Article submitted by: Thunderbolts on 16-Oct-2013  
အမျိုးသားလုံခြုံရေး လျှော့လို မဖြစ် ၊
ဒို.လူကလေးများ ။

ဗုံးများတွေ့ရှိနေခြင်းသည် တမင်လုပ်ဆောင် နေခြင်းဖြစ်ပြီး လမ်းလွဲရောက်ရှိ
သွားနိုင်သည့် ထောင်ချောက် ထဲသို့ မ၀င်ရောက်မိစေရန် ဒေါ်အောင်ဆန်းစု
ကြည် သတိပေး) ခေါင်းစဉ်နဲ့သတင်းတပုဒ်ကို အောက်တိုဘာ ၁၄ ရက်နေ.က ဖတ်လိုက်ကြရမှာပေါ့ ။

ဒေါ်အောင်ဆန်းစုကြည်က "အဲဒါလည်း ဖြစ်နိုင်တာပေါ့။ ပြောလို့တော့ မရဘူး
ပေါ့နော်။ ဒါက အုပ်ချုပ်ရေးပိုင်း ဆိုင်ရာက ဘယ်သူတွေ လုပ်တာလဲ ဆိုတာ
ဖော်ထုတ်ပေးမှ ဖြစ်မှာပေါ့။ မှန်းခြေနဲ့ သိပ်စဉ်းစားနေရင်တစ်ခါတလေ မဖြစ်
သင့်တာတွေ ဖြစ်သွားလိမ့်မယ် တင်းမာမှုတွေ ဖြစ်သွားနိုင်မယ်" တဲ့။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးကတော့ "ဒါကတော့ ဗုံးခွဲတဲ့ အဖွဲ့အစည်းဆိုမှတော့ ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့။ ဗုံးတွေနဲ့ နီးစပ်တဲ့ အဖွဲ.အ
စည်းပဲ ဖြစ်မှာပေါ့" တဲ့ ။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ ဦးဌေးဦးရဲ တာဝန်မဲ့ ဖြေကြားမှုကို ကြားရတာ အတော်ဘဲ ၀မ်းနဲ့ ဘို.ကောင်းတယ်။ သူအနေနဲ့
ကတော့ ပြောလိုက်ရပြီးရောဟုတ်လှပြီ လို.ထင်မှာဘဲ၊ ဦးဌေးဦး လို လူ ဘယ်
နှယောက်ရှိနေမလဲ မသိဘူး။ ဒီ လူဟာ ဘယ်သူဘဲ ဖြစ်ဖြစ် တက်ကြွ သူတဦး
ထက် အစွန်းရောက်နေသူ တယောက်လို.ဘဲ မြင်တယ် ။

ဗုံးတွေနဲ့ နီးစပ်တဲ့ အဖွဲအစည်းဟာ ဘယ် အဖွဲအစည်းကို ဆိုလိုသလဲ လို.သတင်းထောက်က ဒဲ့ဒိုးဘဲ ဆက်မေးလိုက်ဘို.ကောင်းတယ် ။

ဗုံး ဆိုတာ လူတိုင်းလုပ်တတ်တယ် ဓါတ်ဆီ ရှိရင် ဗုံးဖြစ်တယ် ၊ ဗုံးဆိုတာ စက်ရုံနဲ့ ထုတ်လုပ်မှ ရတာမျိုး မဟုတ်ဘူး ၊ အိမ်နောက်ဖေး ခြံထဲမှဒင် လုပ်
လို.ရတယ် ။ တရားဝင်ရောင်းချနေတဲ့ မီးအိုး မီးပန်း ဗျောက်အိုးတွေက ယမ်း
တွေ ကန်.တွေနဲ့ ဗုံးလုပ်လိုရတယ် ဆိုတာ ဦးဌေးဦး သိပါလိမ့် မယ် ။

မြန်မာနိုင်ငံလို ရောင်စုံသူပုန် တွေ ပေါလှတဲ့နိုင်ငံမှာ မကြာခဏဆိုသလို မြို.ကြီး ပြကြီးတွေမှာ။ ဗုံးတွေ ကွဲနေတာ ကို အထူးသဖြင့် တွေ.ရ မြင်ရတယ် ။ တာဝန်မဲ့ ပြောရမယ် သာ ဆိုရင် ရန်ကုန်မြို.ဟာ လူတကာ ဥဒဟို ၀င်ထွက်
သွားလာနေတဲ့ မြို.တမြို.ဖြစ်တယ် ။ KNU ကရင်တွေ ၊ NMSP မွန်တွေနဲ့ ပြည်.နှက်နေတယ် ။ ဘယ်သူတွေက ဘယ်သူကို ထောက်ခံ ဆန်.ကျင်
တယ် ဆိုတာ တော.မသိဘူးပေါ့။

