Article submitted by: Thunderbolts on 24-Aug-2013  
ဒီမိုကရေစီကို ချယ်လှယ်ခြင်း လား ?
မျိုးချစ် တိုင်းချစ် ပြည်ချစ် အပေါင်းတို. ၊



Union Peacemaking Work Committee (UPWC) , United Nationalities Federal Council(UNFC), နဲ့United Nationalities Alliance( UNA) တို.ရဲ ဆွေးနွေးပွဲ ဆိုတာရှင်းနေတာကို ရှုတ်အောင် လုပ်တာဟာ အလုပ်မရှိ အလုပ်ပြတာ၊ ရိုင်းရိုင်းပြောရရင် လဥ သန်းရှာဆိုတာ ဘဲ။ ရှူတ်လာတာကို ပြန်မရှင်းနိုင်ရင် ပြည်သူတွေဘဲခံရမယ်။ တိုင်းပြည်ဘဲ နစ်နာမယ် ဆိုတာကို ခေါင်း ဆောင်ဆိုတဲ့ သူတွေ သိဘို.လိုလိမ်.မယ်။ သိသူတွေလဲ သိကြပါတယ်၊ သူတို.ဟာသူတို. ပြည်သူ.စရိတ်နဲ့ Publicity stunt တွေလုပ် သူတိုဆဒ္ဒကို ပြည်သူဆဒ္ဒ လို.Twist လုပ်ရင် လှည့်ခြင်းတိုင်း လှည်.လိုက်ရင် တနေ. ပြည်သူတွေသာဘဲ ခံရမယ်။ သူတိုလဲသက်သာမှာ
မဟုတ်ဘူး။ ပြည်သူလက်က ပြေးနိုင်မှ လွတ် လိမ့်မယ်။




ယုံကြည်မှုတည်ဆောက်ရေးဘဲ ပြောပြော၊ ငြိမ်းချမ်းရေး ဆွေးနွေးတယ် လို.ဘဲ ဆိုဆို မကောင်းဘူးလို. ဘယ်သူတွေကမှ မပြောဘူး ၊ ဘယ်သူနဲ.ဘယ်သူတွေ ကြား ဆွေးနွေးကြ တာလဲ ? လိုအပ်သူတွေ ကြားဆွေးနွေးကြတာ ကောင်းပါတယ်၊ ဆုတောင်းတိုင်းသာ ရမယ်ဆိုရင် အောင်မြင်ပါစေလို. ဆုတောင်း ရမှာပေါ့။ ငြိမ်းချမ်းရေးနဲ.လက်နက်မှောင်ခိုမှူကတော့ မအပ်စပ်တာ အမှန် ဘဲ ။ ငြိမ်းချမ်းရေး ရလို. မှောင်ခို သူတွေ အလုပ်လက်မဲ့ဖြစ်ပြီး ငတ် ကုန်အုံးမယ် ။ အဲဒါအန္တရာယ်ဘဲ ၊ သူတိုနောက်မှာ မိသားစုတွေ မှီခိုသူ တွေလဲ ရှိသေးတယ် ဆိုတာ မမေ.နဲ့အုံးနော် ။ အစားထိုးအသက်မွေး ၀မ်းကြောင်းမှု ဖန်တီးပေးရမယ် ဆိုတာကလဲ့ ရှိသေးတယ် ။ အလုပ်တွေများ စိတ်တွေများပြီး မေ.နေမှာစိုးလို.သတိပေးတာပါ။ စိတ်မရှိပါနဲ့ ။




ဒို.နိုင်ငံလို လူမျိုးပေါင်းစုံရှိနေတဲ့ နိုင်ငံမှာ လူမျိုးရေးဝါဒီ၊ အစွန်းရောက် လူမျိုးရေးဝါဒီ ဘာသာရေး အစွန်း ရောက် ၀ါဒီတွေဆိုတာ ရှိနေသမျှ ၊ ဒီအစွန်းရောက်တွေကို မထိမ်းနိုင်သမျှ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး ၊ တိုင်းရင်းသားများစည်းလုံး ညီညွတ်ရေး ဆိုတာတွေဟာ ကြားကောင်းတဲ့
စကားတွေသာဖြစ်မယ် ဘယ်လိုမှ အောင်မြင်လိမ့်မယ် မဟုတ်ဘူး။ တငွေ.ငွေ.လောင်တဲ့ ဖွဲမီးလို တနေ့နေ.မှာ နီးရာလောင်စာကို မီးကူးပြီး
တဟုန်းဟုန်း ထတောက်လောင်ကုန်မှာ ဖြစ်တယ် ။ ဒါဆိုရင် နိုင်သူမရှိဘဲ ပြောင်သလင်းခါ သွားမယ်၊




