Article submitted by: Thunderbolts on 21-Aug-2013  
ကြည်စေ အေးစေ ငြိမ်းချမ်းကြစေ ။
မျိုးချစ် တိုင်းချစ် ပြည်ချစ်များ။


ဇူလိုင် ၂၃ ရက်က ဒီက ဖေါ်ပြတဲ့ “ ပြောမယ်နော်နားသာထောင်ပေတော့ ” ဆောင်းပါးမှာ၊ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေပါတယ်တဲ့ လား၊ ကောင်းပါ့ဗျာ ကောင်းပါ့ ၊ ကောင်းပါ့။ Union Peacemaking Work Committee (UPWC) ဆိုတာက ဆောင်ရွက်နေတယ် လို.ကြားရတယ်၊ ဘယ်သူ ဘဲဆောက်ရွက်ကြ စေ နိင်ငံတော်နဲ့ နိုင်ငံသားအကျိုး ပြ ပြီး ကိုယ်ကျိုးရှာကြလို.တော မဖြစ်ဘူး လို. ပြောထားခဲ့တာကို မှတ်မိကြမှာ ပေါ့၊
အလားတူဆောင်းပါးတွေကို Building Union Of Myanmar Through Theidi Dago ? ဆိုတာနဲ့ ၂၀၁၀ စတင် voiceofgoldenland မှာရေးသား
တင်ပြခဲ့ဘူးတယ်၊ တခြား website တွေဖြစ်တဲ့ asiaobserver, soc.culture.myanmar တို.မှာ အလျှင်းသင့်သလို တင်ပြခဲ့တယ်၊ လက်ခံတာ လက်မခံတာ အပထား၊ အားလုံး ကောင်းပါသည် မဟုတ်သည့်
တိုင် အားလုံးကောင်းစေလိုတဲ့ စေတနာနဲ့ဘဲ ။ ကိုယ်ကျိုး လုံးဝမပါ ပါ ဘူး။ အဲဒီဆောင်းပါရေးစဉ်ကါလက Union Peacemaking Work Committee (UPWC) ဆိုတာလဲ မရှိသေး ပါဘူး။


ဒီနေ. Union Peacemaking Work Committee (UPWC) , United Nationalities Federal Council, United Nationalities Alliance“ တို.အထိက ပါဝင်တဲ့ နှီးနှောပွဲ ဆွေးနွေးပွဲတွေအကြောင်းလဲ တစေ့ တစောင်း နားထောင်မိတာပေါ.လေ ၊ ဘ၀င်တော့ မကျဘူး။ တခြားလူတွေ ဘယ်လောက် စိတ်ဝင်တစား လေ.လာကြသလဲ၊ မသိတာလဲ အမှန်ဘဲ ။ သဘောတူတာတွေ မတူတာတွေကလဲ ရှိနေမှာဘဲ ။ သို.ပေမဲ့ ငြိမ်းချမ်းရေး
ဆွေနွေးပွဲ လေး ရှိနေတာကိုက ငြိမ်းချမ်းနေတယ် လို. အကောင်းမြင်မိတယ်၊
ကိုယ်ဟာကိုယ်တော့ သဘောကျတာလဲ ရှိတယ် မကျတာလဲ ရှိတယ် ။


