Article submitted by: minkyaw thuyein on 15-Oct-2013  
ပစ္စုပန်သည် အနာဂါတ်အတွက် ( ၁ )။
ဒို.လူကလေးများ ဆိုသလေး၊

ဒီနေ.အစိုးရ နဲ့ ကချင်လက်နက်ကို်င်တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုက်ပွဲများတွင် ဖမ်းဆီးရမိသူများ၊ လက်နက် ချပြီးသူများအား လူသား
ဆန်စွာ ဆက်ဆံပြီး နည်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်း အပါအ၀င် ရက်စက် ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခြင်း မပြုလုပ်ရန် တပ်မတော်နှင့် ကေအိုင်အေတို့ သဘောတူ။ ဆိုတဲ့အချက် ကို ထည့်ထားရတာကို ဘဲ ကြည့်တော့ ။ အတိတ်က ဘာတွေ ဖြစ်ခဲ့ သလဲ ဆိုတာကို ခန်.မှန်းနိုင်တယ် ။
အစိုးရဖက်ကလဲ လူသားတိုရဲ ဘ၀ဟာဆိုတာ အများနည်းတူ ကံ ဥာဏ် ၀ိရိယ လုံ.လတို.ပေါ်မှာ တည်တယ်ဆိုတာကို အသိပေးရမယ်. ကုလားထိုင်ပေါ်မှာ အငြိမ့်သား အသင့်ထိုင်စားနေလို. မဖြစ်ဘူးဆိုတာကို သိစေရမယ် ၊ ခေါင်းဆောင်တွေက ဘယ်လို ငြိမ်းချမ်းရေးဘဲ ရ အောင်လုပ်လုပ် ဒိုတတွေက မထိမ်းသိမ်းနိင်ရင် မထိမ်းသိမ်းကြရင် ဒီနေ.ရတဲ့ ငြိမ်းချမ်းရေးဟာ မနက်ဖြန်ပျက်သွားမှာဘဲ ။ ဖြစ်ခဲ့ ဘူးပါတယ် ။
ပြောခြင်တာက နဲသည်ဖြစ်စေ များသည် ဖြစ်စေ. ရှိသမျှ ငြိမ်းချမ်းရေးလေးနဲ့ အခက်အခဲတွေကြားမှာဘဲ၊ တာဝန်ရှိ ပုဂိုလ်တွေ ဟာ နိုင်ငံနဲ့ လူမျိုးတိုးတက် ဖွံဖြိုးအောင် လုပ်နိုင်သမျှ လုပ်ပေးနေကြတယ်၊ သူတို.ကို လူတော် လူကောင်းတွေ လို.အသိအမှတ် ပြုဘို.လိုတယ် ၊ တာဝန်မရှိ ၊ တာဝန်မသိသူ တချိုကတော့ ၊ သူတို.လဲ ဘယ်တုန်းကမှ ဘာမှ မလုပ်ဘူး၊ သူများလုပ်တာလဲ ကောင်းတယ် မထင်ဘူး ။ အကြံလေးတောင် မပေး ၊ အာလူး ရောင်းနေကြတယ် ။ ကျမတိုမှာ အာဏာမရှိလို. ဘာမှ မလုပ်နိုင်
ပါ ဘူးရှင် ဆိုသူကလဲ ၊ အရည်စုတ်ဘို. အရိုး တောင်းနေသေးတယ် ။

