Article submitted by: minkyaw thuyein on 7-Oct-2013  
ကြောင်တောင် ကန်းနေလျှော့သလား ? ( ၂ )
မနေ.က အဆက် ။

ဒိုလူကလေးများဆိုသလေး ။

မစုကြည် ကြောင်တောင်ကန်း နေလျှော့သလား ? ( ၂ )

တံခါးဖွင် ဈေးကွက်ပေါ်အခြေခံ စီးပွားရေး လောကမှာ ဆောင်ပုဒ်ကိုက You have to speculate to accumulate လို.ဆိုထားတော့၊ ငွေကစားတယ် ဈေးကစားတယ် ဆိုတာ သာမန်လုပ်ရပ် ကျုင့်စဉ်တခုဘဲ Business is business, Business has no friends. ဆိုတာတွေကလဲ ရှိသေးတယ် ၊ Price control board or price commission, monopoly commission , ombudsman ဆိုတာတွေဟာ မလိုလားအပ် တဲ့ အဖွဲ.တွေ ၊ ဌာနတွေ မဟုတ်ဘူး ၊ ဗဟို ဦးစီးချုပ်ကိုင်မှု သက်သက်တွေလို. မှတ်ယူရင် မှားမယ် ၊ လွတ်လပ်တဲ့ ဈေးကွက်အတွက် အန္တရာယ်တွေ ထိမ်းဘို.သိမ်းဘို. အထိမ်း
အသိမ်းမရှိရင် ဘာမှ မကောင်း ဘူး ။ မြန်မာမှာ စီးတဲ့ရေ ဆယ်တဲ့ကဇင်း ဆိုတာဟာ။ထိမ်းသိမ်းနိုင်ဘို. ပြောတာလို.မှတ်ယူတယ် ။

စီးပွားရေးကို စီးပွားရေးဆန်ဆန်လုပ်တတ်လာပြီ လို. ပြောမလား ? မြန်မာ
နိုင်ငံမှာ ခေါင်းရွက်ဗြတ်ထိုး ဈေးသယ်တွေတောင် ဈေးစစ်လို.မရတော့ဘူး။ ကြိုက်ဈေးနဲ. ရောင်းနေတယ် ဈေးကြိုက်ရင် ပစ္စည်းကြိုက်တာမကြိုက်တာက နောက်မှ။ ယူရင် ယူ မကြိုက်ရင် နေ ဒါဘဲ တဲ့ ၊ မာမာဘဲ၊၊ မုန့်ဟင်းခါဟင်းရည်
တောင် “ အရေလေးနဲနဲပေးပါ အုံး”လို. ရင်ကလို အလကား အခမဲ့ တောင်းလို. မရတော့ဘူး။ မုန်.ဟင်းခါး တပုဂံ ကြက်ဥ အကျော် ပါ ၅၀၀ိ/ အပြားမှ မလျှော့ဘူး။

အ၀စား ကုလားထမင်းဆိုင်တွေ ဗမာထမင်းဆိုင် တွေ ၊ ပျော်ပွဲစားရုံတွေ ဟော်တယ်တွေက ကောင်းပေ့ ဆိုတဲ့ လက်ရွေးစဉ် ကြက်ဌက် သားငါးတွေ ကြုံးဝယ်နေကြတော့ သားငါး ပုဇွန် တချို.ကို နိုင်ငံခြား ငွေရဘို.နိုင်ငံခြားတင်
ပို.နေတာ၊၊ ကျန်တဲ့ စားသုံးသူတွေ လဲ ပေးနိုင်ရင် ရမယ်လေ ၊ မရောင်းရလဲ အခြောက်လှမ်း ငါးပိ သိပ်လိုက်မယ် ၊ နောက် တဈေးပေါ့။

