Article submitted by: minkyaw thuyein on 12-Oct-2013  
ကိုယ် စိတ် ၂ ပါး၊ ကျန်းမာ ချမ်းသာကြပါစေ ။
ဒို.လူကလေးများ ဆိုသလေး၊

မှန်ရာကို သစ္စာဆိုပါမည် ဘုရားသခင်ထံ တိုင်တည် လိုက်ခြင်သည် လို.ဘဲပြောရတော့မလား?

ကြားဘူးတဲ့ သီချင်းလေးတပုဒ်နဲ့ စခြင်တယ် ၊ ကြားဘူးတဲ့အတိုင်းမှတ်မိ
သလောက်ဖေါ်ပြမယ် ၊ ကောက်ခြင်တဲ့ အဓိပါယ်သာ ကောက်ကြတော့ ၊ ယူဆခြင်သလိုသာ ယူဆကြတော့ ။ ရေးစပ်သူကတော့ နန်းတော်ရှေ.ဆရာတင် ဘဲ ။ နောက်ပိုင်း ဒီစာအဆုံး မှာ ကိုယ့် အယူအဆကို ကိုယ်တင
်ပြမယ် လေ ။

သီချင်းက ။ ပိုက်ဆံရှားတာ နားမလည်၊ ပိုက်ဆံပေါတာ ပြောတတ်တယ် ၊ ဇမ္ဖူဒီပါ နိမိတ္တတဲ့ ကျန်းမာရေး နဲ့ သူဌေးဝါဒ ကိုမပါယ် ၊ ရတနာ ၇ ပါးရယ်နဲ့ မော်တော်ကားဘဲ စီးမယ် ၊ ဆင်းရဲတာနားမလည် မြင်းပွဲကို သွားမယ်၊ အပေါင်းသဟာယ များရယ်နဲ့ ကောင်းတာကိုမှ စားမယ် နန်းတော်ရှေ.ကို မေးလာကြရင် သူဌေး ၀ါဒကို ကျတော် ပြောပြ ပါမယ်

စိန်လိုခြင်ရင် စိန်ဖြစ်ရမယ် ငွေလိုခြင်ရင် ငွေဖြစ်ရမယ် ၊ လူစိတ်ဓါတ်ဟာ လောက အမြတ်ဆုံး ကွယ်၊ ချစ်တဲ့ ရီစား စွဲလန်းကြတော့ မကြာခင်မှာ ရလိမ့် မယ် ၊ မောင်လိုခြင်တာ ရလိမ့်မယ် ၊ ခင် လိုခြင်တာရလိမ့်မယ၊် ဒီပမာကို မှတ်
ကြကွယ် ၊ နန်းတော်ရှေ.ကိုမေးလာကြရင် သူဌေးဝါဒကို ကျတော်ြေ့ပာပြ
ပါ့မယ် ။

ပစ္စည်း ဥစ္စာယခု တိုးပွားနေတဲ့ လူမျိုးခြားတွေနဲ့ မနှိုင်းပါနဲ့အမှန်အတိုင်းဆိုခြင်
တယ်။ သိန်း သန်း ကူဋေ မရေနိုင် ဒို.ပိုင်ဥစ္စာ ပစ္စည်းတွေ စစ်ကိုင်းတောင်
ပေါ်မှာ ရှိလေတယ် ။

တိုက်တွေ ၊ စက်တွေ အိမ်တွေ - ဘာသာ လူမျိုးခြားတို.ပိုင်တာတွေ ဆိုင်တာတွေ ဆိုပါအုံးသော်ညားလဲ ၊ ဒို.ဗမာ စီးပွားဥစ္စာ ကျောင်း ကန် ဘုရားတွေ အကုန်တည်၊ နန်းတော်ရှေ.ကို မေးလာကြရင် သူဌေးဝါဒကို ကျတော် ပြောပြပါမယ် ။

အဓိပါယ်ပေါက်အောင် ထပ်ခါ ဖတ်ကြည့်ကြစမ်းပါ ။ စဉ်းစားကြည့်ကြစမ်းပါ.အကောင်းအမြင်အဆိုးအမြင်၊ အမြင် ၂ မြင်နဲ့ ပေါ့ ဟုတ်လား ။

ကိုယ်အသုံးမကျတိုင်း သူများခေါင်း ခေါက်တာတွေကတော့ ကောင်းမယ် မထင်ဘူး။ သူတပါး မကောင်း ဘူးဆိုရင် မပေါင်းနဲ့ ရှောင်ပေါ့၊ အသေ၀နာစ ဘာလနံလို. ဆိုထားတော့ ကိုယ်မကောင်းရင်လဲ သူကရှောင် လိမ့်မယ်ဆိုတာ
မျှော်လင်.ထားပါ။

