Article submitted by: minkyaw thuyein on 19-Aug-2013  
မျက်ခြေ ပြတ်သွားလို.တော့ မဖြစ်ဘူး လေ ။
မျိုးချစ် တိုင်းချစ် ပြည်ချစ်အပေါင်းတို.။


မြန်မာနိုင်ငံကို ဘယ်လောက်ဘဲ ခေတ်မီတိုးတက်အောင် လုပ်လုပ်။ လူ.အလွှာ လူတန်းစား ကွာဟ လွန်း နေရင် အားလုံးမှာ အန္တရာယ်ရှိတယ် ၊ ရှေ.ရောက်လွန်းသူ နောက်ပြတ်ကျန်ခဲ့သူ ဆိုတာတွေ တနည်းအားဖြင့် ချမ်းသာ
သူဆင်းရဲသူ ဆိုတာ ကမ္ဘာဦးအစကတည်းက ရှိခဲ့တာ ၊ အခုလဲ ရှိနေဆဲဘဲ ပျောက်အောင် ဖျောက်လို.ဘယ်လိုမှ ဘယ်သူမှ မလုပ်နိုင်ဘူး။ မြန်မာပြော ပြောရရင် ကံ ဥာဏ် ၀ိရိယ လုံလ တို.ကပေး တဲ့.ရလဒ်တွေ ဘဲ ၊ ဆင်းရဲ ချမ်းသာ ဆိုတာလဲ ငွေအပါအ၀င် ရုပ်ဝတ္တု ပိုင်ဆိုင်မှု အရ ခွဲခြားတာ တွေ
သာ ဖြစ်တယ် လို.မြင်တယ် ၊ စိတ်ပိုင်းဆိုင် ကိုထည်.တွက်ရင်တော့ အဖြေ
တမျိုးထွက်နိုင်တယ် ၊ စိတ်ချမ်းသာဘို. လောဘ ဒေါသ မောဟ မာန်မာန ဘယ်လောက် များတယ် နဲ့တယ် ပေါ်မှာ တည်လိမ့်မယ်။ ဥစ္စာ ပစ္စည်း ပြည်ဝသူတိုင်း စိတ်ချမ်းသာနေကြတယ် လို. သေချာပေါက်ပြောလို မရသလို.
မရှိဆင်းရဲသူ ဆိုတာလဲ စိတ်ဆင်းရဲနေတယ် လို. မပြောနိုင်ဘူး။ သာဓက တွေကတော့ အများကြီးပါ ဘဲ။


အလယ် အလတ်လူတန်းစားတရပ် ဆိုတာ နဂိုရ်က ရှိနေတာဘဲ ဘယ်သူကမှ
ဖန်တည်းစရာမလိုဘူး။ သူတို.လဲ အထက်ကပြောသလို. ကံ ဥာဏ် ၀ိရိယ လုံလ အရဖြစ်ကြတာပါ ။


ရေပါတ်လည် ၀ိုင်းသော မြေကို ကျွန်းဟုခေါ် သည် ဆို စကားလို ၊ ကြွေးပါတ်လည် ၀ိုင်းသော မြေကို မြန်မာဟု ခေါ်သည်တော့ မဖြစ်စေသင့်
ပါဘူး။ ဆိုလိုတာက ဈေးကွက်အခြေခံ စီးပွာရေးဝါဒ ဟာ အဓိပါယ် သီးခြား
ဖေါ်ပြထားခြင်းမရှိရင် အရင်းရှင် စီးပွားရေးဝါဒ လို.ဘဲ မြင်တယ် ၊၊


