Article submitted by: Thunderbolts on 3-Oct-2013  
တရားရှာ ကိုယ်မှာရှိ ( ၁ )
မစုကြည် လို.ဘဲ ခေါ်တော့မယ် မရိုင်းပါဘူးနော် ။



တရားပြဆရာကြီး ဂိုအင်ဂါ ဘ၀တပါးပြောင်းသွာြး့ပီ လိုကြားရတာ စိတ်မ
ကောင်းဘူး ၊ စစ်ကိုင်းတောင်က အလှုခံ ရက်ရောလှတဲ့ သေတဂူဆရာတော် ဦးဥာနိသရ ကလဲ မစုကြည်ကို ဘာတွေ မြောက်မြောက် ပေး နေတယ်လဲ မသိဘူး ၊ တနေ.တခြား လိမ္မာရေးခြား ရှိလာတဲ့ မစုကြည်ကို ဒီကဘဲ လူ လူ
ချင်းအနေနဲ့ အရှိ ကို အရှိ အတိုင်းဘဲဆိုဆုံးမလိုက်တော့မယ်။ ဘုန်းကြီးသူရဲ တစ္ဆေ မကြောက် ဆိုတာ ခင်ဗျားလို မယ်သီလရင် သူရဲမျိုးဖြစ်လိမ်.မယ်။ ဒါပေမဲ့ နိဗ္ပာန္န ပစ္စယော ဟောတု ပေါ့ ဟုတ်လား။



ကျုပ်တို.နိုင်ငံမှာ တိုးတက်ဖွဲ့ဖြိုးဘို. လုပ်စရာတွေ အများကြီး လိုသေးတယ် ဆိုတာသိတယ် ၊တိုးတက်ဖွံဖြိုး ပြီးသားနိုင်ငံတွေ ၊ အင်အားကြီးနိုငငံတွေလဲ ပိုပြီးတိုးတက်အောင် ၊ ပိုပြီးအင်အားကြီးအောင်လုပ်နေကြတုန်း ဘဲ ၊ တချိန်ထဲ
ဲမှာဘဲ ဒီနိုင်ငံတွေဟာ သူတပါးနိုင်ငံတွေကိုတိုးတက်မှုနဲ့ပါးအောင် ၊ဖွံဖြိုးမှူ နဲ့ပါးအောင် အင်အားချိနဲ့အောင် တင်မက ၊ ဖွံဖြိုးတိုးတက်မှုတွေ ရှိခဲ့ရင်
တောင်မှ အကြောင်းအမျိုးမျိုးရှာ ဖျက်ဆီးပစ် နေတာတွေကို ခင်ဗျား မမြင်
နိုင်အောင်ဘဲ မျက်စေ့ကန်းနေသလား? ခင်ဗျား ကိုယ်တိုင် အင်္ဂလိပ်သွေး
တွေ ၀င်ပြီ အလိုတူ အလိုပါ ဆိုတာကို ကျုပ်တို.တတွေ တွေ.ခဲ့ရပြီြး့ပီ။ မြန်မာ
နိုင်ငံ ကို ဒါးချက်တထောင်နဲ. အသေနှေး သေစေနေတဲ့ ထဲမှာ ခင်ဗျားလဲ တာဝန်မကင်းဘူး လို.ဘဲ ပြောခြင်တယ် ။



ခင်ဗျားဟာ နိုင်ငံတကာလှည်ပြီး ဘာတွေ ကြည့် ၊ ဘာတွေ မြင်ခဲ့သလဲ။ ကျုပ်တိုနိုင်ငံနဲ့ နှိုင်းပြီး နတ်ဘုံ နတ်နန်းတွေချည်းဘဲ လို. မြင်နေသလား ယူဆနေသလား ၊ ရောက်တဲ့ နိုင်ငံတွေ မှာ ကိုယ်ဟာကိုယ် လွတ်လွတ်
လပ်လပ် နောက်ဖေးလမ်းကြားတွေ ၊ Down and out လူတန်းစားတွေ ကိုရော ကြည့်ခဲ့ မြင်ခဲ့ လေ့လာခဲ့သလား ၊ အမှန်တွေ မြင်ခဲ့သလား? ဘယ်လို သခဏ်းစာတွေ ရခဲ့သလဲ ၊ တရားရခဲ့ သလား?



