Article submitted by: Thunderbolts on 3-Oct-2013  
ရာဇ၀င်ကြွေးကို ဘယ်လိုဆပ်မလဲ?
မျိုးချစ် တိုင်းချစ် ပြည်ချစ် အပေါင်းတို.၊


ဒီနေ. မြန်မာနိုင်ငံမှာ မြန်မာတွေအားလုံးဟာ ရာဇ၀င်ကြွေးကိုဆပ်နေကြရ
တယ်။ ဒို.ဘိုးဘွာ အမွေအနှစ်ကို ချစ်မြတ်နိုးနေကြတယ် ဆိုတာကို တဦးချင်း
အနေနဲ့ ဘယ်လို အဓိပါယ်ကောက် အဓိပါယ်ပေါက်ကြတယ်မသိဘူး။အတိတ်
ပစ္စုပန် တို.ကို လေ့လာလိုက်တဲ့ အခါ ။ နိုင်ငံတော် တခုတည်ဆောက်ဘို. လူမျိုးစွဲ ဘာသာစွဲ ၊ ၀ါဒစွဲ မရှီတဲ့ ဒို.ခေါင်းဆောင်တွေက ကြိုးပန်းခဲ့ကြတယ်။
၊ အထူးသဖြင့် ပုဂံ ၊ တောင်ငူခေတ် ။ ကုန်းဘောင်ခေတ် တို.မှာ တမြို.တရွာ တမင်းတချင်း ဆိုတာ တွေကို သိမ်းသွင်းပြီးမြန်မာနိုင်ငံတော်ဆိုတဲ့တခုတည်း
သော နိုင်ငံတော် ကို တည်ထောင်နိုင်ခဲ့တယ် ၊ ဖြစ်စဉ် သမိုင်း ရာဇ၀င်ကို လူမျိုးစွဲ ဘာသာစွဲ နဲ့ ကြည့်မယ် ဆိုရင်တော့ ၀ိဝါဒ ကွဲပြားမှုတွေ ရှိတာကို တွေရမယ်၊ လက်လှမ်း မီရာ နှီးဝေးရှိ တခြားနိုင်ငံတွေ ကို လေ့လာလိုက်ရင်
လဲ နိုင်ငံတည်ထောင်ရာမှာ ဒို.နညှ်းနှင်နှင်ဘဲ အနုနည်း အကြမ်းနည်းတွေကို တွေ.ရ တယ် ။


ဒို.မြန်မာသမိုင်း (ရာဇ၀င်) မှာ မွန်ဂိုလူမျိုး များဝင်ေ၇ာက် တိုက်ခိုက်ခဲ့လို. အစိပ်စိပ် အမွှာမွှာဖြစ် သွားရတာ၊ အင်္ဂလိပ်လူမျိုးများ အဓမ္မ ၀င်ရောက်တိုက်
ခိုက် သိမ်းပိုက်လို.နိုင်ငံတော် ဟာ အထက်မြန်မာ အောက်မြန်မာ ရယ်လို.
ခွဲခြားခံရပြီး နောက်ဆုံး ၁၈၈၆ ခုမှာ လုံးဝ ပျောက်သွားခဲ့ရ ဘူးတာတွေကို
ကြုံခဲ့ရတယ် မှတ်တမ်းတွေ ရှိထားတယ် ။ ဒါပေမဲ့ အဓိကအားဖြင့်ကုန်းဘောင်
ခေတ် က မင်းဆက်တွေနဲ့ နောက်ဆုံး တည်ထောင်ခဲ့တဲ့ တခုတည်းသော မြန်မာနိုင်ငံ ဟာအခုထိ တနိုင်ငံထဲ အဖြစ် ရဲ့ရဲ့လေး သာရှိသေးတော့တယ် လို.ဆိုရင် မှန်လိမ့်မယ် ။


၁၉၄၈ ခုမှာ မြန်မာနိုင်ငံ အင်္ဂလိပ် လက်အောက်က လွတ်လပ်ခဲ့တာ မှန်ပေမဲ့.မြန်မာဆိုတဲ့ တချိုတွေရဲ့ စိတ်ဓါတ်တွေ မြန်မာစိတ်ပျောက်ပြီး လူမျိုးရေ. ဘာသာရေး စိတ်စွဲလမ်းခါ တမြေထဲနေ တရေထဲ သောက် ဆိုတာကိုတောင် မေ့ပျောက်နေခဲ့ ကြတာမှာ၊ သူတိုကို တဦးတယောက် မင်းတို. ငါတိုနဲ့ ပေါင်း ပြီး ဗမာ တွေ ကို ချ - မင်းတို.လိုတာ အကုန်ရမယ် လို.များ ပြောခဲ့
လေသလား မသိဘူး။ လူမျိုးစု အချို.ကလဲ သူတိုပေါ် ဂတိမတည်တဲ့ အင်္ဂလိပ်
ကို အပစ်ပြောလို. မဆုံးဘူး။


