Article submitted by: minkyaw thuyein on 17-Oct-2013  
ပြည်သူ.အားကို အများကြီးလိုသည်။
မျိုးချစ် တိုင်းချစ် ပြည်ချစ်များ ။

ဗုံးခွဲ သူကိုအစစ်အမှန် ဖေါ်ထုတ်ရေး နိုင်ငံ့တော် နဲ့ နိုင်ငံသားတို.အကျိုးဌာ ရဲတပ်ဖွဲ.ကို လူထူက အစွမ်းကုန် ကူညီရလိမ်.မယ်။ ဗုံးခွဲမှုမှာ မိမိနဲ့မိသားစု
တွေ တနေ.မဟုတ် တနေ.ပါဝင် သေဆူံး ၊ ဆူံးရှုံးနိုင်စရာတွေ ရှိနေတယ်၊
ကိုယ်နဲ့မတဲ့လို.သောက်မြင်ကပ်လို.ဆိုတဲ့ အာဃာတတွေနဲ့ တော့ မဖြစ်စေ
ကောင်းပါဘူး ။

ဖမ်းရမိတယ် ဆိုတဲ့ သူတွေဟာလဲ သူတို.မသေရဲလိုလဲ မသိမသာ ဗုံးထောင်တာပေါ့၊ ဘယ်သူဘယ်ဝါ ဂိုဏ်းက ခိုင်းလို.လုပ်ပါတယ် လိုလဲ ၀န်ခံကြမယ် မဟုတ်ဘူး။ ၀န်ခံခဲ့ကြရင်လဲ သူတိုကို မတရား ညှင်းပန်း နှိပ်စက်
ပြီး ၀န်ခံချက် ဖြောင့် ချက်ရယူတာပါလို. သက်ဆိုင်သူတွေ၊ အဖွဲတွေက ညင်းအုန်းမှာဘဲ ။ စွပ်စွဲအုံး မယ် ။

ဖမ်းမိတဲ့ မသင်္ကာသူဆိုတာတွေဟာ အမှန်စဉ်စစ် ကျုးလွန်သူတွေဆိုရင်တော့
ရဲတပ်ဖွဲ.ကို ချီးကျူးရမယ်။ မဖြစ်ပွားအောင်ကြိုတင်ကာကွယ်ခြင်းမရှိတဲ့
အတွက်တော့ ရှုံ.ချရမယ် ။ အမှူဟာ ပြည်သူလူထု စိတ်ဝင် စားအာရုံ စိုက်နေတာမို ။ နီးရာလူကို ဆွဲပြီး တရားခံ လုပ်ရင်လဲ မဟုတ်သေးဘူး၊
လုပ်ရုံဘဲ ရှိမယ် ၊ ကျူးလွန် နေသူတွေကတော့ အခွင့်အရေးရတိုင်းလုပ်နေ
မှာ ဘဲ. သူတိုကို မမိမချင်းလုပ်နေမှာဘဲ။ ရဲတပ်ဖွဲလည်း နာမယ် ပျက်ရုံဘဲ
ရှိမယ် လူထုရဲ. ယုံကြည်မှု ကင်းမဲ့ ခံရမယ်။ ရဲတပ်ဖွဲ.ဟာ ပြည်သူတွေကို ကူညီနိုင်ဘို. အတွက် ပြည်သူတွေကလဲရဲတပ်ဖွဲ.ကို မှန်ကန်စွာ ကူညီကြ
ရမယ် ။

ငြိမ်းချမ်းရေး ပျက်ပြားစေဘို.ဖြစ်စေ/အောင်မြင်စေဘို.ဖြစ်စေ ၊ ဖွဲစည်းပုံအခြေ
ခံ ပြင်ဆင်စေလိုသလား/ မပြင်ဆင် စေလိုသလားဆိုတဲ့ ရည်ရွယ်ချက်ကို ရေရေရာရာမသိရ တဲု့ ကြိုတင်ဖေါ်မပြတဲ့ ဗုံးခွဲမှုတွေကို ကျုးလွန်ကြသူတွေ
ဟာ သတ္တိကြောင် မြန်မာအမည်ခံ အကြမ်းဖက်သမားတွေဘဲ ။

