Article submitted by: Thunderbolts on 28-Aug-2013  
ဖြတ် ဖေါက် ချုပ် ငြိမ်းချမ်းရေး(၂) ၊
ရှေ.မျက်နှာမှ အဆက် ။



မျိုးချစ် တိုင်းချစ် ပြည်ချစ်အပေါင်းတို.၊


ဒို.နိုင်ငံမှာ ငွေဝယ်ကျွန်စံနစ် ဘယ်တုန်းကမှ မရှိခဲ့ဘူး၊ ဒို.တိုင်းရင်းသားတွေ ဘယ်သူကမှ ဘယ်သူကျွန်မဟုတ်ဘူးဈ ပြောရရင်တော့ဒိုတိုင်းရင်းသာတွေထဲ
မှာ အနောက်ဖက် ပြင်ပ နိုင်ငံတွေရဲ့ အားကိုနေတဲ့ ကျွန်ဖြစ်ခြင်သူတွေ မရှိဘူး
လို.တော့ မပြောနိုင်ဘူး၊ တိုင်းရင်းသားအချို.ဟာ နိုင်ငံခြားသားတွေဆီမှာ
အလုပ် လုပ်ရမှ ကြိုက်တယ် နိုင်ငံခြားသားတွေ အကူအညီနဲ့ ဒီမိုကရေစီ အစိုးရအပါအ၀င် အစိုးရအဆက်ဆက်ကို ထောင်ထားခြားနားတယ် မရတဲ့ နောက်ဆုံး တပ်မတော်နဲ့ အစိုးရကို ပုန်ကန် ခြားနားတယ် ။



၁၉၆၂ ခုကစပြီးလဲ တပ်မတော်နဲ့ ပြည်သူကို အထင်အမြင် လွဲမှားအောင် ပြင်ပ အကူအညီနဲ့ လှုံ.ဆော်ခဲ့တယ် ။ ဖိနှိပ်ခဲ့တယ် ။ ၁၉၈၈ မှာ အင်းစိန် ကြို.ကုန်း ခ၀ဲခြံမှ တိုက်ပွဲ ပြန်စခဲ့ပါတယ် ဆိုတာ ရိတ်မိသူနဲ တယ် ၊ သူတိုသိတာ
ကတော့ RIT ကျောင်းကဘဲ ။ မှတ်မိကြမယ်ဆိုရင် ၁၉၄၉ ခု ဇန္န၀ါရီလက စေါဘဦးကြီး ခေါင်းဆောင်တဲ့ ကုရင်တွေဟာ အင်းစိန်မြိုကနေ သူပုန်ထခဲ့တာ
ကြို.ကုန်း ခ၀ဲခြံ တိုက်ပွဲဟာ သမိုင်းဝင်ဘဲ။ တိုက်ဆိုင်မု လို. ဆိုမလား။ ရန်ကုန်မြို.ဟာ ကနေ့တိုင် ကရင်တွေ မွန်တွေနဲ အပြည့်ဘဲ လွှမ်းမိုးနေတယ် ။



ခေတ်သစ် ကုရင် သမိုင်းမှာ KNU/KNLA Peace Council က အခုလိုဖေါ်ပြ
ထားတယ် ( In 1949, the Myanmar race were strong fascists against Britian and anyone who allied with her. After the British left and before the Japanese came into Burma, The Burmese Independence Army troops led by Gen. Aung San took opportunity to slaughter thousands of innocent Karen. Their brutality no words can describe in all of human history) တဲ့.