ရာဇ၀င်ကြွေးကို ဆပ်ကြရအောင် ဆိုရင် လူမျိုးစွဲ ၀ါဒ ၊ ဘာသာစွဲ ၀ါဒ ပျောက်အောင် လုပ်ရလိမ်မယ် ၊ နိုင်ငံတော် ဖွံ.ဖြီုးတိုးတက်ဘို.အရေး။ ကို လူမျိးစွဲ ဘာသာစွဲ ၀ါဒစွဲတွေက အဟန်းအတားဖြစ်ခဲ့ရတာ ဆိုတာကို မျက်ဝါး
ထင်ထင် တွေခဲ့ ကြတာမှ မမြင်သေးဘူးဆိုရင်တော့ ကံကို ပုံမချနဲ့ကိုယ်
အသုံးမကျလို.ဘဲ လို.သာ ယုံ တော့။


အကြွေးဆိုတာ ဘာကြွေးမှ ဆပ်လို.မပြီးနိုင်ဘူး ၊ စီးပွားရေးစကားပြောရရင် မြန်မာနိုင်ငံဟာ ကြွေးမီဆပ်လို. မပြီးနိုင်ခဲ့ ဘူး။ မြန်မာနိုင်ငံကို စစ်စရိတ် အကြွေးနဲ့.အသိမ်းခံခဲရတာကို မှတ်မိကြသလား?


ဦးသိနိးစိန်နဲ့ထာဝရငြိမ်းချမ်းရေး ခေါင်းစဉ်ပါ စာတမ်းကို ၀င်ရောက်ဆွေးနွေး
ကြသူတွေကို ကျေးဇူးတင်သလို ဖတ်ရှုလေ့လာသူတွေကိုလဲတွေ.ရလို.၀မ်း
သာပါတယ် ၊ ဖတ်စေခြင်လို. သိစေခြင်လို.ရေးခဲ့တာ ရေးရကျိုး နပ်ပါတယ်။ ယူဆခြင်သလိုသာ ယူဆကြပါတော့ ၊ အမှန်ကတော့ မြန်မာစကားလို

မျက်နှာမှာ သနပ်ခါး ပေါင်ခြံမှာ သေးစီကြောင်း ဆိုတာ လို. ဖြစ်နေ
လို.တမျိုး၊ ကျောချမှ ဒါးပြမှန်းသိ ဖြစ်နေမှာ စိုးလို. ဦးသိန်းစိန်နဲ့အပါအ၀င် သက်ဆိုင်သူအားလုံးကို သတိပေးတာပါ ။ သတိ ဆိုတာ ပိုတယ် မရှိပါဘူး။


ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ ထာဝရ ဆိုတာလဲ မရှိပါဘူး။ ယာယီမိတ်ဆွေ
ဆိုတာလောက်ဘဲ ဖြစ်နိုင်ပါ တယ် ။ မှန်တာကိုပြော ၀န်ခံရမယ် ဆိုရင် အမေရိကန်တွေ မြန်ပြည်ကို လာကြ သွားကြတာအများကြီး ထဲက ဂျင်မီ
ကာတာ ကို သမ္မတဦးသိန်းစိန်က ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် အတွေ့အကြုံ၊ အကြံဉာဏ်များ မျှဝေပေးရန် တောင်း ဆို" ဆိုတဲ့ သတင်း
ကြောင့် လန့်ဖြန်.သွားရတယ် ။အကြောင်းတွေကလဲ ရှိခဲ့တယ် ။ သိသူလဲ သိမယ် မသိသူလဲ မသိဘူးပေါ့၊ နှုတ်ဆိတ်နေခြင်းသည် ရွှေတမျှ တန်ဘိုး
ရှိတယ် လို. ဆိုသူတွေရှိသလို. နှုတ်ဆိတ်နေခြင်း ကြောင့်မဖြစ်သင့်တာတွေ
ဖြစ် ကာလနာတိုက်ပြီး ကိုယ်ရောသူတပါးပါ ထိခိုက်နစ်နာနိုင်ပါတယ် ။


