Article submitted by: minkyaw thuyein on 30-Aug-2013  
ရွေးကောက်ပွဲကေါ်မရှင်နဲ.အစိုးရ ။
မျိုးချစ် တိုင်းချစ် ပြည်ချစ် အပေါင်းတို.။

လာပြန်ပြီ နိုင်ငံရေးပါတီများ ပြည်ပအထောက်အပံ့ ယူပါက ပါတီဖျက်သိမ်း
မည်ဟု ရွေးကောက်ပွဲ ကော်မရှင် သတိပေး ၊ နိုင်ငံခြား တိုင်းပြည်များမှ ငွေကြေး၊ ပစ္စည်းနှင့် အခြားအထောက်အပံ့များ လက်မခံရန် ပါရှိ တဲ့၊

ရွေးကောက်ပွဲ ကေါ်မရှင် နဲ့ အစိုးရ ကို လေးစားပါတယ် ခင်ဗျာ ၊
ဒါပေမဲ့ ဘာတွေ ရွှတ်နောက်နောက် ပြောနေတာလဲ ရွေးကောက်ပွဲကေါ်မရှင်
လို.မေးပါရစေ ကိုယ့်ဟာကိုယ် ဘာပြောလို. ဘာဆိုနေတယ် ဆိုတာတောင်
သိရဲ့လား ခင်ဗျာ?

ဒီသတင်းမျိုးတွေဟာ ကြားရတာ ရိုးနေပါပြီ မဆန်းပါဘူး ။ ဒါကြောင့် တင်ပြစရာရှိတာ တင်ပြ လိုတယ် ။ ပဌမ မေးခြင်တာ မှန်ရာကို ပြောရဲ ရဲ့လား၊ မှန်ရာကို လုပ်ရဲ ရဲ့လား ဆိုတာဘဲ ၊ ဘာကြောင့်လဲ ဆိုတော့ ကိုယ်.ကို ကိုယ်သိက္ခာကျအောင် ဘာမှ အရာမရောက်တာတွေ ပြောမနေစမ်းပါနဲ့၊ လုပ်မနေစမ်းပါနဲ့. ရှက်စရာပါ ။ အရှက် ဆိုတာ ရှိတတ်ရ တယ် ။ အကြောက်
ဆိုတာလဲ ရှိတတ်ရမယ် ။ အရှက်အကြောက် မရှိရင် လူ စာရင်းထဲမှာ မ၀င်
ဘူး။လူ မဖြစ်နိုင်ဘူး။ တိရိစ္ဆာန်တကောင် သတ္တ၀ါ တကောင်သာ ဖြစ်လိမ့် မယ် ။

ဘာသာပြန်ခြင်သလိုသာ ပြန်ကြ အရှက် အကြောက် တရားဆိုတာ ဟိရိ ဥတ္တပ တဲ.၊ ဂေါတမ ဟောတဲ့ တရားထဲမှာပါတယ် ။

မှန်ရာကို ပြောရဲ ရဲ့လား၊ မှန်ရာကို လုပ်ရဲ ရဲ့လား ဆိုတာက ၊ မရဲရင်အစထဲက
မပြောလဲ မပြောနဲ့ ၊မလုပ်လဲ မလုပ်နဲ့ ၊ ရဲရင် သတိတောင်မပေးနဲ့ မချိန်း
ချောက်နဲ့ တချီတည်းသာ အမိအရတွယ်လိုက်။ အရင်က ပြောထားပြီးသား ထပ်ပြောနေစရာ မလိုဘူး။ ခင်ဗျားတို.ရှိရဲ့သားနဲ့ ကျုပ်တို.နိုင်ငံ ထမီ အလံ
ထူရမယ် ဆိုရင်တော့ နာတယ်ဗျာ ၊ အားလုံး ဘုန်းနိမ့်ကုန်လိမ့်မယ် ၊ ထမီနား ကပ်စားနေတဲ့ လူတွေ လို.လဲအပြောခံရမဲ့ထဲမှာ ခင်ဗျားတို.လဲ လွတ်မယ်လို.
မထင်နဲ့ ။ အစကတည်း မကောင်းလို.လဲ အခုလို မကောင်းဖြစ်ရတာ၊ မလုပ်ရဲ
လို.လဲ အခုလို ကမ်းတက်နေကြတာ ။