တကယ်လို.သာ အခုထက်ပိုပြီး ငြိမ်ချမ်းရေးရခဲ့မယ် ၊ ရှိခဲ့မယ် ဆိုရင်တော့ တိုးတက်ဖွံဖြိုးမှုတွေဟာ အရှိန် အဟုန် တိုးမြင့် လာလိမ့်မယ်လို. အကောင်း
ဖက်က မြင်ရမှာဘဲ ။ သတိထားရမဲ့ အတိတ်က သာဓကတွေ မှာ ငြိမ်းချမ်းရေး
ဆွေနွေးဘို. စားပွဲရောက်ခါမှ အစိုးရဘက်က ငြိမ်းချမ်းရေးကိုယ်စားလယ်တွေ
ကို သူပုန်ဘက် က နေရာမှာတင် ပစ်သတ်ခဲ့တာတွေ ရှိခဲ့ဘူးတယ် ဆိုတာဘဲ ၊ ငြိမ်းချမ်းရေး ကျိုးပေါက် ပျက်ပြားတာတွေကိုလဲ မကြာခဏ တွေခဲ့ ရတာမို. ထာဝရ ငြိမ်းချမ်းရေးဆိုတာဟာ အကောင်အထည
မရှိတဲ့ တံလျှပ် လို.ပြောရင် ရတယ်။ ငြိမ်းချမ်းရေး ဆိုတာ တဦးတယောက်
ထဲ က ထူးထူးကဲကဲလိုခြင်နေလိုတော့ မရဘူး။ လိုခြင်မှန်းသိရင် ဈေးကိုင်
တတ်တယ် ၊ နိုင်ငံတခု သူဟာသူ ငြိမ်းချမ်းစွာ ရှိနေတာကို. မရှူနိုင် မစိမ့်နိုင်
ဖြစ်သူတွေကလဲ ရှိသေးတယ် ဆိုတာ မမေ.နဲ.။

၁၉၄၈ ခုနှစ်ကစပြီး လူမျိုးစု ဆိုတဲ့ ရောင်စုံသူပုန် ၊ ကွန်မြုနစ် ၊ တရုတ်ဖြု စတာတွေကို နှိမ်နင်းပြီး လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်သလိုမဖြစ်လို. ဖြစ်သလိုလုပ်ခဲ့ရတဲ့ တပ်မတော်ခေါင်းဆောင်ကို သူအဖေ မရှိတဲ့ နောက်ပိုင်း တပ်မတော်နဲ့ နိုင်ငံတော်ကို စောင့်ရှောက် ထိမ်းသိမ်းလာသူပါလားလို.မှအသိအမှတ်မပြု ၊ အကောင်းလေးတခုမှ မမြင်
ဘဲ လှည်းပေါ် ခုန်တက် ၊ကလေးဆန်ဆန် မိန်းမဥာဏ်နဲ့ မိန်းမတွေး တွေးပြီး သိက္ခာတွေ အမျိုးမျိုးချခဲ့တာတွေ ကြုံကြရတယ် ။ အတိုက်အခံ ဆန်.ကျင်
ဘက်ဆိုတာ နေရာ တကာမှာ အချိန်မရွေး ရှိနေမယ် ။ သူရဲ့ ရည်ရွယ်ချက
်တွေ၊ အထူးသဖြင့် သူနောက်က ဘယ်သူတွေ ရှိတယ် ဆိုတာ ဖုံးမနိုင်ဖိမရ ပေါ်လာတယ်။ ဒါဟာဘာလဲ ဆိုတော မြန်မာနိုင်ငံ ဟာ အစဉ်အလာ ကြားနေ ဘက်မလိုက် နိုင်ငံဘ၀ က အနောက် အုတ်စုရဲ့ ညစ်ညမ်းသော ဂြိုဟ်တု နိုင်ငံ၊ ရုပ်သေးနိုင်ငဖြစ်တော့မယ် ၊ လွတ်လပ်ရေးနဲ့ လွတ်လပ်မှု တွေ ဆုံး ရှုံးတော့မယ်ဆိုတာဘဲ ။ ပါတ်ဝန်းကျင် ကို လေ့လာကြည်ရင် သိနိုင်တယ် ။ လွတ်လပ်ရေးနဲ့ လွတ်လပ်မှု ဆိုတာ ဘာမှန်း မသိသူတွေ
အတွက်ကတော့ ဘာမှူ မလဲ ။