ဒီကနေ. ပြောခြင်တာက သယံဇာတ ပေါကြွယ်ဝတဲ့ ဒို.နိုင်ငံမှာ ဒိုတတွေ ဆင်းရဲ နေတယ် ဆိုတာဘဲ၊ ဘာတွေ ဆင်းရဲနေသလဲဆိုတာကတော ရှုသူရဲ ရှုဒေါင်းအတိုင်းပေါ. ဒို.နိုင်ငံဟာ ဆင်းရဲနေတာလားး။ ဖွဲ့ဖြိုးမှု နဲနေတဲ့ နိုင်ငံလား ? မြေပေါ်မြေအောက် သယံဇာတတွေကို ( ကုန်ကြမ်း) တွေကို ကုန်ချော အဖြစ် ထုတ်လုပ်ခြင်း မရှိဘဲ ကုန်ကြမ်းအဖြစ်သာ ရောင်း ချနေ
တာဟာ ကုန်ကြမ်းပိုင်ရှင် ဒိုတွေဟာ ကုန်ချော အဖြစ် မဖန်တည်း တတ်လို.ဘဲ၊ သူများလက်ထဲ ရောက်လို. ကုန်ချောဖြစ်လာတာကို ဒို.က ပြန်ပြီးဝယ်ယူ သုံးစွဲကြရလေတော့ ။ စဉ်းစားကြည့် ကြစမ်းပါ ၊ ကုန်ကြမ်း ရောင်းလိုရတဲ့ ငွေနဲ့ကုန်ချော ပြန်ဝယ်ရတာ ဖြစ်တော့ ကိုယ်ကကုန်ကြမ်းအလကားပေးလိုက်
ရ သလို၊ သူတိုကို လုပ်ခနဲ့ အမြတ်လဲပေးရသေး လေတော. ကိုယ်ကဘဲ အိတ်ထဲက စိုက်ရတယ်။ ၊ ကုလားခတ်တဲ့ရေ ကုလားဖင်ဆေးတာနဲ့ကုန်
တယ်ဆိုတာဘဲ ပေါ့။ သေသေချာချာ စဉ်းစား ကြည့်စမ်းပါ ။ ကိုယ်ကသာ, ကိုယ့်ကုန်ကြမ်းနဲ့.ကိုယ့်ကုန်ချော ထုတ်လုပ်နိုင်မယ် ဆိုရင် ကိုယ်သာ
ချမ်းသာဘို.ဘဲ မဟုတ်လား ။

အဓိပါယ်က ကုန်ချောလုပ်တဲ့ အတတ်ပညာ.အသိပညာတွေ ဒိုမှာမရှိလို. ဒို.တတွေ. ဟာ သယံဇာတ ပေါကြွယ်ဝပါရက်နဲ ဆင်းရဲနေရတာပါဘဲ ၊ ဒါမှမဟုတ် ငွေမြန်မြန်ပေါ်ခြင်လို.အလုပ်နဲ့ခြင်လို. ကုန်ကြမ်း အတိုင်းဘဲ ကြိုက်ဈေးမဟုတ် ရဈေးနဲ့ အစောတလျှင်ရောင်းလိုက်ကြတာဘဲ ၊ သိထားဘို က စက်မှု မထွန်းကားတဲ့ ဒိုတတွေဟာ ဘာမဆို လက်နဲ့လုပ်နေရတဲ့ အခြေမှ ရှိနေတဲ့အတွက် ငွေမြန်မြန်ပေါ်ခြင်တာ ကိုလဲ အဆိုးပြောလို.မဖြစ်သေးဘူး။ တကယ်တော့ ကိုယ့်အရိုးနဲကိုယ် အထိုးခံနေရတာပါ ကိုယ်ဆီ နဲ.ကိုယ် အကျော်ခံနေရတာပါဆိုရင် ဘာပြောခြင်သေး သလဲ ?