နိုင်ငံခြားကုန်ပစ္စည်း တွေ တင် သွင်းရတာ ။ ခေတ်မီလိုသူတွေက သနပ်ခါး မကြိုက်တော့ နောက်ဆုံးပေါ် မိတ်ကပ်နဲ့ Sun Cream တွေ ၊နှုတ်ခန်းဆိုးဆေး
တွေ မသုံးရရင် သေပါတော့မယ် ဆိုလို နိုင်ငံခြားဖြစ်မှ သုံးခြင်ပါတယ် ဆိုလို. တင်သွင်းပေးရလို.နိုင်ငံခြား ကုန်ဈေးနှုန်းကြီးမြင့်တာ မဆန်ူး ပါဘူး။ပြည်တွင်း
ဖြစ်တွေ ကလဲ ဈေးနှုန်းအမီ လိုက်ကြပါတယ် ။ မြို.က လူတွေ မ၀ယ်ရင် တောကသူတွေကိုရောင်းနိုင်ပါသေး လှောင်ထားရတဲ့ ရက်တွေအတွက် အပွန်းအပပဲ့ တွေအတွက် ဈေးတင်ရသေးတာမို. ဈေးချဘို.တော မပြောနဲ့ ။ ကုန်ဈေးနှုန်း ကြီးမြင့်တော့ လူနေမှုအဆင့်အတန်း နိမ်.သွားတယ်ဆိုတာ ဖြစ်နိုင်ပေမဲ့ မမှူပါဘူး ၊ ရေမြင့် လေ ကြာမြင့်အစားအသောက် အ၀တ
်အထည် ၊ အိမ်ယာပစ္စည်းရောင်းလိုကတော့ စီးပွားမဖြစ်မရှိပါဘူး။ ယှဉ်ပြိုင်သူ
တွေ များလာရင်. တယောက်နဲ့တယောက် စီးပွားသတ်သလိုဖြစ်ပြီး
။ ၂ ယောက်စလုံး အကျိုးမရှိဖြစ်တတ်ပါတယ် ။

လူငယ်တွေအတွက် နိုင်ငံမှာ အလုပ်မျိုးစုံ တပုံကြီးပါ ၊မိန်းခလေးတွေများ
ဆိုရင် နေယအလုက် ညဥ့်အလုပ် အလုက်စုံပါတယ် ပိုများပါတယ် ၊ ခေတ်မီစွာနေထိုင် သုံး စွဲနိုင်တယ် ။ယောက်ျားလေးတွေနဲ့ ပြိုင်ပြီး ဘီယာဂါဒင
်နဲ့ ညဥ့်ကလပ် တွေမှာ လွတ်လွတ်လပ်လပ်ကြီး လွတ်လပ်နေကြပါတယ် သောက်ပွဲ ၊ မှောက်ပွဲ နဲ. မြောက်ပွဲတွေ ခင်းနေတာကလဲ မရှားပါဘူး။

ဒီနေရာတွေကို တခါတခေါက် ရောက်ဘူးအောင် မစုကြည် ကိုယ်တိုင်ကိုယ်
ကျသွာြး့ပီး ၀ိုင် တပုလင်း လောက်မော့ပြီး လေ့လာရင် အဆင့် အတန်းတို. တိုးတက်မှု ဖွံ့ဖြိုးမှုတို.ကို သိလာမြင်လာ နားလည်လာပါ လိမ်.မယ် ၊ သတိ
တော့ထားပေါ့နော် ဒီအဖွားကြိး ဘာလာရှုတ်လဲ ဆိုပြီးပုလင်း နဲ့လိုက်လို.
ပြေးပေါက်မှားနေ အုံး မယ် ။ ကနောင်မင်းလို လွှတ်တော် အဆင်းမှာ ခါးပုံစ နင်းမိလို. ကံကုန်သလိုတော့ ထမီစ မနင်းမိစေနဲ့ ပေါ့ ။

ဘယ်သူကို အပစ်တင်ခြင်သေးသလဲ ၊ မနေ.တနေ.ကဘဲပြောမိသေးတယ် သောင်းကျန်ူးသူ အမျိုးမျိုးထဲမှာ စီးပွားရေး သောင်းကျန်းသူတွေ ဟာ အဆိုး ဆုံးဘဲ လို.။ တကယ်တော့ ရောင်းသူ ၀ယ်သူ သုံးသူရော ဖြုန်း သူတွေမှာ တာဝန်ရှိတယ် ။ အားလုံးမှာတာဝန်ရှီတယ် ။ ဒါတွေဟာ အရင်က မရှိဘူး. ဆုတ်ယုတ်မှုလား တိုးတက်မှုလား မစုကြည်ဘဲ ပြောပေတော့ ။ မြန်မာတွေ
ဟာ နေ.စဉ် ရွှေဥ တလုံးကျ ဥတဲ့ ရွှေငန်းကို တမနက်ထဲ သတ်စား ကြ အုံးမလို.လား?