ပြုပြင်းပြောင်းလဲလာတာတွေ ရှိသလို. မပြုပြင် မပြောင်းလဲတာတွေလဲ တပုံကြီးပါဘဲ ၊ ဒါတွေကတော့ ရှိနေမှာဘဲ။ “မချစ်သော်လည်း အောင့်ခါနမ်း ၊ မနမ်းသော်လဲ ပင့်သက်ရှူ ”တဲ့ ။ ဒီလိုဖြစ်ရင်ကောင်းမှာဘဲ ဟိုလို ဖြစ်ရင် ကောင်းမှာဘဲ ဆိုတဲ့ ဆန္ဒတွေလဲ ဖြစ်ပေါ်တာပေါ့။ ဒီဆန္ဒတွေကို တာဝန်ရှိ
ပုဂိုလ်တွေ သိစေခြင်တယ် ၊ အားလို.ခြုံလိုက်ရင် တော့ လူကြီးတွေ ပြောခဲ့ ဘူးတဲ့ စကားတွေကို ဘဲ ပြန်ပြောင်းသတိရမိတယ် အရင်ကလဲ မကြာခဏ ပြောပြ သတိ ပေးဘူးပါတယ်။ ဘာလဲ ဆိုတော့ - “ မြန်မာ တတွေဟာ အစထဲက နှေးကွေးတယ် ၊ လွယ်တာကို ခက်အောင်လုပ်ပြီး ၊ ခက်တာကို မဖြစ်နိုင် အောင် လုပ်တတ် ကြသတဲ့ ။” “လောကမှာ မဖြစ်နိုင်တာ မရှိဘူး။ အဖြစ်သေးတာသာ ရှိတယ်” လို.လဲ ပညာရှိတွေက ဆိုတယ်။ ဒီအဆိုကို ထောက်ခံတဲ့ အနေနဲ့ ရိုးရိုးသာမန်လူအနေနဲ့ ပြောရရင် ၊ “လူကြံရင် ထရံ
တောင် ဒုတ်ကနောင်းဖြစ်တယ်” လို. ဆိုတဲ့ စကားကိုဘဲ ပြန်ပြောရလိမ့်
မယ်၊ ပြောသာပြောရတယ် “ ဒုတ်ကနောင်း” ဆိုတာ ဘာ လဲဆိုတာ လူတကာ သိကြရဲ့လား ?



မြန်မာနိုင်ငံ ခေတ် မမီခင်က ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားမိသူတယောက် သူ.တဲပေါ်မှာတင် ၀မ်းတွေသွားလို. လက်လှမ်းမီရာ လွယ်ရာ သူ.တဲ ရဲ့ ၀ါးထရံ ကို ဆွဲချိုးပြီး ဒုတ်ကနောင်းပြု ဖင်သုတ် လုပ်လိုက် ရသတဲ့ ၊ အဲဒီမှာဘဲ ထရံ ဟာ ဒုတ်ကနောင်းဖြစ်ရ တော့တာဘဲ ၊ “လူကြံရင် ထရံတောင် ဒုတ်ကနောင်း
ဖြစ်တယ်” ဆိုတဲ့ စကားပေါ်လာရ တယ် လို. ကြားဘူး တယ် ။


ဆိုလိုရင်းကတော လောကမှာ အရာရာကို လူက လုပ်တာဘဲ. လူသာလျှင် အဓိက၊ လူသာလျှင် ပဓါနပေါ့ ။၊ ဖြစ်အောင်လဲ လူက လုပ်တယ် ၊ပျက်အောင်
လဲ လူက လုပ်တယ် လို မှတ်ယူရမယ် ။ လူဖြစ်တဲ့ ဒို.တတွေဟာ လုပ်ခြင်တာ
လုပ်လို. ရတယ် ၊ လုပ်ခြင်တာသာလုပ်ကြပေတော့၊ ပေါ်ထွက်လာမဲ့ အကျိုး
ဆက်တွေကိုပါ ရင်ဆိုင်ဘို.ပြင်ထားကြမယ် ။


ဒီနေ ဒို.တတွေမှာ နိုင်ငံပျောက်နေတယ် မြန်မာနိုင်ငံ လား ဗမာနိုင်ငံလား အိန္ဒိယလား တရုတ်လား ဘာလဲ ။ နိုင်ငံ ပျောက်တာကတော ရိုးနေပါပြီ လား။ အဆန်းမဟုတ်ပါဘူး ၊ ဒို.ဟာ နိုင်ငံမရှိ လူသားတွေဘဲ ။ ဒီထဲမှာ အမေရိကန်လား၊ အင်္ဂလိပ်လား လို. မေးရမှာကလဲ ရှိသေးတယ် ။ ဒို.နိုင်ငံဟာ ဒို.တည်ထောင်တဲ့ နိုငံဘဲ ဖြစ်သင့်တယ်. အင်္ဂလိပ် အမေရိကန် တည်ထောင်ပေးတဲ့ နိုင်ငံတော် မဖြစ်သင့်ဘူး ။ ၁၉၄၇ ခု မှမဟုတ် အဲဒီ မတိုင်ခင်ကတည်း က စီးပွားရေး အကြောင်းပြပြီး အနောက်တိုင်းသားတွေ ဒို.ကိုအနိုင်ယူ သြဇာပေးနေခဲ့တာ။