ယုံကြည်မှုတည်ဆောက်ရေး ၊ ငြိမ်းချမ်းရေး ဆွေနွေးလာကြပြီဆိုရင်။ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပေါ်၊ ပြန်ဖေါ်လာကြတယ်။ အနာပေါ် ဒုတ်ကျသူတွေလဲ ရှိတယ် ။ ဟိုတုန်းက မေ.နေတာတွေကိုလဲ အခု သတိရပြီး
သူတို အခြေခိုင်မာအောင် အပေါ်စည်းရအောင် ပြုလုပ်ကြမှာကတော. မလွဲဘူး ။ ငြိမ်းချမ်းရေး မဆွေးနွေးခင် ယုံကြည်မှုတည်ဆောက်ဘို.က အရေးကြီး တယ် . တဦးနဲ့ တဦး ယုံကြည်နိုင်ကြပါ့မလား အာမခံ တင်ရမယ် အပေါင်ပစ္စည်းတွေ တင်ရမယ်၊ Gentleman’s agreement ဆိုတာဘယ်
်တော့မှ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ကိုယ်ပိုင် ခါးပိုက်ဆောင်တပ် တွေ ရှိနေသမျှ ယုံကြည်မှူု ဆိုတာ ဘယ်တောမှ ရှိနိုင်မယ် မဟုတ်ဘူး။



လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်ဖွဲစည်းထားတဲ့ တခုတည်းသော ( မြန်မာ့ ) နိင်ငံရဲ့ တပ်မတော်ကို ဗမာ ဗုဒ္ဒဘာသာ စစ်တပ်လို.ခေါ်နေ ရည်ညွှန်းနေကြသူတွေ ။ ဒီတပ်မတော် ပြိုကွဲရေး ၊ ဖြိုခွဲဘို.အကြံရှိသူတွေ

ဟာ ၊ စိတ်ရောဂါ ပါရဂူ ဆရာဝန်နဲ. အမြန်တွေ.ပြီး ခေါင်းဆေးမင်္ဂလာပြု၊ ဒါမှမဟုတ် ဦးနှောက်ကို Electric Shock ရိုက်ပေးဘို.လိုအပ်နေတယ်၊


ဒီလိုလူတွေနဲ့ ပြည့်နေတဲ့ ဘယ်လူအသိုင်းအ၀ိုင်းမှာမှ ယုံကြည်မှု ဆိုတာ တည်ဆောက်လို.မရဘူး။ တပ်မတော်ဟာ လုမျိုးမရွေး ဘာသာမရွေးကို ကာကွယ်စောင့်ရှောက်နေ တယ် ဆိုတာ မမေ့နဲ ကိုယ့်မိဘ ဆရာသမား
တောင် လိုအပ်ရင် သားသမီး တပြည့်တဘန်းကိုတွေကို ကို ရိုက်နှက်
ဆို ဆုံးမ သေးတာဘဲ။ ဘုန်းကြီးကျောင်းတွေမှာတောင် ဘုန်းကြီး အဆို အဆုံးမကို ခံကြရတယ်။ ဆိုဆုံ့းမ မခံနိုင်သူဟာ ဘာလဲ ။




တိုင်းပြည်မှာ ဆူပူရင် ၊ မညိမ် မသက်ဖြစ်ရင် အေးဆေး ညိမ်သက်အောင် လူပ်ပေးဘို.က တပ်မတော်ရဲ့ တာဝန် တပ်မတော်ဟာ ကြားနေအဖွဲ.တခု။ ဘယ်အစိုးရရဲ. လက်ကိုင် ဒုတ်မှမဟုတ်ဘူး. ၁၉၆၂ ခုမှာ အကြောင်းရှိလို.။ ဒီအကြောင်းကလဲ နိုင်ငံတော် အစိပ်စိပ် အမွှာမွှာဖြစ်မှာ စိုးရိမ်လို.ဘဲ။ အာဏာသိမ်း တုန်းက နိုင်ငံတော် သမတကစပြီး အစိုးရအဖွဲ.
ဝန်ကြီးတွေရော ၀န်လေးတွေ ကိုပါ တပြုံကြီး ဖမ်းပြီး ထောင်ထဲသွင်းလိုက်
တယ် ၊ အတိုက်အခံက ဦးဗဆွေတို.က ပွစိ ပွစိ လုပ်လာတော့မှ သူတို.ကိုလဲ ဖမ်းသွင်းလိုက်တယ်၊ ဘယ်သူ.နိုင်ငံရေးသြဇာမှ မခံဘူး ။ နောက်ဆုံး နိုင်ငံရေးသမားတွေကို မယုံလို. တပ်မတော်ဟာ သူတို.ဟာ သူတို.ဘဲ နိုင်ငံရေး တက်လုပ်တယ် ။ မြင်ခြင်တာမြင် ထင်ခြင်တာသာထင် ကြပေတော့ ။ တိုင်းပြည်ကတော့ ကွဲမသွားဘူး။ မသိမ်းခဲ့ရင် ဘာဖြစ်မလဲ ၊ ဖြစ်ခြင်တာတွေမဖြစ်- မဖြစ်ခြင်တာတွေ ဖြစ်တော့မှာပေါ့။