ဘယ်လောက် တိကျ မှန်ကန်တဲ့ ရေးသွင်းချက်ဆိုတာ မသိဘူး၊ ကြားတော့ မကြားဘူး ဘူး။ ဗြိတိသျှတိုနဲသူရဲ့မဟာမိတ်ဆိုဟာ ဘယ်သူဆိုတာမဖေါ်ပြ
တာတောင်၊ ဒိုတိုင်းရင်းသားတွေထဲက ဘယ်သူတွေဆိုတာ ကရင်သမိုင်း ကို ဖတ်ကြည့်ရင် သိနိုင်တယ် ၊ ကရင်ကိုဘယ်သူကထောက်ခံအားပေးခဲ့တယ် ဆိုတာလဲသိနိုင်တယ် ။အခုထိလဲ ထောက်ခံအားပေးနေတုန်းဘဲဆိုတာလဲ သိရ ကြားရတယ် ။



ဒီလိုရေးသွင်းချက်မျိုးတွေ ခံယူချက်တွေ အခြေအနေတွေ ရှိနေသမျှ
ယုံကြည်မှုတည်ဆောက်ရေးဘဲ ပြောပြော၊ ငြိမ်းချမ်းရေး ဆွေးနွေးတယ် လို.ဘဲ ဆိုဆို ဘယ်လိုအောင်မြင်နိုင်ပါ့မလဲ ? နောက်ပြီးလဲ့ KNU/KNLA Peace Council ရဲ့ အခြေခံမူမှာ 1.Surrender is out of the question. 2.The recognition of the Karen State must be completed. 3.We shall retain our arms. 4.We shall decide our own political destiny. ဆိုတာဟာအမျိုးသား ရင်ကြားစေ့ရေး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နဲ.ဝေးသေးတယ် ဆိုတာ ကို ပြောနေတာဘဲ ၊ ယုံကြည်မှုတည်ဆောက်ရေး ငြိမ်းချမ်းရေး ဆိုတာတွေကို ထည့်တောင်မပြောနဲ့ ဗေဒင်မေးနေစရာမလို ဘူး။ ပြည်ပက ၀င်မစွက် စွက်အောင် ဖန်တီးလာကြလိမ်အုံးမယ် ၊ ၁၉၄၈ ခုကတည်းက ပြည်ပစွက်ဖက်မှုနဲ့ စခဲ့တာမဟုတ်လား။



တပ်မတော်က ဓါတုဗေဒ လက်နက်တွေ သုံးစွဲနေပါတယ် လို.လဲ မတရား
စွပ်စွဲခဲ့ဘူးတယ်၊ ဘယ်သူတွေ က စွပ်စွဲကြတာလဲ ဆိုတာ မပြောခြင်လို နေကြတာဘဲ လူတိုင်းသိတယ် ဖုံးလို.လဲ မရ ပါဘူး ၊ သူတို.မှာသာ ဓါတု
လက်နက်ရှိရင် သူတို.ဘာလုပ်မယ် ဆိုတာ သူတို.စကားတွေက ဖေါ်ပြနေ
တယ်။ ဓါတုလက်နက်ကို သုံးဆွဲနေပါတယ် လို.ဆိုလာရင် စစ်ပြင်ပြီလို.သာမှတ်လိုက်ပါ။



ကရင်တို.က သူတိုရဲ့ အဓိဌာန် ၄ ချက်ကို ပြုပြင်ပြောင်းလဲ ခြင်းမရှိရင် နိုင်ငံတော် ဖွဲ.စည်းပုံ အခြေခံ ဥပဒေကို ပြုပြင် ပြောင်းလဲဘို. မလိုဘူးလို.မြင်တယ် ။ ပါလီမန်ထဲက ထွက်သွားတာ အကောင်းဆုံး၊ ဒါက ကျုပ်ရဲ့ တဦးတည်း သဘောထား။



တပ်မတော်က မှန်နေခဲ့လို.သာပေါ့၊ တပ်မတော်က လူ ဆန်နေခဲ့လို.သာပေါ့ ။ သူများတိုင်းပြည်တွေ သာဓက အများကြီးရှိတယ် ဆိုတာလဲ ပြောဘူးတယ် ။ ကိုရီးယား ဗီယက်နမ်၊ ကမ္ဘောဒီယား နဲ့ လေါနိုင်ငံ ၊ အီရတ်. အာဖဂန် လစ်ဗျား ။ အီဂျစ်နဲ့ ဆီးရီးယား တိုကို မျက်ဝါးထင်ထင် တွေနေရတယ် ။ ရာဇ၀င် တကျောပြန်ရင် Repost ဘဲ ပေါ့ ဟုတ်ဘူးလား? သူတပါးကို မုသားစကားသုံး စွပ်စွဲပြီး မုသား သက်သေနဲ့ အင်အားသုံး ကိုလိုနီသစ် နယ်ချဲ့နေသူတွေရဲ့ နောက်လိုက် လက်ပါးစေတွေဟာလဲ သူတို.အတွက် သူတို. နယ်လေးတွ ချဲ.ဘို.လုံးပန်းနေတာဘဲ ။