ပြည်ပမှာနေပြီး ပြည်တွင်းကို မကြာခဏ -၀င်ထွက်သွားလာရင် ဈေးနှုန်း တွေကိုနှိုင်းယှဉ်ကြည့်တော့ ၊ ဒို.ဆီက ဈေးနှုန်းတွေ ဟာ ပြင်ပက ဈေးနုန်း တွေထက် မြင့်နေတာတွေကို အများကြီးတွေ.ရတာတော့ အမှန်ဘဲ ။ စားသုံး သူတွေမှာလဲ ကွဲပြားမှုတွေကတော့ ရှိတာပေါ.။ မရှိမဖြစ် ဆိုတာ မြန်မာလို နိုင်ငံမှာ ဘာဆိုတာ လူတွေသိဘို. လိုအပ်တယ် ၊ သူမှာရှိရင် ငါ့မှာလဲ ရှိရ မယ် ဆိုတဲ့ မလိုအပ်တဲ့ ယှဉ်ပြိုင်စိတ် ကတော့ သိပ်မဟုတ်သေးဘူး။ မလိုရင် မသုံးဘူးဘဲ ဖြစ်ရမယ်။. လိုရမယ်ရ အိတ်ဆောင်ထားတာတောင် လွန်လှပြီ လို.ပြောခြင်တယ် သူတပါးအမှန်တယ်လိုအပ်တာမရရင် ကိုယ့်တာဝန်သာ ဖြစ်လိမ့်မယ်။ မရှိရင်မဖြစ်ဘူး သေတော့မယ်ဆိုရင်လဲ လဲသာ သေလိုက်ကြ
တော့။

မြန်မာမှုမှာ “သူ.အိုးနဲ့ သူ.ဆန် တန်ရာဘဲ “ တဲ့၊ တန်ဆေး လွန်ဘေး ဆိုတာ
တွေကလဲ ရှိသေးတယ် ။ ညောင်သီးလဲစား မျှားသံလဲနား ထောင် ဆိုတာကို နားလည် သဘောပေါက်ဘို. လိုအပ်တယ် ။

မြန်မာနိုင်ငံ တည် ရှိနေတာ နှစ်ပေါင်းထောင်နဲ့ချီ အတော်ကြာပါပြီ ကိုယ့်မင်း ကိုယ့်ချင်းတွေမက၊ လူမျိုးခြား တွေ ကိုယ်တိုင်နှစ် ၁၀၀ ကျော် စံနစ်ချ အုပ် ချုပ်သွားကြတာ မြန်မာနိုင်ငံမှာ စီးပွားရေး အခြေခံ အဆောက် အအုံ ( Infra structure) မရှိဘူးဆိုတာတော့ မဖြစ်နိုင်ဘူး၊ ပြောတာဟာ မမှန်နိုင်ဘူး ၊ လက်မခံနိုင်ဘူး ။

တခုတော့ရှိတယ် “ အစိုးရအဖွဲ. ၀န်ကြီးဌာနတွေနဲ့ ဆက်ဆံရတာအလုပ်လုပ် ရတာနှေးကွေးတယ် ဆိုတာဖြစ်နိုင်တယ် ၊ ကိုဆံတို ပြောသွားတဲ့ မစုကြည်ရဲ ခရိုနီတွေကို ဦးစားမပေးလို.များလား ဆိုတာ ကတော့ စဉ်းစားစရာဘဲ ။ ပြောရရင်တော့ အမှုထမ်းတွေဟာ သူဌာနနဲသူ လုပ်စရာရှိတာတွေကို လက်မ
လယ် နိုင်အောင်လုပ်နေကြတာပါ။ အပစ်ဖြစ်မှာကိုလဲ ကြောက်ကြ လွန်းလို.၊ ကျားလဲကြောက်ပါတယ် ကျားချီးလဲကြောက်ကြပါတယ် တဲ့၊ ဒါကို ကိုယ် နေရာနဲ့ ကိုယ်မနေဘဲ ဟိုဝင်စွံက် ဒီဝင်စွက်နဲ.၀င်သြဇာ ပေးတာတွေ ဟာ စည်းကျော်တာတွေဘဲ ၊ မဖြစ်သင့်ဘူး ၊ ကိုယ်ရတဲ့ သတင်းအချက် အလက်
တွေကို အထောက်အထားတွေန.ဲ လွှတ်တော် အစည်းအဝေး ထဲမှာ တင်ပြ
ရင် ပိုပြီး သင့်တော်မယ်၊ ခရီးရောက်မယ် တခြားနေရာတွေလမ်းဘေး တွေမှာ Gossip တီးတိုးပြော နောက်ကျော ဒါးနဲ ထိုး မလုပ်သင့်ပါဘူး။ လွှတ်တော်
အမတ် တယောက်ဟာ အတိုက်အခံဘဲ ဖြစ်စေ၊ အစိုးရအဖွဲ.ထဲပါရင် ဖြစ်စေ ၊ မပါရင်ဖြစ်စေ နိုင်ငံတော်နဲ့ နိုင်ငံသားတိုအကျိုးဌာ.လွှတ်တော်ကိုအကြံ
ကောင်းဥာဏ်ကောင်းတွေ တင်ပြအပ်ပါတယ် ။ လက်သီးပုန်း ထိုးစရာမလိ
ုပါဘူး ၊ အစိုးရနဲ့ အတိုက်အခံတို.ရန်သူတွေ ရန်ဖက်တွေ မဟုတ်ကြဘူး
ယှဉ်ပြိုင် ဖက်တွေသာ ဖြစ်တယ် ၊။