အခုဆိုရင် နိုင်ငံရေးသမားတွေနဲ့ တပ်မတော် ကိုယ်စားလယ် တွေ လွတ်တော်၂ ရပ်ထဲမှာ အတူထိုင်ပြီး နိုင်ငံအကျိုး ဆောင်ရွက်နေတဲ့ အဆင်.ကိုရောက်

လာပြီ ဖြစ်တယ်. ယုံကြည်မှု တည်ဆောက်ရေး ဆိုတာ ငါ ဟိုဟာ ရမှ ။ ငါ ဒီဟာရမှ ဖြစ်မယ် ဆိုရင်တော့အဓိပါယ် တမျိုးပြောင်းသွားမယ် ၊ ဒါဟာတဖက်လူကို လယ်ပင်းညှစ်ငွေတောင်းနေတာ ဘဲ။ ဒါဟာ ကြောက်စရာဖြစ်တယ် ။.


ဒို.နိုင်ငံပြုပြင်ပြောင်း လဲရေးမှာ ဒို.ကိုယ်တိုင် ကိုယ်ရော စိတ်ပါ ပြောင်းလဲခြင်းမရှိရင် .အတွေးအခေါ် အယူအဆ အပြောင်း အလဲတွေ မရှိရင် ဒို. နိုင်ငံကိုလဲ ဒို.ဘာမှ ပြောင်းလဲအောင် လုပ်နိုင်ကြလိမ့် မယ် မဟုတ်ဘူး ဆိုတာကို စကားအမျိုးမျိုးနဲ့ ကြိမ်ဖန်များစွာပြောခဲ့ပြီးပြီ ။ သူတပါးတွေကို ပြောင်းလဲ ဘို. တိုက်တွန်းနေတဲ့ သူတွေ ကိုယ်တိုင်က ဘာတွေ ဘယ်လိုပြောင်းလဲ နေကြသလဲဆိုတာ ကိုယ့်ဟာကိုယ် သိဘို.လိုလိမ့်မယ် ၊ ကိုယ်ကတော ဘာမပြောင်းလဲ့ ဘဲ သူများကိုချည်းပြောင်းလဲခိုင်း နေတာကတော့ မှန်တယ် မထင်ဘူး တရားတယ် မထင်ဘူး မျှတတယ် မထင်ဘူး။



ပြုပြင်ပြောင်းလဲ နေပါတယ် ဆိုတဲ့ အမည်ခံ ပြုပြင်ပြောင်းလဲရေး သမားတွေနဲ့
အတုအယောင်အပြောင်း အလဲ တွေကြောင့် အသက်ရှုချောင်လာတယ် ဆိုနိုင်တယ် ၊ အကန်.အသတ်နဲ့.တိုးတက်မှု ရလာတယ်။ စစ်မှန်တဲ့ ပြောင်းလဲမှု ဆိုရင် မရဘူးသော ဥစ္စာရလာမယ်။ ရပြီးသော ဥစ္စာ နဲ့အတူမပျောက်ပျက်ရအောင် ထိမ်းသိမ်းဘို.လိုတယ် ။ ဒီလိုမှ မဟုတ် ရင်. ဘာမှအဖတ်မတင်ဘဲ စီးပွားရေး ဖွံဖြိုးတိုးတက်မှုတွေဆိုတာ လဲ ကြာကြာခံလိမ့်မယ် မဟုတ်ဘူး။ မကြာ ခင် ပျောက်ကွယ်သွားလိမ့်မယ်။



ကားကြမှာပေါ. သိသူတွေလဲ သိကြမှာပေါ့ ၊ “ရှမ်းမူအခြေခံ ဖက်ဒရယ် ပြည်ထောင်စုလား၊ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုလား၊ ရှစ်ပြည်နယ် အရေးနှင့် ဗမာပြည်နယ် သတ်မှတ်ရေး ကိစ္စ” ဆိုတာတွေဟာ ၊ ကြားရကတည်းက ဖြစ်နိုင်မယ်မရှိဘူးဆို တာသိပေမဲ့ “လောကမှာ မဖြစ်နိုင်တာမရှိဘူးမဖြစ်သေးတာသာ ရှိတယ်”ဆိုတဲ့စကားနဲကိုယ့်ကို
ကိုယ်အားပေးပြီး နှုတ်ဆိတ်နေခဲ့တယ် ။ အင်္ဂလိပ်လိုပြောမှ နားလည်မဲ့ သူတွေအတွက်ကတော There is no harm in trying ပေါ့ ၊ ကြိုးစားကြည့်
ရမှာ က ဒို.အလုပ်ဘဲလို.ပြော ရမလား မသိဘူး။ ဒါလဲ ကြားလို.ကောင်းတဲ့ စကားရပ်တခုဘဲ။



နောက် အပိုင်း ၂ သို. ဆက်ရန်။