ကရင် ဗမာ အထိဂရုဏ်း ဆိုတာဟာ အင်းစိန်မြို.က စခဲ့တယ် ၊ အင်းစိန်က ရန်ကုန် အလုံမြိုနယ် ၀ှိုက်ဟော ဆိုတာထိ ခရစ်ယန်ဘာသာဝင် ကရင်တွေ
စိုးမိုးနေတာဖြစ်တယ် ။ ဘယ်ကရင်ဟာ KNU ပါတီဝင် မှတ်ပုံတင် ကိုင် ဆောင်တယ် ၊ ဘယ် မွန်ဟာ NMSP ကိုင်ဆောင်တယ် ဆိုတာ ဘယ်သူမှ မသိဘူး ၊ မွန်တွေကတော ဗုဓ္ဒဘာသာများပါတယ် ။ NLD နဲ့ တခြားပါတီ ၀င်
တွေကတော့ ကိုင်ဆောင်တာရှိတယ် ၊ ကိုင်ခဲ့ရင်လဲ ကိုင်ခွင့်ရှိတယ် ၊ ပါတီ
တွေဟာ မတရား အသင်း ကြေငြာ ခံထားရတာ မဟုတ်ဘူး။

သိစေခြင်တာက ကုရင် အားလုံး မွန် အားလူံးဟာ သူပုန်တွေ သောင်းကျန်း
တွေ မဟုတ်ဘူးဆိုတာဘဲ ၊ ၀ါးလုံး ချီးသုတ် သိမ်း ရမ်းလိုတော မဖြစ်ဘူးပေါ. ။နိုင်ငံရေးအရူး၊ စီးပွားရေးရူး၊ လူုမှုရေး ရူး ဘာသာရေး ရူးတယောက်
ယောက်က လုပ်တာလဲ ဖြစ်နိုင်တယ်၊ ၊

ကမ္ဘာလည့် ခရီးသွား လုပ်ငန်း ကိုဖြစ်စေ. Trader ဟိုတယ် ကို မနာလို မရှုစိမ်.လိုဖြစ်စေ အာဃာတ နဲ့ တဦးတယောက်က ကျုးလွန်တာလဲ ဖြစ်နိုင်
တာဘဲ. ။ ဖြစ်နိုင်တာတွေကတော့ အများကြီးဘဲ ၊ ဖြစ်တယ် ဖြစ်ရမယ်လို.တော့ ယိုးစွပ်နေလို.မရဘူး။

ဖွဲစည်းပုံ အခြေခံ ဥပဒေသစ် ရေးစွဲ ရေးအတွက် လိုလားတဲ့ ဖိအားလား။ မလိုလား ကန်.ကွက်တဲ့ ဖိအားလား။ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အတွက် လို.လားတဲ့ ဖိအားလား ၊ မလိုလား ကန်.ကွက်တဲ့ ဖိအားလား ဆိုတာကို ဖေါက်ခွဲသူ နဲ့ သူ.အဖွဲ.ကဘဲ သိမယ်။

Trader ဟော်တယ် ၉ ထပ်မှာမှာ ဖြစ်တာဟာ ဟော်တယ် အလုပ်သမား မပါဘဲ မဖြစ် နိုင်ဘူး ၊ အခင်းဖစ် အခန်းကို ဘယ်အလုပ်သမားတာဝန်ယူရ
သလဲ ၊ ဘယ်သူတွေ နေသွားသလဲ ဆိုတာ ဟော်တယ် ဧည့်စာရင်း မှာရှိမှာ
ဘဲ ၊ အခန်းတာဝန်ကျသူ လုပ်ပါတယ်လို.လဲ အထောက်အထားမရှိ ပြောလို.မရဘူး၊

ထိခိုက်ဒါဏ်ရာ ရသူကလဲ ဖြစ်ခြင်တော့ အမေရိကန်နိုင်ငံသား ဖြစ်နေပြန်
တယ် ၊ တိုက်ဆိုင် မှုတွေပေါလေ နိုင်ငံရေးမှာ လူ.အသက်နဲ့ ကစားနေကြ
တာမို. လူ.အသက်တချောင်းဟာ ဘာမှ တန်ဘိုး မရှိဖြစ်နေ ရပေမဲ့ လူ ဟာ လု ပါဘဲ ။ လုံခြုံစွာ အသက်ရှင်နေပိုင် ခွင့် ရှိပါတယ် ။

တာဝန်ရှိပုဂိုလ် တွေ အနေနဲ့လဲ နိုင်ငံတော် / အမျိုးသားလုံခြုံရေးကို နဲနဲလေးမှ အလျှော့ ပေးစရာမလိုဘူးဆိုတာ သိပါလိမ့်မယ် ။