ဒို.တတွေမှာ ဘယ်လိုကဘယ်လို နိင်ငံပျောက်သွားရတယ် ဆိုတာ လူအများစု ရိတ်မိခြင်မှလဲ ရိပ်မိလိမ့်မယ်။ ဒို.အပြင်ပြောရရင်တော အင်္ဂလိပ်အားကိုး အမေရိကန်အားကိုး လက်ပါးစေတွေကြောင့် ဘဲ ပေါ့။ သူတိုကတော် ကိုယ်ပျိုးသမားတွေ မဟုတ်လား။ သူတိုပြောတဲ့ စကားတွေ ကို သေသေချာချာ နားထောင်. အဓိပါယ်နားလယ်ရင် သူတို ဘယ်လောက် တကိုယ်ကောင်းဆန်နေကြတယ် ဆိုတာ သိသာတယ် ။


တခုတည်းသောနိုင်ငံ တနိုင်ငံတည်းသော နိုင်ငံသားများ ၊ တခုထဲသော တပ်မတော် ဆိုတာဟာ အမျိုးသား ရင်ကြားစေ့ ပြန်လည် ပေါင်းစည်းရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက်ဖြစ်တယ် ဆိုတာကို သူတို. သဘောပေါက် လက်ခံပုံမရှိဘူး၊ သူတို.တတွေ စိတ်ဝင်စားပုံလဲ ရှိမယ်
မထင်ဘူး။


မြန်မာနိုင်ငံဆိုတာနဲ့ ဖွဲစည်းပုံအခြေခံဥပဒေ ဆိုတာ တံလျှပ် သာဘဲ ဖြစ်နေ
သေးတယ်လို.မြင်တယ်။ ဖွဲ.စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဘို. ဆိုတာက
ိုတောင် အမေရိကန် ပြည်ထောင်စု တနိုင်ငံထဲကဘဲ မဆီမဆိုင် ၀င်ပြီး ကလိ
နေတုန်းဘဲ ဆိုတာလဲ တွေ.ရတယ် ။


ဒီနေ.ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရဟာလဲ တံလျှပ်ဘဲ ၊ အိမ်စောင့် အစိုးရ တမျိုးဆိုရင် မှန်လေမလား ၁၉၅၈ အိမ်စောင့်အစိုးရမျိုးလား ၁၉၆၂- ၇၄ အိမ်စောင့် အစိုးရမျိုးလား? စီးပွားရေး မူဝါဒ ၊ ပါတီစုံ ဒီမိုကရေစီ ဆိုတာ
ကလွဲ ရင်လို. မဆလ အစိုးရ နဲ့ အခုအစိုးရ ဘာ မခြားဘူးလို. ပြောခြင်ရင် ပြောလို.ရသေးတယ်။


“ လွယ်မယောင်နဲခက်တယ်” ဆိုတဲ့စကားကို ။ “လောကမှာ မဖြစ်နိုင်တာ မရှိဘူး။ အဖြစ်သေးတာသာ ရှိတယ်” ဆိုတဲ့ စကားနဲ့ တိုက်ဖျက်မလား? ရေထင်တယ် ဆိုကထဲက ရေမဟုတ်မှန်းသိတယ် ဆိုတဲ့ အချက်ပေါ်နေတယ်၊
ထင်တာဟာ ထင်တာဘဲ ၊ ထင်ခြင်တာ ထင်ပေါ. ။


တံလျှပ် ဘဲ ဖြစ်ပါစေ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား
ပါတီများဖြင့် ဖွဲ့စည်းခဲ့တဲ့ ညီညွတ် သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်
အဖွဲ့(UNA) က "ရှမ်းမူ" ကို အခြေခံတဲ့ ရှစ်ပြည်နယ် စနစ်ဖက်ဒရယ် ဖွဲ့စည်း
ပုံအသစ် ရေးဆွဲဘို.ဆန္ဒရှိနေပြီး၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) က ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရာမှာ အမျိုးသားပြည်နယ်များ ပြင်ဆင်ဖွဲ့စည်းဘို. ဆန္ဒရှိ နေတယ်လို
သိရတယ် ။ သူတိုကြားမှာ ဗမာပြည် ရှမ်းပြည်ဆိုတာတွေ ခွဲဘို.မှာ သဘော
ထားကွာဟမှုတွေရှိ နေတယ် လို သိရတယ် ။


