Article submitted by: minkyaw thuyein on 5-Oct-2013  
လောကနိဗ္ပာန် တည်ဆောက်ကြစို.၊
ဒို.လူကလေးများ ဆိုသလေး ၊

မြန်မာတွေ စား ၀တ် နေ ရေး မတိုးတက်ဘူး လို. မစုကြည်က ဆိုတယ် ။ ဘယ်လိုတိုးတက်စေလိုတာလဲ? မြန်မာတွေကို ဘယ်လိုစား ဘယ်လိုဝတ် ဘယ်လိုနေစေခြင်လို.လဲ? ဇွန်း ခရင်းနဲ့ စား၊ ဘောင်းဘီဝတ် ခွေးလယ်ပါတ်
စီး မလု.ံတလုံ ၀တ်၊ ကိုယ် ၀င်ကိုယ်ခြံ လုံ.ခြင်း အဲယားကွန်း အိမ်တွေနဲ. မစုကြည်လို ကိုယ်ပိုင် ၀င်ငွေမရှိ အစေခံ ၃/၄ ယောက်နဲ့ ကားမောင်း ခြံစောင့် ဦးယဉ်မှုး လို ခြေမွှေးမီးမလောင် လက်မွေး မီးမလောင် နေနိုင်မှ စား ၀တ် နေရေးချောင်လယ်တယ် တိုးတက်တယ် ဖွံ.ဖြိုးတယ် လို ဆို မလား။

ဒီလိုပြောတော့ ပုဂိုလ်ရေးဆန်တယ် လွန်လွန်းအားကြီးတယ် ဖြစ်သွားလိမ့်
မယ်။ မြန်မာတွေ ဘယ်လို စားကြ ၀တ်ကြ နေကြတဲ့ သဘာဝတွေကိုလဲ လေ့လာဘို.လိုမယ် ၊ ထည်.တွက်ရင်ကောင်းမယ် ၊ ကောင်းစေခြင်တဲ့ စေတနာ၊ တိုးတက်စေခြင်တဲ့ စေတနာ တွေကို အပစ်ပြောလိုမရပါဘူး။ ပြောရင်လဲ တရားမယ် မဟုတ်ပါဘူး။ ကိုယ်အမြင်ရှူဒေါင့် က ကြည်.ပြောတာပြောပါ မပြောခင်တော. အဖက်ဖက်ကို ရှုဒေါင့် စုံကနေ တော့ ကြည့်သင့်ပါတယ် ။

မစ္စစ်အဲရစ်(စ) က ဒီစကားတွေ ပြောကြားတာမှာ ဘယ်သူ.ကိုမှ ရိုးစွပ် အပစ်တင်တာ ဟုတ်မယ် မထင် ပါဘူး ။ အရှိ ကိုအရှိ အတိုင်းပြောတယ်လို.ယုံကြည်ရပါတယ် ၊ တံခါးဖွင် စီးပွားရေး ၊ ဈေးကွက်စီးပွားရေး ဆိုတာ လွတ်လပ်တဲ့ ဈေးကွက် Free Marketများခေါ်မလားမသိဘူး။ ရောင်းသူ ၀ယ်သူ သဘောတူရင် ဈေးနှုန်းဆိုတာ ဖြစ်သွားတာဘဲ ။ တန်ရာတန်ဘိုး
ဆိုရင်တော့လဲ တမျိုးပေါ့လေ။

စီးပွားရေးလောကမှာ ဆောင်ပုဒ် ကိုက You have to speculate to accumulate လို.ဆိုထားတော့၊ ငွေကစားတယ် ဈေးကစားတယ် ဆိုတာ သာမန်လုပ်ရပ် ကျုင့်စဉ်တခုဘဲ Business is business, Business has no friends. ဆိုတာတွေကလဲ ရှိသေးတယ် ၊ Price control board ယ or commission ဆိုတာတွေဟာ မလိုလားအပ်တဲ့ အဖွဲ.တွေ ? ဌာနတွေ ဗဟို ဦးစီးချုပ်ကိုင်မှုတွေလို. မှတ်ယူတယ်၊ လွတ်လပ်တဲ့ ဈေးကွက်အတွက် အန္တရာယ်တွေ အဟန်းအတာတွေလိုမှတ်ယူထားတယ် ။ မြန်မာမှာ စီးတဲ့ရေ ဆယ်တဲ့ကဇင်း ဆိုတာဟာ။ ထိမ်းသိမ်းနိုင်ဘို. ပြောတာလို.မှတ်ယူတယ် အထိမ်းအကွတ်မရှိရင် ဘာမှ မကောင်းပါဘူး။