တကယ်တော့ ဦးသိန်းစိန်နဲ့ ဂျင်မီကာတာတို. ဘာတွေဆွေးနွေးကြတယ်
ဆိုတာ သတင်းကပြောတာထက် ဘယ်သူမှ ဘာမှ ပိုမသိပါဘူး ။ သူတို ၂ ယောက် တွေ ဆုံ ဆွေးနွေးကြတယ် ဆိုတာ ကို သတင်းအဖြစ် ထုတ်ပြန်တာ
ကိုဘဲ ပွင့်လင်းမြင်သာမှု တရပ်" အဖြစ် ကျေးဇူးတင်ရတော့ တာ ပေါ။ ဘာတွေ အသေး စိပ် ဆွေးနွေးတယ် ဆိုတာ ပြည်သူတရပ်လူံး သိဘို. မလို
ဘူးတဲ့ လား? ပွင့်လင်းမြင်သာ အရ ပြောသင့်မှ ပြောမယ်. မြင်သင့်မှ မြင်စေ မယ်လား?


သတင်းက ရည်ညွန်းတဲ့ ကမ္ဘာ့ခေါင်းဆောင် ဟောင်းများအဖွဲ့ဆိုတာဟာ Carter Centre ဆိုတဲ့ အဖွဲကို ဆိုလိုပုံရှိတယ် ။ ဒီအဖွဲ.ဟာ အစိုးရနဲ့ မသက်
ဆင်တဲ့ အဖွဲ. လူဘ၀ မြင့်မားတိုးတက်ရေး ပဋိပက္ခ ပြေလည် ရေး ၊ ဒီမိုကရေ
စ်ီနဲ့လူ.အခွင့်အရေး မြင့်တင်ရေး ၊ ရောဂါကာကွယ်ရေးနဲ့ စိတ္တဇဝေဒနာရှင်များ
ကို ပိုမို စောင့်ရှောက် နိုင်ရေးတို.ဖြစ်တယ် လို.အကြမ်းအားဖြင့်သိရတယ် ။


ဦးသိန်းစိန်ဟာ မြန်မာလူမျိုး ။ နိုင်ငံတော် သမတ ၊ သံတမန် ထဲမှာ ထိပ်ဆုံး
နေရာမှာ ရှိတယ် ၊ သူဟာ သူနေရာနဲ့.သူ ဘယ်လိုနေရာ ဘယ်သူနဲ.တွေ. ရင် ဘယ်အကြောင်းနဲ့ ဘာ စကား ဘယ်လို ပြောရမယ် ဆိုတာ သိမယ်။ မြန်မာဆိုလို.လဲ ဘယ်သူ.ကို ဘယ်လို. မြှောက်ရမယ် ပင့်ရမယ် ဆိုတာ တွေ နားလယ် လိမ့်မယ်၊ ရိုးရိုး သာမန်စကားနဲ့ပြောရမယ် ဆိုရင် "နှုတ်ချို ရှို တပါး"ဘဲပေါ့ ။ ဒါပေမဲ့ သတိပေးရမှာက ဒို.တာဝန် ။ သူလုပ် သမျှကို ဒို.တတွေ စောင့် ကြည်.နေတယ်ဆိုတာ သူသတိ မလစ်စေခြင်ဘူး။


ဦးသိန်းစိန်ဟာ ကာကွယ်ရေးဌာနမှာ အရာရှိ ကြီးကြီး တယောက်ဖြစ်ခဲ့ဘူး လို. နိုင်ငံတော် နဲ့ နိုင်ငံတော် သားတို.လုံခြုံ ရေးအတွက် စီစဉ်ရသူတဦး ဖြစ်ခဲ့ဘူးမှာမို နိုင်ငံတော်နဲ့ နိုင်ငံတော်သားတို.အတွက် အန္တရာယ် ရှိသူတွေ
ကို သိပါလိမ့်မယ် ။ မြန်မာနိုင်ငံရဲ့ လက်ရှိယေဘုံယျအခြေအနေဟာ အစော
က ပြောခဲ့ သလို. မြန်မာတွေအားလုံးလိုဘဲ "မျက်နှာမှာ သနပ်ခါး - ပေါင်မှာ
သေးစီးကြောင်း ချည်းဘဲ" ဆိုရင် လုံးဝမှန်ကန် လိမ်မယ်။


