Article submitted by: Thunderbolts on 10-Oct-2013  
ဗမာနိုင်ငံသစ် တည်ဆောက်ကြ စို.လား (၁ )
ဒို.လူကလေးများ ဆိုသလေး ။


ဒီစာကို သေသေချာချာ ဖတ်စေခြင်တယ် ။ သေသေချာချာအလေးပေးစဉ်းစား
ပြီး ဘယ်လို ဖြစ်သင့်တယ် လယ်လိုလုပ်သင်.တယ်ဆိုတဲ့စိတ်ကူးကောင်းတွေ
ကို ရိုးသားတဲ့စိတ်နဲ့ အများသိအောင် ဦးသိန်းစိန် သိအောင် တင်ပြကြဘို.ဘဲ ။ မစုကြည်ကတော နဂိုထဲကိုက အဖြူကြိုက်ဖြစ်နေလေတော့။ ပရိတ် ၁၁သုတ်လဲ မနိုင် ၊ Hail Mary နဲ့လဲ မနိုင် နိုင်တဲ့ အနောက်ဖက်ရှင်မ ဖြစ်နေ
တယ် ၊ သူလက်ထက်မှာ ဒို.တတွေ ဟာ နိုင်ငံကြီးသားတွေ ဘ၀က နိုင်ငံ
လေးသားတွေ ဖြစ်ဘို. အလားအလာတွေရှိနေတယ် ၊ ဒါတွေအတွက် လဲ လိုအပ်သလို ကြိုတင် ပြင်ဆင်မှုတွေ လုပ်ရမှာ မို. အကယ်၍သာ ဆိုပြီး စီတ်ကူး ယဉ်ပြင်ဆင်မှုတွေ လုပ် ကြည့်ကြရအောင် ။


ဒို.တတွေ အတူတကွ ပေါင်းသင်းနေထိုင်ကြဘို. အခက်အခဲ ရှိနေတဲ့ အတွက် မြန်မာနိုင်ငံမှာ ထာဝရ ငြိမ်းချမ်းရေး ရဘို. မြန်မာသမတ ဦးသိန်းစိန်
က Carter Centre, Jimmy Carter နဲ့တွေတုန်းက မေတ္တာ ရပ်ခံ တောင်းဆို
ခဲ့တယ် ၊ တိုင်းရင်းသား လူမျိုးစုတွေဖြစ်တဲ့ ဒို.တတွေဆီက အကြံဥာဏ် မတောင်း ခဲ့တာ ဘာကြောင့်ပါလိမ့် တွေးမိတယ် ။ အမှန်ကတော့ ဒိုတတွေ
ဟာ ကိုယ် စိတ် ၂ ပါးနဲ လူမျိုးစွဲ ဘာသာစွဲ့ ဘက် လိုက်နေ ကြလို.ဖြစ်တယ်
လို.ဦးသိန်းစိန် တွေးမိကောင်းတွေးမိလိမ့်မယ် ။ Carter Centre အပါအ၀င် ငြိမ်းချမ်းရေး စင်တာတွေ ကရော ဘက်မလိုက်ကြဘူးလို ဦးသိန်းစိန် အာမခံနိုင်တာမှ မဟုတ်ဘူး ။ငယ်ငယ် က ကြားဘူး တဲ့ ဖျံ ၂ ကောင် နဲ့ မြေခွေး ပုံပြင်မှာ ၊ မြေခွေးသာ အကျိုးဆောင်ခ မြတ်မြတ်ရသွား တာလို. သိရတယ်။