တာလေဘန် ၊ အယ်(လ)ကိုင်ဒါများဟာ အကြမ်းဘက်သမားမှန်သည်တိုင်.သူတိုယုံကြည်ချက်နဲ့ အသက် ကိုပေး လုပ်ရဲတယ် ခံရဲတယ် ။ ယောက်ျား ပီသကြတယ် ၊ မိန်းမ ပီသကြတယ် ။ သူတို.ပါဝင်ပါတ်သက်ရာ အဖွဲအစည်း
တွေကလဲ .သူတိုရဲ လက်ချက် ဖြစ်တယ်လို.သတ္တိရှိရှိ သော်၎င်း ၊အမြတ်ထုတ်
ဘို.သော်၎င်း ၀န်ခံကြတယ် ။ မြန်မာနိုင်ငံက အဖွဲတွေကတော့ ဒီလိုမဟုတ်
ဘူး။ နောက်ကျောက ဒါးနဲ့ ထိုးတဲ့ အကျင့်ဝါ သနာရှိကြတယ် ၊ ဒီနေ. ဒို.နိင်ငံ
မှာ ငြိမ်းချမ်းရေး.ဦးတည် ကြိုးပန်းနေကြတယ် ဆိုတဲ့ သောင်းကျန်းအဖွဲ.တွေဟာ ဗုံးခွဲမှုတွေ ဟာ သူတိုလက်ချက်ဖြစ်ကြောင်းလဲ ၀န်မခံ ၊ သူတို.လက်ချက်မဟုတ်ပါဘူးလို.လဲ မငြင်းကြဘူး။ ဟုတ်ရင် လဲ ၀န်ခံလိမ့်မယ်
လို မမျှော်လင့်နိုင်ဘူး။ ငြိမ်းချမ်းရေး စားပွဲကကန်ထုတ်ခံရမှာ စိုးလို.။

ငြိမ်းချမ်းရေး ဆွေးနွေးတယ် ဆိုတာ ပြရုပ်သဘောသက်သက်တော့ မဖြစ်ကောင်းဘူး၊ အပစ်အခတ်ရပ်ဆဲ တာတောင် ရက်အကန်.အသတ်ဘဲ ဖြစ်သင့်တယ် ၊ ပြီးခဲ့ တဲ့ အတိတ်က အလွဲသုံးစားပြုမှူတွေ အများကြီး တွေခဲ့
ရတယ်၊ ငြိမ်းချမ်းရေးဆိုတာ လုံးလုံးလေးလား ပြားပြားလေးလား ဘယ်လို အရောင်လဲ ၊ ထိလို. ကိုင်တွယ်လို. ရသလား မေးရမလိုဖြစ်နေတယ် ။

ငြိမ်းချမ်းရေးရတာမရတာ ဘေးချိတ် ၊ အပစ်အခတ်ရပ်ဆဲရေး ဆိုတာကိုက Holiday သဘောဘဲ ၊ စားကောင်းခြင်းစားရ ၊ အိပ်ကောင်းခြင်း အိပ်ရ ၊ နေကောင်းခြင်းနေရတယ် ၊ ငြိမ်းချမ်းရေးစားပွဲမှာ ထိုင်ရတာကဘဲ. လူဆော်
နံတဲ့ VIP လို.သတ်မှတ်ခံရတာကိုက မနဲဘူး။

ဖမ်းရမိတယ် ဆိုတဲ့ သူတွေဟာလဲ သူတို.မသေရဲလို လဲ ဘယ်သူဘယ်ဝါ ဂိုဏ်းက ခိုင်းလို.လုပ်ပါတယ် လိုလဲ ၀န်ခံကြမယ် မဟုတ်ဘူး။ ၀န်ခံခဲ့ကြရင်လဲ သူတိုကို မတရား ညှင်းပန်းနှိပ်စက်ပြီး ၀န်ခံချက် ဖြောင့် ချက်ရယူတာပါလို. သက်ဆိုင်သူတွေ၊ အဖွဲတွေက ငြင်းအုန်းမှာဘဲ ။ စွပ်စွဲအုံး မယ် ။

