Article submitted by: Thunderbolts on 28-Aug-2013  
ဖြတ် ဖေါက် ချုပ် ငြိမ်းချမ်းရေး(၁)
မျိုးချစ် တိုင်းချစ် ပြည်ချစ်အပေါင်းတို.၊



အနောက်တိုင်း သီချင်းတပုဒ် Simon and Garfunkel တို.ရဲ့ The Sound of Silence - သီချင်းသားလေးတွေကို လေ.လာကြည့်ရင် လူ.လောကကြီးကို သဘောပေါက်မှာပါ ၊၊

Hello darkness, my old friend, I've come to talk with you again, Because a vision softly creeping, Left its seeds while I was sleeping, And the vision that was planted in my brain, Still remains, Within the sound of silence. ------------------------------------And the people bowed and prayed, To the neon God they made. And the sign flashed out its warning, In the words that it was forming. And the sign said, 'The words of the prophets are written on the subway walls, And tenement halls.' And whisper'd in the sounds of silence.





တေးရေး ပုဂိုလ်တွေဟာ သူတို.တွေ.မြင်ခံစားနေရတာတွေကို ရဲရဲတင်းတင်း အကြမ်းဖက်မှုမပါ အပြုသဘော သက်သက်နဲ့ တင်ပြကြသူတွေဘဲ၊အနုပညာရှင်တွေဘဲပေါ. ပညာသယ် ဆိုတာနဲ့တော့ မမှားနဲ့ မမှားကောင်း

ပါဘူး။ လောကကြီးမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို မသိသူတွေ သိအောင် ပညာရှင်တို.က အသိပေးနေကြတယ်။ သတိလစ်သူတွေကို သတိပေးနေကြတယ်။





The Sound of Silence -သီချင်းသားလေးတွေကို လေ.လာကြည့်ရင် လူ.လောကကြီးကို သဘောပေါက်မှာပါ ၊ ဒီတေးသားကို ဘာသာတော့ မပြန်တော့ဘူး အားလုံး နားလည် ကြတာဘဲ။ ကိုယ်နားလည်ခြင်သလိုသာ နားလည်ကြပေါ့ ။ လောကကြီးမှာ ကိုယ်ဖြစ်ခြင် တိုင်းလဲမဖြစ်ရပါဘူးဆိုတာ

ကို ဒီတေး မပေါ်ခင်ကတည်းက ဒို.အများသိထားတယ် ၊ စိတ်ပျက် အားလျှော့

စရာလဲ မလိုဘူး ၊ လက်နက် တစုံတရာမကိုင်သမျှ လက်နက်ချ စရာလဲ မလိုဘူး။ အထူးသဖြင် ကိုယ်လုပ်တာမှန်နေရင် လှေခွက်ချည်းကျန် အောင်လံ

မလှဲဘဲ။ စိတ်ဓါတ်မကျသင့်ဘူး။





ကိုယ်ကိုထောက်ခံသည် ဖြစ်စေ ကန်.ကွက်သည် ဖြစ်စေ တို.ဟာ ကိုယ့် ကို အလေးထား တုန်ပြန်တာလို.မှတ်ယူရမယ်၊ လက်ခံရမယ်။ ကိုယ်လုပ်ရပ် ထိရောက်နေတယ်လို. အကောင်းမြင်ပါ။ ကိုယ်.ကိုထောက်ခံလို.လဲ ကိုယ့်လူ မလုပ်ပါနဲ့ ကိုယ့်ကို ဆန်.ကျင်ကန်ကွက်လို.လဲ သူလူ မဖြစ်စေသင့်ဘူး။ ဒီနေ့ ကိုယ့်ကို ထောက်ခံနေသူဟာ မနက်ဖြန် ကိုယ်ကိုထောက်ခံ နေသေးရင် ၀မ်းသာပါ။ ဘာကြောင်.နဲ့ မှတော့ မတုန်လှုပ် ပါနဲ.့ကိုယ်ကမှန်ရင် ကိုယ့်စိတ် ခိုင်မာရင် မါးမါမတ်မတ် ကိုယ်ရောစိတ်ပါ ရပ်တည် ပါ ၊ စိတ်ပြောင်းတယ် ဆိုတာ ပျော့ညံ့သွားတာဖြစ်တယ် အစ ကတည်းက ကိုယ် မမှန်လို. ဘဲ။ ကိုယ့်ကိုကိုယ် မသေချာ ခဲ့လို.ဘဲ ။





ပြောစရာ စကားရှိရင် ရဲရဲ တင်းတင်း ပွင်ပွင့်လင်းလင်း ပြောကြစမ်းပါ ကွေ.လည် ကြောင်ပတ်တွေ လုပ်မနေ ပါနဲ.။ တစုံတရာ တဦးတယောက်ကို ရည်ညွှန်းရင်လဲ ဘယ်သူဘယ်ဝါ ဘာအကြောင်း ဆိုတာကို ဖေါ်ပြဘို.ကောင်းတယ် ။ ကျုပ်အပါအ၀င် လူတွေဟာ ဒိဗ္ပစက္ခု ရနေတာမဟုတ်တော့ အားလုံးကို မမြင်နိုင်ဘူး မသိနိုင်ပါဘူးလို.ပြောပြီးပြီ။ မကြာခဏဆိုသလိုလဲ ဘယ်သူတွေက ဘာပြောနေတာပါလိမ်.ဆိုတာ စဉ်းစားမရအောင်ဖြစ်တယ် ။ အထူးသဖြင့် အင်တာနက်မှာ ရေးခြင်သူက ရေးခြင်တာတွေ ရေးနေကြတာ ဟုတ်တာမဟုတ်တာ မသိနိုင်ဘူး။ ဖြစ်နိုင်တာ မဖြစ်နိုင်တာလောက်ဘဲ တွေး