သေသေချာချာ စဉ်းစားကြည်မယ် ဆိုရင် ၊ မြန်မာနိုင်ငံဟာ အခုတိုင်လက်နက်
ကို်င် သောင်းကျန်းသူတွေရဲ့ ချိန်းချောက်မှုကို ခံနေရတယ် ၊ သတင်းတွေက
ကြည့်ရင် အပစ်အခတ်ရပ်ဆဲရေးဆိုတာဟာ စာထဲမှာသာ ရှိတယ် ၊ တိုက်ပွဲ
တွေ တဖျောက်ဖျောက် ဖြစ်နေတယ် ဆိုတာတွေ ကြားရတယ်၊ မရိုးသား တဲ့ ဖိအားပေးမှုတွေ ခံနေရတယ် လို မြင်တယ် ။ သူခိုး ဓါးပြ သူပုန် သူကန်တွေ ၊ တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးနေသူတွေကို ဘာမှ မလုပ်ဘဲ ထိုင်ကြည့်.နေရ
မှာလား ? ဒါနဲ့များ သူပုန်တွေက သူတို နယ်ထဲကို မကျူးကျော်နဲ့ လို.ရာဇသံ ပေးလိုက်သေးတယ် တဲ့၊၊


ဒါကိုကြည့်ရင် ရင်ကြားစေ့ရေး စည်းလုံးညီညွတ်ရေးရဲ့ အခြေအနေ အလား
အလာတွေကို ခန်းမှန်းနိုင် လောက်တယ် ။ ဒါကိုကြည့်ရင်ဘဲ ပြန်လည် ရင်ကြားစေ့တာ မစေ.တာတွေ အပထား ၊ စည်းလုံးတာ မလုံးတာတွေ ဘေးဖယ်ထား နိုင်ငံတော်နဲ့ နိုင်ငံသားတိုလုံခြုံရေးအတွက် မြန်မာ့တပ်မတော် (သို.) ကာကွယ်ရေးအဖွဲ. အလိုအပ်ကြီးလိုအပ်နေတယ် ဆိုတာ ရှင်းနေတာ
ဘဲ။ တပ်မတော်ကိုတောင် တနပ်စား ဥာဏ်နဲ့ ဘေးဖါယ်ဘို.ကြိုးစားနေတာ

တွေဟာ ဘာကြောင်.ဆိုတာ အတိတ်က ဖြစ်ရပ်တွေနဲ့ ယနေ. ဖြစ်ရပ်တွေကို လေ့လာရင် သိနိုင်တယ် ၊ ရှင်းရှင်းပြောရရင် နိုင်ငံတကာက တပ်မတော်တွေကိုအင်အားချိနဲ့ အောင် တမင်လုပ်နေကြတဲ့ အနောက် အုတ်စုဝင် နိုင်ငံတွေအပေါ် အကောင်းအမျိုးမျိုးရှာ၊ လက်ဝါးကြီးအုပ် သြဇာပေးနေတာဘဲ ၊ နူးကလီးယား ၊ ဓါတုဗေဒ ၊ ဒီမိုကရေစီနဲ.လူ.အခွင့်အရေး တဲ့ သူတိုကိုယ်တိုင်ကရော ဘယ်လောက် လိုက်နာခဲ့ကြလို.လဲ ။ ငါပြောသလိုလုပ် - ငါလုပ်သလိုမလုပ်န.ဲံHypocrite့  ကို အားကျ လက်ခံနေတဲ့ မြန်မာဆိုတာတွေ ကို မြင်ရ ကြားရတာ အော့ခြင် အံခြင်တယ်၊ အနဲဆုံး ပျို. တက်တယ် ။ နိုင်ငံတော် နဲ့ နိုင်ငံတော်သားတို. အကျိုးလား သူတို.အကျိုးစီးပွားလားဆိုတာတော့ သူတို.ဘဲ သိမယ် ။


မေးခြင်တာက မြန်မာနိုင်ငံ စီးပွားရေးတံခါး မဖွင့်ခင်က ဘယ်သူတွေ ဘယ်နိုင်ငံမှာ ဘာ စီးပွားရေးတွေ လုပ်နေကြသလဲ - စီးပွားရေးသမား ကုန်သည် စစ်စစ်ဟာ နယ်ခြားမရှိ နိုင်ငံမရှိ သမားတွေ ဘယ်သူနဲ့ မဆို
စီးပွားကုန်သွယ်ကြမှာဘဲ ၊ မြန်မာ နိုင်ငံ ရယ်လိုမှ မဟုတ်ဘူး။ မြန်မာနိုင်ငံ
အပေါ် စီးပွားရေး ပိတ်စို.ခဲ့ နဲ အမေရိကန်အပါအ၀င် အနောက်နိုင်ငံ တချို.ဟာ မြန်မာနိုင်ငံကြောင့် အခြားနိုင်ငံတွေနဲ့ စီးပွားကုန်သွယ် မှု ရပ်ဆဲ မသွားခဲ့ကြပါဘူး။