အတိုက်အခံ ဟာ လက်နက်ကိုင် သူပုန်တွေနဲ့ပေါင်းပြီး အစိုးရကိုရန်သူလို.သတ်မှတ်ရင် တော့ အစိုးရကလဲ အတိုက်အခံကို ရန်သူလိုသတ်မှတ်လာရင် အပစ်မပြော လေနဲ့ ။ အမျိုးသား ပြန်လည်ပေါင်းစည်းရေး ဆိုတာ အဓိပါယ်
တမျိုးပေါက်သွား လိမ့်မယ်။ ကိုယ်က အထက်စီးရမှ ၊ မရရင် အပေါင်းနိုင်ဘူး ၊ နိုင်ငံတော် သမတကြီး ဖြစ်ရမှ သမတ မဖြစ်ရရင်ဘယ်သူ မှ ဘယ်ဟာမှ မတရား ဘူးလို.ဘဲ ပြော နေလို.တော့ မဖြစ်ဘူး။ သမတ ရာထူးမရရင် ဘာမှ မလုပ်နိုင်ဘူး ဆိုရင်တော့လဲ ကြေးစားဆန် လွန်း လိမ့်မယ် ၊ နိုင်ငံတော်နဲ့ နိုင်ငံတော်သားတို.ကို ချစ်တာမဟုတ် ဘူး ၊ စေတနာ ရှိတာမဟုတ်ဘူး ကိုယ်ကို ကိုယ် အချစ်လွန်နေတာ စေတနာ လွန်နေတာဘဲ။ NLD ဟာ ဒီလိုနဲ့ စားနေတာ များပြီ ။ လူတွေကလဲ တနေ.ထက်တနေ. သိလာပြီ ၊ မကြာခင် စားဘိုးနင့်လိမ့်မှာ ။

တကယ်တော့ မစုကြည်ဟာ စိုင်ကေါ်လို. ခြုံပေါ်ရောက်လာတာ ၊ ဖအေ.နာမည် နဲ. စားနေတာ၊ အဖေ.ကို အလွဲသုံးစားနေတာလို.မြင်တယ် ။ ကောင်းကောင်း ဆိုးဆိုး သူသမီးဟာသူ.သမီးဘဲ ၊ ဒါကိုတော့ပြောင်းလဲ လို.မရဘူး။ အင်္ဂလိပ်ထုံးစံ မစ္စစ် အဲရစ် လို.ခေါ်ရင်တောင် ဖအေ့နာမည်လွတ်သွား
မှာကို ကြောက်နေတယ် မဟုတ်လား။ လွှတ်တော်အမတ်တွေဟာ စေတနာ
့ဝန်ထမ်းတွေ မဟုတ်ကြပါဘူး။ လစာယူနေကြတာပါ ။

မစုကြည်လို ပုဂိုလ်ဟာ တွေ.ကရာ စကားတွေ လက်လွတ် စပယ် မပြောတာ
ကောင်း ပါ တယ်။ အရာရာကို အဖက်ဖက် ရှုဒေါင်.စုံ ကကြည့်ပြီး ပြောစရာရှိ
ရင် ပြောသင့်ပါတယ် ၊ ပြောလိုက်ရ ရင် ပြီးရော ဆိုတာတော့ မဖြစ်သင့်ဘူး
ပေါ့ ။

