ မြန်မာပြည်သူများ အပေါ် ခေါင်း ဖြတ် သတ်ခဲ့သည့် သမိုင်း ဝင် ဓာတ်ပုံများ” မြင်ရင် ဘယ်သူတွေဟာ ယဉ် ကျေးသူတွေ ဘယ်သူတွေဟာ အရိုင်းအစိုင်းတွေဆိုတာ သိရ တာ ပေါ့ ။

စစ်သားတွေ ကို ၂ ယောက်ပေါင်းလို. ၄ တန်းမှ မအောင်လိုပြောခဲ့ ကြတယ်. ဒီလိုမအောင်တဲ့ သူတွေကို အထင်မကြီး ရျှုံချခဲကြသူတွေက ၊ ကိုယ် အာဏာ ရရေး အတွက် ပြည်သူလူထုကို ခုတုန်းလုပ် ၊ အလွဲသုံး စား လုပ် ။ စားဝတ် နေရေး ခက်ခဲအောင် တမင်လုပ်တဲ့သူတွေ ပြည်ပအားကိုး မစုကြည် အပါအ၀င် NLD တွေ ကို ယဉ်ကျေးတဲ့သူတွေ ပညာတတ်ကြီးတွေ လို.ပြောရမှာ လား ၊ ချီးကျူးရမှာလား ။

အရေးကြီးတာက ဒီနေ.မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ အတိတ်ကထက် ပိုပြီး သောက ဖြစ်စရာတွေ စိုးရိမ်စရာ တွေ ရှိလာနေတယ် ၊ ဒီမိုကရေစီဆိုတဲ့ ကိုယ်အရိုးနဲု့.ကိုယ် အထိုးခံနေရတယ် ၊ ကိုယ့်ဆီနဲ့ကိုယ် အကျော်ခံ နေရတယ် ဆိုတာ သိထားကြဘို.လိုတယ် ။

တော်သေးပြီ ။