ဘာဘဲပြောပြော မြန်မာနိုင်ငံ ဖွံ.ဖြိုးမှုနဲနေရပါတယ် ဆိုလဲ မှန်တယ် မြန်မာတွေ အသိပညာ အတတ်ပညာ တွေဆင်းရဲနေရပါတယ် ဆိုလဲ မှားတယ်လို. မပြောနိုင်ဘူး ။ ကိုယ့်ဟာကိုယ်သိကြသလား?
ဒို. တတွေဟာ တကယ် ငွေကြေးချမ်းသာလို အရာရာကို ၀ယ်ယူသုံးစွဲနေတာ လား၊ ဘာတာစံနစ်နဲ့သဘော နဲ.ကုန်ချင်းဖလှယ်နေသလား ၊ အခုချိန်ထိ မော်တော်ကားတစီး၊ မီးရထားတစီး ၊ လေယဉ်ပျံတစီး ကိုယ်ပိုင် မထုတ်
လုပ်နိုင်သေးဘူး ၊ Assembly lines.ဖွဲပြီး အစိပ်အပိုင်းတွေကို တတ်ဆင်ပေး
နေရတာထက် ဘာမှ မပိုဘူး ၊၊

ဆင်းရဲတယ် ဆိုတာ ဘာလဲ ချမ်းသာတယ်ဆိုတာဘာလဲ ? စိတ်ပိုင်းဆိုင်ရာ ဆင်းရဲချမ်းသာမှုထက် ရုပ်ပိုင်း ဆိုင်ရာ ဆင်းရဲချမ်းသာမှု ကို အသားပေး
အရေးထားပြီး ဆင်းရဲချမ်းသာမှုကို တိုင်းထွာကြတယ်ဆိုရင် မှား မလား။ စိတ်၏ချမ်းသာခြင်းသည် ကိုယ်၏ချမ်းသာ ဆင်းရဲခြင်းပေါ်တွင် တည်သည် ဟုဆိုလျှင် မှန်မ လား။ စိတ်၏ချမ်းသားခြင်း ကိုယ်၏ချမ်းသာခြင်း၊
တနည်းအားဖြင့် ကိုယ်စိတ် ၂ ပါး ကျန်းမားချမ်းသာကြပါစေ လို.ပြောလေ.ရှိကြတယ် ။ မြန်မာတွေ ကိုယ် စိတ် ၂ ပါး ကျန်းမာချမ်းသာနေကြသလား?
ကိုယ်ချမ်းသာ တိုင်း စိတ်မချမ်းသာဘူးဆိုတာတွေကလဲ ရှိသေးတယ် ။

ဂေါတမ ဗုဓ္ဒနဲ့ တရားတွေဟာ လောကီ လောကုတ္တရာ ၂ ဖျာသော အကျိုးအတွက်လို.ဆိုထားတယ် ၊ ဂေါတမရဲ့ သွန်သင်ချက်တွေမပါဘဲ မြန်မာတွေဟာ နိုင်ငံရေး စီးပွုားရေး လူမှုရေးကိစ္စ ရပ်တွေ ဆောင်ရွက် ခဲ တယ်။ နိုင်ငံရေးမှာ ဘာသာရေး ကို ခုတုန်းမလုပ်ရဘူးဆိုထားတော့ ။ ဗုဓ္ဒဘာသာ (သို.) ဗုဓ္ဒ၀ါဒ ကို ညွှန်း ညွှန်းနေတာ အပစ်မှ လွတ်ရဲ့လား။ ငရဲများကြီးနေမလား ဆိုတာ မေးရတော့မယ်။ အခြားဘာသာတွေ ကလဲ သူတိုရဲဘာသာတွေကို လိုအပ်ရင် ညွှန်းကြတာဘဲ မဟုတ်လား။

ဒီလို ညွှန်းတာတွေဟာ လူတို.မှာ အဖြေမပေးနိုင်တော့တဲ့ အခြေ ။ မဖြေနိုင်
တဲ့ အခြေတွေ ၊ကျဉ်းထဲကြပ် ထဲရောက်တဲ့ အခြေတွေမှာ အထူးသဖြင့် ညွှန်း
လေ.ရှိကြတယ် ။ သာမန် အချိန်တွေမှာဆိုရင် ဂရုတောင် မစိုက်ကြဘူး။

လောဘ မကြီးပါဘူးကွာ ထမင်းဘိုး ဟင်းဘိုး အိမ်စား လေးရရင် တော်ပါပြီ လို. ချွေးသိပ်မနေနဲ. လူကြား ကောင်းအောင်မပြောနဲ့။ ကိုယ့်ကိုကိုယ် လိမ် ညာမနေနဲ့၊ ဆင်းရဲ ဒါဏ်ခံနိုင်ရင် ဆင်းရဲတယ် ဆိုတာကို ငြီးမနေနဲ့ မပြောနဲ့ ။ ချမ်းသာနိုင်ပါရက် ကိုယ်ဆင်းရဲရပြီး သူတပါးသာ ချမ်းသာသွားတာ ဆို
တော့ ကိုယ်က ပါရမီ မပါလို.တဲ့ လား၊ တရားရနေတဲ့ သူတော်ကောင်း
ကြီးတွေလား ၊ တရားမရသူတွေလား။ သာဓုခေါ်လိုက်ရမလား ၊ ဥပက္ခာပြု လိုက်ရမှာလား?