ဒီနေ. ဒို.ရဲနိုင်ငံ ၊ ဒို.မြေမှာ ရရှိနေတဲ တိုးတက် ဖွံဖြိုးမှုတွေဟာ ၆၇ နှစ်အတွင်းအစိုးရ အဆက်ဆက်ရဲ့ တဖြေးဖြေးချင်း တည်ဆောက်လာတဲ့
အောင်မြင်မှူုတွေဘဲ ။ တိုင်းပြည် တိုးတက် ဖွံ့ဖြိုးမှုကို ဘာတာဝန် မှ မယူခဲ
့ဘူးသူ ။ ဘယ်လိုအခြေအနေက ဘာတွေကို ဘယ်လို တိုးတက်အောင် လုပ်ခဲ့ကြရတယ် ဆိုတာတောင် မသိတဲ့ သူက ၊ တိုင်းပြည် နဲ့ လူတွေ ဘာမှ မတိုးတက်ပါဘူးလို ပြောရဲသေးတယ် ၊ ၁၉၈၈ ခု ကထဲက ချခဲတဲ့ စီးပွားရေး ဒါဏ်ခတ် ပိတ်ဆို.မှူုတွေကို သူကိုယ်တိုင် ထောက်ခံ အားပေးခဲ့တာတွေ မေ့နေပြီပေါ.။

အခုပြောတဲ့စကားတွေကို အရင်ကလဲပြောဘူးပါတယ်ကြားဘူး ကြပါလိမ့်
မယ်။ အသစ်ဘယ်လိုကောင်းကောင်း အဟောင်းကိုတော. တလယ်လယ်
ပေါ့။ မြန်မာတွေကို နိုင်ငံသားကောင်းတွေဖြစ်ဘို. လေ့ကျင့်သင်ကြားပေးရေး
ဘဲ ။ လေ့ကျင့်ပါများကိုယ်ပိုင်ပစ္စည်း ဖြစ် ( Practice makes perfect) ဆိုတဲ့စကားလို ထပ်ပြောတော့လဲ ပိုပြီးမှတ်မိကြမယ် ၊ ပြုပြင်စရာတွေကြို့ပုပြင်ကြရမယ် ပေါ့ ။ ပြုပြင်ရမယ် ဆိုတော့ ဘာတွေ ပြုပြင်ရမှလဲ လို.မေးရင်၊ မြန်မာတိုရဲ့ ပျော့ညံ့အားနဲ မှုတွေကို ထောက် ပြဘို.လိုလိမ့်မယ် ။

ဒီလိုထောက်ပြလို.တော့ နှိမ်တယ်မမှတ်နဲ့ ဆူတာ ဆဲတာလဲ မဟုတ်ဘူး ၊ ပြုပြင်စရာလို. ဆိုရင် ဘာတွေ ပျက်နေသလဲ ဆိုတာကို ကိုယ့်ဟာကိုယ် သိအောင်ရှာဘို. ပြောနေတာ။

မကြာခဏပြောဘူးပါတယ် ၊ အစိုးရ ဆိုတာ ဒို.ထဲက ဒို.လူတွေပါ ၊ ဒို.တတွေ ပျောညံ့အားနဲ့ရင် ဒို.အစိုးရလဲ ပျော့ညံ့အားနဲ့မှာဘဲ ။ အဆုံးမတော့ အရာရာဟာ ဒို.ပေါ်မှာဘဲမူတည်တယ် ။ ဒို.ကောင်းရင် အစိုးရ ကောင်း မယ် ။


ဒို.ကိုယ်တိုင်က အရာခပ်သိမ်းကို သိရှိနားလည်မှ အစိုးရ ဘာလုပ်နေတယ် ဆိုတာကိုလဲ ဒို.သိရှိနားလယ် မယ် ၊ အစိုးရဆိုတာ တတိုင်းတပြည်လုံး လူအများတွက် ပစ္စုပန်နဲ့ အနာဂါတ်အတွက် စီစဉ်ဆောင်ရွက်နေ တာတွေမို.လက်ရှိ အကျိုးခံစားရတာတွေ ရှိမယ် ၊ အနာဂါတ်မှ အကျိုးခံစားရတာတွေ ရှိမယ် ၊ ဘာကိုမှ ချက်ချင်း ရေကြည် သောက်ရဘို.မမျှော်လင့်သင့်ဘူး။