ဒီမိုကရေစီတွေ ရင်ကြားစေ့ရေးတွေ ၊ညီညွတ်ရေးတွေနဲ့အသံကောင်း
ဟစ်နေကြတာချည်းဘဲ ၊၊ တိုက်ပေးနေတာမဟုတ်ဘူးနော် ခင်ဗျားတို စီးတဲ့ မြင်း အထီးလားအမ မှန်းတောင် ခင်ဗျားတို.သိဘို. ကောင်းတယ် ၊ သိကြရဲ.လား ၊ မင်းသားကြီးမလုပ်ရလို. ပတ်မကြီးထိုးဖေါက်တယ် ဆိုတဲ့စကားကြား ဘူးတယ် ။ ဒါဟာ ကျုပ်တို. မြန်မာစကားလား ၊ ဗမာ စကားလားတော့မသိ
ဘူး။ မင်းသမီးကြီး မလုပ်ရရင် အပျိုတော် ယိမ်းမှာတောင် မပါခြင်သူတွေလဲ ရှိတယ်။ ကျုပ်တိုနိုင်ငံမှာ ဒါမျိုးတွေ အများကြီး ရှိတယ် ၊ ဖြစ်တတ်တာကို
ပြောတာပါ လွန်ခဲ့တဲ့ ၂၅ နှစ် အတွင်းမှာ တင် မနဲဘူး ၊ ပတ်မကြီး ၊ ပါတ်ဝိုင်း ၊ ဗျော ၊ စည် ၊ ၆ လုံးပါတ် ၊ ဗုံတို ၊ ဗုံရှေ၊ အိုးစည် ၊ ဒိုးပတ် အားလုံး အဖေါက်ခံရတယ် ၊ ဖြုတ် ထုတ် သတ်တွေအများကြီး ဘဲ ဖြစ်တယ်၊ အခုနောက်ဆုံးမတော့ ဖြတ် ဖေါက် ချုပ် တွေ ကြီးစိုး နေတာပေါ့လေ ။

မိုက်မိုက်မဲမဲ ပြောရရင် ပြည်ပ အထောက်အပံ့ ယူရင် ပါတီ ဖျက်သိမ်းမယ် ဆိုတော့ အရင်အတိတ်ကအရေး ယူဘူးတဲ့ သာဓကတွေ ရှိဘူးသလား။ လုပ်ရဲ ခဲ့သလား ၊ လုပ်ဝံ့ ခဲ့သလား ၊ ခံဝံ့သလား ၊ ခံနိုင်သလား ?သက်သေ
အထောက်အထားတွေ အခိုင်အလုံ အတိအကျ ရမှဖြစ်မယ် တဲ့လား။ ဒါကြောင့်လဲ တယောက်က တရားဥပဒေစိုးမိုးရေး ဆိုတာကို အာကျယ်
နေတာပေါ့၊ စိန်ခေါ်နေတာ၊ ဒါလောက်ပြောရင်ဘဲ ကော်မရှင်ရဲ့ သတိပေး ချက်ဟာ အာလူးပေးတာထက်မပိုဘူး၊၊ အသံသာရှိတဲ့ သင်္ကြန်အမြောက်
ထက် ဘာမှ မပိုပါဘူး ဆိုတာကို ပြနေတယ် ၊ မုန်းလို.ဟုတ်ဘူး နော်။ ဒီကပြောတာ အဓိပါယ်ပြည့်စုံပါတယ် တထွာပြ တလံမြင်ကြ သူတွေဘဲ ဗျာ။ ဠင်းတ လောက်တော့ ဌက်တိုင်း လှကြပါ သတဲ့ ။ မလုပ်ရဲ လို. ခံခဲ့ရတာတွေ
ကိုလဲ မမေ့ကြ နဲ့နော် ။ ရှေ.ကိုလဲ မလုပ်ရဲလို. ခံရအုံးမှာတွေ စဉ်းစားထားကြ ။အရှက်ပြေ ဟိုပြော ဒီပြော တွေ.ကရာတွေပြော မလုပ်ပါနဲ.။

မပြောရဲ မဆိုရဲ ၊ မလုပ်ရဲ မကိုင်ရဲ တဲ့ ဒို.လူမျိုးရဲ့ အားနဲချက်ပျော့ညံ့ချက်တွေ
ကို ထောက်ပြတော့ ကိုယ့် လူမျိုးကိုယ်နှိမ်တယ် လို ပြောတဲ့ သူကလဲ ရှိသေး
တယ် ၊ ပြပြင်ပြောင်းလဲ ရေးကာလမှာ ပြုပြင်စရာတွေ ကိုပြောတာ ၊ မပြောရ
ဘူးလား။ သူတို.ကရော ဘယ်သူ.အကြောင်းတွေ ပြောနေတာလဲလို. မေးပါရ
စေ။ ငါ့ စကားနွားရ ဆိုသလို. ၊ လူတွေကို နွားတွေမှတ်လို.ပြောနေတာလား? ဒီကလူကို လာမပြောနဲ့ နွားတွေကို သွားပြောချေ ၊ အခွေ.ခံရမယ် ။