မြန်မာနိုင်ငံမှာ ခေါင်းရွက်ဗြတ်ထိုး ဈေးသယ်တွေတောင် ဈေးစစ်လို.မရတော့ဘူး။ ကြိုက်ရင် ယူ မကြိုက်ရင် နေ ဒါဘဲ တဲ့ ၊ မာမာဘဲ၊၊ မုန့်ဟင်းခါ ဟင်းရည်တောင် “ အရေလေးနဲနဲပေးပါ အုံး”လို. ရင်ကလို အလကား အခမဲ့ တောင်းလို. မရတောဘူး။ အ၀စား ကုလားထမင်းဆိုင်တွေ ဗမာထမင်းဆိုင်
တွေ ၊ ပျော်ပွဲစားရုံ ဟော်တယ်တွေက ကောင်းပေ့ ဆိုတဲ့ လက်ရွေးစဉ် ကြက်ဌက် သားငါးတွေ ကြုံးဝယ်နေကြတော့ ပေးနိုင်ရင် ရမယ် ဘဲ ၊ သားငါး ပုဇွန်တချို.ကို နိုင်ငံခြား ငွေရဘို.နိုင်ငံခြားတင်ပို.နေတာ၊ နိုင်ငံခြားကုန်ပစ္စည်း တွေ တင် သွင်းရတာ ။ ခေတ်မီလိုသူတွေက သနပ်ခါး မကြိုက်တော့ နောက်ဆုံးပေါ် မိတ်ကပ်နဲ့ Sun Cream တွေ ၊ နှုတ်ခန်းဆိုးဆေးတွေ မသုံးရရင် သေပါတော့မယ် ဆိုလို ကုန်ဈေးနှုန်းကြီးမြင့်တာ မဆန်ူးပါဘူး။
ကုန်ဈေးနှုန်း ကြီးမြင့်တော့ လူနေမှုအဆင်.အတန်း နိမ်.သွားတယ်ဆိုတာ ဖြစ်နိုင်ပေမဲ့ မမှူပါဘူး ၊ ရေမြင့် လေ ကြာမြင့်လေ ပါ ။

မိန်းခလေးတွေအတွက် အလုပ်မျိုးစုံ တပုံကြီးပါ ၊ ယောက်ျားလေးတွေနဲ့ ပြိုင်ပြီး ဘီယာဂါဒင်နဲ့ညဥ့်ကလပ်တွေမှာု လွတ်လွတ်တ်လပ်လပ်ကြီး သောက်ပွဲ ၊ မှောက်ပွဲ တွေကျင်းပနေကြ ပါတယ် ။ တခါတခေါက် ရောက်
ဘူးအောင် မစုကြည် ကိုယ်တိုင်ကိုယ်ကျသွာြး့ပီး လေ့လာရင် အဆင့် အတန်းဆိုတာကို ပိုပြီးနား လည်ပါလိမ့်မယ် ။ သတိတော့ထားပါနော် ဘာလာ ရှုတ်လဲ အဖွားကြိး ဆိုပြီး ပုလင်းနဲ့ လိုက်လိုပြေးပေါက်မှားနေအုံး
မယ် ။

ဘယ်သူကို အပစ်တင်ခြင်သေးသလဲ ၊ မနေ.တနေ.ကဘဲပြောမိသေးတယ် သောင်းကျန်ူးသူ အမျိုးမျိုးထဲမှာ စီးပွားရေး သောင်းကျန်းသူတွေ ဟာ အဆိုး
ဆုံးဘဲ လို.။ တကယ်တော့ ရောင်းသူ ၀ယ်သူ သုံးသူရော ဖြုန်း သူတွေမှာ တာဝန်ရှိတယ် ။ အားလုံးမှာတာဝန်ရှီတယ် ။

မြန်မာတွေဟာ နေ.စဉ် ရွှေဥ တလုံးကျ ဥတဲ့ ရွှေငန်းကို တမနက်ထဲ သတ်စား
ကြ အုံးမလို.လား?

