Article submitted by: Thunderbolts on 9-Aug-2013  
မပြောခြင်ပေမဲ့ လဲ ပြောရတော့မယ် ပေါ့။
ဒို.လူကလေးများ ဆိုသလေး


ပြောစရာတွေကလဲ များသား ။ဘယ်သူ ဘာဘဲပြောပြော ကိုယ့်.ရှုဒေါင့်.ကိုယ့်အမြင်နဲ့ကိုယ်ဘဲပေါ့။ မြန်မာ နိုင်ငံသား အားလူံးဟာ မြန်မာ့သားကောင်း သမီးကောင်းတွေ၊ သူတို.ပြောတာတွေ လုပ်တာတွေဟာ နိုင်ငံ နဲနိုင်ငံသားတိုအတွက်ဘဲ လို.ယုံကြည်ထားရမယ်။ လူမျိုး ဆိုတာဟာ သူနေရာနဲ့ သူ စကားအရ မှန်ပေ မဲ့ ဒီနေ.မြန်မာနိုင်ငံအတွက်ခေတ်ကုန်နေ
တဲ့ စကားတခု ဖြစ်နေပြီလို.မြင်တယ် မြန်မာသမိုင်း.ဖြစ်စဉ်တွေကို သွေးအေး
အေး နဲ့ပြန်ပြီးသုံးသတ်ဘို.လိုလိမ့်မယ်။


အကောင်းဆုံးကတော့ အတိတ်ကိုလေ.လာပြီး သင်္ခန်းစာယူ အနာဂတ်
အတွက်ြ့ပင်ဆင်ကြဘို.ဘဲ. ဒို.ရဲ့ အနာဂါတ်ဟာ ဘာလဲ ဘယ်လိုလဲ ဆိုတာ ဒို.ကိုယ် ဒို.လေ.လာပြီး မှားရင် ပြင်ကြဘို.ဘဲ အားလုံး က ငါတို. မမှားဘူး သူတို.သာ မှားတာ ဆိုရင် လဲ ပြီး ရောပေါ့ ။ဟုတ်ဘူးလား ? သိထားဘို.က ဂေါတမဗုဓ္ဒ တောင် သူမှားတာကို သူမသိခဲ့ရင် ၊ သိသော်လဲ မပြင်ခဲ့ရင်ဗုဓ္ဒ ဆိုပြီး အခေါ်ခံထိုက်လိမ့်မယ် မဟုတ်ဘူး ။


၁၉၆၂ ခုမှာ စစ်ဖက်က အာဏာသိမ်းခဲ့ရတဲ့ အကြောင်းကို လက်ခံသူလဲ ရှိမယ် လက်မခံသူလဲ ရှိမယ်။ ဒါပေမဲ့ ၁၉၄၈ ခု လွတ်လပ်ရေးရချိန်က မြန်မာနိုငံဟာ ဗလာခွက်နဲ. ပြာပုံနိုင်ငံဘဲ ဖြစ်တယ် ၊ နဲတာ များတာ အပထားလို.အရပ်ဖက် စစ်ဖက်နိုင်ငံခေါင်းဆောင်တွေဟာဘက်မလိုက်ကြား
နေ၀ါဒ ကျင့်သုံးခဲ့ ကြတယ်။ ဘက်မလိုက်ကြားနေတာတောင် ကျွဲ ၂ ကောင
်ကြားမြေဇာပင် ဖြစ်တတ်သေူတယ် ။။


နိုင်ငံတော် ကိုတဖက်က တတ်နိုင်သမျှ ပြန်လည်ထူုထောင်းရင်း တဖက်က
လဲ တရုတ်ဖြု . မြန်မာ ကွန်မြူနစ်နဲ့ လူမျိုးစုသူပုန်လို.မခေါ်ရက်တဲ့ ရောင်စုံ သောင်းကျန်းသူတွေရဲ့ ရန်အမျိုးမျိုးကို ရင်ဆိုင်ရတယ် ကာကွယ်ရတယ် ၊ သောင်းကျန်းသူလို. ခေါ်ရတာလဲ ဘာကြောင့်ဆိုတာ သိသူတွေသိကြတာမို. အပိုမရှင်း ဘူး။ ရှင်းလဲ လက်ခံခြင်မှခံကြတာ ၊


