Article submitted by: Thunderbolts on 24-Aug-2013  
ဒီမိုကရေစီကို ချယ်လှယ် ခြင်းလား (၂) ?
ရှေ.စာမျက်နှာမှ အဆက်

မျိုးချစ် တိုင်းချစ် ပြည်ချစ် အပေါင်းတို. ၊


ကြိုးစားခဲ့ကြတာ ၆၆ နှစ်ရှိပါပြီ ၊ နိုငဲထူထော်ငလို. အပြီါ်ကြကေူပါဘ;ူ။ ဘာမှဖြစ်မလာပါဘူး။ မဖြစ်ရတာကလဲ ဒို.တတွေ ကိုယ်နှိုက်ကိုယ်စိတ် ၂ ပါးပြောင်းလဲ ခြင်းမရှိတဲ့ လူမျိုးရေး အစွဲကြီးနေကြလို. ။ ကပ်နေကြလို.ဘဲ ၊ Option တွေ exhausted ဘဲ။ လူမျိုးရေး ဘာသာရေးအစွဲ မကြီးသင့်ပါဘူး ဆိုတာတွေကို အကျိုး အကြောင်းပြပြီး ပြောခဲ့ဘူး ပေါင်းလဲ များပါပြီ၊ ပြောတိုင်းလဲ နားထောင်ရမယ်လို. တော့မဟုတ်ပေမဲ့ အနဲဆုံး တော့ အကြောင်းအကျိုး ထည့် သွင်း စဉ်းစားသင့်ပါတယ် လ်ု.ထပ်ပြောပါရစေ ။


အရေးကြီးတာက မဖြစ်နိုင်တာတွေကို ဆွေးနွေးပွဲ မှာ ဇွတ်တင်နေလို.ကို မဖြစ်ဘူး၊ မဖြစ်ဘူးဆိုတာသိရက် နဲ့အချိန်ကုန် ထမင်းစားကောင်းအောင် သက်သက်လုပ်နေရင်တော့လဲ မဆွေးနွေးတာက ကောင်းသေး တယ်။ ဘာကြောင်.လဲ ဆိုတော ပြောမရရင် ဒေါသတွေ ထွက်ကုန်ပါလိမ့်မယ် ဆိုတာ ရှိတယ်လေ ။ မရတာကို တဖက်ဖက်က မလိုက်ရောနိုင်တာကို ဆက်ဆွေးနွေးနေလို. ဘာမှာအဓိပါယ် မရှိဘူး ကြာရင် ထ ရိုက်ကြ လိမ်.မယ် ။ ထရိုက်တဲ့ လူ အဆိုးဘဲလား?


မကြာခင်ရက်တွေအတွင်း ပြန်လည် ကျင်းပတော.မယ်လို. သိရတဲ့ Union Peacemaking Work Committee (UPWC) , United Nationalities Federal Council, United Nationalities Alliance“ တို.အထိက ပါဝင်တဲ့ နှီးနှောပွဲ ဆွေးနွေးပွဲတွေမှာ မဖြစ်နိုင်ခဲ့တဲ့ အခြေခံ ဒုံရင်း ကိုဘဲ ပြန် ပြန် သွားနေရင် နောက်ထပ် ၆၆ နှစ်သာ ထပ်ကြာသွားမယ် ဘာမှ လဲဖြစ်လာမယ် မဟုတ်ဘူး ၊ ပြီးခဲ့တဲ့ ၆၆ နှစ်အတွင်း ဘာတွေ ဖြစ်ခဲ့တယ် ၊ ဘာကြောင့်ဖြစ်
ခဲ့တယ် ဆိုတာ ဒို. အားလုံးသိနေကြတာ ဘဲ ၊ ဒါမျိုးတွေ ဖြစ်နိုင် သေးတယ်၊ ဒိထက်ဆိုးရင် ဆိုးဘို.ဘဲ ရှိတယ် ကောင်းတော့ မလာဘူး။ ဒီတခါဆိုရင် ပြည်သူတွေပါ ပါလာ ကြလိမ့်မယ် ၊ လူမျိုးရေး ပဋိပက္ခ ဘာသာရေး ပဋိပက္ခ တစွန်းတစလေးတွေ ခုတလောတွေနေရတယ် ။ လူမျိုးရေးစစ်ပွဲ၊ ဘာသာရေး
စစ်ပွဲ ထိ ဖြစ်မသွား စေသင့်ဘူး ။ဖြစ်သာဖြစ်လိုက်ရင်ကမ္ဘာမီးလောင်တာထက်
ပိုဆိုးသွား လိမ်မယ်၊ ဟီရိုရှီးမား၊ နာဂါဆာကီ တို.ထက် ပိုဆိုးသွားနိုင်တယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ မစ္စစ်အဲရစ်ကဖက်ဒရယ်စနစ် ဖေါ်
ဆောင်ရာမှာ လူမျိုးစုတိုင်းရင်းသား ရှစ်ပြည်နယ်နှင့်ဗမာပြည်နယ် သတ်မှတ်
ရေးကို အင်းလဲမလုပ် အဲလဲ မလုပ်ပေမဲ့၊ သူ နောက်ပိုင်းပြောတဲ့ စကားတေ
ွထဲမှာ၊ မြန်မာနိုင်ငံ(သို.) ဗမာနိုင်ငံလို.တောင်မခေါ်တော့ဘဲ ဖယ်ဒရယ်ပြည်
ထောင်စု လို. ရည်ညွှန်းခေါ်ဆိုတာကြည့်ရင် သူဘယ် ဘက်ကို ယိုင်နေတယ် ဆိုတာ အထင်အရှားတွေ.ရတယ်.။ လက်ရှီဖွဲ.စည်ူပုံ အခြေခံနဲ့ လဲ ကွဲလွဲနေ
တယ် ။