အစိုးရဆိုတာ ဘာလုပ်ဘို.လဲ? ဖြေရမယ် ဆိုရင် ၊ စိတ်မထင်ရင် ထ ကန်ဘို. ပြည်သူက ရွေးထား မွေးထား တဲ့ အိမ်ခွေးဘဲ ပေါ့လို. ပြောရင် တော့ ရိုင်းလိမ့်မယ် ၊ အိမ်ခွေးတောင် ခွေးသာဖြစ်တယ် ခွေးလို.ဆက်ဆံရင် ကြိုက်ပုံမရဘူး. တချိန်ချိန်မှာ အခန်မသင့်ရင် ကိုယ့် ကိုဘဲ ပြန်ကိုက်လိမ့်မယ်။ ဒို. လူတွေ ကိုယ်တိုင်က ဒို.အစိုးရကို လေးစားကြရဲ.လား ၊ အထူးသဖြင့် အတိုက်အခံ ဆိုတာတွေဟာ ခွက်ကျန်နဲ့မူး ၊ ဖင်ကပ်နဲ့မူး ၊ အငွေ.လေးရ လို.၊ အနံ.လေးရလို.မူး နေကြတာသာ ဖြစ်တယ် ၊၊ အစိုးရ
ဆိုတာ ပြည်သူ.ကျွှန်တွေလို. အတိုက်အခံတွေက အမြင်ရှိတယ် ။ အစိုးရကို သူတို.ရွေးတာမဟုတ် ဘူးဆိုပြီး အစိုးရကို မလေးမစား ဆက်ဆံတယ် ။ သူတို့ကျတော ပြည်သူဝန်ထမ်းလို.ဆိုမလား ၊ အစိုးရ ဆိုတာ တဦးက မရွေးရင် တဦးက ရွေးတာဘဲ မဟုတ်လား ။ ဒီလိုသာ ဆိုရင် ဘယ်သူကမှ ဘယ်သူကိုမှ မလေးစားဘူး ဆိုတာလဲ ထင်ရှားတယ် ။

ပြည်သူလုထုက ရွေးကောက်တင်မြောက်တယ် ဆိုတဲ့ အစိုးရကို ဘယ်လို တာဝန်တွေ ထမ်းဆောင်စေခြင်တယ်ဆိုတာ ပြည်သူလုထုက ထုတ်မပြော
သည့်တိုင် စိတ်ထဲက သိခြင်သိနေမယ် ၊ ဒါကြောင့်လဲ နှုတ်ဆိတ် နေသော အများ စု ဆိုတာ ရှိနေတာပေါ့ ။ တိတ်ဆိတ်စွာနေခြင်း ဖြင့် ထောက်ခံနေပါ
တယ် တဲ့၊ ဘာ ကိုထောက်ခံနေတာ လဲ?

လွှတ်တော်ထဲမှာ တပါတီထဲ မဟုတ်ဘူး ပါတီစုံရှိတယ် ။ မြေပေါ်ပါတီတွေဟာ
မြေအောက်လက်နက်ကိုင် တွေကို ကိုယ်စားပြု နေကြတာတွေလဲရှိတယ်၊ သူတိုကို ဘာလုပ်မလဲ ပြောစမ်းပါ မောင်တို. ရယ်?

လေ့လာသိရသလောက်က ဒိုနိုင်ငံမှ ရွေးကောင်းပွဲ ကျင်းပရင် ပြည်သူတွေ
ဟာ ပါတီရဲ့ မူဝါဒတွေကိုကြိုက် တာ မကြိုက်တာထက် ၊ သူတို.ကကြိုက်တဲ့ လူ ၊ အမတ်လောင်း ပုဂိုလ်ကိုသာ မဲ ပေးကြတယ်၊ ဘာကြောင့်ကြိုက် တယ် မဲပေးတယ် ဆိုတာတောင် ချက်အလက်နဲ့ ရှင်းပြနိုင်ခြင်းမရှိကြဘူး ၊ ငါ ကြိုက်လို.ငါပေးတာပေါ့ကွ တဲ။့