အမှန်ကတော့ ဖြစ်ခဲ့ ပျက်ခဲ့တာတွေ ၊ ခေါင်းဆောင်တွေ ဆောင်ရွက်ခဲ့သမျှ
တွေ ဟာ သဲထဲရေသွန် ဖြစ်ခဲ့ရတယ်။ နောက်ဆုံး ခေါင်းဆောင်တွေ ကိုယ်တိုင် ကွဲခဲ့ကြတဲ့အထိ ဘဲ ။ ခေါင်းဆောင်ကွဲတော့ လူတွေလဲ ကွဲတယ် ၊ ဒါဟာ လူတွေကိုယ်တိုင် ဘက်လိုက်တတ်တဲ့အ ကျင့်၊ ပုဂိုလ်စွဲ ကိုးကွယ်တဲ့ အကျင့်၊ အ၈တိ ၄ ပါးလက်စားတဲ့ အကျင့်တွေ ကြောင့်ဘဲလို. ဆိုခြင်တယ်။


နိုင်ငံတော် မပြိုကွဲရေး ဆိုတဲ့ အဓိဌာန်ဟာ အပေါ့စား အပျော်အပါး ရယ်ရွှင်ဖွယ် စကား သက်သက် တလုံး မဟုတ်ဘူး။ အဓိပါယ်ရှိတယ် အကြောင်းအကျိုးနဲ့ ကိုက်ညီတဲ့ အဓိဌာန်ဖြစ်တယ် ။ ဒီအကြောင်းအကျိုး တွေကို သိအောင် လုပ်ကြရမယ် အစိုးရကလဲ ထိန်ချန်မထားဘဲ ပြည်သူကို အသိမပေးလို. ဘဲသူတို.လုပ် သမျှ အောင်မြင်မှုတွေချည်းဘဲ ဆိုတာ ကတော့ချင့်ယုံရမှာပေါ.။


အရာရာကို အကောင်းအမြင် အဆိုးအမြင် ကြည့်လိုက် တဲ့ အခါ အကောင်းရော အဆိုးရော ကိုယ်ရှုဒေါင့် က ကိုယ် မှန်နေကြတာဘဲ တွေ.ရပါတယ် ၊ ချိန်ခွက်ပေါ်တင် ညှိလို.တော့ မရသေးပါဘူး။ ဒါကြောင့် မယုတ်မလွန် မှန်သင့်သလောက် ဆိုတဲ့ စကားလုံးကိုဘဲ သုံးပါတယ်။ မြန်မာပြည် ပျက်မလိုမဖြစ်ရင် အပြောင်းအလဲ ဖြစ်ဘို.တော ခက်မယ် တဖက် ကကြည့်ရင်. ဒီအဖြစ် ကြောင်.လဲ မြန်မာပြည်ကြီး ပျက် သထက် ပျက်နေပါ ပြီလို.ဆိုတော့မယ် ၊ အဖတ်ဆယ်လို.မရတော့ပါဘူး ဆိုရင် လွန်သွားမယ် ကြိုက်ခြင်မှ ကြိုက်မယ်၊


ပြောရရင် မြန်မာနိုင်ငံတော်ဟာ ၁၉၄၈ ခုနှစ်ကထဲက ပျက်ကိန်းဘဲ မပျက်ခဲ့တာ ဘာကြောင့်လဲဘယ်သူ တွေကြောင့်လဲ ကိုယ့် ဖါသာ စဉ်းစား ကြည့်ကြ၊ ဘယ်သူကိုမှလဲမမြောက်နဲ. ဘယ်သူကိုမှလဲ မဖါးနဲ့ ။ အရှိကိုအရှိ
အတိုင်း မြင်အောင်ကြည့်၊ မြန်မာနိုငံဟာ ရေနစ်နေသူလို ရှင်လိုရှင်ငြား နွံထဲက ကောက်ရိုးမြှင် လေးကိုလှမ်းဆွဲထားတဲ့လူတယောက်လိုဖြစ်နေတာ။ ၀ါးကူလို. မထိုးလိုက်ပါနဲံ.။


