Article submitted by: Thunderbolts on 26-Aug-2013  
မိမိကိုမိမိ စမ်းစစ်ဝေဖန် ဘို.။( ၁)
မိတ်ဆွေကြီးနင်္ဂါးပြန် နဲ့မိတ်ဆွေများ ။

တနေရာတချိန်ကရေးခဲ့တာကိုပြန်တင်တာပါ ဆိုတော့လဲပြန်ပြီးဆွေးနွေး
ရတာပေါဗျာ. ခင်ဗျားဟာ လေထဲမှာ ပျောက်သွားအုံးမဲ့ သူတော့ မဟုတ်
သေးပါဘူး တနေရာကနေ စောင့်ကြည့်နေလိမ်.မယ်လို ယုံကြည်ပြီးသား။ မကြာသေးမီကဘဲ နန်းတော်ရှေ.ဆရာတင်ရဲ့ “ရွှေ မိုး ညို” တေးလေး ညီးမိသေးတယ် ၊ ပြန်တော့ ပြန်တော့မယ်နဲ့.မင်းပြန်တော့မလားရယ်လို ပုဇွန်တောင်သားတွေက မေးလာကြသကိုး၊ ပတ် ဗေတိုး ဗုံ- ကိုရွှေ မိုး ညို ” ဆိုတာလို ဖြစ်နေပြီ။ ဒါပါနဲ့ ဆိုရင် ၃ ခါလောက် ရှိပြီ ထင်ပါရဲ့၊ “Never say Never ” ပေါ့ ဟုတ်ဘူးလား ။ သွားခါနီး လာခံနီး အသေးတော့ မစိပ်တော
့ပါဘူး ၊ခရီးသွာရင်း အပြင်းပြေလေးဖတ်ပြီး စဉ်းစားစရာလေး ရအောင် စားမြုတ်ပျံရအောင် နဲနဲတော့ စကား ပါးလိုက်ခြင်တယ် ၊ လက်ဆောင်ဘဲ ပေါ့ဗျာ၊


ကြံဖန်ပြီး အပစ်ပြောရမယ် ဆိုရင် ၊ ကျုပ်တိုလူမျိုးတွေမှာ ကြားဆရာ မြင်ဆရာ သင်ဆရာတွေ ခေါင်းပါးနေပါတယ် ဆိုခါမှ ခင်ဗျားက ပစ်သွားအုံးမယ် ဆိုတော. ကျုပ်တိုလူမျိးတွေ သောင်ပြင်လွှတ်တဲ့ လိပ်တွေ ဖြစ်ကုန်တော့မယ်။ သဘောတရားရေး ဆရာကြီး Aristotle က Those who educate children well are more to be honored than they who produce them; for these only gave them life, those the art of living well.” လို.ဆိုပါတယ် ။ အပစ်ပြောရ တင်ရမယ် ဆိုရင် ကိုယ့်ကိုကိုယ်
က စပြီး အားလုံး အပစ်ရှီပါတယ် ။ ဆရာတွေ မိဘတွေ မကောင်းခဲ့လို. လား ။ ကိုယ်တိုင် ပညာမယူခဲ့ကြလိုလား ၊ ပညာနဲ့ခဲ့ကြလို.လား?


ဆရာကြီး ပလေတို ရဲ့ စကားကို ညွှန်းရ ရင်လဲ “This City is what it is because our citizens are what they are”. တဲ့ ၊ City ဆိုတာကို ကျုပ်တိုနိုင်ငံလို.ယူလိုက် ၊ Citizens ဆိုတာ ကျုပ်တိုနိုင်ငံသားတွေဘဲ ထားပါ။ ဒါလောက်ဆိုရင် အဓိပါယ် ပြည့်စုံပါလိမ့်မယ် ။ ခင်ဗျားကိုယ်တိုင်
ပြောဘူးတဲ့ တန်ရာတန်ရာ ဘဲ ဆိုပါစို.။ ကျုပ်တို.ခင်ဗျားတိုဟာ ဘယ်
အာဏာကိုမှ မျှော်မှန်းသူ ။လိုလားသူတွေ မဟုတ်ကြတော့ သူများထက် ပိုပြီး လွတ်လွတ် လပ်လပ် ပြောဆိုနိုင်ကြပါတယ် ။