အာမနာတန်းပြောရမယ် ဆိုရင် (ရင်းနှီးမြုတ်နှံမှုတွေကို ကျမ သမတ မဖြစ်မချင်း မလုပ်ကြပါနဲ.အုံး ဆိုင်း ထား ကြပါ) လို. နိုင်ငံတကာလှည့် တီးတိုး
ပြောထားတာတွေ ရှိများ နေသလားလို. စဉ်းစားစရာ? စီးပွားရေးဒဏ် ခတ်မှုရုတ်သိမ်းပေးတာ ချွင်းချက်တွေနဲ့ပါ လို. မစုကြည်ကိုယ်တိုင် O’bama ကိုမီပြီး
ပြုံးဖြဲ ဖြဲ နဲ့ပြောခဲ့တဲ့ ရုပ်ကို မြင်ယောင်နေသေးတယ် ။

တနည်အားဖြင့်လဲ အခုသိရပြီလေ ရင်းနှီးမှုတွေလိုသလောက်ရောက် မလာ
ကြဘူး ဆိုတာအလေးအနက်ထား မပြောဘဲ ၊ အစိုးရနဲ့ဝန်ကြးဌာန တွေနဲ့ ဆက်ဆံလုပ်ကိုင်ရတာ နှေးကွေးတယ် လို. ပြောနေကြတယ် ဆိုပြီး ပြောသွား
တယ် ၊ သူပြောတာမဟုတ်ပါဘူးတဲ့ သူများတွေပြောတာ ပါပေါ့.လေ။

အရင်တုန်းကလဲ NLD မသိဘဲ ပေးကမ်းထောက်ပံ့တာတွေတောင် မလုပ်ပါနဲ့ လို. ပြောဘူးတယ် ၊ဘာလဲ မလာသူတွေက မြန်မာစီးပွားရေးကို ဒို.မှ မချယ်
လှယ်ရရင် ဒို.မလာဘူးတဲ့ လား? တွေ.ရ မြင်ရတာကို ပြောရရင်. မြန်မာနိုင်ငံ
က ငွေရှင် ကြေးရှင် တချို.ကလဲ ဘာကို မျှော်ကိုးပြီး NLD ပါတီ ရံပုံ တွေ သွန်း လောင်း နေကြသလဲ မသိဘူး ၊ သူတို.အတွက်ကတော ရင်းနှီးမြုတ်နှံ
မှူ တရပ်ဘဲပေါ့ ၊ တရား ၀င် လဘ်ပေး တာ၊ အခွင့်အလမ်း ၀ယ်ယူတာ၊ လက်ဘက်ရည်ဘိုး မုန်.ဘိုးပေးတာ ကြိုက်သလိုသာ ခေါ်တော့၊ တရားဝင် တဲ့ ပေးကမ်းမှုတွေဘဲ. ပြုံးပြီးလက်ခံမယ် ၊ အခန်းအနားနဲ့ လက်ခံမယ်။ မပေးနိုင်ရင် ဂျောင်း ပေါ့.။