ဖမ်းမိတဲ့ မသင်္ကာသူဆိုတာတွေဟာ အမှန်စဉ်စစ်ကျုးလွန်သူတွေဆိုရင်တော့ ရဲတပ်ဖွဲ.ကို ချီးကျူးရမယ်။ မဖြစ်ပွားအောင်ကြိုတင်ကာကွယ်ခြင်းမရှိတဲ့
အတွက်တော့ ရှုံ.ချရမယ် ။ အမှူဟာ ပြည်သူလူထု စိတ်ဝင် အာရုံ စိုက်နေ
တာမို ။ နီးရာလူကို ဆွဲပြီး တရားခံ လုပ်ရင်လဲမဟုတ်သေးဘူး၊ လုပ်ရုံဘဲ
ရှိမယ် ၊ ကျူးလွန် နေသူတွေကတော့ အခွင့်အရေးရတိုင်း လုပ်နေမှာဘဲ။
သူတိုကို မမိမချင်းလုပ်နေမှာဘဲ။ ရဲတပ်ဖွဲလည်း နာမယ် ပျက်ရုံဘဲ ရှိမယ် လူထုရဲ. ယုံကြည်မှု ကင်းမဲ့ ခံရမယ်။ ရဲတပ်ဖွဲ.ဟာ ပြည်သူတွေကို ကူညီနိုင်
ဘို. အတွက် ပြည်သူတွေကလဲ့ ရဲတပ်ဖွဲ.ကို မှန်ကန်စွာ ကူညီကြရမယ် ။

ဦးသိန်းစိန် ပေးခဲ့တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင်ဟာ ရည်ရွယ်ချက် ကောင်းပေမဲ့ အခွင့်ကောင်းယူ အလွဲသုံးစားလုပ်သူတွေ့ရဲ.ဒါဏ်ကိုတော့ ပြည်သူရော အစိုးရပါ ခံရတယ် ဆိုတာ သာဓကဘဲ။ အထူးသဖြင့် မြန်မာနိုင်ငံ
ကို အဖက်ဖက်က အနဲ့ နဲ့ အများဆိုသလို ထိခိုက်တယ် ၊

မခုပေါက်ခွဲမှူ ဟာ သူခိုး ဒါးပြ အဆင့်က လုပ်တာတော့ မဟုတ်နိုင်ဘူး . သူပုန် သောင်းကျန်းတွေဘဲ ဖြစ်နိုင်တယ် ၊ လက်ရှိ အစိုးရကို မလိုလားတဲ့
နိုင်ငံရေးအဖွဲအစည်းတခုခုရဲ့လက်ချက်မဟုတ်ဘူးလို.လဲ မပြော နိုင်တဲ့
အတွက် စုံစမ်းထောက်လှမ်း ဖေါ်ထုတ်မှုကို အသေးစိပ် ပြည်စုံစွာပြုဘို.လိုတယ်။ တွေရှိချက်အတိအကျ လူထုကို အသိပေးရမယ် ။ ဒါပေမဲ့ တရားရုံးက မဟုတ်ဘဲ မီဒီယာက လူထုကို သွေးထိုးပြီး စီရင်ချက် ချတာ
မျိုးတော့ မဖြစ်စေရဘူး။

မနေ.က တင်ဘဲ အစိုးရ နဲ့ ကချင်လက်နက်ကိုင်တွေ ငြိမ်းချမ်းရေးဆွေးနွေး
ပွဲမှာ တိုက်ပွဲများတွင် ဖမ်းဆီးရမိသူများ၊ လက်နက် ချပြီးသူများအား လူသား
ဆန်စွာ ဆက်ဆံပြီး နည်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်း အပါအ၀င် ရက်စက် ကြမ်း
ကြုတ်စွာ ပြုမူဆက်ဆံခြင်း မပြုလုပ်ရန် တပ်မတော်နှင့် ကေအိုင်အေတို့ သဘောတူ။ ဆိုတဲ့အချက် ကို ဖေါ်ပြခဲ့သေးတယ် ။ အကြောင်းရှိလို. ဖြစ်မှာပေါ့။ အကြောင်းခိုင်လုံလို. ဖြစ်မှာပေါ.။

သောင်းကျန်းအဖွဲ.အမျိုးမျိုး ဟာ အခုဆိုရင် တစုတဝေး စုပေါင်းမိနေပုံရှိပြီး Nato လို စစ်မဟာမိတ်အဖွဲ. ဖွဲ.မိနေကြပုံလဲ ရှိတယ်။ အစိုးရနဲ့ တပ်မတော
်ကို စိန်ခေါ်နေပုံ ဖိအားပေးနေပုံရှိတယ် ။