ပြည်ပမှာနေပြီး ပြည်တွင်းကို မကြာခဏ -၀င်ထွက်သွားလာရင် ဈေးနှုန်း
တွေကိုနှိုင်းယှဉ်ကြည့်တော့ ၊ ဒို.ဆီက ဈေးနှုန်းတွေ ဟာ ပြင်ပက ဈေးနုန်း
တွေထက် မြင့်နေတာတွေကို အများကြီးတွေ.ရတာတော့ အမှန်ဘဲ ။ စားသုံး
သူတွေမှာလဲ ကွဲပြားမှုတွေကတော့ ရှိတာပေါ.။ မရှိမဖြစ် ဆိုတာ မြန်မာလို
နိုင်ငံမှာ ဘာဆိုတာ လူတွေသိဘို. လိုအပ်တယ် ၊ သူမှာရှိရင် ငါ့မှာလဲ ရှိရ
မယ် ဆိုတဲ့ မလိုအပ်တဲ့ ယှဉ်ပြိုင်စိတ် ကတော့ သိပ်မဟုတ်သေးဘူး။ မလိုရင် မသုံးဘူးဘဲ ဖြစ်ရမယ်။. လိုရမယ်ရ အိတ်ဆောင်ထားတာတောင် လွန်လှပြီ လို.ပြောခြင်တယ် ၊သူတပါး အမှန်တယ်လိုအပ်တာမရရင် ကိုယ့်ကြောင့်သာ
ဖြစ်လိမ့်မယ်။ မရှိရင် မဖြစ်ဘူး သေတော့မယ်ဆိုရင်လဲ လဲသာ သေလိုက်ကြ
တော့ ၊ မြန်မာမှုမှာ “သူ.အိုးနဲ့ သူ.ဆန် တန်ရာဘဲ “ တဲ့၊ တန်ဆေး လွန်ဘေး ဆိုတာတွေကလဲ ရှိသေးတယ် ။ ညောင်သီးလဲစား မျှားသံလဲနားထောင်
ဆိုတာကို နားလည် သဘောပေါက်ဘို. လိုအပ်တယ် ။

မြန်မာနိုင်ငံ တည် ရှိနေတာ နှစ်ပေါင်းထောင်နဲ့ချီ အတော်ကြာပါပြီ ကိုယ့်မင်း
ကိုယ့်ချင်းတွေမက၊ လူမျိုးခြား တွေ ကိုယ်တိုင်နှစ် ၁၀၀ ကျော် စံနစ်ချ အုပ်
ချုပ်သွားကြတာ မြန်မာနိုင်ငံမှာ စီးပွားရေး အခြေခံ အဆောက် အအုံ ( Infra structure) မရှိဘူးဆိုတာတော့ မဖြစ်နိုင်ဘူး၊ ပြောတာဟာ မမှန်နိုင်ဘူး ၊ လက်မခံနိုင်ဘူး ။

တခုတော့ရှိတယ် “ အစိုးရအဖွဲ. ၀န်ကြီးဌာနတွေနဲ့ ဆက်ဆံရတာအလုပ်လုပ်
ရတာနှေးကွေးတယ် ဆိုတာဖြစ်နိုင်တယ် ၊ ကိုဆံတို ပြောသွားတဲ့ မစုကြည်ရဲ ခရိုနီတွေကို ဦးစားမပေးလို.များလား ဆိုတာ ကတော့ စဉ်းစားစရာဘဲ ။ ပြောရရင်တော့ အမှုထမ်းတွေဟာ သူဌာနနဲသူ လုပ်စရာရှိတာတွေကို လက်မလယ် နိုင်အောင်လုပ်နေကြတာပါ။ အပစ်ဖြစ်မှာကိုလဲ ကြောက်ကြ
လွန်းလို.၊ကျားလဲကြောက်ပါတယ် ကျားချီးလဲကြောက်ကြပါတယ် တဲ့၊ ဒါကို ကိုယ် နေရာနဲ့ ကိုယ်မနေဘဲ ဟိုဝင်စွံက် ဒီဝင်စွက်နဲ.၀င်သြဇာ ပေးတာတွေ
ွဟာ စည်းကျော်တာတွေဘဲ ၊ မဖြစ်သင့်ဘူး ၊ ကိုယ်ရတဲ့ သတင်းအချက်
အလက်တွေကို အထောက်အထားတွေန.ဲ လွှတ်တော် အစည်းအဝေး ထဲမှာ တင်ပြရင် ပိုပြီး သင့်တော်မယ် ခရီးရောက်မယ် တခြားနေရာတွေလမ်းဘေး
တွေမှာ Gossip တီးတိုးပြော နောက်ကျော ဒါးနဲ ထိုး မလုပ်သင့်ပါဘူး။