တကယ်တော့ ခင်ဗျားဟာ အရှက်အကြောက်မရှိတဲ့ ကိုယ့်ကိုကိုယ် သူတော်
စင်လိ.ု မြင်ပြီး ကျမကသူတော် ကောင်းမလေးပါ ၊ ကျမကလွဲလို. ဘယ်သူမှ မကောင်းပါဘူး ရှင် ဆိုတဲ့ကိုယ့်ကိုကိုယ် အမွှန်းတင် နေတဲ့ သူဘဲ၊ မန္တလေး စာဆို မြိုမငြိမ်း စကားအရပြောရရင် ခင်ဗျားဟာ ဒေါ်ရွှေလိပ် ပေါ့ ဗျာ ၊ ဘာဆိုလိုတယ် ဆိုတာ မသိရင် ခင်ဗျားဘေးက ငကြောင် တွေကိုသာ မေးမြန်းကြည့်ပေတော့ ။



ခင်ဗျား အဖေ မသေခင်က လုပ်သွား ပြောသွားတာတွေနဲ့ ခင်ဗျား လုပ်နေ
ပြောနေတာတွေဟာ တလွဲစီဘဲ လို.မြင်တယ် ။ လေ့လာသူတွေ သိကြတယ် Silent majority တွေ ပေါ့ဗျာ၊င်ဗျားနဲ့သူ လူချင်းလဲ မတူ အသက်ရှူခြင်းလဲ ကွဲတာကိုတော့ သိသူတွေသိကြတယ်။ သမတ ဖြစ်ခြင်တာ ဖြစ်ခြင် တာဘဲ
ပေါ ၊ လူတိုင်း ဟာ စိတ်ကူးယဉ်ကြတာဘဲ ၊ သီလရင် မယ်ကင်း တောင် ဘုရားဖြစ်ခြင်သေးတာဘဲ ခင်ဗျားက ဘုရားဆု ပန်တာမှ မဟုတ်တာ။ ဧဟိ ဘိက္ခူမ လို. ဆိုလိုက်ရင် ပြီးမြောက်ပါတယ် ၊ ကဲ ဒါတွေ ထားပါတော့၊ ဆောက်ဖြစ်မှ ကျောင်းတကာပါ ဟုတ်လား?



အပြော လွယ်သလောက် အလုပ်ခက်တယ် ဆိုတဲ့ စကားကို အားလုံး သိကြတယ်။ ပြည်ထောင်စု နိုင်ငံတခု မပြောနဲ့ အိမ်ထောင်တခု တည်
ဆောက်ရင်တောင် ဘယ်လောက်အခက်အခဲ တွေ ကြုံရတယ် ဆိုတာ အိုးအိမ်ထောင် ဘူး သူ အိမ်ရှင်မတိုင်းသိကြတယ်။



အောက်တိုဘာ ၁ ရက်က နေပြည်တော်တွင် မီဒီယာများအား တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက မကောင်းဘူး။ခပ်တိုတိုပြောရမယ်ဆိုရင် တိုးတက်မှုက တကယ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုးတက်မှုဆိုတာ ဘယ်လို တိုင်းတာမလဲဆိုတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေး အခြေအနေပေါ့နော်။ လူနေမှု အဆင့်အတန်း
မြင့်လာလားဆိုရင် မြင့်မလာဘူး။အောက်ဆုံး ပိုင်း အလွှာတွေဆိုရင် ပိုတောင
နိမ့်သွားတယ်လို့ ပြောကြ တယ် ၊ ပြည်သူလူထု စားဝတ်နေရေး မြင့်တက် လာခြင်း မရှိသောကြောင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှု အမှန်တကယ် မရှိကြောင်း ၊ ဒေါ်အောင်ဆန်း စုကြည် ပြောကြား လို.သတင်းက ဖေါ်ပြထား
တယ် ။