သိထားစေခြင်တာက အမေရိကန် ပြည်ထောင်စုဟာ ချမ်းသာတဲ့ နိုင်ငံတခု၊ အရာရာအင်အားတောင့်တင်းတာ အမှန်ဘဲ ၊ ဆင်းရဲ တဲ့ မြန်မာနိုင်ငံ နဂိုကမှ ဆင်းရဲနေကြတဲ့သူတွေလို. စာရင်း တင်ခံထားရတဲ့ မြန်မာတွေ အစစ အရာ
ရာ အင်အားနဲလှတဲ့ မြန်မာနိုင်ငံအပေါ် အနိုင်ယူခဲ့လို.အမေရိကန်ပြည်ထောင်
စုကို လူစွမ်း ကောင်းကြီးအဖြစ် ချီးကျူးရမှာလား?


ပြည်တွင်းက မသမာ ပဆိန်ရိုးတချို.တောင်းဆိုမှုတွေကြောင့် မြန်မာ နိုင်ငံ အပေါ် ၂၃ နှစ်ကြာ စီးပွားရေး ပိတ်ဆို. ဒဏ်ခတ်ခဲ့တာတွေဟာ ဘာကြောင့်
ပါလိမ်.လို. စေ့စေ့တွေး ကြည့်မိ တော့ မင်းသားကြီး မလုပ်ရလို. ပတ်မကြီး ထိုးဖေါက်တတ်ကြတဲ့ ပြည်တွင်းပြည်ပက သူတွေရဲ ပူးပေါင်း ကြံစည်မှူတရပ် ဆိုတာကို ကွက်ကွက်ကွင်းကွင်းတွေ.ရတယ် ။


ပြည်တွင်းက မြန်မာတွေ ဆင်းရဲတွင်း နက်သထက် နက်လာချိန်မှာ ပြည်ပက ငွေအားကြေးအား အရင်း အနှီးတွေနဲ ဒလဟော ၀င်လာတဲ့ အခါ မြန်မာတွေ ဘုံပျောက် လို. ဦးနာအောက် နောက် လိုက်ကြဘို. ပြင်ဆင်နေကြလေရဲ.။
၂၀၁၀ ခုနှစ် နောက်ပိုင်း ရင် နှီုးမြုတ်နှံမှု အချို.ရှိလာသည့်တိုင် အစိုးရအပေါ် ဖိအားပေးမှု အမျိုးမျိုးကလဲ ရှိလာပြန်တယ် ။ အထူးသဖြင် လက်နက်ကိုင် သောင်းကျန်းတွေက ၁၉၄၇ ဆီပြန်သွားပြီ။ Federal ပြည်ထောင်စု တောင်း
ဆိုလာကြပြန်တယ် ၊ သူတိုတပ်တွေကို မဖျက်ဘူး ၊ ဗမာပြည်. ရခိုင်ပြည် မွန်ပြည် ဆိုတဲ ဘုရင့် နိုင်ငံတော် ထင်ထင်ရှားရှားတွေ ရှိခဲ့ဘူးပါရက် ဘာ
ကြောင့် မတောင်းတာလဲ ? ဒါကတော့ ရှင်းပါတယ် တချိန်က ၊ ဘယ်တုန်းက
မှ ဘုရင် နို်င်ငံမဖြစ်ဘူး မရှိဘူးသူတွေ ဘုရင်နိုင်ငံသစ် အသီးသီးဖန်တီးလိုကြ
ပုံရှိလိုဘဲ။