အစီစဉ်တွေ ကြိုတင်သိရရင် ကိုယ့် အပိုင်းက ဘာတာဝန်တွေ ဘယ်လိုကျေပြွန်အောင် ထမ်း ဆောင်ရမယ်ဆိုတာကိုတော့ မျှော်လင့်ထားပြင်ဆင်ထားဘို လိုလိမ့်မယ် ။ အစိုးရ ကလဲ လူတွေကို သိသင့်သိထိုက်တာတွေ ကြိုတင်အသိပေးရမယ်။ ရုတ်တရက် အငိုက် မိအောင် မလုပ်သင့်ဘူး ၊ ကိုယ်ကလဲ တယောက်ထဲ မကြိုက် တာနဲ့ လူအများတွက် လုပ်ကိုင်ဆောင် ရွက်နေတာတွေကို ကန်.ကွက်ဆန်.ကျင်နေလို.မဖြစ်ဘူး။
ဒို.ကို ဆုံးမတဲ့ စာမှာ အတ္တ္တအကျိုး ပရအကျိုး ဆိုတာရှိတယ်။ နိုင်ငံရေးသဘောအရပြောရရင် လူအများအကျိုးအတွက် ကိုယ် တယောက် ထဲက အနစ်နာခံစရာရှိ ခံရမှာဘဲ ။ အများအတွက်ရည်ရွယ်လုပ်ကိုင်ဆောင်ရွက်နေတာတွေကို ကိုယ် တယောက်အတွက် ကိုယ်တို.တစုက အနစ်နာမခံနိုင်ဘူးဆိုရင် ကိုယ်နဲ့ပါတ်သက်တဲ့ ကိစ္စတွေမှာလဲ သူများတွေက ဘယ်လိုအနစ်နာ ခံနိုင်မလဲ ဆိုတာတွေ ဖြစ်လာလိမ့်မယ် ။ အစိုးရကလဲ လုပ်ဆဲ ကိစ္စတွေကို ရပ်တန် ရုတ်သိမ်း မပစ်နိုင်ဘူး။ အများအတွက်လိုအပ်တာတွေ လုပ်နေတာ ။
ဒို.တိုင်းပြည်မှာ ဒို.တတွေဟာ နိုင်ငံရေး စီးပွားရေး လူမှုရေး စစ်ရေးကိစ္စ အရပ်ရပ်ကို စိတ်ဝင်စားရမယ် ၊ လေ့လာရမယ် သုံးသပ် နိုင်ကြရမယ် သူများတွေနဲလွှဲထားလို.ချည်းတော့ မဖြစ်ဘူး။ အကြောင်းရယ်လို ဖြစ်လာရင် သူများတွေ အပေါ်ပုံချ ချည်း နေလို.လဲ မဖြစ်ဘူး။ ကိုယ်တိုင်း ကိုယ့်ပြည် ကိုယ်လူမျိုးအရေးဟာ ကိုယ့် အရေးဘဲ ကိုယ့်တာဝန်ဘဲ ။