လူအားလုံး သူ.ဇာတာ သူ.နက္ခတ်နဲ့ ဆန်းကြတာမှာ သမိုင်းအရ စလေရွာက ငခွေးတယောက် ဘုရင်တက်ဖြစ်တယ် ဆိုထားပါတယ်။ ငခွေးဆိုလို. ခွေး
တိရိစ္ဆာန် တော့မဟုတ်ဘူးပေါ.ဗျာ ၊ သူမှာလဲ မင်းသွေးပါတယ် လို.သိရ
တယ်၊ မင်းသွေးတစက်ပါရင် တိုင်းပြည် အုပ်ချုပ်နိုင်တယ် ဆိုထားတော မပါရင် အုပ်ချုပ်လို.မရဘူးလို.မဆိုရုံဘဲ ရှိတယ်၊ ဒါကြောင့် မင်းကို သတ်သူ
ဟာ မင်းဖြစ်ထိုက်တယ် ဆိုတာကိုလဲ အဲဒီခေတ်ကထဲ ပြောဆိုလာကြတဲ့ ဆိုစကားလို.သိရ ပါတယ် ။ မျှတတယ် ဆိုမလား ကိုယ့်ထုံးစံ ကိုယ့်ဓလေ့
တွေလား ၊ ကမ္ဘာနဲ့ ယှဉ်ရင် လူသတ်ဝါဒဟာ ဘယ်နေရာမှာမှ မကင်းဘူး။ အထူးသဖြင့် အာဏာ လုတဲ့ကိစ္စတွေမှာပေါ. ။ အခုခေတ်မှာတောင် ဒါမျိုး
တွေရှိနေတာမျက်မြင်ဘဲ ၊ ယဉ်ကျေးမှုလို.ပြောရင်တောင်ရမလား မသိဘူး၊ တချို.ကိစ္စတွေမှာ ယဉ်ကျေးမှု ပျက်ဆီးစေတာဖြစ်ရင် တချို.နေရာတွေမှာ ယဉ်ကျေးမှုထိမ်းသိမ်းရအောင်.ဖျက်ဆီးသူတွေကို အစ တုန်းပစ်ရတယ်လို. ဆိုသူတွေ ရှိလိမ့်မယ်။ ကိုယ့်အယူအဆနဲ့ ကိုယ်ပေါ့လေ။ ဒါတွေဟာ တဦး
တယောက်ဖြစ်သူ စလေငခွေးရဲ့ အထုပတ္တိ သမိုင်း လေ့လာရုံနဲ့ ဆင့်ပွားရရှိ
တဲ့ သင်္ခဏ်းစာတချို. တပိုင်းပေါ့ ၊


ကျုပ်တို ရာဇ၀င်ဟာ အုပ်ချုပ်သူ ဘုရင်တွေ အကြောင်းသာ ပြောထားတာပါ. နိုင်ငံရေး ၊ စီးပွားရေး လူမှုရေးနဲတခြားတခြားသော အရေးတွေ အပြည့်
အစုံပြောထားတာမရှိ သလောက်ပါဘဲ၊ မှတ်တမ်းဆိုတဲ့ ပေ ပရဗိုက်တွေ ၊ ခြ နဲ့ ပိုးကိုက်လို.ပျက်ဆီး ရှာမတွေ.၊ နှစ်ပရိစေတပေါင်း များစွာရှိပြီး ဘကြီးတော်
ဘုရား အမိန်တော်အရ ဦးကုလားက (ဗမာလဲဖြစ်ခြင်ဖြစ်မယ်)ရာဇ၀င်ရေးခဲ့
တာလိုသိရပြီး ဒီခေတ်ဟောင်း ရာဇ၀င်ကိုဘဲ အခုထိလဲ မှီညမ်းပြုနေကြရပါ
တယ်၊ ခင်ဗျားလဲ ရာဇ၀င်သမား ဘဲ ၊ ဒုတ်ထမ်း ဒါးထမ်းပြောရတဲ့ ရာဇ၀င် ၊ အခုထိလဲ ဒုတ်တွေဒါးတွေဒင်မက သေနတ်တွေ စိန်ပြောင်းတွေ မော်တာ
တွေ ရောကက် တွေပါ ထမ်းပြီး ပြောနေကြတုန်းဘဲ ဆိုတာ အသိသားနဲ့။