လွှတ်တော်အမတ် တယောက်ဟာ အတိုက်အခံဘဲ ဖြစ်စေ၊ အစိုးရအဖွဲ.ထဲပါရင် ဖြစ်စေ ၊ မပါရင်ဖြစ်စေ နိုင်ငံတော်နဲ့ နိုင်ငံသားတိုအကျိုးဌာ.လွှတ်တော်ကို အကြံကောင်းဥာဏ်ကောင်းတွေ တင်ပြအပ်ပါတယ် ။ လက်သီးပုန်း ထိုးစရာအလိုပါဘူး ၊ အစိုးရနဲ့ အတိုက်အခံတို.ရန်သူတွေ ရန်ဖက်တွေ မဟုတ်ကြဘူးယှဉ်ပြိုင် ဖက်တွေသာ ဖြစ်တယ် ၊ အတိုက်အခံ
ဟာ လက်နက်ကိုင် သူပုန်တွေနဲ့ပေါင်းပြီး အစိုးရကိုရန်သူလို.သတ် မှတ်ရင်
တော့ အစိုးရကလဲ အတိုက်အခံကို ရန်သူလိုသတ်မှတ်လာရင် အပစ်မပြော
လေနဲ့ ။ အမျိုးသာပြန်လည်ပေါင်းစည်းရေး ဆိုတာ အဓိပါယ်တမျိုးပေါက်သွား
လိမ့်မယ်။

ကိုယ်က အထက်စီးရမှ ၊ မရရင် အပေါင်းနိုင်ဘူး ၊ နိုင်ငံတော် သမတကြီး ဖြစ်ရမှ သမတ မဖြစ်ရရင် ဘယ်သူမှ ဘယ်ဟာမှ မတရား ဘူးလို.ဘဲ ပြော
နေလို.တော့ မဖြစ်ဘူး။ သမတ ရာထူးမရရင် ဘာမှ မလုပ်နိုင်ဘူးဆိုတာဟာ ကြေးစားဆန် လွန်းတယ်၊ နိုင်ငံတော်နဲ့ နိုင်ငံတော်သားတို.ကို ချစ်တာမဟုတ်
ဘူး ၊ စေတနာ ရှိတာမဟုတ်ဘူး ကိုယ်ကို ကိုယ် အချစ်လွန်နေတာ စေတနာ
လွန်နေတာဘဲ။ NLD ဟာ ဒီလိုနဲ့ စားနေတာ များပြီ ။ လူတွေကလဲ တနေ.ထက်တနေ. သိလာပြီ ၊ မကြာခင် စားဘိုးနင့်လိမ့်မှာ ။

တကယ်တော့ မစုကြည်ဟာ စိုင်ကေါ်လို. ခြုံပေါ်ရောက်လာတာ ၊ ဖအေ.နာမည် နဲ. စားနေတာ၊ အဖေ.ကို အလွဲသုံးစားနေတာလို.မြင်တယ် ။ ကောင်းကောင်း ဆိုးဆိုး သူသမီးဟာသူ.သမီးဘဲ ၊ ဒါကိုတော့ပြောင်းလဲ လို.မရဘူး။ အင်္ဂလိပ်ထုံးစံ မစ္စစ် အဲရစ် လို.ခေါ်ရင်တောင် ဖအေ့နာမည်လွတ်သွား
မှာမို မခေါ် ဘူး ကြောက်နေတယ် မဟုတ်လား။

ပြောခြင်တာက မစုကြည်လို ပုဂိုလ်ဟာ တွေ.ကရာ စကားတွေ လက်လွတ်
စပယ် မပြောတာကောင်း ပါ တယ်။ အရာရာကို အဖက်ဖက် ရှုဒေါင်.စုံ
ကကြည့်ပြီး ပြောစရာရှိရင် ပြောသင့်ပါတယ် ၊ ပြောလိုက်ရ ရင် ပြီးရော ဆိုတာတော့ မဖြစ်သင့်ဘူးပေါ့ ။