ပြောစရာရှိတာကို ပြောရမယ် ၊ မြန်မာနိုင်ငံဟာဟာ မျှော်လင်ချက် ကင်းမဲ့နေတဲ့ နိုင်ငံတခု မဟုတ်ပါဘူး။ မြန်မာလူမျိုးတွေဟာ မျှော်လင့်ချက်မရှိတဲ့လူမျိုးတွေ မဟုတ်ပါဘူးဆိုတာ သိစေခြင်တယ် ။ သူတို.အနေနဲ့ သူတိုရဲ အားနဲ့ ချက် တွေ ပျော့ညံ့မှူတွေကို သူတို.ဟာသူတို.ရိတ်
စားမိလို.လဲ ၊ သူတပါးကို ရိုးသားစွာ ယုံကြည် အားကိုးကောင်း အားကိုးကြ
ပါလိမ့် ။ တကယ်တော မြန်မာတွေဟာ အရာရာကို ကြည်ကြည် လင်လင်မရှိဘဲ ဝေခွဲမရ ခေါင်းရှုတ်နေပုံရတယ် ။ သနားစရာကောင်းတဲ့ သူတို.တတွေဟာ လွတ်လပ်ခြင်းနဲ့ လွတ်လပ်ရေး ဆိုတာကို အဓိပါယ်ကွဲပြားအောင် သိကြပုံမရှိဘူး။ မကြာခဏ ရှင်းလင်းပြောပြခဲ့ ပေမဲ့ဆရာများ သာသေ ဆိုသလို ဖြစ်နေပုံရတယ် ။ ဒီလိုဖြစ်ရတာဟာ မြန်မာတွေဟာ အခြေခံ ပညာရေး အသိဥာဏ် မခိုင်မာလို.ဘဲ ။
လူတိုင်းဆရာလုပ်တာကို ဇဝေဇ၀ါ ဟုတ်နိုးနိုး ဖြစ်နေရကြလို.ဘဲ ၊ ၀ိုင်းပြီးခေါင်းဆေး မင်္ဂလာပြု ကြလို.လဲ ဆံပင် တောင်မရှိ ၊ ဦးနှောက်တောင် ဘယ်ပျောက်သွားတယ် မသိဘူး။ ကိုယ့်အားကိုယ်ကိုး တာဟာ ကိုယ့်ရဲ လွတ်လပ်ခြင်းနဲ့ လွတ်လပ်မှူ ကို ကာကွယ်တာဘဲ ၊ နိုင်ငံတကာနဲ့ကုန်စည် ကူးသန်းရောင်းဝယ်မှုဟာ မိမိရဲ လွတ်လပ်ခြင်းနဲ့လွတ်လပ်မှုကို မဆုံရှုံးစေသင့်ဘူး။ ၂ နိုင်ငံ အကျိုးတူ စီးပွားဆက်ဆံ ရေးမှာ လိုသည်ထက် ပိုပြီး မှီခိုအားထားခြင်းဟာ မိမိကို အန္ဒရာယ်ရှိစေနိုင်တယ် ။
မြန်မာနိုင်ငံမှာ တချိန်က လူမျိုးခြား အမျိုးမျိုး ဟာ မြန်မာတွေကို အမျိုးမျိုးချယ်လှယ်ခဲ့ကြတာအရာရာမှာ ဒို.ညံ့လို.ဘဲ ၊ သိလာတဲ့ အချိန်မှာ စည်းလုံးခဲ့ကြတော့ လူမျိုးခြားတွေ လဲ မခံနိုင် အိမ်ပြန်ပြေးကြရတယ်။ ဒီ အောင်မြင်မှုဟာ စည်းလုံးမှူကြောင်.ဖြစ်ရတာဆိုတာကို မေ့ပြီး ၊ မလိုလားအပ်တဲ့ ဂုဏ်မာန ဟန်ဆောင်မှုတွေကြောင့် တိုင်းပြည်နဲ့လူမျိုးအတွံက် ဆောင်ရွက်တာဆိုတဲ့ ရည်ရွယ်ချက်ကောင်းဟာ ကိုယ်ကျိုးအတွက် ဆောင်ရွက်တာဆိုတဲ့ အတ္တ လွန်ကဲတဲ့ ဘက်ကိုရောက်သွားနိုင်တဲ့အတွက် စည်းလုံးမှု ပြိုကွဲခဲ့ ကြတယ် နိုင်ငံ လဲ ပြိုကွဲမဲ့ အခြေနဲ့ ဆိုက်ခဲ့ရတယ် ။ ဒါဟာ အထင် မဟုတ်ဘူး အမြင်။

မျိုးချစ် စိတ်နဲ့ တိုင်းချစ် ပြည်ချစ်စိတ်ဆိုတာ ကွဲ့ပြားမှုရှိတယ် ။ လူမျိုးစု အများရှိတဲ့ မြန်မာမှာ မျိုးချစ်စိတ် ဆိုတာက လူမျိုးရေးဝါဒီ မဖြစ်ထိုက်ဘူး ။ လူမျိုးရေးဝါဒ စွဲလာရင် အားလုံး ဒုက္ခတွေ.ကြဘို.လဲ ရှိတယ်။ မျိုးချစ်စိတ်ဟာ ရှိသင့်တဲ့ နေရာမှာ ရှိရမယ် ၊ တိုင်းချစ် ပြည်ချစ်စိတ် များများမွေးသင့်တယ် ။ မြန်မာတွေကို သူငယ်တန်းကစပြီး မှန်ကန်သော ပညာပေးမှူတွေ ပြုလုပ် လေ့ကျင့်သင်ကြားပေးသင့်တယ် ၊ မိဘတွေ ကိုယ်တိုင်ကလဲ သားသမီးတွေ ကို ပညာပေးနိုင် ရမယ် ၊ ကျောင်းလွှတ်ထားတာ ဆရာဆရာမတွေရဲ့ တာဝန်ပေါ့.လို လွယ်လွယ်ပြော
လိုတော့ မဖြစ်ဘူး။

အခုလဲ ဒီမိုကရေစီအောက်မှာ ဆရာအမျိုးမျိုး ဟိုလူကတမျိုး ဒီလူကတဖုံ ပြောနေကြတာကို ကြည့်ရင် မြန်မာတိုရဲ့ ခရီးဟာ ရှေ အုံးမယ်လို ခန်.မှန်းရတယ် ။ မျက်နှာနာ မိတ်မပျက်ခြင်တော့ တနည်းအားဖြင့် အားနာမှုကြောင့် ၊ အုတ် ရောရော ကျောက်ရောရော ၊ ဝေလေလေနဲ့ ရေသာခို လှေကြုံလိုက်တဲ့ အကျင့်ပါ ပါလာတော့ တယ် ။ ရင်လေးစရာဘဲ ။ ဆရာတွေ ဘာဘဲ ပြောပြော ကိုယ်ကိုနှိုက်က အခြေခံ အတွေးအခေါ် အသိစိတ် မှန်ကန်မှု မရှိရင် အင်္ဂုလိမာလ လူဆိုးကြီး ဖြစ်ရသလို ရှိလိမ့်မယ် ။
နိုင်ငံရေး စီးပွားရေး လူမှုရေး စစ်ရေး ကိစ္စတွေဟာ ပိဋိကတ် ၃ ပုံ လို အာဂုံဆောင်ပြီး အခါအားးလျှော်စွာ ယနာတင်နိုင် ညှိနိုင်ရင်တော့ အကောင်းဆုံးပေါ့ ။ ဒီကြားထဲက ၊ နားအလယ်လွယ်ဆုံးပြောရရင် သူတပါးသြဇာကြောင်. အဂတိ ၄ ပါး လိုက်စားရင် လွတ်လပ်ခြင်း လွတ်လပ်မှုတွေ ဆုံးရှုံးလိမ့်မယ် ။ ဘယ်သူ.သြဇာကြောင့်မှ မဟုတ်ဘဲ ၊ အဂတိ ၄ ပါး မလိုက်စားဘဲ လုပ်သင့်တာကို လုပ် ၊ မလုပ်သင့်တာကို မလုပ်ရင် ၊ လွတ်လပ်ခြင်း လွတ်လပ်မှုတွေနြဲ့ပည့်စုံ တယ်လို မှတ်ယူရမယ်။ လုပ်သင့်တာ ၊ မလုပ်သင့်တာ ဘာတွေဆိုတာ လူတိုင်းသိအပ်တယ် ။ ဘာသာရေး သင်ပြဆုံးမမှုတွေမှာ ပါတာမို.အထူးပြော မနေတော့ဘူး။ တခါတလေမှာ ရောဂါပျောက်ဘို. ဆေးခါး သောက်ရတာမျိုးတွေ ရှိလိမ့်မယ် ဆိုတာကိုလဲ နားလည် ကြရမယ် ။