ဆ လို.ရသပေါ့။





အဆက်စပ်မရှိတာတွေကလဲ တပုံကြီးးဘဲ ။ လူသောင်းခြောက်ထောင်စကား

သောင်းခြောက်ထောင်နဲ့ ခြေဖျက် ကြတာတွေလဲ တပုံကြီးဘဲ ။





လူချင်းတူရင် အသက်ရှူတော့ ကွာပါသေးတယ် ဆိုတဲ့ စကားကို သိနားလည်တဲ့ သူရှိသလို ၊ အနှစ်သာရ (သို) Technical Terms သိခြင်မှ သိမယ် ၊ နားလည်ခြင်မှ နားလည်မယ်။ ရှေ.က ဦးဆောင်ပြေးပြီး ရှေ.ရောက်

နေတာ တော့မှန်ပါတယ် ။ နောက်က လူက မလိုက်နိုင် မမီနိုင် ပြတ်ကျန်ခဲ့ရင်

လဲ ရှေ.က ကိုယ်တယောက်ထဲ အထီးကျန်ဖြစ်တတ်ပါတယ် ။ ဆရာ ဆရာမ

တွေက သင်ရိုးညွန်းထားအတိုင်း သင်ကြးတာ မှန်ပေမဲ့ ကလေးတွေ နားလည

ကြရဲလား သဘောပေါက် ကြရဲ့လား၊ ဒို.ကတော့ သင်တာဘဲ မင်းတို. မတတ်ရင် မင်းတို.ဘဲ လား။ စေတနာဘယ် ရောက်သွားပြီလဲ ? မင်းတိုကို ဆက်မသင်တောဘူး ငါတော့ နောက် ကျောင်းပြောင်တော့မယ် ဆိုရင် ဆရာ

ကရော တာဝန်ကျေပြီတဲ့လား? တာဝန်ရှိလို.သင်တာလား၊ စေတနာလေး

များ တစက် လောက် မပါဘူးလား ။ ကိုယ်ပညာတွေ တတ်လွန်းလို. မတတ်သူတွေကို ဝေမျှမလား. သူတို.လိုက်နိုင်ကြပါ့မလား၊ ကိုယ်လောက်

မတတ်သူတွေရဲ့ မျက်ခုံးပေါ်လမ်းလျှေက်မှာလား၊ ဆရာစား ချန်မလား။ ကိုယ်က ပညာနဲရတာ ဘယ်သူ.တာဝန်လဲ၊ မိဘ ဆရာ လား ကိုယ့်တာဝန်

လား။ ပညာဆိုတာယူတတ်ရင် ရပါတယ် သင်ဆရာ မြင်ဆရာ ကြားဆရာ တွေ ကိုယ့် ပါတ်ဝန်းကျင်မှာအများကြီး ရှိတယ်။





Nobody is indispensable လို.ပြောရင် ကြိုက်ခြင်မှကြိုက်မယ် ၊ ဒါဟာမှန်သောစကား။ မြန်မာမှာ ငကန်းသေ ငစွေ လာလိမ်မယ်လိုပြောထား

တယ် မဟုတ်လား။ သူရှိမှဖြစ်မယf ငါ မရှိရင် မဖြစ်ဘူးဆိုတာတွေပေါ.၊





အလျှင်းသင့် လို. ပြောစရာ ကတော့ ၁၈၆၁ မှ ၁၈၆၅ ခုထိ သဲသံမဲမဲဖြစ်ခဲ့ပြီး လူတွေ သောက်သောက်လဲ သေခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ် ဆိုတဲ့ ကေူကျွန်စံနစ် ကျင့်သုံးတဲ့ တောင်းပိုင်းပြည်နယ်တွေနဲ UNION ဆိုတ

ဲ့မြောက်ပိုင်း ပြည်နယ်တွေကြား ဖြစ်ခဲ့တဲ့စစ်ပွဲဘဲ၊





တောင်ပိုင်းပြည်နယ်တွေဟာ သူတိုကိုသူတို. Confedrate States of America လို. အမည်တတ်ပြီး အမေရီကန်ပြည်ထောင်စုကနေ ခွဲထွက် ကြောင်းကြေငြာခဲ့တယ် ၊ စစ်သည်တော် ၆ သိန်း ကျဆုံးရတဲ့ ၄ နှစ်ကြာ

စစ်ပွဲမှာ တောင်ပိုင်း အဆောက်အအုံကြီး တခုလုံးနီးပါး ပျက်ဆီးပြီး Confederacy ပြည်ထောင်စုလည်း ပြိုပျက်ခဲ့ရတယ် ။ ဒါတောင် ပြင်ပ ပယောဂ မပါခဲ့ဘူးလို.ဆိုတယ် ၊ ငွေဝယ်ကျွှန်စံနစ် လုံးဝဖျက်သိမ်းခဲ့ ပြီး ကျွန်ဘ၀ လွတ်လပ်ခဲ့သူ ကျွှန်တွေအတွက် ရပိုင်ခွင့်တွေ ။





အမျိုးသားပြန်လည် စည်းလုံးရေးတွေ အတွက် ဆောင်ရွက်ချက်တွေဟာ အတော် ဘဲ ခက်ခဲခဲ့တယ် ၊ လေ.လာတယ် ဆိုတာဟာ အကောင်းရော အဆ;ိုပါ လေ.လာပြီး ကောင်းတာကိုသာ ယူသင့်တယ် ဆိုးတာကိုရှောင်

သင့်တယ်။





နောက်စာမျက်နှာတွင် ဆက်မည်။