အတိုချုံးပြောရရင် ခရစ်ယန်ဘိုင်ဘယ် ထဲ မှာ Exodu(ထွက်မြောက်ရာကျမ်း)
အရ ထွက်မြောက်လာကြ သူတွေလို အယူရှိ ယုံကြည်နေကြသူတချို.က ။ က္ကုသရေလ ( Israel) နိုင်ငံထူထောင်ကြသလို.ထူထောင် လိုကြသူတွေက . ဗမာတွေ ရခိုင်တွေ မွန်တွေကို စိုးမိုးလို စိတ်နဲ့ လူနဲ့ စု လူမျိုးစု အမည်ခံပြီး ပြသနာ လုပ်နေခဲ့ကြတာ ။ တိုင်းရင်းသားလူမျိုးစု တွေ စုပေါင်းပါဝင်တဲ့ အစိုးရ နဲ့ တပ်မတော်က ကြားဝင်မားမားရပ်ခဲ့တာကိုတောင် မြန်မာ့တပ်
မတော်ကို ဗမာ ဗူဓ္ဒဘာသာ တပ် ဆိုပြီး မလိုတမာ ခေါ်သူက ခေါ် နေတာ
ကို ကြည်.ရင် ဘယ်သူတွေက ရန်လိုနေတယ် ဆိုတာ ပေါ်လွင်နေတယ် ။


ယုံကြည်မှု တည်ဆောက်ရေး ဆိုတာ စဉ်းစားစရာဘဲ။ ဒီမိုကရေစီကိုလဲ လက်မခံ ၊ ယူနီယံ ပြည်ထောင်စု လဲ လက်မခံ ခဲ့တဲ့ အစွန်းရောက် ၀ါဒီတွေ
ဟာ တိတိကျကျပြောရရင် လူမျိုးစုအမည် ခံ လက်နက်ကိုင်သူခိုး ဒါးပြ သူပုန်တွေ ၊ Federal ပြည်ထောင်စု ပြီး ရင် ၊ ဘယ်တုန်းကမှ မရှိဘူးတဲ့ လွတ်လပ်တဲ့ ဘုရင် နိုင်ငံ သိုမဟုတ် သီးခြား သမတ နိုင်ငံတော် တောင်း ဆိုလာပြီး Israel နဲ့ Palestine တို.လို ကမ္ဘာတည်သရွေ. ရန်ဖက်အဖြစ် တိုက်ခိုက်နေကြမယ် ၊ ဘေးပါတ်ဝန်းကျင် နိုင်ငံတွေကို စားကောင်းခြင်း
မစားရ ၊ အိပ်ကောင်း ခြင်းမအိပ်ရ ဖြစ်စေလိမ့်မယ်။


လက်နက်ကိုင်သောင်းကျန်း တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးဆိုတာ ပြီးခဲ့ တဲ့ အတိတ်က သာဓက တွေအရ မလွယ်ပါဘူး ၊ မဖြစ်နိုင်ပါဘူး။ ဒုတ်ထမ်း၊ ဒါးထမ်းပြီး မျက်စေ့မိတ် အံကြိတ်ပြီး ယုံကြည်ရမယ် ဆိုတာ မဖြစ်
နိုင်ဘူး။ အထူးသဖြင်. ကိုင်ထားနဲ့ လက်နက်တွေ မစွန်.ဘဲ ၊ သူတိုတပ်တွေ
မဖျက်ဘဲ လက်ရှိအတိုင်း တော့ ဖြစ်နိုင် စရာ လုံးဝ မရှိဘူး။

ဖြစ်နိုင်စရာတခုက မြန်မာတပ်မတော်ထဲ မှာ ၀င်ရောက်အမှုထမ်း ဘို.ဘဲ ။ တခုတည်းသော မြန်မာ ကာကွယ်ရေးတပ်မတော်မှာ ရှမ်း ချင်း ကချင် ကရင် ကယား မွန် ရခိုင် စသဖြင့်ပေါ့၊ လူမျိုးစု တပ်ရင်း တပ်ခွဲ တပ်စု သီးခြားရှိဘို.မလိုဘူး၊ ရှိခဲ့ရင် စည်းလုံးမှု ကို ပျက်ပြားစေလိမ့်မယ် သီးခြား လူမျိုးစု တပ်တွေ မဟုတ်ဘဲ တိုင်းရင်းသားများ ပြန်လည်ရင်ကြားစေ့ စည်းလုံးရေး
ဆိုတာနဲ့ အညီ လက်တွဲပြီး နိုင်ငံတော်နဲ့ နိုင်ငံတော်သားအားလုံး ကိုကာကွယ်
ဘို.ဘဲ ရှိတယ် ။ ဒါကလွဲလို. ဘာမှမဖြစ်နိုင် ဘူး။


နိုင်ငံ ငယ်ပေါင်း ၁၃၅ ၊ လူမျိုးငယ်ပေါင်း ၁၃၅ မျိုးမှာ ဘယ်သူက ဘယ်သူကို အုပ်ချုပ် မင်းလုပ်မှာလဲ?


ဒီလောက်ဆို တော် လောက်ပါပြီ ။