ကုန်းဘောင်ခေတ်က စခဲ့တဲ့ ရာဇ၀င်ကတော့ မှတ်တမ်းတွေ ဘာတွေနဲပို
ပြည့်စုံတယ် ဆိုရပေမဲ့ ခင်ဗျားတို. ကျုပ်တိုခေတ်မှာ လိုအပ်နေတဲ့ နိုင်ငံရေး စီးပွားရေး လုမှုရေးတွေ အတွက် အချက်တွေ ပြည်ပြည့်စုံစုံ ရှာလို.မတွေပြန်
ဘူး။ ကိုယ်ရဲ့ အားနဲ့ ချိုးယွင်းမှုတွေ ကြောင်. ကျုပ်တိုဟာ သူများပြောသမျှခံ
သူများလုပ်သမျှ ခံရပါတယ်လို. ခံယူတဲ့. ကျုပ်လိုလူကတော့ ကျုပ်တို လူမျိုး
တွေရဲ့ အားနဲ့ချက်တွေ ချို.ယွင်းချက် တွေကို ထောက်ပြဘို.၀န်မလေးဘူး။ ပညာပေးဘို.လဲ ၀န်မလေးဘူး။ ပညာမယူခြင်ဘဲ ဥစ္စာရူး ရူးနေကြရင် ကြတာ မတတ်နိုင်ဘူး ကိုယ့်လူ။ ပဒေသာပင် ဘာကြောင့်ပျောက်သွားရသလဲ ဆိုတာ ကျုပ်တို. အားလိုး သိကြ၊ ကြားဘူးကြတာဘဲ မဟုတ်လား ။ တနည်း
ပြောရရင် လောဘ ဒေါသ မောဟ တွေ ပေါဗျာ ။ ခင်ဗျား စကား ချေးဌားပြော
ရပြန်ရင် တန်ရာတန်ရာ ပေါ့ ဗျာ ၊ တနည်းပြောရပြန်ရင် တရားဆိုတာ
တရားမရှိနဲ့ သူတွေ အတွက်ဘဲ ။


ကျုပ်တိုရာဇ၀င်အရ ကျုပ်တို.နိုင်ငံကို ခေတ်အဆက်ဆက်က အုပ်ချုပ်မင်းလုပ်ခဲ့ကြသူ၊ ခေါင်းဆောင်တွေဟာ. တပ်မတော် မပါဘဲ တိုင်းပြည် တည်ထောင်ဘို.နေနေသာသာ အိမ်သာချေးတွင်းတောင် မတူးနိုင် ကြပါဘူးလို.ဘဲ ပြောတော့မယ် ၊ ခြုံ ပုတ်ထဲ သွားနေကြတာကို သိတယ် မဟုတ်လား ၊ ခေတ်ပြောင်းနေပါပြီလို.ပြော ခြင်သလား ဘာပြောင်းနေတာလဲ ဘယ်သူတွေ ပြောင်းနေတာလဲ သိပါရစေ။


ကိုယ့်လူမျိုးကိုထိရင် မခံနိုင်ပါဘူး။ ခိုးခိုး ဆိုးဆိုး လူမျိုးဆိုတဲ့ စိတ် အမြဲထား
ပါတယ်၊ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးတွေ လိုအပ်လာတာမှာ အရာရာကို လူ ကလုပ်တာလို. ယုံကြည်တဲ့ အတိုင်း လူတွေကိုယ်တိုင် ပြုပြငးပြောင်းလဲ ဘို. ပဌမဆုံးလိုအပ်နေတာကို တွေရတယ် ဒါ့ကြောင့်ွ ကျုပ်တိုလူတွေရဲ့ ပြုပြင်
စရာ အားနဲ့ချက်တွေ ပျောညံ့ချက်တွေ အစိုးရ အပါအ၀င် တပ်မတော် ရဲ အားနဲ ပျော.ညံ့ချက်တွေကို ကိုယ်နည်းကိုယ်.ဟန်နဲ့ထောက်ပြတာဟာ ကိုယ် လူမျိုး တိုးတက်စေလိုလို.သာဖြစ်တယ် ကိုယ်လူမျိုးကို ကိုယ် နှိမ်နေတာ
မဟုတ်ဘူး ၊ ကိုယ့်လူမျိုး သောက်သုံးမကျတာဟာ မကျဘူးဘဲ ပြောရမယ် ၊ နှိမ်စရာတာရှိရင် မြောက်စရာတွေ လဲရှိမယ် ၊ အမြောက် ကြိုက်သူတွေကို မြောက်စားနေလို. တိုင်းပြည် ဘာမှ ဖြစ်မလာခဲ့ဘူး မဟုတ်လား ?၂ ပြားမတန်
ဘူးလို ဆိုလာရင် ကိုယ်ကိုကိုယ် စမ်းစစ်ပြီး တန်အောင်လုပ်ကြ ၊ တန်ဘိုမြင့်
အောင် လုပ်ကြ။ ခေါင်းဆောင်ဘဲ ဖြစ်စေ ၊ နောက်လိုက်ဘဲ ဖြစ်စေ သူတို.
အားလူံးဟာ လူ တွေပါ ၊ ပြည်သူတွေထဲက ပြည်သူတွေပါ. သားတွေ သမီး
တွေပါလို.ပြောထားတယ် ၊ မျိုးကောင်.မျိုးသန်.ဆိုတာ ရှာရပါတယ် ရှာရင်
တွေ.ပါတယ် ၊ မတွေ.ရင် မရှိလို.ဘဲလို.သာယူဆပါတော့။ ဆန်မျိုး ဘယ်
လောက်ကောင်းကောင်း ဆန်နီ ပါတတ်ပါတယ် နဲတာများတာသာ ရှိမယ်၊ လက်ခံနိုင်ဆင် လက်မခံနိုင်ဆင့်ဟာရှိပါတယ် ။


မျိုးကောင်းမျိုးသန် တွေ ဖြစ်ဘို.ကိုယ့်ပေါ်မှာသာ မူတည်တယ်။ ဘာကြောင့် လဲ ဆိုတော့ ကျုပ်တို တတွေဟာ ဘဒ္ဒကမ္ဘာမှာ လူလာဖြစ်တော့ ပါရမီ ကောင်းခဲ့ လို.ပေါ့ဗျာ။ လူ.လောကမှာ မကောင်းမြစ်ရာ ကောင်းရာ ညွှန်လတ် ဆုံးမ ပဲ့ပြင် ဆိုတာ ပွင့်တော် မူပြီးသော ဘူရားရှင်တော် အဆူဆူတို.ရဲ တရားတော်တွေမှာ ပါတာကို ကျုပ်တို ခင်ဗျားတို.ရဲ. မိဘတွေ ဆရာသမား
တွေက တဆင့် ကျုပ်တို.ကို သင်ပြ ဆုံးမ ပုံသွင်းတာပါ. ပုံမ၀င်ရင် သူတိုရော ကျုပ်တိုပါ အပစ်မလွတ် နိုင်ပါဘူး။ ဘုရားဟော နိဗ္ပာန်ရောက်ကြောင်းတရား ကြားနာသူတိုင်း နိဗ္ပာန်ရောက်ကြတယ် မထင်ပါဘူး၊ ကိုယ်ကျင့်မှ ကိုယ်
ရောက်တာပါ ။ လူတွေဟာ စားဝတ်နေရေး ဘ၀ လုံးပန်းနေရတာကြောင့် ဘုရားသွား ကျောင်းသွား ဘို.တောင် အချိန်မရ အောင် ၇ ရက် ၇ ည. အလုပ်လုပ်နေရတယ် ဆိုတဲ့ ဆင်ခြေပေးမှုတွေ လဲ မဟုတ်သေးဘူး၊ လောဘကြောင့်လဲ ဖြစ်ခြင်ဖြစ်မယ် ကိုယ်ကကြီးနေတာလား အလုပ်ရှင်က ကြီးနေတာလား မလုပ်မဖြစ်လို.လုပ်နေ ရတာလား။