ဘဏ်တွေ. ငွေကြေးအဖွဲတွေက လွယ်လွယ်နဲ့ ထုတ်ချေးတဲ့ ငွေနဲ့ပိုင်ဆိုင် ရယူရတဲ့ ဥစ္စာပစ္စည်းဟာ တောင် ကြွေး မဆပ်နိုင်သေးသမျှ ကိုယ် ပိုင်ပစ္စည်း မဟုတ်ဘူး။ ပြောင်းလဲ ထုခွဲရောင်းချခြင်ရင် သူတို.ကို အသိပေးအကြောင်းကြားရလိမ့်မယ်။ ရောင်းရငွေထဲက ရောင်းခွန်ပေး ပြီးရင် သူတို.ရသင့်တဲ့ ကြွေးမီ ကို သူတို.အရင်နှုတ်ပြီး ကျန်တာကိုမှ သဘောကျ စီစဉ်နို်င်မယ် ။


ကြွေးတင်ရင် ရှင်ဘုရင် ဆပ်လိမ်မယ် လို.တာဝန်မဲ့ ပေါ့ပေါ့ ပြောလို မရဘူး ရှင်ဘုရင်က ဆပ်ပေးနိုင်ရင် ကောင်းတာပေါ့ ၊ အလျှင်းသင့်တုန်းပြောရရင် ၁၈၂၄ ခု မြန်မာ-အင်္ဂလိပ် ပဌမ စစ်ပွဲ အပြီးမှာ ကျူးကျော်သူ အင်္ဂလိပ်က စစ်စရိတ်တောင်းလို.ရှုံးသူ မြန်မာတို.ပေးခဲ့ရတယ် ကြွေးမကျေမချင်း ရခိုင် ၊ ရန်ကုန် နဲ့ တနင်္သာရီကို အင်္ဂလိပ်က သိမ်းထားပြီး မြန်မာတွေကို ခါလီ ကျအောင် လုပ်ခဲ့ဘူးတယ် ။


အရာရာကို ခေတ်မီတိုးတက်အောင် လုပ်ဘို.ရာမှာ၊ ဒို.ဟာ မြန်မာတွေ ဆိုတာကို ဘယ်တောမှ မေ့လို မဖြစ်နိုင်ဘူး။ ဘာလဲ ဆိုတော၊ ဒို.ဟာ ဒို.ယဉ်ကျေးမှူ ဓလေ.ထုံးစံတွေနဲ့ ဒို.ပါ ဆိုတာကိုလဲ မသိကျိုးကျွှံ ပြူပြီး ကိုယ့်ကို ကိုယ်မလှဲ.စားပါနဲ့ ၊ ဒီယဉ်ကျေးမှူ ဓလေ.ထုံးစံတွေ . ပျောက်လဲ မပျောက်ဘဲ ဒို.သေတဲ့ အထိသာပါသွားလိမ့် မယ် ဆိုတာကိုတော.မြဲ မြဲ မှတ၊် ကျီးကန်းဟာ ဒေါင်းယောင် ဆောင်လို မရဘူးတဲ့ ။


မြန်မာနိုင်ငံ ခေတ်မီ တိုးတက်လာတာနဲ့ အမျှ စီးပွားရေး ဆိုတဲ့စာရင်မှာ ပါ
ကောင်းမှ ပါမဲ့ ခေါင်းရွက် ဗျတ်ထိုး ဈေးသယ်တွေ လမ်းဘေးဈေးသယ်တွေ လဲ တဖြေးဖြေးတစတစ ပျောက်ကွယ်သွားဘို.လိုမယ် ဆိုရင်တော မဟုတ်
သေးဘူးထင်တယ်။ ရပ်ကွက်တိုင်းမှာ ရပ်ကွက်ဈေး ဆိုတာ ရှိရမယ် ၊
နေ.စဉ် ၇ ရက် ဈေးလား ၊ ၃ ရက် တဈေးလားတို.မှာ ရောင်းချနိုင်ဘို. မီနီ
ီမားကက်တွေ ဖန်တီးပေး ရမယ် ။ လက်ဝါးကြီးအုပ် စီးပွားရေးဝါဒ အသက်ပြန်ဝင်လာလို. ကုန်စုံဆိုင်ကြီးတွေ၊ စတိုးဆိုင်ကြီးတွေ ဆူပါ မားကက်တွေ ပေါ်
ပေါက်လာရတာက လက်လုပ်လက်စား ခေါင်းရွက် ဗျတ်ထိုးတွေကို အသေ
သတ်တာမျိုး လဲ မဖြစ်သင့်ဘူး ၊ ရေများရေနိုင်.ငွေများငွေနိုင်ဘို. ကိုတော့ လုံးဝ မစဉ်းစားပါနဲ့။ ဒါကတော့ ဘယ်လိုမှ မဖြစ်သင့် တဲ့ ကိစ္စပါ။ နိုင်ငံရေး ၊ စီးပွားရေး၊ လူမှုရေးပေါက်ကွဲဘို.အလားအလာတွေဘဲ ။