ပြောကြတယ် ပြောကြတယ် နဲ့. သူများပြောတာတွေ ပြန်ပြောနေတယ်။ မရေရာမသေချာတာတွေ ၊ ကိုယ် ကိုယ်တိုင် သိတာတွေကို ပြောစမ်းပါ မစုကြည်။ ပ့ါးစပ် အဌားလိုက်မနေစမ်းပါနဲ. ပါးစပ်သေနတ် ပစ်မနေစမ်းပါနဲ့။ မှတ်မိတယ် မဟုတ်လား Gerorge W Bush တို. ၊ Tony Blair တို.လို
"ကျုပ်တို.ရတဲ့ သတင်းပေါ်မူတည်ပြီး အရေးယူဆောင်ရွက်တာပါတဲ့ ။ ကျား ကျားမီးယပ် ၊ မှန်တာ မှားတာ သူတို. တာဝန် မဟုတ်ဘူး လက်ဦးဘို.အရေး
ကြီးတယ် လား။ Hans Blix တယောက် ခွေးလောက်မှအသုံးမကျဘူးလို.
လုပ်ပစ်လိုက်တာ သိက္ခာ ချလိုက်တာ ခင်ဗျားလဲ အတူတူဘဲ လုပ်ခဲ့ဘူးတယ် ၊ ၀ဋ်ဆိုတာလည်တတ် တယ်နော် မစုကြည်။ တကွက်မှားသော ကျားတဲ့သတိ
ထားပါ ။၊



Asia Development Bank (ADB) ကို မြန်မာအစိုးရနဲ့ ပင်းပြီးလိမ်ညာနေတာ
လို. ပြောခြင်သလား၊ စွပ်စွဲ နေတာလား? ဦးသိန်းစိန်နဲ့ အစိုးရဟာ ADB ပေါ်
မှာ ဒါလောက်တောင်ဘဲသြဇာရှိနေသတဲ့ လား ? ကြည့်လဲ လုပ်ပါအုံး မစုကြည် ရယ်။"ကိုယ့်တိုင်းပြည်လူထု" ဆိုတာက ဘယ်သူတွေလဲ မစုကြည်
ကို ထောက်ခံပြီး အစိုးရကိုဆန်.ကျင်ကန်ကွက် နေသူတွေကို ဆိုလိုသလား?
သူတို.က စီးပွားရေးအကြောင်း ဘယ်လောက်နာလည်ကြသလဲ စီးပွားပညာ ရှင်တွေဘဲ လား ? သူတိုရှိရဲ့သားနဲ ကျုပ်တို. နိုင်ငံ ဖွံဖြိုးမှုနဲရတာအခုလိုဖြစ်နေ
ရတာ ရင်နာစရာ ပေါ.နော်?



သိကြားမင်း ကျွဲ ယောင်ဆောင်ပြတာတောင် ဂျိုကားတယ် လို. ပြောမဲ့ မစုကြည်နဲ. ကြည်နေကြတဲ့ မြန်မာတွေ ၊ ရလေ လိုလေ အိုတစ္ဆေ မင်းဘဏ္ဍာ ကို.ဟာမှတ်လို." ဆိုတဲ့ မြန်မာတွေနဲ့ တော့ ကိုက်ပါတယ် ၊ ဦးနူ လက်ထက်
တုန်း ပြည်တော်သာ စီမံကိန်း အရ လူတကိုယ် ၊ အိမ်တလုံး ကားတစီး ၊ တလ၀င်ငွေ ၈၀၀ိ/ လုပ်ရက် တန်းလန်း၊ နိုင်ငံရေး ရှုတ်ထွေးမှုကြောင့် ၊ ဆိုရှယ်လစ် ခေတ်မှာလဲ မြန်မာကို မြန်မာပိုင် ဖြစ်အောင်လုပ်ခဲ့တာတွေ ၊
လွန်ခဲ့တဲ့ ၂၄ နှစ်ကာလ အခက်အခဲတွေကြားက ဆောင်ရွက်ချက်တွေမှာ တိုးတက် ဖွဲဖြိုးမှုတွေ ဘာမှမရှိပါဘူးဆိုတာဟာ ခင်ဗျားမို ပြောရက်တယ် ။