ဒီလိုဆိုရင် လာမဲ့ ၂၀၁၅ ခု ရွေးကောက်ပွဲမတိုင်မီ ဘာမှ ရေရေယျာယျာ ဖြစ်လာစရာတော့ မရှိသေးဘူး လို.ယူဆ ရမယ်။ အကြမ်းအားဖြင်.ပြောရမယ် ဆိုရင် ၂၀၀၈ ခု ဖွဲစည်းပုံ အခြေခံဥပဒေပြင်ဆင်ဘို.ဆိုတာနိုင်ငံတော်နဲ့နိုင်ငံ
သား တို.ပေါ်မှာတည်တယ် ၊ ပြင်ဆင်ခြင်တယ် ဆိုတာ နိင်ငံတော် နဲ့ နိုင်ငံသားတို အရေးထက် တဦး တယောက် အရေးက အဓိကကျနေပုံရှိတယ်။
အဲဒီ တယောက်ကလဲ နိုင်ငံသားဘဲ မဟုတ်လား? မစ္စစ် အဲရစ် တယောက် သမတ ဖြစ်နိုင်ရေးအတွက် ပဌမ ၊ ရှိတဲ့ နိုင်ငံတော် ကို အစိပ်စိပ်အမွှာမွှာ ဖြိုခွဲရေးဟာ နောက်ဆုံး ရည်ရွယ် တာထက် ဘာမှ မပိုဘူး လို.ယုံကြည်ရ တယ် ။


ဒီနေရာအမှာ မစ္စစ်အဲရစ်အကြောင်း မပြောခြင်ပေမဲ့လဲ နဲနဲတော့ ပြောရအုံး
မယ် သူဟာ သမတ မဖြစ်ရမှာကို ကြောက်ထိတ် စိုးရွံနေပုံရှိတယ်၊ န၀တ လက်ထက်ကလဲ သူ.ကိုလင်သေ လို. အသုဘ သွားပို.နိုင်ပါတယ်၊ နိုင်ငံကို
လဲြ့ပန်လာနိုင်ပါတယ်လို.ကမ္ဘာကိုကြေငြာ ပေးတာတောင် ပြန်မလာရမှာ ကြောက်လို. လင့် မသာ တောင် သွားမပို.တဲ့ မယားကောင်း မိခင်တယောက်
ဘဲ။ သူကို လူငယ်တွေက အမေ လို.ခေါ်ကြတယ် ။ အမေတိုတာ မိဘထဲက အပါးမို. တာဝန်ကြီးတယ် ။ လင်ရဲ အသုဘ မသွားတာ တခြားအကြောင်း
တော့ ရှိမှာဘဲ ၊ ဖြစ်နိုင်တာတွေကတော အများကြီးပေါ့လေ၊ ပြောကောင်း တာတွေလဲ ရှိမယ် ၊ မပြောကောင်းတာ တွေလဲ ရှိမယ် ၊ ဒါတွေဟာ နိုင်ငံရေး
နဲ မပါတ်သက်တဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ဖြစ်နိုင်ပါတယ်၊၊


သူကိုယ်တိုင်ဟာ “ကြောက်ထိပ်စိုးရွံ.မှု” တွေရှိနေလိုသာမသွားတာဘဲမဟုတ်
လား၊ ဒါတောင် သူက Freedom from Fear (ကြောက်ထိပ်စိုးရွံ.မှုကင်းရေး) စာအုပ်ရေးတဲ့ ကလောင်ရှင်လို. ဆိုကြတယ် ။


ဒို.ပြည် ဒို.မြေ ဘာတွေ ဖြစ်အုံးမယ်ဆိုတာ ဒို. မသိဘူး။ ဖယ်ဒရယ် ပြည်ထောင်စု လို.တော့ ပြောတာဘဲ ၊ နောက် ၆၆ ရက်နဲ့တော့မဖြစ်နိုင်သေး
ဘူး။ ၆၆ နှစ်လဲ ကြာရင် ကြာမယ်၊ နှစ်ပေါင်း ၆၆၀ ကြာရင်လဲ ကြာနိုင် တယ၊် ။ စိတ်ဝင်စားရင် အပြင်းပြေ လေ့လာကြပေါ့ ။ ကိုယ်ရှုဒေါင့်က ကိုယ်ကြည့်
ကြပေတော့။ တခုခု တော့ ဖြစ်ရမှာဘဲ ပေါ့ ၊ ဒို. တတွေဟာ လူတွေဘဲ မဟုတ်လား-ဘာမဆို လူက လုပ်တာလေ ။