ကျုပ်တိုငယ်ငယ်က ရန်ကုန် အနောက်ပိုင်း လမ်းမတော်ရပ်ကွက်က လူမိုက် ဖိုးတုတ် သာ ခုချိန်မှာသက်ရှိ ထင်ရှား ရှိသေးရင် လွှတ်တော်အမတ်ဖြစ်ပြီး သမတ တောင် ဖြစ်အုံးမလား မဆိုနိုင်ဘူး။

မဲပေးတာကို အလေးမထားဘဲ ၊ အစဉ်အလာ အဖြစ်မဲပေးမယ် ။ အားလပ်မှ မဲပေးမယ် ၊ ပြောပြန်ရင် ကိုယ့်ရပိုင်ခွင့်မှန်ပေမဲ့ ကိုယ့်အခွင့်အရေးဘဲ ကိုယ်
ပေးခြင်မှပေးမှာပေါ့ဆိုတဲ့ တာဝန်မဲ့ မှူတွေ လုပ်တယ် ၊ ၄/၅ နှစ်မှ တကြိမ် ဆိုသလို. မဲပေးရတော့လဲ ဒီမိုကရေစီကို နေ.စဉ် ထမင်းစားသလိုဘဲ စားလို.သာ စားလိုက်တယ် ။ ဗိုက်ပြည့်ရင်ပြီးရော၊ အဆာပြေသွားရင်ပြီးရောဘဲ ၊အဟာရ ဖြစ်သလား၊ ကျန်းမာရေးနဲ့ညီညွတ်သလား ယင်တွေ ယန်တွေ ညီညွတ်သလား ဆိုတဲ့ အပိုတွေ လာမမေးနဲ့၊ ထမင်းတလုတ် စားရတာကိုဘဲ ရတနာ ၃ ပါး ကျေးဇူး တဲ့ ။ ချဉ် ငံ စပ် ဆိုပြီးတာဘဲ ရသာစုံတယ် ။

စစ်မှန်သော ဒီမိုကရေစီ ဖြစ်ခြင်ရင် မဲ ပေးခွင့်ရှိသူမှန်သမျှ အကြောင်းပြ
ချက် မခိုင်ရင် မဲ မပေးမနေရ ဆိုတဲ့ ဥပဒေတရပ် ပြဌာန်းသင့်ကြောင်းပြောဘူး
တယ် မဲပေးခြင်းဟာ ပြည်သူ.တာဝန်တရပ်အဖြစ် ဥပဒေပြဌာန်းသင့် ကြောင်း တင်ပြ ဘူးပေမဲ့ လူ.အခွင့်အရေး ဆိုတဲ့ ဖျာအောက်မှာ ထည့်ပြီး ဖုံးထားကြပုံ
ရတယ် ၊ မဲစာရင်း ကူလီကူမာ လုပ်ခြင်လို. တော့ ဟုတ်ပါဘူးထင်ပါရဲ့ ။

ဒီမိုကရေစီအရဘဲ အသဲကြားက မဲ့တပြားဟာ ဘယ်လောက်တန်ဘိုးရှိတယ် ဆိုတာ ကိုသိကြတာဘဲ။ ပျက်ကွက်သွားနဲ ပြည်သူတယောက် ရဲ့ မဲတမဲ ကြောင့် ရွေးကောက်ပွဲရပ်လဒ် ကမောက် ကမ ဖြစ်ရသလို ပြည်သူအများစုက
တင်မြောက်တဲ့ ဒီမိုကရေစီ အစိုးရ ဆိုတာလဲ အမည်ခံသာဘဲဖြစ်လိမ့်မယ်။ ဒါတောင်မှ ပြည်သူ.တယောက်ရဲ့ တာဝန်ပျက်ကွက်မှူဘဲ ရှိသေးတယ် ၊ တနိုင်ငံလုံးမှာ ပျက်ကွက်သူတယောက်ပေါင်း ဘယ် လောက် အရေအတွက်
ရှိတယ်ဆိုတာ ၊ မဲပေးရန် ပျက်ကွက်သူစာရင်း မဲ အပျက်အဆီးစာရင်းက ဖေါ်ပြနေ တယ် ။ ကိုယ်နိုင်ရင် ကိုယ်.လူနိုင်ရင် ဒီမိုကရေစီ လေ။ ရှံးရင်တော့
ရွေးကောက်ပွဲ မသမာမှုတွေ မဲလိမ်မှု တွေ လော်လီမှုတွေဘဲ ပေါ့။ ဒီမှာဘဲ
လူတွေဟာတခုမဟုတ်တခု တယောက်မဟုတ်တယောက်အစွဲကြီးနေကြပြီး
ပုဂိုလ်ရေး အစွဲအလန်းနဲ့ ကြီးနေကြပြီဆိုတာကို တွေ.ရပြန်တယ် ။