ပြည်ထောင်ဘဲ စုစု၊ ပြည်ထောင်ဘဲ မစုစု ပြည်ထောင်စု နိုင်ငံတွေဟာ အကြောင်းတခုမဟုတ်တခုနဲ့ ပြိုကွဲ ခဲ့ကြတယ် ဆိုတာ ကမ္ဘာသမိုင်းမှာ တွေ ရတယ် ။ လပ်လပ်ဆပ်ဆပ်တေဆိုရင် ယူဂိုစလားဗီးယာ ၊ အီရပ် တို.လို နိုငငံတေါပေါ ။ ဆိုဗီယက် ကို မေယနေလို.တော မဖြစ်ဘူး စုရင်ကွဲရမယ် ကွဲရင် စုကြမယ်။ နိယာမ လိုဖြစ်နေတယ၊် လူတွေနဲ့ မဆိုင်တဲ့ ဘုရားတွေ နတ်တွေရဲ့ ဖန်ဆင်းမှူတွေလား ၊ ဘုရားဆိုတာလူက ပညတ် တာပါ။ လူကမှ ဘုရားဖြစ်တာ ၊ လူတွေကသာ ဘယ်သူဘုရားဆိုတာကို သတ်မှတ်တာ လူသာလျှင့် ဖန်တီးရှင် တွေဘဲ။


ကိုယ်မလူပ်နိုင်တဲ့ အလုပ်ကိုလုပ်နိုင်မဲ့သူများ ရှိလာလေ မလားလို. အသားလို လို. အရိုးတောင်းရ တဲ့ အဖြစ် မျှော်လင့်ချက်နဲ့ပြောရတာ ။ မြန်မာ့ ခေတ်သစ်သမိုင်းတလျှောက် မြန်မာနိုင်ငံပြိုကွဲဘို. တွန်းအား တွေပေးခံနေရာက ၁၉၈၈ ခုနှစ်မှာ နောက်ဆုံး တွန်းအားပေးခံရပြီး အခုဆိုရင် မြန်မာနိုင်ငံကို တာမွေ နွားသတ်ရုံ ပို.ထားတယ်။ အပြင် တင်းကုတ်မှာ ကြိုးချည်ထားတယ် ၊ အချိန်မရွေး အမဲ ဖျက်ခံရတော့မယ် ။ နေ.ကောင်းရက်သာ ရွေးနေပုံ ရှိတယ် ။


မြန်မာတပ်မတော်လဲ ထိမ်းနိုင်ပါ. မလား။ ပြည်သူအများစုက အနေအထား
က ဘယ်လိုလဲ ၊၊ ဒီ တပ်မတော်ပျောက်ပျက်အောင် ၊ ဒါမှမဟုတ် ရုပ်သေး တပ်မတော်ဖြစ်အောင် .၆၆ နှစ်ကတည်း အကြံအဖန်ထုတ်နေခဲ့ကြတာဘဲ ။ ဖြစ်စေခြင်တဲ့ တခုတည်းသော တပ်မတော် ဆိုတာပြော မနေနဲ့တော့ လက်ရှိ မြန်မာ့တပ်မတော် ကို ဘာကြောင်ဝိုင်းဘေနေကြတယ် ဆိုတာ မသိရင် ပြော
ရတာ ခက်တယ်၊ တကယ်တော့ အင်္ဂလိပ် အပါအ၀င် အနောက် နိုင်ငံတချို.က မြန်မာ့ တပ်မတော်ကို ရှိစေခြင်တာမဟုတ်ဘူး၊ ဒါတွေဟာ အသစ်အဆန်း တွေမဟုတ်ပါဘူး ၊

လွတ်လပ်ရေးမရခင် ကတည်းက တပ်မတော် ကို သူတိုရဲ သြဇာခံ တပ်မတော် လုပ်ဘို. ကြီုးစားခဲ့တာ ဗိုလ်အောင်ဆန်းတောင် အနေခက်
ပြီး မခံနိုင်လို. တပ်မတော် ကနေရှောင်ထွက်ခဲ့ရတယ် ၊ အရပ်သား အဖြစ်ဘ၀ပြောင်းခဲ့တဲ့ ကိုအောင်ဆန်း ကို ၁၉၄၇ ဂျူလိုင်လ ၁၉ ရက်နေ.မှာ အတွင်းဝန်
ရုံး အခန်းတခုထဲမှာ ဂျောင်ပိတ်မိပြီးခဲ့လို. အဲဒီတခေါက် လွတ်အောင်မပြေး နိုင်ခဲ့ရှာ ပါဘူး ။