ဒိုပြည် ဒို.မြေဟာ ဘယ်ပြည်လဲ ဘယ်မြေလဲ မသိသေးဘူး ၊ ပြန်လည်ပေါင်း
စည်းရေး ၊ ရင်ကြားစေ့ရေး ၊ ညီညွတ်ရေး ဆိုတာ ဂါထာ မန္တရာ လို. သူရဲ သူစ္ဆေ မြေဘုတ်ဘီလူး မကပ်နိုင်အောင် ၊ အပ မမီအောင် လူတိုင်းရွက်နေကြ တယ်၊ ပြောရရင် မေတ္တာ ဘာဝနာတွေလဲ ပွားများနေကြတာဘဲ ။ ဒါပေမဲ. ဒီလိုရွတ်ဖတ် သရဇယ်တာကိုက သူရဲ သူစ္ဆေ မြေဘုတ်ဘီလူး ကပ်ပြီး ၊ အပ မှီနေလို.သာဘဲပေါ့ ။ ကြောက် စိတ်တွေ လန်.စိတ်တွေနဲနင်းရွက်နေကြတယ်။
အမီးမှန်း အမောက်မှန်းမသိ ၊ အစမှန်း အဆုံးမှန်းမသိ၊ ရွက်တာသာ ရှိမယ်
ဘာမှတော့ ထိရောက်လိမ့်မယ် မဟုတ်ဘူး။ ကိုယ်.ဟာကိုယ်ရော ဘာတေ
ွရွက်နေတယ် ဆိုတာ အဓိပါယ် နားလယ် ကြရဲလား ?



နိုင်ငံတော်သစ် တည်ထောင်ဘို. ကြိုးစားနေတာ ၃ နှစ်လောက်ရှိသေးတာ
ဆိုတော့ ဘယ်တော့ပြီးမြောက်မယ် ဆိုတာ ပြောလို. မရဘူး၊ နိုင်ငံတော် တည်ဆောက်တာ ၊ တည်တန်.ခိုင်မြဲအောင်လုပ်ရတာတွေဟာ ကမ္ဘာ တည်
သရွေ.ရှိနေမယ် ။ ရှိပြီးသား နိုင်ငံတော် ကို ဖျက်အုံးမယ် ဆိုရင်တော့၊ အခုကမ္ဘာနဲ့ မလုံ.လောက်ဘူး၊ နောက် ထပ် ကမ္ဘာ ဘယ်နှကမ္ဘာ လို အုံးမယ် လဲ မသိဘူး။


ထစ်ကနဲရှိ အစက ပြန် စရတာကြောင်. ရည်မှန်းတဲ့ ပန်းတိုင်ကို မရောက်
နိုင်အောင် ဖြစ်နေရတယ် ၊ အချိန် အကြောင်းကတော့ ဒို. လူကြီးတွေရဲ့ ပြောတဲ့ စကားအတိုင်းဘဲ “ မြန်မာ တတွေဟာ နှေးကြတယ် ၊ လွယ်တာကို ခက်အောင်လုပ်ပြီး ၊ ခက်တာကို မဖြစ်နိုင်အောင် လုပ်တတ် ကြသတဲ့။ အားကျမခံ သူတွေကလဲ “လောကမှာ မဖြစ် နိုင်တာ မရှိဘူး။ အဖြစ်သေးတာ
သာ ရှိတယ်” လို.လဲ ပညာရှိတွေကို ညွှန်းပြီး ဆိုကြတယ် ။ ဘာကိုမှ မကျေ
နပ်နိုင် စူးစမ်းရှာဖွေလိုမှူ စိတ်တွေ တဖွားဖွားပေါ်သူတွေ လဲရှိမယ် ပေါ့လေ။


အကြံပြု ခြင်တာက စူးစမ်းလိုစိတ်နဲ. တွင်းတွေ.တိုင်းတော့ မနှိုက်ခြင်ပါနဲ. မြွေတွင်း နှိုက်မိရက်သားဖြစ်မှာ စိုးရိမ်မိပါတယ် ဆိုတာဘဲ ။

သတ္တ၀ါအပေါင်း ငြိမ်းချမ်းကြပါစေ ။