လူတွေဟာ စားဝတ်နေရေး ကြပ်တည်းနေပါတယ် ဆိုတာဟာ မြန်မာနိုင်ငံ
တခုထဲ မဟုတ်၊ နိုင်ငံတကာမှာဘဲ ဆိုတာ ခင်ဗျားသိမှာပေါ့ အဆင့်အတန်း
အကြောင်းပြောလာပြန်တော အဆင့်အတန်းဆိုတာ ဘာလဲ လို. မေးပါရစေ။



ခင်ဗျားရဲ လက်ရုံးတော်တွေ ဖြစ်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ
ွဆိုတဲ့ သူပုန်တွေ ရဲ့ချိန်းချောက် မှု ကြောင့်၊ ပြောရရင် ၁၉၄၈ ခု ဖွဲစည်းပုံ အခြေခံ ဥပဒေ ကိစ္စ နဲ့ ပါတ်သက်ပြီး နိုင်ငံတော် ပြိုကွဲမဲ့ အန္တရယ် ကြောင့် အာဏာသိမ်းမှူဖြစ်ခဲ့တယ် ဆိုတာ ကို မှတ်မိကြလိမ့်မယ် ၊ အခုလဲ ဒီအခြေ
ကိုပြန်ဆိုက် အောင် မစုကြည် အပါအ၀င် လူတစုက အနောက်ဖက် အားကိုး
နဲ့ လှုံ.ဆော်နေတယ် လို. မြင်တယ် ။



Pandora Box. ဖွင်.လို. အဖွင့်မတတ် မထိမ်းနိုင်ရင် ရှိတာလေးပါ အကုန်ကုန်
မယ် ဆိုတာ သိရမယ် ၊ ဘာတွေ ဖြစ်ကုန်မယ် ဆိုတာ မစုကြည် နဲ့ တစု သိဘို.ကောင်းတယ်။ အနှစ် ၂၀ ကျော် ဗဟူသုတတွေ ရှိနေပြီးဘဲ နိုင်ငံခြား
ရင်းနှီူမြှုတ်နှံမှုတွေ အ၀င်နဲ့ကောင်း နဲမယ် ။ မြန်မာနိုင်ငံ ဟာ Cheap labour centre , sweat shop centre မဟုတ်တော့ဘူးဆိုတာကို စီးပွားရှင်လုပ်ငန်း
ရှင်တိုင်း သိတယ်။ ။ ဒီနေရာ မှာ မြန်ပြည်လာပြီး ခါတိုင်းလို ဘိုင်ပွတ်လို.မရဘူးဆိုတာ ဘဲ။ ခေါင်းပုံဖြတ်ခြင်တိုင်းဖြတ်မရတော့ဘူးဆိုတာသိတယ်။



လိုအပ်ရင် မြန်မာအလုပ်သမားတွေ ကို သူတို. ဆီခေါ်ပြီး သူတိုဥပဒေနဲ့သူတို.
ဦးစီးချုပ်ကိုင်မှု အောက်မှာ ခိုင်းမယ်။ သူတို. နို်င်ငံက လုပ်ငန်းတွေကို လျှောချ
ပိတ်ပစ်ပြီး မြန်မာနိုင်ငံမှာ လာပြီး မြုတ်နှံဘို. ဆိုတာ အတော် စဉ်းစားရမယ်၊ သူတိုနိုင်ငံမှာ အလုပ်လက်မဲ့ တွေ အဖြစ်ခံမလား၊ နိုင်ငံရေး စီးပွားရေး လူမှုရေး မငြိမ်သက်မှုတွေ အဖြစ်ခံ မယ်လို.များ ထင်သလား ၊ မစုကြည် တယောက် သိဘို.ကောင်းတယ် ။