သူ.ရဲ့ ကိုယ်ရေး ရာဇ၀င်အရ မြစ်ဝကျွန်းပေါ်ဒေသ ငပုတော မြို.ဇာတိဖြစ် တယ် လို.သိရပေမဲ့ ၊ ဘယ်တိုင်း ရင်းသား လူမျိုးစုဝင် ဖြစ်တယ် ဆိုတာတော့
ဖေါ်ပြ ထားတာမတွေ.မိပါဘူး ၊ မြန်မာလို နိုင်ငံမျိုးမှာ ဒါဟာ အရေးကြီးပါ
တယ် ဒါတွေကြောင့်ဘဲ ပြသနာ ဖြစ်နေကြတာမဟုတ်လား ။ အမှန်ဝင်ခံရရင် ဒါကြောင့်တော့ ပြသနာမဖြစ်ကောင်း ဘူး။ မြန်မာတို.လို လူမျိုးကြီး ၈ စု ရှိတဲ့ နိုင်ငံမှာ နိုင်ငံခေါင်းဆောင် လူမျိုးစု တစုစု ၀င် ဖြစ်မှာ ဘဲ ။ ဒါပေမဲ့ အရေး
မကြီးယောင်လုပ်နေ ကြတာကတော့ မြန်မာ တိုင်းရင်းသား နိုင်ငံသားဖြစ်
တယ် ဆိုတာကို ပေါ်လွင်စေခြင်လိုဖြစ်ပါလိမ့်မယ် ။ ပေါ်လွင်စေခြင်တိုင်း ပေါ်လွင်ရရော တဲ့ လား။ ဒါနဲ့ ပြီးရော တဲ့လား? မြန်မာ မဖြစ်ခြင်တဲ့ သူတွေ အများကြီးရှိ နေတယ်လေ ၊ အဲဒါမမေ့နဲ့သတိမလစ်နဲ့ ။ ဒါဖြင့်ဘာလုပ် ကြမလဲ ?


သိထားရမှာက ရှမ်း ချင်း ကချင် ကရင် ကယား မွန် ရခိုင် ဗမာ ဆိုတဲ့ လူမျိုးစုကြီးတွေဟာ နိုင်ငံမှာရှိနေ တာဖြစ်တယ် ဆိုတာဘဲ ။ ဒါတောင် စပ်ပေါက် ကပြားအမျိုးမျိုး မပါသေးဘူး၊ သူတိုဟာ ဘာလူမျိုးလဲ ဆိုတာ
တောင် မသိဘူး ။ နိုင်ငံသားဆိုတဲ့ ကေါ်ဇော အောက်မှာ ထည့်ထားလိုက်
တယ် ။ အခုဆိုရင် ဒို.နိုင်ငံကို ဘာနိုင်ငံရယ်လို. ခေါ်ရမှန်းတောင် မသိဘူး။ ခေါ်ခြင်သလိုခေါ်နေကြတာဘဲ ၊ စဉ်းစားကြည့် ကြစမ်းပါ၊ ခေါ်ကြည်.ကြစမ်းပါ ၊ သူတိုလုပ်နေကြတာနဲ့ ကိုယ့်ကိုကိုယ့်တောင် ဘာကောင်မှန်းမသိအောင်၊ လူ မဖြစ်သေးသယောင် သူတို.ရော ဘာကောင်တွေလဲ ဆိုတာ သူတို.ဟာ သူတို.သိကြရဲ့လား ?။


မြန်မာနိင်ငံ ပြန်လည် တည်ဆောက်ရေး အတွက် အစွန်ဆုံး ဦးတည်ချက် ပန်းတိုင်ရောက် ဘို. အရေးမှာ မပြေလည်နိုင်တဲ့ အခက်အခဲတွေ ရှိနေတယ် ဆိုတာ လူတိုင်းအသိဘဲ ၊ ဖွဲစည်းပုံအခြခံ ဥပဒေ ၃ ခုနဲ့ တောင် မရဘူး . နောက်ထပ် အသစ်တခု ရေးစွဲဘို.လိုလားသူတွေ ရှိတယ် ၊ မြင်ရတာက ဘယ် နှစ်ခုဘဲ စွဲစွဲ ဒီ ဘူတာ ၊ ဒီ ဆိပ်ကမ်းဘဲ စိုက်အုံးမှာဘဲ ဆိုတာ ဗေဒင်မမေးဘဲ သိရမယ် ။ ဒါဟြာ့ပသနာအရင်း အမြစ်ဘဲ။


နိုင်ငံတော်သစ် တည်ဆောက်ရေး ဖြစ်ခြင်တာတွေ ၊ ဖြစ်နိုင်တာတွေ ကိုစိတ်
ကူးယဉ်ကြည့်ကြရအောင်၊ အိပ်မက်မက် ကြည့်ကြရအောင်။ လေထဲ တိုက် အိမ်ဆောက်ကြည်ကြရအောင် ။ ရာဇ၀င်သမိုင်းတွေ ဘယ်လိုဘဲ ရှိခဲ့ ရှိခဲ့ သဘောထားကြီးကြီး ထားနိုင် အတူတကွနေနိုင်ကြပါ့ မလား ? ရာဇ၀င်
သမိုင်းတွေမှာ ဒို.မသိတာတွေ၊ ဒိုကို မသိစေခြင်တာတွေ ရှိလိမ့်မယ်။
တစုတပေါင်းထဲ အေးအတူပူအမျှ နေခြင်ရင် မင်းရဲကျော်စွာ ၊ တပင်ရွှေထီး ၊ ဘုရင့်နောင်နဲ.အလောင်း ဘုရား တို.လို ခေါင်းဆောင်တွေ လိုလိမ့်မယ် ၊ သူတို ဘယ်လူမျိုးစုဝင်တွေလဲ ဆိုတာ ဘယ်သူမှလဲ သိပုံမရှီဘူး ။ မေးရကောင်းမှန်လဲ မသိကြဘူး။


၁၉၄၈ ခုနှစ် မြန်မာနိုင်ငံတော် ဆိုတာကို လက်မခံ လိုသူတွေ တွေကြောင့် ပြိုကွဲတောမဲ့ ဆဲဆဲမှာ အစိုးရ အောက်က တပ်မတော်က ကယ်ဆယ်ခဲ့ရတဲ့ နိုင်ငံဟာ အခုချိန်ထိ တည် ဆဲဘဲ ဖြစ်တယ် ဦးဆောင်ခဲ့သူကို ၀ိုင်းပြီး ဘေ ကြတယ်၊ ယောင်တော်ပြန် ရောလွှတ်တွေ ဝေလေလေ တွေကလဲ တပုံကြီး. ဒီမိုကရေစီဆိုတာ ကို အမဲမှန်း အဖြူမှန်း မသိကြသူတွေဟာ ဟိုကပြော ဟုတ်နိုးနိုး ဒီကပြောဟုတ်နိုးနိုး ထောင်ချောက်ထောင် လို. ထောင်မှန်းတောင်
မသိ နင်းမိကြတယ် ။ သိတော့လဲ နိုင်ငံဟာ ၆၆ နှစ်ကြာခါမှ ၁၉၄၈ ခုနှစ်ဆီ ပြန်သွားနေ တယ် ဆိုတာလဲအမှနဘလဲ နားထောင်ကြည်.ကြလေ။


Federalism တဲ့ ။ ဘာလစ်ဇင်းကြီးဘဲ ဖြစ်ဖြစ် မတဲ့ အတူနေလို. မဖြစ်နိုင်ကြ
ဘူးဆိုတာ ၆၆ နှစ် သဓက ရှိခဲ့တယ်လေ ။ နောက်ထပ် ၆၆ နှစ် ဒီလိုဘဲ နေသွားမလား? တခုခုတော့ လုပ်ကို လုပ်ရတောမယ်။


ဗမာနိုင်ငံတော်သစ် တခုတည်ဆောက်ရေး ဆိုတာ လိုအပ်လာရင် အောက်ပါ စိတ်ကူးယဉ် အစီအစဉ် လေးကို စဉ်းစားကြည့်ကြ ရအောင်။ ဗမာတွေ အပါ
အ၀င် လူမျိုးစုအသီးသီးဟာ ကိုယ်နိုင်ငံကိုယ်ထူ ထောင်ခွင့်ရှိရမယ် ဆိုတာ မူအားဖြင့်မှားတယ်လို.မပြောနိုင်ဘူး။ အကျိုးဆက်တွေကိုတော့ ထည်.သွင်း စဉ်းစားရမယ် ၊ ကမ္ဘာမှာ လေ.လာစရာ အတုယူစရာတွေ ဒုနဲ့ဒေးဘဲ ။


ဗမာနိုင်ငံ တည်ဆောက်ဘို.ဆိုတာ ဟာ သူတို ပြောလာမှ သတိရလာတာ ၊ ဗမာနာမည် ပျောက်ပေမဲ့ လူမပျောက်ပါဘူး။ ငြိမ်းချမ်းရေး မြတ်နိုးတဲ့ ဗမာ
တွေအတွက်ကတော့ အားလုံနဲ့ အတူတူ ငြိမ်းချမ်းစွာ နေထိုင်ဘို. မြန်မာ
ဆိုတာနဲ့ လုံ.လောက် ပါတယ် လက်ခံနိုင်ပါတယ် ။ ဒါပေမဲ ၁၉၄၈ ခုကစပြီး ဘယ်သူတွေ က ငြိမ်းချမ်းစွာမနေနိုင်ကြတာလဲ ?လွတ်လပ်ရေးရအပြီးမှာ ဗမာဆိုတာ အသင်းအဖွဲံ. လက်နက်ကိုင် အဖွဲရယ်လို.မရှိတဲ့သူတွေ၊ နိုင်ငံ
သားတွေ ဖြစ်လာတယ် ၊ သူတပါးတွေက ဘယ်သူတွေက ဘယ်လို ဘာရည်
ရွယ်ချက်နဲ့လက်နက်ကိုင်တပ်ဖွဲ.တွေ ဖွဲခဲ့ကြတယ် ဆိုတာ ပြောဘို.လိုသေး သလား။ ဗမာတွေ မဖွဲခဲ့ဘူး။


၁၉၅၈ က ဗိုလ်ချုပ်နေ၀င်းဟာ ပြူစောထီး( ပြည်စောင့်ရဲ) ဆိုတာကိုတောင် နိုင့်ငံရေးသမားရဲ့ အိမ်ဆောင် တပ်တွေဆိုပြီး ဖျက်ခဲ့တယ် ၊ လူတွေကို တပ်မတော်ထဲ သွင်းခဲ့ပေမဲ့၊ အခြားတရားမ၀င်တဲ့ လူမျိုးစု လက် နက်ကိုင်
တပ်ဖွဲ.တွေကို ဖျက်သိမ်းဘိုထိထိရောက်ရောက် ဘာမှလုပ်ခဲ့ပုံမရှိဘူး ၊ သူတိုကလဲ အဖျက်မခံဘူး။ မွေးထားသလားလို သူများတွေ မေးကြတယ် ၊ သူဟာ ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ခဲ့တာတွေမှတ်တမ်း နဲ့ရှိတယ် သူဦးဆောင်တဲ့တပ်မတော်ဟာ သူတိုဘာလုပ် နေတယ် ဆိုတာကို အမြင်ကြည်မှု နဲ. တောင့်တင်း ခဲ့တယ်. နိုင်ငံရေးအာဏာရူးတွေက သူ.ကို ဖယ်ရှားခဲ့ ကြတယ် သူကလဲ မနေခြင်တော့ပါဘူး။


ဦးဆောင်ဖယ်ရှားသူ မစုကြည်ဟာ တနေ.မှာ သူဟာနဲ့သူ မျိုမရ ထွေးမရ
တွေနဲ့ လည်ချောင်းစို.မသေရင် ကံကောင်းဘဲ ။ သောင်းကျန်းတွေ
က လှေကြုံစီးပြီး Federal ဆိုတာကို ပြန်ဖေါ်ကြတယ် ၊ အခုပြောနေတာ သူ.တို.အကြောင်း ပြောခြင်လို.မဟုတ်ဘူး ၊ ရှေ.အနာဂါတ် နို်င်ငံတည်ဆောက်
လိုသူ ဘယ်သူမဆို အားလုံး သိရမှာတွေကို ပြောနေတာ။
br>
ဗမာတွေဟာ မြန်မာတွေထကဲ မြန်မာ ဆိုတာနဲ့လက်ခံပါရက်နဲ့ တခြားသူတွေ
က သူတို ဗမာလဲ မဟုတ်၊ မြန်မာလဲ မဟုတ် လို. ပြော လာပြီးဗမာကိုရန်ရှာ
ရင်တော့လဲ ဗမာတွေတခုခုလုပ်ကြရတောမှာဘဲ ပေါ့၊ တမြေထဲက မြန်မာ
အဖြစ် မလုံလောက် ။ လိုအပ်လာရင် ဗမာနိုင်ငံဆိုတာကို သူများနည်းတူ နောက်ဆုံး ရွေးချယ်ြ့ပီး သီးခြားတည်ဆောက်ရတော့မှာပေါ့ ၊၊


နောက်ဆက်ရန် ။