ဥပမာပြောရရင် ဒီနေ.အထိ ဒို.နိုင်ငံမြို.ကြီး မြို.ငယ် ကျေးရွာတွေအပါအ၀င်တို.မှာ နွားလှည်း မြင်းလှည်း ဆိုက်ကားတွေ သုံးတုန်းဘဲ၊ လံခြားကတော့ ပျောက်သွားပါပြီ ။ ခေတ်မီ နွားလှည်းမြင်းလှည်း ဆိုက်ကား တွေ ဖြစ်လာပြီ
လို. ဘယ်လိုမှာပြောလို. မဖြစ်ဘူး။ အရှေတောင်အာရှနိုင်ငံတွေအပါအ၀င်
်ကမ္ဘာလှည့်ပြီး ကြည်လိုက်တဲ့ အခါ နိုင်ငံအတော်များများမှာ နွားလှည်း မြင်းလှည်း ဆိုက်ကား တွေဟာ ခေတ်မီ တိုးတက် နေပြီး နေရာအတော် များများမှာ အသုံးဝင်နေသေးတာကို တွေ.ရတယ် ၊ ကမ္ဘာလှည်. ခရီးးသယ်
တွေ ဆိုရင် မြင်းလှည်း ဆိုက်ကားတွေနဲ့ လှည့်ပါတ်ကြည့် ရှု လေ.လာကြတာ
တွေ.ရတယ် ။

စကားစပ်လို. ပြောရအုံးမယ်ဆိုရင် လန်ဒန်မှာ မြန်မာ သံအမတ် အသစ်
တယောက် ရောက်လာရင် ဘုရင်မထံ ခန့်အပ်လွှာ ဆက်သမဲ့နေ.မှာ ဘာကင်ဟမ် နန်းတော်က အထူးပြင်ဆင်ထားတဲ့ မြင်း ၂ ကောင်စီက မြင်းရထား ၂ စင်း ကို အကြိုတော် မင်းမှုထမ်း၊ ၊ မြင်းထိမ်း ရထားမောင်းနဲ့ မင်းစေတွေ အားလုံးဟာ နန်းတွင်း အ၀တ်အစား ၀တ်ဆင်ထားကြပြီး ။ တောင်ရှည် ခေါင်းပေါင်းဝတ် မြန်မာသံ အမတ် ကြီး နဲ့ ရုံးအဖွဲကို ကြိုဆိုစေ
တယ်။

လန်ဒန်ရောက်ဘူးသူတွေ လန်ဒန်ဆိုက်ကားစီးဘူးကြပါလိမ်မယ် ၊ ဘလ်ဂျီယမ် ရောက်ဘူးရင် မြင်းရထား စီးဘူးကြပါလိမ့်မယ်။ ၀င်ရိုးစွန်း
ဒေသတွေမှာ။ မြင်း ခွေး သမင်တို.ဆွဲတဲ့နှင်းလျှောယဉ်တွေ မြင်ဘူး စီးဘူး ကြပါလိမ့်မယ် ။

သာမန်အားဖြင့်ပြောရရင် မြင်းလှည်း နွာလည်း ဆိုက်ကားဆိုတာတွေဟာ မော်တော်ကားစီးရမှကျေနပ်တဲ့ မြန်မာတို.အတွက် ခေတ်ကုန်နေတဲ့ ယဉ် ရထားတွေ ဘဲ လို.ဆိုကြမယ် ၊ ဒါပေမဲ့ နိုင်ငံတိုင်းမှာ သူနေရာနဲ့ သူ ခေတ်မကုန်သေးဘူး ၊ ဓလေ့ထုံးစံအဖြစ် ခေတ်နဲ့အညီ လိုအပ်တာ ဖြည်.စွက် ပြုပြင်ပြီး သုံးနေကြတုန်း ဘဲ။ တနည်းအားဖြင့် သူတိုဟာဘယ်လောက်ဘဲ တိုးတက်ပေမဲ့ ဘ၀ မမေ့ကြဘူး လို.မြင်နိုင်တယ် ။