အော်ငဆန်းစုကြည်ဘဲ ခေါ်ခေါ်။ မစ္စစ်အဲရစ်ဘဲ ခေါ်ခေါ် . နာမည်ကြားရင် ဘယ်သူဆိုတာ လူတိုင်းသိကြ တယ် ။ တနေ.တခြားကြော်ငစိတိတွေဝင်လာနေပြီး ထစ်ကနဲ့ ဆို လူထုကို ဆွဲဆွဲ သွင်းနေတယ်. ဒိုင်းလွှား အဖြစ်
အသုံးပြုနေတာကိုတွေ.ရတယ် ။


လူမျိုး ဆိုတဲ့ စကားကိြုေ့ပာလာနေကြပြန်တယ် တချိန်ကကြားဘူးတဲ့ တွဲရေး ခွဲရေး လေသံမျိုး တွေ၊“ရှစ်ပြည်နယ်အရေးနှင့် ဗမာပြည်နယ်သီးခြားသတ်မှတ်
ရေး” ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်း လာမှု” တွေပါလာပြန်တယ် ။ အရာကြီးနဲ့ ဘာဘူကြီး ဘယ်သူက ကုလားကြီးလဲ ၊ ပေါက်ဖေါ်ကြီးနဲ့ အတယ်ကြီး ဘယ်သူက တရုတ်ကြီးလဲ လို. မေးတာလိုဖြစ်နေပြီ။

လောလော လပ်လပ် သတင်းတပုဒ်က“ မြန်မာနိုင်ငံ အတွင်းသို့ လက်နက်
မှောင်ခို တင်သွင်းမှု အများဆုံး ပြုလုပ်နေသည့် လမ်းကြောင်းများမှာ အိန္ဒိယ-မြန်မာနယ်စပ်နှင့် ထိုင်း-မြန်မာ နယ်စပ်တို့ ဖြစ်ကြောင်း လက်နက်မှောင်ခို တင်သွင်းနေမှုကို အိန္ဒိယ-မြန်မာ နယ်စပ်လမ်းကြောင်းနှင့် ထိုင်း- မြန်မာ နယ်စပ်လမ်း ကြောင်းတို့မှ ၀င်ရောက်လေ့ ရှိနေသည့်အပြင် ကမ္ဘောဒီးယား နိုင်ငံမှလည်း ၀င်ရောက်လေ့ ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ရဲမှူးချုပ်စိုးမြိုင်က သြဂုတ် ၂၂ ရက်ကပြော ကြားခဲ့တယ် လို.သိရသည်။ ရဲမှူးချုပ်စိုးမြိုင်က ''လက်နက်ကိုင် အဖွဲ့စည်း အချို့တွေကို အခြားအိမ်နီးချင်း နိုင်ငံတွေက လက်နက် မှောင်ခို ရောင်းချ
နေတာတွေ ရှိတယ်။ ဒါ့အပြင် ကမ္ဘောဒီးယား နိုင်ငံမှာ ကျန်ရှိနေတဲ့ စစ်ကျန် လက်နက် တွေကို မြန်မာနိုင်ငံ အတွင်းကို မှောင်ခိုပို့နေတာတွေ လည်းရှိ တယ်”လို. ပြောထား တယ် ။


ရောင်းသူဘယ်သူ ၀ယ်သူ ဘယ်ဝါဆိုတာ ထည့်ပြောခြင်းမရှိဘူး။ လက်နက်
မှောင်ခိုမှုတွေ ဟာ ၁၉၄၅ ခုစစ်ပြီး ကတည်း။ ၁၉၄၈ ခုမှာ ဒို.နိုင်ငံ လွတ်လပ်
ရေး ရကထဲက ဖြစ်နေ ၊ ရှိနေတာဘဲ ။ အဆန်းမှ မဟုတ်တာ။


ဒါပေမဲ့ အပစ်အခတ်ရပ်ဆဲထားတဲ့ အချိန်တွေ ၊ ငြိမ်းချမ်းရေးဆွေးနွေး နေတဲ့ အချိန်တွေကို အခွင့်ကောင်း ယူပြီး ၊ လက်နက်တွေ ၀ယ်ယူစုဆောင်းနေတာ
တွေ. မှောင်ခိုလုပ်ငန်းတွေကရတဲ့ မသမာငွေတွေ နဲ့ ၀ယ်ယူ အင်အားဖြည့်
တာတွေ လုပ်နှိုင်တယ် ဆိုတာကို ဒီက သတိ ပေးဘူးတယ်၊


အစိုးရကိုတော့လက်နက်တွေ မ၀ယ်နိုင်အောင်။ သခင်နိုင်ငံကြီး တချို.က Arms embargo လက်နက်ရောင်းချမှု ပိတ်ဆို.ပြီး ဖိအားပေး အကြပ်ကိုင်
တာတွေကိုပါ ထည့်တွက်ရင် အပစ်အခတ်ရပ်ဆဲရေး ငြိမ်းချမ်းရေး ဆိုတာတွေဟာ ရိုးသားမှု ရှိနိုင်ပါမလားဆိုတာတွေကိုပါထည့်သွင်းစဉ်းစားဘို.
တင်ပြခဲ့တယ် ။ မရှိဘူးဆိုတာ ပေါ်လွင်နေတယ်။ သူများတွေ စဉ်းစားဘို. အချိန်ပေးလိုက်အုံးမယ် လေ။

တော်သေးပြီ ။