ပြောရရင် မြန်မာနိုင်ငံမှာ ၃ နှစ်အတွင်း မြေစမ်းခရမ်းပျိုး နေတုန်း ဘာမှ တည်ငြိမ်မှူ မရှိသေးဘူးဆိုတာ မစုကြည် တယောက် သိဘို. ကောင်းတယ် ၊ သိရက်နဲ့ ခလောက်ဆန် မွှေ နှောက် မနေပါနဲ. ၊ ရင်နှီးမြှုတ်နှံမှု ဆိုတာနဲ့ နိုင်ငံရဲ့အရင်းအနှီးတွေကို ရောင်းစားတာဟာ လုံးဝ ကွဲပြားမှုရှိတယ် ။အတိတ်
က နိုင်ငံခြား ရင်းနှီးမြုတ်နှံမှု တွေ ကြောင့် နိုင်ငံတောင် ပျောက်သွားဘူးတာ ခင်ဗျာ မမွေးခင်၊ ခင်ဗျားအဖေ မမွေးကခင်က ဖြစ်ခဲ့တာတွေ မှတ်တမ်းန.ဲ
ရှိတယ် ၊ ရှာဖေံဖတ်ကြည့်စမ်းပါ။ တိုင်းပြည်နဲ့ သယံဇာတတွေကို မြန်မာ နိုင်ငံပိုင် ပြန်လုပ်ခဲ့တော့မှ ကိုယ့်ပစ္စည်းနဲ့ ကိုယ် သူခိုး အစွဲခံရတယ် ။ သူခိုးဆိုပြီး နည်းအမျိုးမျိုးနဲ့ ဒါဏ်ပေး ခဲ့ကြ၊ တိုင်းပြည်နဲ့ လူမျိုး မဖွံဖြိုး မတိုးတက် ဖြစ်ရတာပေါ့။



နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှုနည်းပါးခြင်းမှာ နိုင်ငံတွင် တရားဥပဒေစိုးမိုးရေးမရှိခြင်းနှင့် အခြေခံ အဆောက်အအုံ မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ဆိုတာကို မစုကြည် ရှင်းဘို.လို လိမ့်မယ်။ လက်ရှိတွင် ပြည်ပစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အစိုးရအဖွဲ့၊ ၀န်ကြီးဌာနများနှင့် ဆက်ဆံ အလုပ်လုပ်ရသည်မှာ နှေးကွေးသည်ဟု လုပ်ငန်းရှင်များထံမှ သိရကြောင်း ပြောကြားသည်။ တဲ့



ရင်းနှီးမြှုတ်နှံ့ခြင်ပါတယ် ဆိုတာနဲ အားလုံးကို မစစ်ဆေးဘဲ ရော့ဗျာ ဆိုပြီး Blank Cheque နဲ့ လုပ်ခွင်. ထုတ်ပေးရမှာလား မစုကြည်? လိုင်စင်ရောင်းစားတဲ့ အကျင့် လုပ်ပိုင်ခွင့်ရောင်းစား တတ်တာတွေမြန်မာတွေ
မှာရှိတယ် ဆိုတာ ခင်ဗျားသိသလား? ပြီးရင် ပြီးရောတဲ့လား ၊နားအေးပါးအေးပါ့ ဟုတ်လား၊ နိုင်ငံတခု စီမံအုပ်ချုပ် တာ နားအေး ပါးအေး ရင် ပြီးရော လုပ်လို.မရဘူး မစုကြည်ရဲ့။



တရားဥပဒေ အပြည့်အ၀ စိုးမိုးစေခြင်ရင် မြန်မာမှာရှိတဲ့ ကြီးသော အမှုငယ်
အောင်ငယ်သောအမှု ပပျောက် အောင်ဆိုတဲ့ စကားတွေမပြောနဲ့ တော့၊ နိုင်ငံတော် သမတက လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုကို ပြန်ရုတ်သိမ်းရမယ် ။ ပစ်ဒဏ်ကျနေသူတွေကို လျှော့ရက်ပေးမှုဆိုတာတွေကို ချက်ချင်း ရပ်ဆိုင်း ပစ်ရမယ်၊ တရားဥပဒေစိုးမိုး မှူကို ပြည်သူတွေ ခံနိုင်မယ် ထင်သလား ။ ဥပဒေဟာ အသိတရားမရှိသူတွေ အတွက် ။ တရားတဖက် ဒါးတဖက်လို.ပြောမလား၊ မုံလာဥနီတဖက် ဒုတ်တဖက်လို.ပြောမလား။