ဒို.တတွေဘာလိုတယ် ဘယ်လောက်လိုတယ်ဆိုတာ ဘယ်လောက်တတ်နိုင်
တယ်ဆိုတာပေါ်မှာလဲ တည်သေးတယ် ၊ ဖရီး (Free ) အလကားရလိမ်.မယ် မထင်နဲ့ အလကား ဆိုလို.လက်ခံလိုက်ရင်တောင် နောက်ပိုင်းက ကြိုးချည်မှု
တွေ ပါလာပြီး ကိုယ်ကိုယ်တိုင်တန်ဘိုးမရှိတဲ့ အလကား ကောင်ပါကွာ ဆိုတဲ့ ဘ၀ရောက်သွားမယ် ၊ လူမလေး ခွေးမခန်.ဖြစ်မယ် ။ သူတောင်းစားနဲ တန်းတူမယ်။ ဒါကြောင့်သူများထက် မသာရင်တောင် သူများ အောက်မကျဘဲ
တင့်တောင်တင့် တယ် အသက်ရှူချောင်ချောင် နေနိုင်ဘို. အရေးကြီးတယ် ။ ဟန် ကိုယ်ဘို. မန်သူဘို. ဆိုတဲ့ စကားအရ ၊ ဟန် ဆောင်မှုတွေ များပြီး ရှိသင့်တဲ့ မန်မရှိပြန်ရင်လဲ ကိုယ် ကို အနိုင်ကျင့်သွားအုံးမယ်။

မြန်မာတိုဟာ ကံတရားစီမံ ရာဘဲ ဆိုပြီး ရည်မှန်းချက်ပန်းတိုင် မထားကြ
တာများတယ် ၊ ဒါကလဲ မစခင်ကတည်းက ဘ၀ ကို အရှုံးပေးနေတာဘဲ ၊ ထားပြန်တော့ လဲ အရိပ် အကောင်မှ မရှိတဲ့ နိဗ္ပာန်ဆိုတာကို မှန်းတယ် ။ အနည်းဆုံး တော့ နတ်ပြည် ဆိုတာကို ရောက်ရင် နတ်သမီး တဖက် ၅၀၀ နဲ့ နေရလေမလားလို.ပေါ.လေ ၊ ပေးရတဲ့ အဖိုးဆာနားကိုစာရွက်ပေါ်ရေးချ ပြီးတွက်ချက်ကြည့်.ကြရဲလားမသိ ။ ရွာထိပ်ရှိ အကောက်ခွန်ဌာနကို စေတနာဒလဟောနဲ့လှူ လိုက် တန်းလို်က်တာ ပြင်းထန်နဲ့ ယုံကြည်ချက် တခုကြောင့်ဘဲ ၊ နိဗ္ပာန်ရောက်မလား. နတ်ပြည်ရောက်မလား ငရဲလားမလား ဆိုတာလဲ ဘယ်သူမှ မသိဘူး။ ယုံကြည်ချက်ဘဲ ။ အိမ်က မိန်းမ ထမီတောင် လဲဝတ်စရာမရှိဘူး၊ ဒါတောင်ဘဲ ဆင်းရဲလိုက်တာနော် လို ငြီးလိုက်သေးတယ် ။ အလှူအတန်းတွေ စေတနာမမှန်လို ဘဲ လို. ပြောရင် ဘာပြောမလဲ ? ပြောရတာတော့ ခတ် ခက်ခက်ဘဲ ။ ကိုယ်လဲ မြန်မာဘဲ မကြာခဏ ဆိုသလို မြန်မာတွေကို ကိုယ် နားမလည်နိုင် အောင်ရှိရတယ် ။

ချမ်းသာသူတွေ.ဟာ ကိုယ်စာရိတ်နဲ့ ချမ်းသာနေကြတယ် ၊ ချမ်းသာတဲ့ နိုင်ငံတွေ ဟာ ကိုယ့်စရိတ်နဲ့ချမ်းသာနေကြတယ် ၊ ကိုယ် ညံ့လို.ပေါ.။ ဒါတောင် မရိတ်မိသေး မသိသေးဘူးလား မောင်တို. မယ်တို.။