သူတို.တတ်သိနားလည် ကျွမ်း ကျင်ရာ ကောင်းရောင်းကောင်းဝယ်လုပ်စား
နေတာ ဘူးသီးကျော်ဌက်ပျော ကျော် ပဇွန်ခွက်ကြော် ငါးပေါင်းကျော် ။ မုန်.ဟင်းခါး ခေါက်ဆွဲက အစ အချိုရေ အထိ ဘဲ ၊ ဖုံ သဲ တဖွဲဖွဲ ယင် တ၀ဲဝဲ တ မြင်မကောင်းအောင် မဖြစ်စေဘို. စီစဉ်ပေး ဘို ကျန်းမာရေး ဌာနနဲ့ စည်ပင်
တို.မှာတာဝန်ရှိစေရမယ် ။ ဒါမှမဟုတ်ရင် ဆိုင်ကြီးကန္နားကြီးတွေမဟုတ်သည့်
တိုင် ဆိုင်လေး ကန္နားလေးတွေ ဖန်တည်းပေးရလိမ့်မယ်။အတတ်နိုင်ဆုံးကူညီ
ရလိမ့်မယ် ၊ဆိုင်ခန်း အဘိုးချိုသာစေရမယ် ဖြစ်နိုင်ရင် အလကားပေးပြီ ဈေး ကောက်သာယူသင့်တယ် ။ သူတိုတွေဟာ ငွေကြေးကြီး မတည် နိုင်ကြသူ တွေ မဟုတ်ကြပါဘူး။ ငွေရှင် ကြေရှင်တွေနဲ့လဲယှဉ်ပြုင်နိုင်ကြသူတွေမဟုတ်၊ ခေတ်သစ် ဦးနာအောက်တွေ တော့ မဖြစ်စေကောင်းပါဘူး။


မြန်မာ ကြက် ရှိပါရက်နဲ ဘိုစားကြက်က အနိုင်ယူသွားမှာကိုတော့ ရင်နာစရာဘဲ။ အဆိုရှိတဲ့ခေါင်းရွက်ဗျတ် ထိုးတွေ ကို ဒေသန္တရ အစိုးရ စည်ပင် တို.က သူတို တာဝန်ကို နမသိရင် အစိုးရရ မူဝါဒတွေ ပြည်ပ နိုင်ငံခြားသားတွေကို ပံ့ပိုးနေတယ် လိုယသာမြင်လိမ့်မယ်။


နိုင်ငံခေတ်မီ တို တက်ရေးဆိုပြီး အထည်အ၀တ် ချုပ်ဘို. အပ်ချုပ်သယ် ဘ၀က မလွတ်ဘဲ တထ်ာချုပ် တထည်စားဘ၀ မလွတ်နိုင်အောင် ဘ၀မြုတ်နှံ့ဘို.သောင်တင်နေဘို.တော့ အားမပေးသင်ဘူး။ တနေ.တနေ. အထည် ပြည့်ဘို. စက်မှာထိုင်ပြီး ချေးမပါ သေးမပေါက်နိုင် ချီးချုပ် ဆီးချုပ်ကျန်းမာရေးထိခိုက်
တာကိုတော့ ထည်တွက်ရလိမ့်မယ်။ မကျွမ်းကျင်တဲ့ အစားထိုး လုပ်ငန်း
တွေ ပေးပြီး ဖိလုပ်ခိုင်းနေလို. မပြီးသေးဘူး တခြားသက်မွေးဝမ်းကြောင်း ကိုလဲ လုပ်ကိုင်စေဘို. လမ်းဖွင့်ပေးရလိမ်.မယ် ။