အကြောက်တရားနဲ့အရှက်တရား ဆိုတာ လောကမှာရှိတယ် ၊ ခင်ဗျားကို အရှက်အကြောက်မရှိသူဆိုရင် ခင်ဗျားဘယ်လိုခံစား မလဲ ?ခင်ဗျားကိုယ်တိုင်
တောင် ဒီမိုကရေစီ ဘန်းပြမြှောက်ပေးတဲ့ လူအုတ်က တွေကရာလူ စွဲသတ် မီးရှို.ခဲ့တာ တွေကို ခင်ဗျား လက်ပိုက်ကြည့်နေခဲ့တယ် မဟူတ်လား ၊ Mob rule နဲ. Lynch လုပ်နေတုန်းက တရား ဥပဒေစိုးမိုးရေးဆိုတာကို ခင်ဗျား ဘာကြောင့်မပြော ဘဲ နှုတ်ပိတ်နေခဲ့သလဲ ? လူထု ဥပဒေ အရ လူထုက လိုအပ်သလို အုပ်ချုပ်ခဲ့တာလို. ပြောမလား ။ ဒိမိုကရေစီနဲ့ လူ.အခွင့်အရေး စစ်စစ်တွေလို.ပြော မလား? ခင်ဗျားပြောခြင်တာပြောတော့ ။



တရားဥပဒေ စိုးမိုးရေး ဆိုတာကို ခင်ဗျား မပြောခင်ကထဲက ကျုပ်တို.ပြောခဲ့ ကြတယ် ၊ တရားဥပဒေစိုးမိုး ရေးကို ထောက်ခံပြီးသား ၊ ခင်ဗျားပြောနေတဲ့ တရားဥပဒေက ခင်ဗျားအတွက် သက်သက်ပြဌာန်းရမဲ့ တရားဥပဒေလား ၊ အထူးသဖြင့် ခင်ဗျားလို ပုဂိုလ် ကို ကင်းလွတ်ချက် ပေးမှူ ၊ ခင်ဗျားအခွင်.ထူးခံဘို. ခင်ဗျားအတွက် ဥပဒေ သပ်သပ် လုပ်ပေးရတာကိုတော့ ဘာ ပြောမလဲ ? ကျုပ်တို.ကတော့ ဘယ် ကင်းလွတ်ချက်မျိုးကိုမှ မကြိုက်ဘူး မလို လားဘူး ဗျာ ။ တာဝန်ရှိ ပုဂိုလ်တွေ ကို အမြင့်ဆုံးပစ် ဒါဏ်တွေ ပေးရ
မယ် ။ မြေတူး မြေပေါက် လမ်းဖေါက် အလုပ်တွေ ခိုင်းရမယ် ၊ လိုအပ်ရင် သေဒါဏ်တွေပေး ရမယ် ဗျာ။ Chain gang လိုပေါ့ ၊ တရားဥပဒေ အထက်
က ဘယ်သူမှ မရှိရဘူး ခင်ဗျား လဲ မရှိရဘူး။



အော် ဒါနဲ့ နေပါအုံး ခင်ဗျားအိမ်မှာ အိမ်စေ ၊ အိမ်ဖေါ် အလုပ်သမား အစေခံ ကျွန် ဘယ် နှယောက်ရှိသလဲ။ သူတိုကို မြန်မာ့ ဥပဒေ/နိုင်ငံတကာဥပဒေနဲ့ အညီ ခံစားခွင့်တွေနဲ့ လစာ ရိက္ခာ ပင်စင်တွေ စီစဉ်ပေးထား ရဲ့လား။သူတို.ရဲ့လူနေမှု အဆင့်အတန်းတွေ ခင်ဗျားနဲ့ တန်းတူဘဲလား အဆင့်အတန်းတွေ ဘယ်လို ခွဲခြားတယ် ဆိုတာ သိခွင့်ရှိ မလား - သူတိုဟာ စေတနာ.၀န်ထမ်း ကြီးဒေါ်နွား ကျောင်းပေးနေကြသလား?



သို့ရာတွင် နိုင်ငံစီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု
ကိုသာစောင့်မျှော်မနေသင့်ဘဲ နိုင်ငံတော်စီမံကိန်းများကို ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်သင့်ကြောင်း လည်း ပြောကြားသည်။ တဲ့ ။


နောက်ဆက် ရန်။