မြန်မာမှုမှာ ခင်ရာဆွေမျိုး မိန်ရာ ဟင်းကောင်း လို. ဆိုထားတယ် ၊ ကဲ ဘာပြောခြင်သေးသလဲ။ သူတိုဟာ သူတို.ဘဲ နားလည်ပါလိမ့်မယ် ။ လူထုရဲ့
တကယ်လိုအပ်တဲ့ အခြေခံချက်တွေဟာ စား ၀တ် နေရေးနဲ့လုံခြုံရေးဆိုတာ တွေဘဲ ။ ဒါဟာဆိုရှယ်လစ်တွေ ပြောတဲ့ စကားတဲ့ မဆလတွေပြောတဲ့ စကား
တဲ့ ။ လူအများကောင်းစားရေးဆိုတဲ့ ဆိုရှယ်လစ်ဇင်း ၀ါဒ ဆိုတာကို ဘယ်သူရဲ ဘယ်သူစ္ဆေ ဘယ်မြေဖုတ်ဘီလူးကပြောဟောသွားတာလဲ ၊ဘယ်
ခေါင်းဆောင်တွေက အကောင်အထည်ဖေါ် ခဲ့ကြတာလဲ ။ တခြားဝါဒတွေ
ဟာ လူတွေရဲ စား ၀တ် နေရေး လုံခြုံရေးတွေအတွက် မဟုတ်ဘူးတဲ့ လား?

အမေကို အမိ ၊ အဖေကို အဖဖြစ်စေ မိခင်နဲ.ဖခင်လို.ဖြစ်စေ ခေါ်လဲ အဓိပါယ် အတူတူပါဘဲ ။ ဘယ်လိုခေါ်ခေါ် နားလည် ကြရင် ကောင်းပါတယ်။ ပြည်သူ
လုထုရဲ အခြေခံ လိုအပ်ချက်တွေကို ဖြည့်စည်းပေးဘို.ဆိုတာ အစိုးရတိုင်းရဲ တာဝန်တွေ နိုင်ငံသား တိုင်းရဲ.တာဝန်တွေဘဲ။ ဘယ်အစိုးရဖြစ်ဖြစ်ရဲ့ ဒီတာဝန်
တွေကို မထမ်းဆောင်နိုင်အောင် ဒီနိင်ငံသားတွေက ဘဲ အဖျက်လုပ်တယ် ဆို
တော့ ဒီနိုင်ငံဟာ ဆင်းရဲခြင်း လွတ်ကင်းနိုင်ပါအုံး မလား။ အဖျက်လုပ်တယ် ဆိုတာဟာ နိုင်ငံရေး ထိုးနှက်ချက်တရပ် သက်သက်မဟုတ် တဲ့သူယုတ်မာတို
ရဲ့ ယုတ်မာမှုသက်သက် တရပ်သာဘဲဖြစ်တယ် လို.ခံယူတယ်။ ဒါမျိုးကို ဒို.တတွေ ဒို.ပြည် ဒို.မြေမှာ ဒို.ကိုယ်တွေ. ကြုံရဘူးတယ်၊ သူယုတ်မာတွေ ဘယ်
သူဆိုတာ သူများ ပြောစရာမလိုဘူး ဒို.ဟာ ဒို. သိတယ်။