ဒီနေရာမှာ မစုကြည်နဲ့ NLD ရဲ့ ပြတ်သားသော အနေအထားကို သိဘို.လိုတယ်။ မစုကြည် ဘယ်လောက် သတ္တိရှိ သလဲ ၊ ဘယ်ဘက်ကို ယိုင်ပြီး ဘယ်ဘက်က ရပ်တည် သလဲ ၊ သမတ ရာထူးမက်နေလို.ကတော့ အလကား
ဘဲ။ ။ တိုင်းပြည်ကို အစိပ်စိပ် ဖြိုခွဲမဲ့အုတ်စု ဘက်ကလား ? တစုတတည်း လုပ်မဲ့ ဘက်ကလား ? မစုကြည်နဲ့NLD ဟာ လက်ရှီ မြေအောက် လက်နက် ကိုင် သူပုန်သောင်းကျန်းတွေနဲ့ တိုးတိုးတိတ်တိတ် ဘယ်လိုမှအဆက်အသွယ်
မရှိပါဘူး ၊ သူတို.ဟာ NLD ရဲ. စစ်ရေးတောင်ပန် မဟုတ်ပါဘူး ၊ NLD ဟာလဲ သူတိုရဲ.နိုင်ငံရေးတောင်ပန်မဟုတ်ပါဘူးဆိုတာကို ရှင်းဘို. လို လိမ်.မယ်၊

အကြောင်းကတော့ မြေအောက် လက်နက်ကိုင်သောင်းကျန်းတွေဟာ NLD ဆိုတာကို သူတို.အကျိုးဆောင် ပါတီလို သဘောထားနေကြတာတွေ .ရလို.ဘဲ ။

ပါလီမန် လွှတ်တော်ထဲက အချို.သောနိုင်ငံရေးပါတီတွေလဲဘဲ ၊ မြေအောက် လက်နက်ကိုင် သူပုန်တွေကို ကိုယ်စားပြုနေသလား သိဘို.လိုတယ်. သိရဲ.သားနဲ.စိုးရက ဘာမှမလုပ်တာကရော ဘယ်လိုယူဆရမှာလဲ. ဘယ်လောက်
အထိ ကြိုးရှည် ရှည် လှမ်းထားမှာလဲ ?

အခု မကြာခဏ ဆိုသလို ဗုံးခွဲမှုတွေ ဖြစ်လာနေပြီ. မစုကြည်က(ဗုံးများတွေ့ရှိနေခြင်းသည် တမင်လုပ် ဆောင်နေခြင်းဖြစ်ပြီးလမ်းလွဲရောက်ရှိသွားနိုင်
်သည့် ထောင်ချောက် ထဲသို့ မ၀င်ရောက်မိစေရန် သတိပေး) (ပြောလို့တော့ မရဘူးပေါ့နော်။ ဒါက အုပ်ချုပ်ရေးပိုင်း ဆိုင်ရာကဘယ်သူတွေ လုပ်တာလဲ
ဆိုတာ ဖေါ်ထုတ်ပေးမှ ဖြစ်မှာပေါ့။ မှန်းခြေနဲ့သိပ်စဉ်းစားနေရင်တစ်ခါတလေ မဖြစ်သင့်တာတွေ ဖြစ်သွားလိမ့်မယ်တင်းမာမှု တွေ ဖြစ်သွားနိုင်မယ်") တဲ့။

မစုကြည် တယောက်အနေနဲ့ ရိုးသားကောင်းရိုးသားမယ် မစုကြည်ဟာ (စိန်. ထရီစာ) လို.သူတော်စင်မ တယောက် မဟုတ်ဘူး။ ကိုယ်မဟုတ်ရင်တောင် ကိုယ့် လူတွေထဲက ဘယ်သူတွေ ဘာလုပ်နေတယ် ဆိုတာ အားလုံးကို သိခြင်မှလဲ သိမယ်။ ဒီလိုပြောရတာက မစုကြည်ဟာ တာဝန်ခံ အဆင်.ရောက်နေတာမို. ကိုယ်လူတွေ တာဝန်မဲ့ ပြုရင် မစုကြည်လဲ တာဝန်ရှောင်လို.မရဘူး ဆိုတာ သိစေခြင်လို.ဘဲ ။

တော်သေးပြီ ။