Article submitted by: minkyaw thuyein on 7-Oct-2013  
ကြောင်တောင်ကန်း နေလျှော့သလား ? ( ၁ )
ဒို.လူကလေးများ ဆိုသလေး ၊

မစုကြည် ကြောင်တောင်ကန်းနေလျှော့သလား?

ဆင်တကောင် ကို မမြင်ဘူးသော်လဲ စမ်းသပ်မိသောအခါ မိမိတို. ထိတွေ.ကိုင်တွယ်ဘူးသော အုတ်ထရံ၊ မြွေ၊ ယပ်တောင်၊ သစ်ပင် ပင်စည်၊ ကြိုးနဲ့ သံလျှက်လှံတံ တို.နှင့်နှိုင်း၍ ပုံဖေါ်သော မျက်ကန်း ၆ ယောက် ပုံပြင်ကို ကြားဘူးကြပါလိမ့်မယ်။

မစုကြည် ကတော့ သူတို.လိုမဟုတ်ဘူး ၊ မျက်လုံး မကန်းပါဘဲနဲ ဂုဏ်
အမျိုးမျိုး မူးယစ်နေပြီး ဘာကိုမှ အမှန်မမြင်နိင်အောင်ဖြစ်နေရှာတယ် ကြောင်တောင်ကန်း သနားစရာနိုင်ငံရေးသတ္တ၀ါ တကောင်ဘဲ ။ လိုဆိုရမှာပေါ့ ၊ ဂုဏ်ဆိုလို. လဲ မစုကြည်ကို ဂုဏ်တော် ၉ ပါးနဲ မနှိုင်း
လိုက်ပါနဲ့ ၀မ်းတွေလျှောပြီး ကာလနာတိုက်သွားပါအုံးမယ် ။

အားမနာတန်း တည့်တည့်နဲ. ဗြောင် ၊ တိုတိုနဲ့ လိုရင်း ပြောခြင်တာက မြန်မာနိုင်ငံမဖွံ.ဖြိုး မတိုးတက် ရတာ ၊ လူထု စားဝတ်နေရေး မပြေလည်ရတာ
တွေဟာ ခင်ဗျားနဲ့လက်ရုံးဖြစ် တဲ့ ခင်ဗျားအချစ်တော်လူမျိုးစု လက်နက်ကိုင် ဆိုတာတွေ က ဟိုဘက်ကတမျိုး ဒီဘက်က တမှောက်နဲ့ တိုင်းပြည်ကို အမျိုးမျိုးချိန်းချောက် အကြပ်ကိုင် ဒုက္ခပေးနေကြလို.နိုင်ငံရေး စီးပွားရေး လူမှုရေး မညိမ် သက်မှုတွေ ဖြစ်အောင် ဖန်းတည်းနေလို.ဘဲ၊ ရင်းနှီး မြုတ်နှံသူတွေ မလာရအောင် မ၀င်ရဲ အောင် လုပ်နေလို.ဘဲ လို. ကျုပ်က
တော့ ပြောမယ်။

အများနားလည်အောင် ပြောရမယ် ဆိုရင်တော့ မကြာခဏ ပြောဘူးတယ် ပေးကားပေး၏ မရ၊ ကြွေးကား ကြွေး၏ မ၀ဆိုတာ ။ ဒဲ့ဒိုးပြောရရင် ရင်းနှီး
မြှုတ်နှံမှူု တွေ မလာတာဟာ အစိုးရကြောင့်လား။ လာမယ် ဆိုတဲ့ မျှော်လင့်
့ချက်နဲ့ လူတွေကဘဲ ၊ ဘာတာဝန်မှ ကြိုတင်ယူခြင်းမရှိ၊ အခွင့်အရေးတွေ ၊ ရပိုင်ခွင့်တွေကိုသာ ပဌမဆုံး ဆန္ဒပြ တောင်းဆို နေကြတာတွေ.ရ လို.ဘဲ လုပ်ငန်းရှင်တွေက ကြောက်လန်.ပြီး မလာကြတာ ပြေးကြတာ လား? ဘယ်သူတွေက ဘယ်လိုမြောက်ပေးနေတယ် တော့ မသိဘူး။ သူတိုနိုင်ငံက အလုပ် သမားကို ပေးတဲ့လုပ်ခ လစာအတိုင်း မြန်မာတွေကို ပေးလိမ်မယ်လို. တော့ မမျှော်လင့်နဲ့ မစုကြည်။ အထူးသဖြင် အနောက်နိုင်ငံ ကုမ္ပဏီတွေနဲ့
ပါတ်သက်လာရင် ILO ကလဲ သိခြင်လိမ့်မယ် မဟုတ်ဘူး။