အဆိုရှိတဲ့ သူတို.လုပ်နေကျ အသက်မွေး ၀မ်းကြောင်းလုပ်ငန်းတွေကိုဘဲ ခေတ်မီတိုးတက်အောင်. လက်မှုက စက်မှု ဖြစ်အောင်ကူညီရမယ်၊ ကျန်းမာရေးနဲ့ အဟာရဓါတ် ညီအောင် ဘယ်လို ပြပြင်ရမယ် ဆိုတာတွေ ပညာပေးရမယ် မီး ရေ အစုံနဲ့ သတ်မှတ်တဲ့ စည်းကမ်းနဲ့ ညီတဲ့ သတ်ရပ် သန့်ရှင်းတဲ့ ဆိုင်ခန်းတွေ ဖွင့်ခွင့်ပေးရမယ် ကူညီရမယ် ။


ကုန်စိမ်းရောင်းသူတွေ ဆိုရင်လဲ သူတိုရဲ့ အရောင်းပစ္စည်း ရောင်းကုန်
ဟင်းရွက် ဟင်းသီး သား ငါးတွေကို သန်.ရှင်းလတ်ဆပ်ဘို.မှအစ ဆိုင်ကြီး
တွေဆီ တိုက်ရိုက်ပေးသွင်းနိုင်ဘို. ဒါမှမဟုတ် ဒိုင်တွေကတဆင့်ပေး သွင်းနိုင်
ဘို.အစီအစဉ်တွေရှိအပ်တယ်။ သူတို.ကလဲ လတ်ဆပ် သန်းရှင်း ကျန်းမာရေး
အထောက်အပံ့ဖြစ်မဲ့ စားသုံးကုန် တွေကို ထုတ်လုပ်ပေးသွင်း ရောင်းချဘို.တာဝန်ယူနိုင်ရမယ် ။


အားလုံး အတ္တ ပရ မျှကြလို. အာရောဂျံ ပရမံ လာဘံ ကိုယ် စိတ် ၂ ပါး ကျန်းမာကြပါ လိမ့်မယ်၊ တနိုင်ရင်းနှီး ခြံထွက်ပစ္စည်းစိုကပျိုး ရောင်းချ လုပ်ကိုင်သူတွေဟာ ငွေရင်ကြေးရှင်တွေကို ယှဉ်ပြီး လုပ်နိုင်ရလောက်အောင် ငွေလဲမရှိ မြေလဲမရှိကြဘူး။


လယ်သမားတယောက်ဟာ အနဲဆူံး လယ်ဧက ၂၀ လုပ်နိုင်အားရှိ ပေမဲ့ အများဆုံးဘယ်လောက် လုပ်နိုင်မယ် ဆိုတာ မသေချာဘူး။ ရာသီဥတု အပြောင်းအလဲကြောင်. သီးနှံ ဘယ်ရွေ.ဘယ်မျှထွက်မယ်ဆိုတာ သေချာ ပေါက်မပြောနိုင်သလို. ထွန်တုံး ထွတ်တံ ထယ်မှ အစ လယ်လုပ်သား ဌားယမ်းရတဲ့ သယ်ယူပိုဆောင်ရေး စရိတ်စက တိုးမြင်. လာလိုလဲ. ဆံစပါး သီန ဈေး မြင့်ရတာတွေ ဟာ သုံးငွေ တန်ဘိုးအတက်အကျတွေ ကလဲ တမှောက် ၊ လယ်ယာစိုက်ပျိုးရေး မြေတွေကို အိမ်ယာမြေ စက်မှုမြေအဖြစ်
ြေ့ပာင်း လဲ ပစ်ခဲ့တာတွေ ကလဲ လယ်ဧက ပေါင်း ထောင်သောင်းနဲ့ ချြီ့ပီ အလကားဟသဖြစ်ခဲ့ရတယ် ၊ ပြည်နယ်တွေမှာဆိုရင် မြေပြန်.နဲလို. တောင်
တွေ ကုန်းတွေပေါ်မှာ လှေခါးထစ် စီမံကိန်းနဲ့ ခက်ခက်ခဲခဲစိုက်ပျိုးနေ ရတာ
တွေ မြင်နိုင်တယ်။