တိုင်းပြည် အုပ်ချုပ်မင်းလုပ်တဲ့သူ ၊ တပ်မတော်သား ၊ မင်းမှုထမ်းဆိုတာ ရှေးက ကျဉ်းမြောင်းလှတဲ့ သူတို.အသိုင်းအ၀ိုင်းနဲ့ နေကြပါတယ် ၊ ဘယ်သူနဲ့မှ ဖက်လဲ တကင် ရောနှော မနေပါဘူး ၊ သတ်စရာရှိသတ်ရမယ် ဖြတ်စရာရှိ ဖြတ်ရမှာတွေ ရှိလေတော့ လူတကာနဲ့ ပလူးနေလို.မဖြစ်ပါဘူး။ တိုင်းပြည်ရဲ တာဝန်ကို ။ သူဌေး သူကြွယ် လယ်လုပ် ပွဲစား အလုပ်သမား တို.ဟာ ကျရာနေရာကထမ်းဆောင်ကြတယ် ။ ဒီလူတွေကို ကာကွယ်ပေးဘို. တပ်မတော် ဆိုတာတောင် အမြဲတန်းလဲ မရှိ အောင် ငြိမ်းချမ်းခဲ့တယ်လို သိရပါတယ် ။ လိုအပ်မှ မင်းမိန်.နဲ့ဆင့်ခေါ်တာပါ ကိုယ်နဲ မတူ မူခြားတဲ့ တိုင်းတပါး တပ်မတော်တွေနဲ့ ယှဉ်လိုက်တော့ ကိုယ်သည်သာ အရှုံးကြီး ရှုံးခဲ့ရတာ၊ အမြဲတန်းတပ်မတော် မရှိလို.ကာကွယ်ပေးမဲ့ သူမရှိလို. လွတ်လပ
်ခြင်းနဲ့ အချုပ်အခြာအာဏာပိုင်ခြင်းပါ ဆုံးရှုံးရတာကိုတောင် မသိကြတော့
အောင် ဘာတွေ မွှန်နေကြတာလဲ။

ဘာမွှန်နေတာလဲ ပြောရမယ် ဆိုရင် သာသနာပြုမင်း ဆိုတဲ့ အမည်နာမ ခံလိုသူတွေ၊ မိဘုရား ၄ ပါးနဲ့ ကိုယ်လုပ်မောင်းမ မရေတွက်နိုင် လောက်
အောင်ထားပြီး ကိုယ်ခလေးဟာ ဘယ်ခလေးမှန်း မသိလောက်အောင် ကိုယ်ကျုင့်သီလ မစောင့်ပါဘဲ ဘုရားရူး တရားရူး ရူးနေသူတွေ ။ ကြေးတော်
်မျိုး ကျွန်တော်မျိုးတွေကလဲ တိုင်းတပါးသား လက်အောက်ရောက်ခဲ့ရပြီး
ကျွန်စိတ်တွေ ပို ၀င်လာကြတာမှာ ဒို.လူမျိုးတွေဟာ ကိုယ့်လူမျိုး ကိုယ့်တိုင်း
ကိုယ့်ပြည်ဆိုတာကိုတောင်မသိကြတော့အောင်ဘဲ ဖြစ်ကြတယ် ။
အကြောက်တရားတွေက အသိတရားတွေကို ဖုံးလွှမ်းသွား တယ် အသိတရား
ကင်းမဲ့တယ်ဆိုရင် ပိုမှန်မယ်။


စစ်တိုက်နေကြသူတွေကလဲ လွတ်လက်ရေးကို တိုက်မယူဘဲ မရဘူးလို. ပြောတယ်၊ ဘာနဲ.တိုက် ဘယ်လို တိုက်မှာလဲ ဆိုတော့ လက်နက်နဲ့ တိုက်
မယ် ဆြို့ပီး တိုက်နေကြတာဘဲ။

နောက်စာမျက်နှာဆက်ရန်။