တရုတ်နိုင်ငံက ပြည်သူ.အားနဲ့တည်ဆောက်တာ။ မဟာ ခုန်ပြန်ကျော်လွှား
မှုကြီး ထက် ကြီးတဲ့ မဟာ့ မဟာ ခုန်ပျံ့ ကျော်လွှားမှု ကြီး ဆိုတာ ကတော့ မြန်မာပြည် နဲ့ မြန်မာတွေမှာ ဖြစ်နိုင်လိမ့်မယ် မထင်ဘူး။ မြန်မာတွေဟာ
နိုင်ငံချစ်စိတ် လူမျိုးချစ် စိတ်တွေ တရုတ်လောက် မရှိဘူး ၊ ကုလားလိုလဲ မဟုတ်ဘူး ။ ဘာကို ချစ်နေကြသလဲတော့ မသိဘူး ။ အကြောင်ကြီးလို. အသိအတရားကင်းလွတ်နေကြပုံရှိတယ် ။ တရုတ်လိုရှာ ကုလားလိုစု မြန်မာလိုမဖြုန်းနဲ့ ဆိုတာကိုကြည်.ရင် မြန်မာတွေ ဘာချို.ယွင်းနေတယ် ဆိုတာ ပေါ်လွင်နေ တယ် ။

သန်း ၆၀ ရှိတဲ့လူဦးရေရဲ. ထက်ဝက် သန်း ၃၀ လောက်ကို တနည်းနည်း အရေအတွက်လျှော့ချရမယ် ၊ ဖျောက်ဖျက်ကောင်း ဖျောက်ဖျက်ရလိမ်.မယ် ။ တချိန်က လူဦးရေ သန်း၂၀ လောက်ရှိတုန်းကလဲ မြန်မာနိုငံမှာ ၊ ၀ါးတဲနဲ.နေ၊ ဗလာကိုယ်တ၀က် ငါးပိရေ တို.စရာနဲ့ နေခဲ့ကြတဲ့ မြန်မာတွေ ။ ရှိသမျှ နိုင်ငံခြား ပို.ခဲ့ တုန်း က ကိုယ်ငတ်မတတ်ရှိပေမဲ့ Asia Rice bowl ဆိုတဲ့
နာမည်နဲ့ ချွေးသိပ်ခံခဲ့ရတယ်၊ မြန်မာတွေ သေပျော် ငတ်ပျော် အောင် ဂုဏ်တင် အမွှန်းတင်ခဲ့တယ် ၊ Rice bowl, ဆိုတဲ့ အခြေတုန်းကရော Rice grower လယ်သမားတွေ ဘာများတိုးတက်ခဲ့လို.လဲ ၊ နွားတယှဉ်းနဲ့ထွန်တုန်း
ထွန်တန်တောင် အကြွေးနဲ့ ၀ယ်ရ တယ်၊ စပါးရိတ်ပြီး ကြွေူးရှင်လာကောက်
လို. မျိုးစပါး တောင် မနဲချန်ရတယ်။့  နောက်ဆုံး တဲစုတ်နဲ နေတဲ့ သူဟာ တဲစုတ် ထဲမှာဘဲ သေခဲ့ပြီး သစ်သားခေါင်းဘိုးတတ်နိုင်လို. ဖျာလိပ်နဲ့လိပ် မသာချခဲ့ရတာပါ ။ လယ်ကတော သူများ သိမ်ူသွားလေရဲ့ ၊ မစုကြည် တို.အမျိုးတွေ အဲဒီထဲ မပါ ဘူးထင်ပါရဲ့ ။ လူတန်း စားခြင်းမတူလို.ဖြစ်လိမ့်မယ်။

မစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်တွေထဲမှာ အိမ်ထဲ ပိတ်မိနေတာများတယ် ၊ သူတသက်မှာ နိုင်ငံရပ်ခြားအနေ များတယ် ခဲ့တယ် ၊ သူအဆင့်အတန်းနဲ့ သူမို. ဘယ်တိုင်းပြည် ဘယ်နေရာကိုမှ နှံ.နှံ.စပ်စပ်ရောက်ခဲဘူ့းမယ် မဟုတ် ။ အင်္ဂလန်မှာနေတုန်းကလဲ မြန်မာတိုင်းကို ပေါင်းသင်းတာမဟုတ် ၊ သိတောင် မသိခြင်တဲ့ ဘ၀င် ရော၈ါ နဲ.အင်္ဂလိပ်မှ လူထင်တဲ့ ဘိုကတော်
တယောက်ဘဲ ။ မြန်မာနိုင်ငံ နေရာအနှံ့ကို တောင်ရောက် ဘူး မယ် မဟုတ် ၊ မြန်မာ့ပြာပုံတွေ အကျိုးအပဲ့ အပျက်အဆီးတွေကို မြင်ဘူးမယ် မှတ်မိမယ် မဟုတ်သလို. သေနတ် သံတွေ ကျည်ဆံတွေ နဲ့ ဝေးရာမှာ လုံခြုံစွာနေခဲ့ရတာ
ကတော အဖေ့ကျေးဇူး ၊ သူရဲ့ ကုသိုလ် ပါရမီ လိုပြောရမှာပေါ့လေ။

အင်္ဂလန်မှာနေတုန်းက ဘိုင်မကယ်နဲ့ ဈေးသွား ၊ အခု ခြေထောက်မြေမထိ ကားစီးပြီးသွားလာနေရတာ စက်ဘီးကို မေ့ပြီပေါ.လေ ၊ ဒါတောင်မှ မြန်မာ
ပြည် မတိုးတက်ပါဘူးတဲ့ . လူတွေဟာ Hand phone တွေ ၊ Mobil ဖုန်းတွေ Wy Fy တွေ Skyp တွေနဲ့ လေကြောင်းပိတ်ဆို.မတတ် ဆက်သွယ် စကား
ပြောနေကြတာတွေ ဟာ တိုးတက်မှူတွေ ထဲ့မှာ မပါဘူး ပေါ့။ ဒါတောင် မြင်းလှည်. ဆိုက်ကား လန်ခြားတွေ ကို Taxi တွေနဲ့ အစားထိုးခဲ့တာတွေ မပါသေးဘူး။ ဒွတွေဟာါအသေးအဖွဲ လေးတွေပါ ။

ဆိုလိုတာက မြန်မာပြည်ရဲ့ ပျက်ဆီးမှုတွေလဲ သူမသိ ၊ တိုးတက်မှုတွေလဲ သူမသိ၊ ဒုတိယ ကမ္ဘာစစ် ကြောင့် မြန်မာနိုင်ငံ ပြာပုံဘ၀က ၊ ဂျပန် စစ်လျှော်
ကြေးနဲ့ ဘယ်လိုပြန်ထူထောင်တယ် ဆိုတာတွေကို သူရေးရေးလေးမှ ရိတ်မိ
ပုံမရှိ ၊ သိဘို. ဆိုတာဝေးရော၊ သူ.လင်ရဲ အင်္ဂလန်နိုင်ငံတောင် စစ်အတွက်
်ကုန်ကျစရိတ် စစ်လျော်ကြေးတွေ တဖက်က ရခဲ့ပြီး ၊ မြန်မာမပါတဲ့ ဗြိတိသျှဓနသဟာယ ဆိုတဲ့ အဖွဲဝင်နိုင်ငံတွေ ရဲ့ အကူအညီနဲ့ ပြန်လည် ထူထောင်ခဲ့ တယ် ဆိုတာတွေ သူမသိဘူးဆိုတာ မဖြစ်နိုင်ဘူး ။