သူတို United Nationalities Federal Council(UNFC), ကိုယ်တိုင်က ဗမာပြည်လေးတခုတောင် မဟုတ် ဗမာပြည်နယ်လေး ဖန်တည်းပေးဘို. ဆိုပြီး နှိုးဆွနေတော့ ဗမာတွေ အိပ်နေလို.မဖြစ်ဘူး။ အိပ်ခြင်မူးတူးဖြစ်စရာ
လဲ မလိုဘူး နိုးကြားကြရမယ် ကြည်ကြည် လင်လင် ရှိရမယ်။ သူတိုထောင်တဲ့
ကြော့ကွင်းထဲ မ၀င်မိစေနဲ့ ။ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတင်မောင် ကတော့ မဖြစ်နိုင်တာတွေကို မဖြစ်နိုင်ဘူးလို. ပြောခဲ့ ပြီးပြီ။



ကမ္ဘာသမိုင်းကို တစေ့တစောင်း လေ.လာလိုက် တော. ၊ ၁၉၉၁ ခုမှာ Soviet Union နေ လွတ်လပ်ရေးရခဲ့တဲ့ ကွန်မြုနစ် ခေတ်လွန် Georgia ဟာ နိုင်ငံရေး စီးပွားရေး လူမှုရေး အမျိုးမျိုး မညိမ်မသက် ရှိခဲ့တယ် ။ ၂၀၀၃ ခုနှစ်မှာ Mikheil Saakashvili, Zurab Zhvania နဲ. Nino Burjanadze ဦးဆောင်တဲ့, နှင်းဆီ တော်လှန်ရေး နဲ ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်း
လဲမှု တွေ လုပ်ခဲ့ရင်း နိုင်ငံဟာလဲ Georgia, Abkhazia, South Ossetia ရယ်လို.သီးခြား လွတ်လပ်တဲ့ ၃ နိုင်ငံ အဖြစ် ရောက်ခဲ့ရတယ်၊ ပြည်ပအားကိုး
နဲ့ အစေးမကပ်ကြဘူး Georgia ဟာ ၂၀၀၈ ခု သြဂုတ်လ ၇ ရက်မှ ၁၂ ရက် ထိတိုင် ရုရှားနဲ့ ၅ ရက်ကြာ စစ်ပွဲလေးတခု ဖြစ်ခဲ့ရသေးတယ် ဆိုတာကိုပါ တွေ.ရတယ် ။



ဒီကပြောနေတာတွေကိုလဲ မယုံခြင် မယုံနဲ့အုံး၊ Chaing Mai က ဆွေးနွေးပွဲ ဆိုတာကိုသာနားစွင့် လေ့လာကြတော့။ သူ.အကြိုက် ကိုယ့်အကြိုက် ဆိုတာ
တော့ရှိမှဘဲ ကိုယ်နဲ့ ဆိုင်တယ် ကိုယ်နဲ့ ပါတ်သက်တယ်၊ ကိုယ်.ကိစ္စ လို.လဲ ယုံကြည်။ ယုံကြည်မှု မတည်ဆောက် နိုင်ရင် ငြိမ်းချမ်းရေး ဆိုတာကို ခဏ ခေါက်ထားလိုက်ရ လိမ့်မယ်။ အထီးလား အမ လား မသိတဲ့ ၊ ဖြတ် ဖေါက် ချုပ် ငြိမ်းချမ်းရေး တော့ မဖြစ်စေ လိုဘူး။



တော်သေးပြီ ။