ဥပမာပြ ပြောရရင် ငိုရမလား ရီရမလား မသိရတဲ့ အဖြစ်တခုကတော့ ၊ ဒုတိယ ကမ္ဘာစစ်ဒါဏ်ကြောင့် ကုန်း ၂ ကုန်း ပျက်ဆီးခဲ့ ရတဲ့ အင်းဝ တံတားမှာ အင်းဝ စစ်ကိုင်း ၂ ဖက်ကမ်းကို ကူးတို ပို့ရတဲ့ ဌက် သာမ္မာန်ကူတို.ပို. သမားတွေ နေ.တွက် စီကြ သတဲ့ ၊ စစ်ပြီးလို. လွတ်လပ်ရေးခေတ်မှာ တံတားကုန်းတွေ ပြင်ဆင် ပြန်ဆက်ပြီး တဲ့အတွက် မော်တော်ကား မီးရထား ၊ မော်တော်ဆိုင်ကယ် ဘိုင်စကယ် အားလုံးနဲ့ လူသွားလမ်းပါ လမ်းပေါက်လို. ကူးတို.သာမ္မာန် သမားတွေ အလုပ်မရှိကြတောဘဲ ငတ်ရကိန်းကြုံကြလို.
တံတားကြီးကို ကြည့်ပြီး ငို ကြသေးတယ်၊ အဖြိုင်ဖြိုင် စီးကျတဲ့ သူတို.မျက်ရေသာ ဧရာဝတီ မြစ်ရေနဲ့ အတူ မြောပါသွား တယ် လို.လဲ ကြားဘူး
တယ် ။


နောက် တခုကတော့ ရိုင်းတယ်လို. ဆိုခြင်ဆို ၊ မရှိလို ဖါခံစား ပါတယ် ကြွေး ပေးလိုက်ရတာသာ အဖတ် တင်ပါတယ် ဆိုတာလိုလဲ ဖြစ်နေအုံးမယ် ။


မရှိဆင်းရဲလို. တတ်တာလေး လုပ်နိုင်တာလေး တ၀မ်းတခါး လုပ်ကိုင် စားသောက် ရပါတယ် ဆိုခါမှ ငွေရှင်ကြေးရင်တွေ ရဲ့. ငွေစွမ်းအားကို ဘယ်လို
မာ မယှဉ်နိုင် အရှုံးပေးရပြီး လုပ်ခစား ၀င်လုပ်ရဘို. ဆိုတာကလဲ လိုအပ်တဲ့ အထက်ပါ အရည်အချင်း အောက်ပါအရည်အချင်းတွေ မရှိရင် သိပ်မလွယ်ဘူး
ဘဲ ၊ လုပ်ခစား လခစားဆိုတာ တနည်းအားဖြင်. စကားအရာ ပြောရမယ်ဆို
ရင် သူတပါးငွေဝယ်ကျွန် ခံလိုက်ရတာဘဲ ပေါ.။


တော်သေးပြီး ဒါလောက်ပြောရင် နားလည်ကြပါလိမ့်မယ် ထင်ပါတယ်။