လူဆိုး သူခိုး ဒါးပြ သူပုန် သူကန်ဆိုတဲ့ အန္တရာယ်ကောင်တွေ ပြည်သူ.အခွင
့်အရေးတွေကို စော်ကားနေသူ တွေကို အရေးယူနှိမ်နင်း ဘို.တောင် အခက်
အခဲဖြစ်အောင် ပြည်တွင်းကတမျိုး ပြည်ပက တဖုံ. လုပ်နေတာ ကို ကြုံနေရ
တဲ့ အစိုးရမျိုးတွေရှိနေတယ် ။ ဒိုနိုင်ငံတခုထဲ မဟုတ်ဘူး။ အစိုးရဆိုတာဟာ
ကိုယ်တိုင်း ကိုယ်ပြည် ကိုတောင် အစိုးမရအောင် အုပ်ချုပ်လို.မရအောင် ထိမ်း
သိမ်းလို.မရအောင် ၀ိုင်းလုပ်နေကြသူတွေရှိတယ် ဆိုတာ သိနေတာဘဲ ။ လူဆိုး သူခိုး ဒါးပြ သူပုန် သူကန်ဆိုတာတွေကို ဥပဒေအရ အရေးယူ နှိမ်နင်း
မလား၊ တိုင်းပြည်တိုင်းမှာ ရှိနေတဲ့ တန်ဆာပလာတွေအဖြစ်ဘဲ လို.မှတ်ယူပြီး လက်ခံမလား? တခုရှိတာက ပြည်သူတွေ သေသေ ရှင်ရှင် ၊ ကိုယ့်အသက် ကိုယ်.ပစ္စည်း ကိုယ်သာကာကွယ် ၊ ကိုယ့်ထိုက်နဲ့ ကိုယ့် ကံ ဆိုပြီး ထိမ်းမ နိုင်
သိမ်းမရ အခြေအနေတွေကို လက်ပိုက်ကြည့် လစ်လှူရှူ ၊ လက်လျှော့ အရှုံး
ပေးရမှာလား?

ကိုယ်ရပ် ကွက်ထဲမှာ ရှိနေတဲ့ လူဆိုး သူခိုး ဒါးပြ သူပုန် သူကန် အကြမ်းဖက်
သောင်းကျန်း ဆိုတာတွေကို ကိုယ်သားသမီးတွေဘဲ ဆိုပြီး ရေပူ ရေချမ်း
ကမ်းလှမ်း နေတော့မှာလား ၊ ပြောဆိုဆုံးမခြင်းမပြုတော့ဘူး လား? သူတပါး
ကို ထိခိုက်နစ်နာ စေမယ်ဆိုတာ တွေ မစဉ်းစားဘူးလား။ ကိုယ်သားသမီး လူဆိုး သူခိုးဖြစ်တာ မရှိဆင်းရဲလိုဖြစ်ရတာပါ၊ ချမ်းသာသူတွေရှိလို.ကျုပ် တို.ဆင်းရဲနေတာပါတဲ့လား? အဲဒါ ဘာစကားလဲ ?

ဘယ်နိုငံ ဘယ်အစိုးရကမှ လူဆိုး သူခိုး ဒါးပြ သူပုန် သူကန် အကြမ်းဖက် သောင်းကျန်းသူ ဆိုတာတွေနဲ့ အပေးအယူ မလုပ်ဘူး ၊ ဘာမှညှိစရာ မလိုဘူး
လို.မြင်တယ် ။ အထူးသဖြင့် ဒိုနိုင်ငံမှ ရာဇ၀တ်သားတွေကို အထွေထွေလွတ်
ညိမ်းခွင့်ပေပြီး မကြာခဏ လွှတ် လွှတ်နေရတာတွေဟာ ထောင်မဆန်.တော့
လို.၊ စာရိတ်စားခ မတတ်နိုင်လို.ဘဲ မြင်တယ်၊ ပြည်သူ.အသက် အိုးအိမ်
စည်းစိမ်ကို စတေးပြီး နာမယ်ကောင်း ရဘို.ဘုရားဖြစ် ပါရမီရဘို.လုပ်တာဘဲ မကောင်းသူထိပ် ကောင်းသူထိပ် ဆိုပြီး လွှတ်လိုက်တာဘဲ လို. အဆိုးမြင်တဲ့ အတွက် ကျုပ်ကတော့ သာဓု မခေါ် ဘူး။

အစိုးရတွေ အုပ်ချုပ်လိုမရအောင် ဒီမိုကရေစီကို အဓမ္မသွတ်သွင်းနေတာတွေ ဒို. မျက်မြင်ဘဲ။ ဘယ်သူ အကျိုးစီးပွားလဲ ? ဒို. လူတချို.ပြော ပြောနေတဲ့ မင်းတကျပ် ငါတကျပ် ဆိုတာ လက်တွေ ဖြစ်နိုင်ပါ.မလား ဆိုတာ စဉ်းစားသာ
ကြည့်ကြပေတော.၊ စဉ်းစားတတ်တဲ့ အရွယ်တွေ ရောက်နေကြပြီ ဘဲ။

ပြောခြင်တာက အစိုးရဆိုတာ စိတ်မထင်ရင် ထ ကန်ဘို. ရွေးထားမွေးထား
တဲ့ ခွေး မဟုတ်ဘူးဆိုတာဘဲ၊

တော်သေးပြီ လေ ။