ဖွံဖြိုးတိုတက်မှုတွေအကြောင်းပြောရရင် ။ ဓနသဟာယ အဖွဲ.၀င်နိုင်ငံတွေ ၊ အင်္ဂလိပ် အုပ်ချုပ်ခဲ့တဲ့ ကိုလိုနီ နိုင်ငံတွေတချို.ကို လွတ်လပ်ရေး ဆိုတဲ့ ပျားရည် နဲ့ ၀မ်းချခဲ့ပေမဲ့ အကယ်တော့ အင်္ဂလိပ်ကို အားလုံးက၀ိုင်းပြီးပံ့ပိုး နေခဲ့ကြရတယ် ၊ သူတို.ကို သူတို. မတိုးတက် မဖွံ.ဖြိုးနိုင်ဘူး ၊ မညီမျှတဲ့ ငွေကြေး လဲလှယ်နှုန်းနဲ့ မသေရုံ တမယ်ဘဲ ရုန်းကန်ခဲ့ကြရတာချည်း ဘဲ။ သူတိုငွေ တကျပ်ကို မြန်မာငွေ ၁၃/၁၄ ကျပ်ပေးမှရတယ် ၊ အင်္ဂလိပ်
ကျောက်မီးသွေးဟာ မြန်မာ့ဆ . ကျွန်းသစ်တို.ထက် တန်းဘိုး များတယ် ။

၁၈၂၄ ခုသိသိသာသာတကြိမ် ၊ ၁၉၈၈ နောက်ပိုင်းမှာ စီးပွာရေး ပိတ်စို.ဒါဏ်ခတ်မှူတွေကြောင့် ငွေ လဲလှယ်နှုန်းဟာ မတန်တဆ ဖြစ်ခဲ့ရ တာ သိကြ တာဘဲ ၊သူတိုတကျပ်ကို ကိုယ်က ထောင်နဲ့ ချီပြီးပေးနေရတာ ဘယ်လောက်
ကြာကြာခံနိုင်ပါ မလဲ ၊ ဒါတွေထည်.မပြောဘူးလား ?

မေးပါရစေ မစုကြည် ။ရှေအနာဂါတ် ဘယ်နှနှစ် ဘယ်နှကာလကို မှော်မှန်း
သလဲ ၊ အခု အသက် ၆၈ နှစ်ရှိ ပြီဆိုတော နောက် နှစ် ၂၀ လောက် ၊ အသက် ၈၈ နှစ်လောက်မှာ မြန်မာနိုင်ငံ ဟာ မစုကြည် မျှော်မှန်းတဲ့ တိုးတက် ဖွံ.ဖြိုးတဲ့ နိုင်ငံ တခု.ဖြစ်နေလိမ့်မယ် လို မြင်သလား? မစုကြည် အဖေ ကိုအောင်ဆန်းကိုယ်တိုင် ၁၉၄၇ ခုကပြောခဲ့ဘူးတာကတော့ နှစ် ၂၀ လောက
ကွဲနေပြဲနေအောင်လုပ်ကြဘို.လိုပါတယ် တဲ့၊ နိမိတ်ဆိုး တခု တော့မဟုတ်
ပါဘူး ။ ပြောခဲ့ တဲ့အတိုင်း တကယ် တော ၁၉၄၈ မှာဘဲ စကွဲပြီး တောက်
လျှောက်ကွဲခဲ့ကြ တာ ခင်ဗျားသိရဲ့လား ၊ ၁၃ နှစ်ကြာ ၁၉၆၂ ခုမှာ စစ်တပ်က အာဏာသိမ်းရတဲ့ အထိဖြစ်ခဲ့တယ် ၊ အဓိပါယ်ကို နားမလည်. ခင်ဗျားလိုဘဲ အာဏာရူး အဖြစ် သွားလေသူတွေကို အာဏာရူးတွေ အဖြစ်တံဆိပ် ခတ်နှိပ်
ခဲ့တယ်၊ အခုတော့ ကျမတိုမှာ အာဏာမရှိလိုပါ ဆိုတာကိုခဏခဏပြောတယ်
၊ သမတ ကလဲ လုပ် ခြင်သေးတယ် ၊ အာဏာအပြည့်အ၀ရှိတဲ့သမတသာဖြစ်
ရင် ဘာတွေများလုပ်အုံးမလို.လဲ ? လူထုရွေး ကောက်တဲ့ Dictator အာဏာရှင်ပေါ့ ။ လောဘမကြီးပါနဲ.Julius Caesar အကြောင်းကြားဘူးတယ်
မဟုတ်လား?

တိုင်းတပါးက နိုင်ငံရေးပါတီတွေဟာ နိင်ငံနဲ့နိုင်ငံတော်သားတို.အတွက် ဘာတွေအသစ်လုပ်မယ်. ဘာတွေ ပိုကောင်းအောင် လုပ်ပေးမယ် ဆိုတာ
တွေကို ပြောကြဟောကြစမြဲ ၊ မစုကြည်နဲ့ NLD ဟာ ဟိုတုန်းထဲက အုံပုန်းဘဲ ။ တဖက်က ကိုယ်အကြံသိသွားမှာကို စိုးရိမ်ပြီး ဘာမှ ထုပ်မပြောဘူး ၊ အချိန်
ကျ လို. မလုပ်ပေး နိုင်ရင် ကိုယ့်အပစ်ဖြစ်မှာစိုးလိုလား၊ ဒါမှမဟုတ်သေး ရှမ်း ချင်း ကချင် ကရင် ကယား မွန် ရခိုင် ဗမာ ဆိုတဲ့ နိုင်ငံ ပေါင်း ၈ နိုင်ငံ တည်
ထောင် မလား၊ ရှေးကလို ဗမာ မွန် ရခိုင် ၃ နိုင်ငံလား ၊ ဒါမှမဟုတ် ဗူဒ္ဒဘာသာ မွတ်စလင် ခရစ်ယန် ဆိုတဲ့ ဘာသာရေးအရ အနဲဆုံး နိုင်ငံ ၃ ခု တည်ထောင်မလို.လား ၊ နယ်မြေဒေသ နယ်နိမိတ် အပိုင်းအခြားက ဘယ်လို
လဲ ?

အစိုးရ က နိုင်ငံတိုးတက် ဖွဲဖြိုးဘို. ဘာတွေ လုပ်နေတယ် ဆိုတာ ၊ အပြင်
မှာလဲ ဘာတွေ ဖြစ်နေတယ် ဆိုတာ လွှတ်တော်ထဲက မစုကြည် သိ လောက်
ပါရက်နဲ.ဘယ်လိုလုပ်ရင်ဖြင့် ကောင်းမယ် ဆိုတဲ့ အကြံဥာဏ် များမပေးဘဲ ၊ အပစ်ရှာ ဝေဖန်နေတာဟာ အံ့ပါရဲ့ ၊ တာဝန်မဲ့ သူတယောက်ရဲ့ လုပ်ရပ်ဘဲ ။ နိုင်ငံတကာမှာ နိုင်ငံတွေဟာ နိုင်ငံရေး စီးပွားရေး လူမှုရေး ပြသနာကိုယ်စီနဲ့ တချို.ဥရောပနိုင်ငံတွေဆိုရင် လူမွဲတောင်ကြေငြာ ကြတာ၊ ဘဏ်တွေ ဆိုရင်
လဲ ထိုနည်း လည်းကောင်းဘဲ၊ သူများကို ကူညီဘို.နေနေ သာသာ ကိုယ့်ဟာ
ကိုယ်တောင် အနိုင်နိုင်။ တကမ္ဘာလုံး ဘာတွေ ဖြစ်နေတယ် ဆိုတာ ရိတ်စား
မမိ ၊ နိုင်ငံနဲ့ လူမျိုးအတွက်လဲ မဟုတ်ဘဲ ၊ ကိုယ် အတွက်တကိုယ်ကောင်း
ဆန်လွန်း အားကြီး မနေဘူးလား ?

တကယ်တန်းပြောမယ်ဆိုရင် တချိန်က ကြီးကျယ်ခဲ့တဲ့ မြန်မာနိုင်ငံတော် မြန်မာအင်ပါယာဟာ သူ.ခေတ်နဲ့သူ၊ တောင့်တင်း ခိုင်မာနေရာက ၊ ဘုန်းကြီး
ဝင်ရှုတ်တဲ့ မင်း မိန်.ကြောင့် မြန်မာတွေ လူစင်စစ်က ခွေးဖြစ် ခဲ့ဘူးတယ် ။ ဆံကောလောက်မှ ဇောက်မနက်တဲ့ ပြင်ပအားကိုး အာဏာရူး မြင်ခွန်း ၊ မြင်ခုံတိုင် မင်းသား တွေ ကြောင့် ခွေး နေရာပျောက်ခဲ့ရတာတွေ ခင်ဗျားသိရဲ့
လား လေ့လာမိသလား ? ခင်ဗျား ကိုယ်တိုင်က ဘာလဲ မြင်ခွန်း လာ ၊ မြင်ခုန်
တိုင်လား ? တိုငးမဲ့ြ့ည်မဲ Stateless မို. သူများတွေကိုလည် ကိုလိုဘဲ ဖြစ်စေခြင်နေသလား? မစုကြည် သိဘို. က ကိုလိုနီ နယ်ချဲ စံနစ်ဟာ ဒီနေ. ဒီအချိန်အထိဘဲ. ဘာမှ မပြောင်းလဲ သေး ဘူး ဆိုတာဘဲ။ နယ်ချဲ.နည်းမျိုးစုံ
ုံရှိတယ် ဆိုတာသိတယ်မဟုတ်လား? မစုကြည်ဟာ ဘယ်သူလူ ဘယ်သူ
ဘက်သား ဘညယ်သူကွှန်လဲ အင်္ဂလိပ်လူလား အမေရိကန်လူလား?

လူထုကို မလိမ့်တပတ်နဲ့ ခုတုန်းမလုပ်ပါနဲ့ ။ မြန်မာတွေ စား ၀တ် နေ ရေး မတိုးတက်ဘူး လို. မစုကြည်က ဆိုတယ် ။ တိုင်းပြည်ဟာ မတိုးတက်ဘူးလို. ဆိုတယ် ၊ ဘယ်လို တိုးတက်စေလိုတာလဲ? ခင်ဗျား ပါဝင်ပါတ်သက်တဲ့ အပိုင်းကို ပြောစမ်းပါ ၊ မြန်မာတွေကို ဘယ်လိုစား ဘယ်လိုဝတ် ဘယ်လိုနေ
စေခြင်သေး လို.လဲ ပြောစမ်းပါ ။ ဇွန်း ခရင်းနဲ့ စား၊ ဘောင်းဘီဝတ် ခွေးလယ်ပါတ် လည်စီး၊ နောက်ပိတ်ဖိနပ်စီး၊ မလု.ံတလုံ ၀တ်၊ ကိုယ့်ဝင်း ကိုယ်ခြံ လုံးခြင်း အိမ်၊ အဲယားကွန်း အိမ်တွေနဲ. မစုကြည်လို ကိုယ်ပိုင် ၀င်
ငွေမရှိ အစေခံ ၃/၄ ယောက်နဲ့ ကားမောင်း ခြံစောင့် ဦးယဉ်မှုးတွေနဲ့ ခြေမွှေးမီးမလောင် လက်မွေး မီးမလောင် နေနိုင်မှ စား ၀တ် နေရေးချောင်
လယ်တယ် တိုးတက်တယ် ဖွံ.ဖြိုးတယ် လို ဆို မှာလား။ ဘယ်နို်ငံတွေနဲ့ နှိုင်းယှဉ်ပြီး ပြောနေတာလဲ ။ မစုကြည် ကိုယ်တိုင်ရော နိုင်ငံ စုံရောက်ဘူးရဲ. လား? အရှေ.တောင် အာရှ နိုင်ငံတွေဘဲ ဆိုပါ အုံးစို.။ မြို.ကြီးြ့ပကြီးတွေနဲ့ ကျေးလက်တော ရွာတွေ တပြေးထဲညီ တိုးတက် ဖွံ.ဖြိုးနေတာပါ လို. ပြောရင် တော့ ခင်ဗျားဟာ မုသားဝါဒီ ဘဲ ။

ဒီထဲက Brunei နဲ့ စင်္ကာပူ တို.လို ဇီးရွက်နိုင်ငံတွေ လူဦးရေ ၆ယောက်နဲ့တ
ပိုင်း နိုင်ငံတွေ ကတော့ တမျိုး ပေါ့လေ ဘာကြောင့် တမျိုးလဲ ဆိုတာပြောရ
အုံးမှာလား ၊ မစုကြည် ဒီကပြောနေတာထက် ကိုယ်.ဟာ ကိုယ် လေ့လာတာ
ပို ကောင်းပါလိမ့်မယ် ။ ကိုယ်.အမြင်နဲ့ ကိုယ်ပေါ့ ဟုတ်ဘူးလား။

ဒီလိုပြောတော့ ပုဂိုလ်ရေးဆန်တယ် ဖြစ်သွားတယ်၊မစုကြည်တယောက်
်မြန်မာတွေ ဘယ်လို စားကြ ၀တ်ကြ နေကြတဲ့ သဘာဝတွေကိုလဲလေ့လာဘို.
လိုမယ် ၊ ထည်.တွက်ရင်ကောင်းမယ် ၊ ကောင်းစေခြင်တဲ့ စေတနာ၊တိုးတက်
စေခြင်တဲ့ စေတနာ တွေကို အပစ်မပြောလိုပါဘူး။ ပြောရင်လဲ တရားမယ် မဟုတ်ပါဘူး။ ကိုယ့်အမြင်ရှူဒေါင့် က ကြည်.ပြောတာပြောပါ ၊ မပြောခင်
တော့ အဖက်ဖက်ကို ရှုဒေါင့် စုံကနေ တော့ ကြည့်သင့်ပါတယ် ။ ကျီးးကန်း
ကို ဒေါင်းအဖြစ်ဖန်တည်းလို.မရပါဘူး။

မစုကြည်လဲ အားမလိုအားမရတွေ ဖြစ်နေမှာပေါ့ ၊ ဒီစကားတွေပြောကြားတာ
မှာ ဘယ်သူ.ကိုမှ ရိုးစွပ် အပစ်တင်တာ ဟုတ်မယ် မထင် ပါဘူး ။ အရှိ ကို
အရှိအတိုင်း ပြောတယ်လို.ယုံကြည်ရပါတယ် ၊ တံခါးဖွင့် စီးပွားရေး ၊ဈေးကွက်
စီးပွားရေး ဆိုတာ လွတ်လပ်တဲ့ ဈေးကွက် Free Market များခေါ်မလားမသိ
ဘူး။ ရောင်းသူ ၀ယ်သူ သဘောတူရင် ဈေးနှုန်းဆိုတာ ဖြစ်သွားတာဘဲ ။ တန်ရာတန်ဘိုး ဆိုရင်တော့လဲ တမျိုးပေါ့လေ။ ဒါတောင်မှ အမှန်တကယ် တန်ရာတန်ဘိုး ဆိုတာထက် ရောင်းဈေး ၀ယ်ဈေးတွေက အနဲဆုံး အဆတရာ
မြှင့်ထားတာတွေပါ၊ စီးပွားရေးလေ.လာသူများ သိကြပါတယ် ။ အထက်က ပြောခဲ့သလို ကမ္ဘာ. နိုင်ငံတိုင်းအများဟာ စီးပွားရေးကြပ်တည်းနေကြပါတယ် ။
နောက်မှ ဆက်အုံးမယ် ။