ယဉ်စည်းကမ်းဖေါက်တာ ရုံးသွားရရင် သိန်းချီကုန် အလုပ်လဲ တနေ.ပျက်
အုံးမယ်။ လိုင်စင်နဲ့ ကားလဲ သိမ်းခံရအုံးမယ် ၊ ရဲ ကင်း ဘုတ်မှာဘဲ အကူအညီယူလိုက်ရင် ၅ မိနစ်အတွင်း သောင်းဂဏန်းလောက်နဲ့ ပြီးသွားမယ်
ငွေရ ပြေဆာ မလိုဘူး။ နို်င်ငံတော် ဘဏ္ဍာ ယိုပေါက်တွေ။ အစိုးရ ၀န်ကြီးဌာန
တွေဟာ Charity Organization တွေ ဖြစ်ကုန်ပြီ ၊ သူတိုရဲ့ ၀င်ငွေဆိုတာ ဥပဒေရဲ့ ကင်းလွတ်ချက်တွေ ရတယ်၊ အခွန်ဘဏ္ဍာ မပေးရဘူး။ Charity Orgamizatyion တခုဖြစ်တဲ့ ဘုန်းကြီးကျောင်း မှတ်ပုံတင်နဲ့ ဘယ်သူတွေ ဘာလုပ်နေကြတယ် ဆိုတာ ပြောဘို.တော့အင်မတန်ခက် တယ် ။ သိန်းပေါင်း
ရာနဲ့ ချီချီပြီး ပေးနေတဲ့ ပါတီရံပုံငွေတွေကို တကယ်လိုသာ ငွေရှင်ကြေးရှင် အချင်းချင်း ဖက်စပ် ပူးပေါင်း သမ၀ါယမ အဖြစ်နဲ့စုဆောင်း လိုက်ပြီး လူထု
ကိုလဲ အစုရှယ်ရာတွေ ဝေစုတွေ ခွင့်ပြုပြီး စုပေါင်း လုပ်ငန်းကြီး တွေ တည်
ထောင်လိုက်ကြရင် ၊ မြန်မာနိုင်ငံမီးရထားဌာနကြီးတခုလုံး၊ ၊ကုန်းလမ်း သယ်ယူပို. ဆောင် ရေး ၊ လေကြောင်းပို.ဆောင်ရေး ၊ ရေကြောင်းပို.ဆောင်ရေး ၊ လမ်းပန်းဖေါက်လုပ်ရေးနဲ့ ဆောက် လုပ်ရေး အမျိုးမျိုး အပြင် လိုအပ်တဲ့ စက်ရုံ အလုပ်ရုံတွေ ထူထောင်နိုင်မယ် ။ လုပ်မယ်ဆိုရင် ကြရင် ဖြစ်နိုင်တာ တွေ တပုံကြီးပါ ကိုယ်ထူကိုယ်ထ ဆိုတာဟာ အကောင်အထည်
ပေါ်လာ မှာပေါ့၊ လိုအပ်တဲ့ နိုင်ငံခြားပစ္စည်းတွေ ၀ယ်ဘို. နို်င်ငံခြားငွေ ရှိမရှိ ဆိုတာလဲ ပူနေစရာမလိုပါဘူး၊ ပုဂလိက လုပ်ငန်းရှင်တွေ ဟာ ဒါလောက်
တော့ လဲ မညံ့ကြပါဘူး။ လျှင် ပါတယ် တတ်နို်ပါတယ် ။

စိတ် စေတသိပ် ၊ စိတ်ရင်းမှန် စေတနာ မှန်နဲ့ ရိုးသား ဖြောင့်မတ်မှုတွေကို ပေါ်လွင်စေမှာကတော့ မလွဲ အမှန်ဘဲလို. ဘဲ ပြောခြင်တယ် ။ နိုင်ငံရေးဝါဒ ဖြန်.စည်းရုံးမှု သက်သက် နဲ့ ဂုဏ်တွေ ပကာသနတွေ အတွက် ဓါတ်ပုံတွေ သတင်းစာထဲပါဘို.သာဘဲ ဆိုရင်တော့လဲ ဒီလိုအယောင်ဆောင်မှုတွေဟာ နိုင်ငံတော် နဲ့ နိုင်ငံသားတို.ကို ဘယ်လို မှ အကျိုးပြုနိုင်မယ် မဟုတ်ဘူး။ မစုကြည် အပါအ၀င် မြန်မာတွေ အားလုံး သိအပ်တဲ့ အသိတရားတွေ ခေါင်းပါး အောင် လုပ်မနေပါနဲ့ လေထဲ တိုက်အိမ်ဆောက်မနေပါနဲ့ ။

ဒီနေ. ပြောခြင်တာက မစုကြည် သမတဖြစ်လာရင်တောင် ဖြစ်တာဘဲ အဖတ်တင်မယ် ၊ ဒီယုန်မြင်လို. ဒီခြုံထွင်နေတယ် ဆိုတာလဲ သိတယ် ၊ မြန်မာနိုင်ငံကို လောကနိဗ္ပာန်တခု နတ်ဘုံနတ်နန်း တခုဖြစ် အောင်တောင် ဖန်တီးပေးနိုင်မယ်လို. လုံးဝ မယုံကြည်ဘူး။ ။ မစုကြည် ကိုယ်တိုင် ကိုယ့်ကို
ကိုယ် ယုံကြည်ရင်လဲ သမတ သက်တမ်း ဘယ်နှတမ်းအတွင်း ဖန်တီးပေးနိုင်
မယ် ဆိုတာ ရဲရဲ ဂတိ ပြုစမ်းပါ ။

ပြောစရာတွေက တော့ အများကြီးရှိပါသေးတယ် ဒါပေမဲ့ တော် လိုက်အုံးမယ် ။