ဗိုလ်နေ၀င်းနဲ.ရဲဘော်တွေကကိုလဲ ၁၉၈၈ ခုက ဒီလိုလုပ်ဘို.ကြံကြသေးတာ မအောင်ခဲ့ဘူး ။ အခုလဲ ထိုင်းနိုင်ငံ ချင်းမိုင်မှာ အခြေစိုက်ကြတဲ့ တိုင်းရင်းသား
လက်နက်ကိုင်မဟာမိတ်အဖွဲဆိုလား တပ်ပေါင်း စုအဖွဲ.က Nato လို ပေါင်းမိ
နေကြပြီး ဦးသိန်းစိန်အစိုးရနဲ့ မြန်မာတပ်မတော်ကို စိန်ခေါ်နေတယ် ၊ အကြပ်
ကိုင်နေတယ် ။ မြန်မာနိုင်ငံမှာ စစ်တပ် ၂ တပ် မဟုတ် ၊ ၉ တပ် ၁၀ တပ်ရှိ
ှိတယ် ။ ဘယ်တပ်ကို ဖျက်မလဲ ၊ တပေါင်း တစည်းတော့ ဖြစ်နိုင်ခြေ မရှိ
ဘူး။


၁၉၈၈ ခုမှ မြန်မာသမိုင်းစာမျက်နှာတခုဖွင်ခဲ့ရတာ မှန်ပါတယ် ၊ ဒီစာမျက်နှာ ကိုသွေးနဲ့ ရေးခဲ့ကြတာပါ ခေါက်ထားလို. မရပါဘူး။ ခေါက်လိုက်ရင် ပြန်ခွာ
ဘို. ခက်မယ် ။ ဒီစာမျက် နှာရဲ အကောင်းအဆိုး ရလဒ် ကြောင့် ပြောဘိုရာ ခက်တယ် အကောင်း အဆိုးဆိုတာတွေက ရှိနေသကိုး၊ သွေးတွေနဲ. ဖုံးနေ
တဲ့ စာသား တွေကို ထင်ထင်ရှားရှာ ဖတ်နိုင်မယ် လို.လဲ မထင်ဘူး။ ၁၉၈၈ ခု ကိစ္စဟာ သွေးရိုးသားရိုး ဟုတ်ရဲ.လား။ မြန်မာတို.အကျိုးတဲ့လား၊

ရှေ.အနာဂါတ် မှာဘာတွေ ဖြစ်လာအုံးမယ်ဆိုတာလဲ ဘယ်သူမှ ဗြာဒိတ် မပေးနိုင် ပါဘူး။ အကောင်းအမြင် သမားတွေကတော.ကောင်းသွားမှာပါလို. ပြောကြ သလို ၊ အဆိုး အမြင်သမားတွေ ကလဲ သူတိုအမြင်နဲ့ အဆိုးကိုပြော
ကြမှာဘဲ ။ စောင့်ကြည်ကြအုံးပေါ.ကွာ ဆိုတဲ့ အသံကိုက ကျုပ်နားထဲမှာ ကျိန်ဆဲသံ ကျိတ် မနိုင်အားမရသံ ကြိမ်းမောင်းသံနဲ့တူနေတယ် ။ နှစ် ၅၀ နှစ် ၁၀၀ ဆိုသလို စောင့်ဘို. ကျုပ်မှာ အချိန်မရှိ လို. ဒီနေပြောစရာရှိတာပြော
ရတယ်။