ဒါတွေအားလုံးကို ချုံကြည့်လိုက်ရင် မြန်မာနိုင်ငံ မတိုးတက်တာဟာ မြန်မာ
တွေ ရဲ့ အသိဥာဏ် အတွေးအခေါ် ဖန်တည်းနိုင်မှု စွမ်းအားတွေ မတိုးတက်
လို.သာဘဲ ဖြစ်လိမ့်မယ် ၊ ဘ၀မေ့ နေကြသလား လို. ထင်စရာ။ ဒါတွေဟာ နိုင်ငံခြားရင်းနှီးမြုတ်နှံ မှု မလို ပါဘူး။ ကိုယ်.ဟာကို ပြည်တွင်း ဖြစ် ပစ္စည်း
တွေ နဲ့ ခေတ်မီမီထုပ် လုပ်လိုရပါ တယ်၊ ပါတ်ဝန်းကျင် နိုင်ငံတွေကိုလဲ လေ့လာကြည့်ကြစမ်းပါ အုံး ။

အခု မြင်နေ တွေ.နေ ရတာ က ဆံ ဆီ ဆား ငရုတ် ကြက်သွန် ကအစ နိုင်ငံခြားက မှာယူတင်သွင်း နေရ တယ် နိုင်ငံခြားပစ္စည်းမှဘဲ ပစ္စည်းလို. ထင်တဲ့ မြန်မာတွေ အတွက် နန်းတော်ရှေ. ဆရာတင် ရေးတဲ့ စာ ဟာ အပို အလို.မရှိပါဘူး။ အံကျ ဘဲ ဖြစ်နေတယ် ။

လူမျိုးခြားတွေ ချမ်းသာကြီးပွားကြတာကို ကြည်.ပြီး မနာလို ၀န်တိုနေမဲ့ အစား ၊ ကိုယ် ဘာလိုနေတယ် ဆိုတာကို စမ်းစစ် ပြုပြင်ကြရင် ပိုပြီး အဓိပါယ်ရှိလိမ့်မယ် ။ ဆရာတင်ဟာ နိုင်ငံရပ်ခြား လှည်လည်ပြီး သွား လာဘူးတဲ့ ၊ ခုခေတ် မြန်မာ့ခေါင်းဆောင်တယောက် တော့မဟုတ်ဘူး။ ၊ ကလောင်သမား တယောက် ၊ ပြည်တွင်းမှာဘဲ အရှိကိုအရှိအတိုင်း လေ့လာပြီးသူ.ရှုဒေါင့် ကနေ သူမြင်တာကို တေးပြု တင်ပြခဲ့ပုံရှိတယ်၊ သူဆိုလိုတဲ့ သဘောတွေကိုတပြေးထဲညီ နားလည်ဘို. တော့ ခက်မယ် ၊ လူတိုင်းဟာ သူအမြင်နဲ့ သူရှိနေ တာကိုး ၊ ဂေါတမကို မယုံတဲ့သူတွေ ၊ ခရစ်ကို မယုံတဲ့သူတွေ ၊ မိုဟာမက် ကို မယုံတဲ့ သူတွေ တောင် ရှိကြသေး
တာဘဲ ။

ဒီကအမြင်ကတော့ သူတေးဟာ မြန်မာတို.ဘာကြောင်းဆင်းရဲနေကြသလဲ၊ ဆင်းရဲကို ချမ်းသာလို.မှတ်နေ ကြသလဲ ဆိုတာတွေ ၊ အလေ့အကျင့်တွေ ကို ပြောပြထားတယ် ။ ဂေါတမဟာ လောကီနဲ့ လောကုတ္တရာ ကိုဟောထားတော
တော်ရုံလူတွေလဲ လောကီနဲ့လောကုတ္တရာ ရှုတ်ကုန် ကြတယ် လို.မြင်တယ် ၊
။ ၅ ပါးသီလ ၊ ၁၀ ပါးသီလ မြဲ သူဟာ ဘာမှ မစားမသောက်ဘဲ နေမှသာ မကျိုး မပေါက် ရှိလိမ့်မယ်။

အရေးကြီးတာက တတ်နိုင်သမျှ ကိုယ့်ကိုကိုယ်လဲ မလိမ်နဲ့သူတပါးကိုလည်း မလိမ်နဲ့။ ဘုရား တရား သံဃာ ကိုလည်း မလိမ်ကြတဲ့ ပေါ့ ။

ကဲ ကဲ ဒါလောက် ပြောရင် ဆင်းရဲ ချမ်းသာဆိုတာ ဘာလဲ ဆိုတာကို အမြင်ကျယ်သူတွေ သိကြပါ လိမ့်မယ်။

သတ္တ၀ါအပေါင်း ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ ။