Article submitted by: Thunderbolts on 13-Oct-2013  
မြန်မာစာသုံးတာ မြန်မာမို.ဘဲ ပေါ့ ။
မျိုးချစ် ဒို.လူကလေးများ ။

လူအပါအ၀င် တိရိစ္ဆာန်တွေဟာ အနုနည်း အကြမ်းနည်းတွေနဲ့ ယဉ်ကျေး ယဉ်ပါးအောင် လေ့ကျင့်သင် ကြားပေးလို. ရပေမဲ့ ၊ ကျွဲ နွား တိရိစ္ဆာန်နဲ့ အလားတူ တချို.ကတော့ ဘယ်လိုမှ သင်လို.မရနိုင်ဘုး ၊ ကိုယ်က ကျွေးမွေး
ထားတဲ့ အိမ်သုံးတိရိစ္တာန်ကို ခိုင်းတာတောင် ကြိမ်လုံး ကြာပွတ် အမြဲသုံးပြီတ ဟဲ့ ဟဲ့ အော် ငေါက်နေရတယ် ။ လူတွေထဲမှာ တချို.လူတွေဟာ ကျွဲတွေ နွားတွေလိုဘဲ လူစကားနားမလယ် ၊ ကြိမ်လုံး ကြာပွတ် နှင်တံ ကိုမှ နာခံကြ တယ် ဆိုတာ တွေ.ရတယ် ။ မြန်မာတွေထဲမှာလဲ ၊ ကျွဲလိုလို နွှားလိုလို ကျွဲ သာသာ နွားသာသာ လူစကားနားမလည်သူတွေ ရှိနေတာကို ၀မ်းနဲ ကျေကွဲ
ဖွယ်ရာတွေ. နေရတယ် ။ ဒါကြောင့် ထင်ပါရဲ့ “ ကျွဲ ပါး စောင်းတီး ” ဆိုတာ မြန်မာစကားဘဲ ။

မိတ်ဆွေ တယောက်က မေးတယ် ၊ စာတွေကို အများနားလည်အောင် အင်္ဂလိပ်လို ဘာကြောင့် မရေးသလဲ တဲ့ ၊ ဘာကြောင်ယလဲ ဆိုတာကို သူနားမလည်ရင် ၊ သူနားလည်အောင် စိတ်ရှည်ရှည်လေးထားပြီး ဖြေရမှာက ကို.တာဝန်ပေါ့လေ ။

အင်္ဂလိမ် မြန်မာ ၂ ဘာသာ ဘယ်ဟာကမှ အကြောင်းမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ခံယူချက်နဲ့ ကိုယ်ပေါ့ ။ မြန်မာလူမျိုးဆိုတဲ့ Identity , မြန်မာတွေ သစ်ပင်ပေါ်မှာ နေတဲ့ မျောက်တွေ မဟုတ်ဘူး။ စာပေ ယဉ်ကျေးမှူရှိတဲ့ လူမျိုးတွေ ၊ စာဖတ်တယ် ရေးတတ်တယ် ယဉ်ကျေးရှိတဲ့ လူမျိုး ၊ မြန်မာ
အချင်းချင်း မြန်မာစကားနဲ့ ပြောရတာ အားရတယ် နားလည် လွယ်တယ်၊ မြန်မာစာပေ တိမ်ကော မသွား အောင်ဘဲ မြန်မာစာကို လိုအပ်သလို လိုအပ်
တဲ့နေရာတွေမှာ သုံးသွားတာ ဘယ်သူကိုမှ ထိခိုက် စော်ကားတာ မဟုတ်ပါ
ဘူး ။ မြန်မာလူမျိုးစုဝင် တွေကလဲ သူတို.ဘာသာစကားတွေကို သူတို.အကြောင်းနဲ့ သူ သူတို. ရည်ရယ်ချက်နဲ့ သူတို. လုပ်လာနေကြတာ တွေ.ရ ကြားရတယ် ။ ဘာကိုမှ မပြောလိုဘူး ပစ်တင် ဝေဖန် ဘို.ဆိုတာ ဝေးရော ။

နိုင်ငံခြား မီဒီယာဝင် အသံလွှင်.ဌာန တချို.ကတောင် မြန်မာလူမျိးစုဝင် တချို.ရဲ ဘာသာ စကားနဲ့ အသံလွင့် ပေးနေတယ်။ သူတိုရည်ရွယ်ချက်ကဘာလဲ ၊ ဘာကြောင့်သူတို.ရဲ ဌာနေတိုင်းရင်းသား တွေရဲ စာပေတွေကို မြင့်တင်မပေးသလဲ ဆိုတာကော မေးကြည်.သလားလို Sioux Nation ၀င် ဌာနေတိုင်းရင်းသားတွေ စပိန် စကား အင်္ဂလိပ်စကား ပြင်သစ်စကား ၃ ဘာသာ ၃ စုကွဲတွေနဲ့ဘဲ အဆုံးသပ်ရတာ မိမိတိုဘာသာစကား စာပေ လုံးဝ ဆုံးရှူံ့ခဲ့ကြရတယ် ဆိုတာကို လေ့လာမိတယ် .ဓိုတတွေမှာလဲ ပြူ ၊ ကမ်ယံ ၊ သက် ဆိုတဲ့ လူမျိုးကြီး ၃ စု ကွဲ ခဲ့ ဘူးတယ် ၊ ဒီနေ.ဟာ ဒီနေ.ဘဲ လို.မေးဖြေ ဖြေလိုက်တော့၊ မေးသူလဲ ဘာမှ မပြောဘဲ နှုတ်ပိတ်သွားတယ်။

အခု ဒို.ပြောဆိုဆွေးနွေးနေကြတာတွေဟာ ဒို.ုကိစ္စမှာ ဒို.နိုင်ငံ့အရေး ဒို.အရေး (မြန်မာအရေး)ကိစ္စဖြစ်တယ် ၊ မြန်မာဆိုရင် မြန်မာစာတတ်ကြမယ် ၊ မြန်မာစကားနားလည်ကြတယ် ၊ လူမျိုးခြားတွေဆိုရင်လဲ ဒို.လူမျိုးနဲ့ ဒို.နိုင်ငံ့ အကြောင်းတွေကို လေ့လာထားကြလို.သိကြတယ် ။ ဒို.အကြောင်း သူတို.ကို မသိစေခြင်စရာဘာမှ မရှိဘူး။ ဒို.အကြောင်း ဒို.သိတာ ထက် သူတို ဘာမှ ပို မသိဘူး။

အထူးသဖြင် ဒို.ရဲ့အားနဲချက်တွေ အားသန်ချက်တွေကို ဒို.ကိုယ်တိုင် မသိ
ဘူးဆိုရင်တော့ ဒို.အပစ်ဘဲ၊ သူတပါးကျွှန်ဖြစ်ရတာ နဲတောင် နဲသေးတယ် ၊ ကျွန်စိတ်နဲ့ ကျွန်ခံလိုသူတွေသာ အနိုင်ရ တဘန်းသာသွားရင် တတိုင်းပြည်
လုံး တနိုင်ငံလုံး ကျွန်ဖြစ်တော့တာဘဲ ။
ပြောစရာက ဒို.တတွေ ကိုယ်တိုင်လဲ ကိုယ့်မင်းကိုယ်ချင်း ကိုယ့်ထီး ကိုယ့်နန်းနဲ့ နေကြတုန်းက ကိုယ့်ကို ကိုယ် နှိမ့်ချတဲ့ အနေနဲ.၊ ဒါမှမဟုတ် တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူကို မြောက်တဲ့အနေနဲ့ ၊ ကျိုးနွံတဲ့ အနေနဲ.ကျေးတော်မျိုး ကျွှန်တော်မျိုးလို ရည်ညွန်းခဲ့ကြတယ် ၊ စည်းကမ်းကြီးတာ
လား ၊ ကြောက် စိတ်လား၊ တသွေး တသံ တမိန်.နဲ့ ညီညွတ်တာလား ?
ဒါပေမဲ လူမျိုးချင်းမတူတဲ့ တနိုင်ငံသားတွေကို အနိုင်ကျင့်ပြီး ကြေးကျွန်အဖြစ် ရောင်းဝယ်တဲ့ ကုန်ပစ္စည်းအမှတ်နဲ့တော့ ခုခေတ် အခေါ် လူကုန် ကူးခဲ့တဲ့ သာဓကတွေလို ရောင်းချခဲ့တာတွေ မရှိခဲ့ဘူး ဘူး။ သမီးပေး သားပေးတွေ
ကတော့ ဘုရင်နဲ့ အမျိုးတော်ခြင်လို သားစပ်တာ လေ။

အဲဒီအချိန် ကာလက ကမ္ဘာပေါ်မှာ ဒို.နည်းအတိုင်းဘဲ သူတပါးတွေ လှဲိခဲ့ကြတယ် ဆိုတာကို မှတ်တမ်း တွေအရ သိရ မှတ်ရတယ် ။ အဲဒီတုန်းက စံနစ်တွေ အပေါ် ခန်.မှန်းထင်မြင်ယူဆချက်တွေ အမျိုးမျိုးလဲရှိ တယ် ၊ အမှန်တကယ် ဖြစ်ခဲ့တယ် ပြောဆို လုပ်ကိုင်ခဲ့တယ် ဆိုတာတွေကတော ယူဆချက်တွေက ပေါ်ပေါက်လာတာဘဲ. လိုရ့င် လိုသလို၊ မလိုရင် မလိုသလို
ဘဲပေါ့။

သမိုင်းရာဇ၀င်မှတ်တမ်းတင်တယ်တိုတာ နိုင်သူက သူတင်ခြင်တာ တင်တာ
ဘဲ လို. ပြောရင် ရတယ်။ သူများဘယ်လောက် ဆိုးတယ် ၊ ကိုယ်ဘယ်
လောက်ကောင်း တယ်ဆိုတာတွေ နဲ့ ပြည်နက်နေတယ်။ ရိုးနေတာတွေဘဲ။ သူတိုရေးထားတဲ့ ရာဇ၀င်သမိုင်းကို ပြုပြင်တာ မကြိုက်သူတွေဟာ သူများရေး
ထားတဲ့ သူတိုနဲ့ ပါတ်သက် တဲ့ ရာဇ၀င်သမိုင်းကို မကြိုက်ကြဘူး ကန်.ကွက်
ကြတယ် ၊

ရာဇ၀င်သမိုင်းကို ဘယ်သူတွေကဖန်တီး မှတ်တမ်းတင် ရေသားထုတ်ဝေသလဲ ဘာတွေမှန်သလဲ ဘာတွေ ချန်သလဲ သိခြင်ရင် သူသူငါငါ ရေးသား
တဲ့ စာတွေကို အားလူံးဖတ်ပြီး ဖြစ်နိုင်တာမဖြစ်နိုင်တာ တွေကို ကိုယ့်ဖါသာ မှတ်ယူဘို.ဘဲ ။

အင်္ဂလိပ်ဘာသာနဲ အင်္ဂလိပ်တွေရေးထားတဲ့ မြန်မာသမိုင်း၊ မြန်မာဘာသာနဲ့ မြန်မာတွေရေးတဲ့ သမိုင်း၊ တရုတ်၊ ယိုးဒယား အိန္ဒိယ သီရိလင်္ကာတို.က ရေးတဲ့ မြန်မာနဲ့ ပါတ်သက်ရာ သမိုင်းအချက်အလက်တွေမှာ ခြားနားချက်
တွေကို တွေကြရမှာ ကတော့ မလွဲဘဲ။ The King and I ရုပ်ရှင်ဘဲ ဖြစ်စေ The King Makers ရုပ်ရှင်ကို ကြည့်ဘူးကြရင် ၊ မြန်မာယောင်ဆောင်တွေ
ဟာ မြန်မာနဲ့ယိုးဒယားတို.ကြား ချစ်ကြည်ရေးပျက်ပြား စစ်မက်ဖြစ်ပွား
အောင် ဘယ်လောက် သွေးထိုး လှုံဆော် လှုပ်ရှားခဲ့ ကြတယ် ဆိုတာတွေကို
တွေ.ရလိမ့် မယ်။