အာမနာတန်းပြောရမယ် ဆိုရင် (ရင်းနှီးမြုတ်နှံမှုတွေကို ကျမ သမတ မဖြစ်မချင်း မလုပ်ကြပါနဲ.အုံး ဆိုင်း ထား ကြပါ) လို. နိုင်ငံတကာလှည့် တီးတိုး ပြောထားတာတွေ ရှိများ နေသလားလို. စဉ်းစားစရာ? စီးပွားရေးဒဏ် ခတ်မှုရုတ်သိမ်းပေးတာ ချွင်းချက်တွေနဲ့ပါ လို. မစုကြည်ကိုယ်တိုင်
O’bama ကိုမီပြီး ပြုံးဖြဲ ဖြဲ နဲ့ပြောခဲ့တဲ့ ရုပ်ကို မြင်ယောင်နေသေးတယ် ။
တနည်အားဖြင့်လဲ အခုသိရပြီလေ ရင်းနှီးမှုတွေလိုသလောက်ရောက်
မလာကြဘူး ဆိုတာအလေးအနက် ထား မပြောဘဲ ၊ အစိုးရနဲ့ဝန်ကြးဌာန
တွေနဲ့ ဆက်ဆံလုပ်ကိုင်ရတာ နှေးကွေးတယ် လို. ပြောနေကြတယ် ဆိုပြီး ပြောသွားတယ် ၊ သူပြောတာမဟုတ်ပါဘူးသူများတွေပြောတာ ပါပေါ့.လေ။
ွှရင်တုန်းကလဲ NLD မသ်ဘဲ ပေးကမ်းထောက်ပံ့တာတွေတောင် မလုပ်ပါနဲ့ လို. ပြောဘူးတယ်

ဘာလဲ မလာသူတွေက မြန်မာစီးပွားရေးကို ဒို.မှ မချယ်လှယ်ရရင် ဒို.မလာဘူးတဲ့ လား? တွေ.ရ မြင်ရတာကို ပြောရရင်. မြန်မာနိုင်ငံက ငွေရှင်
ကြေးရှင် တချို.ကလဲ ဘာကို မျှော်ကိုးပြီး NLD ပါတီ ရံပုံ တွေ သွန်းလောင်း
နေကြသလဲ မသိဘူး ၊ သူတို.အတွက်ကတော ရင်းနှီးမြုတ်နှံမှူ တရပ်ဘဲပေါ့ ၊ တရား ၀င် လဘ်ပေးတာ၊ အခွင့်အလမ်း ၀ယ်ယူတာ၊ လက်ဘက်ရည်ဘိုး မုန်.ဘိုးပေးတာ ကြိုက်သလိုသာ ခေါ်တော့၊ တရားဝင်တဲ့ ပေးကမ်းမှုတွေဘဲ. ပြုံးပြီးလက်ခံမယ် ၊ အခန်းအနားနဲ့ လက်ခံမယ်။ မပေးနိုင်ရင် ဂျောင်း ပေါ့.။ ယဉ်စည်းကမ်းဖေါက်တာ ရုံးသွားရရင် သိန်းချီကုန် အလုပ်လဲ တနေ.ပျက်အုံးမယ်။ လိုငစင်နဲ့ ကားလဲ သိမ်းခံရအုံးမယ် ရဲ ကင်း ဘုတ်မှာဘဲ အကုအညီယူလိုက်ရင် ၅ မိနစ်အတွင်း သောင်းဂဏန်းလောက်နဲ့ ပြီးသွားမယ်ြေ့ပစာ အလိုဘညူး။ နို်င်ငံတော် ဘဏ္ဍာ ယိုပေါက်တွေ။

Charity Organization ရဲ့ ၀င်ငွေဆိုတာ ဥပဒေရဲ့ ကင်းလွတ်ချက် တွေရတယ်၊ အခွန်ဘဏ္ဍာ မပေးရဘူး။ ဘုန်းကြီးကျောင်း မှတ်ပုံတင်နဲ့ ဘယ်သူတွေ ဘာလုပ်နေကြတယ် ဆိုတာ ပြောဘို.တော့အင်မတန်ခက် တယ် ။

သန်းပေါင်းရာနဲ့ ချီချီပြိး ပေးနေတဲ့ ပါတီရံပုံငွေတွေကို တကယ်လိုသာ ငွေရှင်ကြေးရှင် အချင်းချင်း ဖက်စပ် ပူးပေါင်း သမ၀ါယမ အဖြစ်နဲ့စုဆောင်း
လိုက်ပြီး လူထုကိုလဲ အစုရှယ်ရာတွေ ဝေစုတွေ ခွင့်ပြုပြီး စုပေါင်း လုပ်ငန်းကြီး
တွေ ထောင်လိုက်ကြရင် ၊ မြန်မာနိုင်ငံမီးရထားဌာနကြီးတခုလုံး၊ ၊ကုန်းလမ်း
သယ်ယူပို. ဆောင် ရေး ၊ လေကြောင်းပို.ဆောင်ရေး ၊ ရေကြောင်းပို.ဆောင
်ရေး ၊ လမ်းပန်းဖေါက်လုပ်ရေးနဲ့ ဆောက်လုပ်ရေး အမျိုးမျိုး အပြင် လိုအပ်တဲ့ စက်ရုံ အလုပ်ရုံတွေ ထူထောင်နိုင်မယ် ။ လုပ်မယ်ဆိုရင် ကြရင် ဖြစ်နိုင်တာ
တွေ တပုံကြီးပါ ကိုယ်ထူကိုယ်ထ ဆိုတာဟာ အကောင်အထည်ပေါ်လာ
မှာပေါ့၊ လိုအပ်တဲ့ နိုင်ငံခြားပစ္စည်းတွေ ၀ယ်ဘို. နို်င်ငံခြားငွေ ရှိမရှိ ဆိုတာလဲ ပူနေစရာမလိုပါဘူး၊ ပုဂလိက လုပ်ငန်းရှင်တွေဟာ ဒါလောက်တော့ လဲ မညံ့ကြပါဘူး။ လျှင် ပါတယ် တတ်နိုငပါတယ် ။

စိတ် စေတသိပ် ၊ စိတ်ရင်းမှန် စေတနာ မှန်နဲ့ ရိုးသား ဖြောင့်မတ်မှုတွေကို ပေါ်လွင်စေမှာကတော့ မလွဲ အမှန်ဘဲလို. ဘဲ ပြောခြင်တယ် ။ နိုင်ငံရေးဝါဒ ဖြန်းစည်းရုံးမှု သက်သက် နဲ့ ဂုဏ်တွေ ပကာသနတွေ အတွက် ဓါတ်ပုံတွေ သတင်းစာထဲပါဘို.သာဘဲ ဆိုရင်တော့လဲ ဒီလိုအယောင်ဆောင်မှုတွေဟာ နိုင်ငံတော် နဲ့ နိုင်ငံသားတို.ကို ဘယ်လို မှ အကျိုးပြုနိုင်မယ် မဟုတ်ဘူး။
မစုကြည် အပါအ၀င် မြန်မာတွေ အားလုံး သိအပ်တဲ့ အသိတရားတွေကို ခေါင်းပါး အောင် လုပ်မနေပါနဲ့ လေထဲ တိုကအိမ်ဆောက်မနေပါနဲ့ ။

ဒီနေ. ပြောခြင်တာက မစုကြည် သမတဖြစ်လာရင်တောင် ဖြစ်တာဘဲ အဖတ်တင်မယ် ၊ ဒီယုန်မြင်လို. ဒီခြုံထွင်နေတယ် ဆိုတာလဲ သိတယ် ၊ မြန်မာနိုင်ငံကို လောကနိဗ္ပာန်တခု နတ်ဘုံနတ်နန်း တခုဖြစ်အောင်တောင် ဖန်တီးပေးနိုင်မယ်လို. လုံးဝ မယုံကြည်ဘူး။ ။ မစုကြည် ကိုယ်တိုင် ကိုယ့်ကိုကိုယ် ယုံကြည်ရင်လဲ သမတ သက်တမ်း ဘယ်နှတမ်းအတွင်း ဖန်တီးပေးနိုင်မယ် ဆိုတာ ရဲရဲ ဂတိ ပြုစမ်းပါ ။

ပြောစရာတွေက တော့ အများကြီးရှိပါသေးတယ် ဒါပေမဲ့ တော် လိုက်အုံးမယ် ။