ဒီနေ.တင်ပြတဲ့ အဓိက က ဘာကြောင့် မြန်မာလိုရေးသလဲ ဆိုတဲ့ မေးခွန်းကို အဖြေ ပေါ်လွင်စေခြင်တာဘဲ မြန်မာစာ ဟာ ကမ္ဘာကို လွှမ်းမိုးဘို.လား လို.မေးရင်တော့ မေးသူ ရူးနေလိမ့်မယ်၊ တချိန်မှာ မြန်ပြည် တ၀ှမ်း ကို တော့ အများသုံး ရုံးသုံး အဖြစ်လွှမ်းခြင်လွှမ်း လိမ့်မယ်။ မလွှမ်းအောင်လဲ လုပ်နေ
ကြသူတွေ ရှိတယ် ။ မြန်မာနိုင်ငံမှာ မြန်မာစာ ရုံးသုံး မလုပ်နိုင်ရင် ၊ မြန်မာ
နိုင်ငံဟာ တနိုင်ငံ ထဲ မဟုတ်ဘူး ။ မြန်မာ ဆိုတာ တနိုင်ငံထဲက လူမျိုးတမျိုး
ထဲဖြစ်ဘို.ဆိုတာကိုတော့ မမျှော်လင့်နိုင်သေး ဘူး ဆိုတာကို ပြနေတာဘဲ။

အခု.တောင် မြန်မာလိုဘဲ ဖြစ်စေ၊ အင်္ဂလိပ်လိုဘဲ ဖြစ်စေ မြန်မာနိုင်ငံရဲ. နိုငငံရေး စီးပွားရေး လူမှူုရေး ကိစ္စ ရပ် ပြသနာတွေကို အကောင်းအဆိုး အလေးထား ပါဝင်ဆွေးနွေးခြင်းမရှိ ကြိုက်ကြိုက် မကြိုက်ကြိုက် ချိုတယ် ခါးတယ် မပြောဘဲ ပါးစပ်ပိတ် နားထောင်နေကြတယ်. ဒါဟာ မြန်မာတိုရဲ့ တက်ကြွမှူတွေဘဲ လို. ယူဆရမလား။

မြန်မာတွေ ပြောင်းလဲကြမှ မြန်မာပြည် ပြောင်းလဲမှာပါလို. ပြောတော့ နားလည် သဘောပေါက်ကြပုံမရှိဘူး။ ဆိုတာကို တွေ ရတယ် ။ နော်ငတနေ့.မှည ခေါင်းဆောင်ဖြစ်ကြမှာပါ ဆိုတဲ့ ဒီနေ.လူငယ်တွေရဲ့ ပြောင်းလဲ မှုတွေ ကတော အံ့မခန်းပါဘဲ ။

သဘောတရားရေးဆရာကြီး ဆိုကရေးတီး (469 BC – 399 BC) ရဲ့ စကားအတိုင်း ဖေါ်ပြရရင်တော. ““Our youth now love luxury. They have bad manners, contempt for authority; they show disrespect for their elders and love chatter in place of exercise; they no longer rise when elders enter the room; they contradict their parents, chatter before company; gobble up their food and tyrannize their teachers.” ဘသာပြန်ဘို မလိုပါဘူးထင်ပါရဲ့ ၊

ဆိုကရေးတီးသာ လက်ရှိ အသက်ထင်ရှားရှိရင် ဘာများပြောမလဲ ။
မြန်မာတိုကတော့ အလိမ္မာ စာမှာရှိလို.လဲ ဆိုထားတယ် ၊၊

မြန်မာစာပေပျောက်ရင် ၊ မ်ြန်မာ လူမျိုးပျောက်လိမ်မယ် ။ ဗုဓ္ဒကျမ်း၈န်တွေ
ကိုလဲ ဖတ်နိုင်ကြတော့မယ် မဟုတ်ဘူး ။ လိမ္မာရေးခြားနဲ့ အကျင့်ကောင်း
တွေပါ ပျောက်သွားမှုာကို စိုးရိမ်မိတယ် ၊ ပိုတယ် လို မဆိုနဲ့ နော် ။

ဒါလောက်ဆို နားလည်လိမ့်မယ် သဘောပေါက်လိမ့်မယ် ထင်ပါရဲ့။