ပြောခြင်တာက ၁၉၄၈ ခုကဘဲဖြစ်စေ. ၁၉၆၂ ခုကဘဲ ဖြစ်စေ မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး လူမှုရေး တိုးတက်မှုတွေ မရှိပါဘူး လို. ဗလုံးဗထွေ ပြောသူတွေရှိတယ် ၊ မြန်မာနိုင်ငံဟာ ကြားနေ မှန်အား ကြီးခဲ့ လို.၊ဘယ်သူ
ကိုမှ မှီခိုအားထားခြင်း မရှိဘူး။ တိုးတက်မှုနှေးရတယ် ဖွံဖြိုးမှု နဲ ခဲ့တယ် ဆိုတာ မှန်တယ် ။ မလိုတာကို မဖြုံးဘို.၊ ဘုံးဘော လအော မလုပ်ဘို.၊ ချွေတာရေးကို အစိုးရက ဦးစီးလုပ်ခဲ့တာကို၊ ထမင်းရေ ချောင်းစီး မလှုရလို.။ ဆင် သက်စေ့ မလှုရသူတွေ ၊ ရေအသေ မသောက်ရသူတွေ. ငွေကြေး တန်ဘို. အတက်အကျ ဖေါင်းပွမှုကို နားမလယ်လက်မခံနိုင်ကြသူတွေက
တော့ ဘယ်လိုမှအကောင်းမမြင်ခဲ့ ဘူး ၊ သူတို.ထင်တိုင်း မကြဲ ရလို.ဘဲ ။ သူတိုသွန်တဲ့ ထမင်းရေမျိုး ကိုတောင် မသောက်နိုင်တဲ့ သူတွေ အတွက် ဘာစဉ်းစားကြသလဲ ။


မြန်မာနိုင်ငံဟာ ၁၉၈၈ ခုမှာ အပျော့နှိုက်ခံလိုက်ရတယ် ။ သိကြတဲ့ အတိုင်း RITကျောင်း သားနဲ့ ရပ်ကွက် လူထု ရန်ပွဲမှာ ရပ်ကွက်ကို မနိုင်တော့ ကျောင်းသားတွေက ပုလိပ်တွေကို တရားခံ လုပ်ခဲ့ တယ် ။ ဖြစ်သမျှ ကို ဖွင့်ဟဆိုရ အောင် Who killed Union of Burma ? ရေးမဲ့ စာရေးဆရာလဲ မရှိတဲ့ ၊ ကွက်စိပ် ဆရာဟြေ တဲ့ ညဥ့် အိပ်ယာဝင်ပုံ ပြင် ဘဲ ၊ ဘာကြောင့်လဲ ဆိုတော့အမှန်တရားပျောက်ကွယ်နေ တာကိုး။ ကါယကံရှင် ကျောင်းသား ရပ်ကွက်လူထု ပုလိပ် တိုရှိရက်နဲ့ ကိုယ်ယုံခြင်တာ ကိုယ်ယုံကြတာ အမှန်ကို လက်ခံကြတာမှ မဟုတ်တာ။ အမြတ်ထုတ်လိုသူတွေက ဒီမိုကရေစီ ဘန်းပြပြီး အမြတ်ထုတ် နာမယ်ကောင်းယူကြတယ် ။ မဆလ အစိုးရ အထွက်ကောင်း သွားတာပေါ.လို. ပြောရင်လဲ ရသေးတယ် ၊ အောက်ကလဲ နေ ဟာဒီးလဲ မလျှော. လို.လူကြီးများပြောဘူးတယ်။




အနောက်ဖက် အုတ်စုကို တင်းခံဘို.ဖြစ်စေ၊ ကွန်မြူနစ် အဖြစ်မခံလိုရင်.ဖြစ်စေ ၊ မြန်မာဟာ တဖက်ဖက်ကို မှီခိုအားထားရလိမ့်မယ်။ တဦးတယောက်
ကို အားကိုးရလိမ့်မယ်။ ၂ ဖက်ကြားမှာ အနေမှန်တာကိုဘဲ လက် မခံကြသူ
တွေရှိတယ်။ ဒါဟာ ပြသနာဘဲ ၊ မြန်မာနိုင်ငံဟာ အမေရိကန်. ထောက်ပံ့ရေး
ဂျပန်စစ်လျှော်ကြေးနဲ ထောက်ပံ့ရေး ဆိုဗီယက်ယူနီယံ ထောက်ပံ့ရေး ၊ တရုတ်နိုင်ငံရဲ ထောက်ပံ့ရေးတွေ ရခဲဘူးပါတယ်။ အခြား ခြားသော နိုင်ငံ
ကြီးငယ်တိုရဲ. ထောက်ပံ့မှုတွေ ရဘူးခဲ့ပေမဲ့ လွတ်လတ်တဲ့ကမ္ဘာမှာ နှောင်ကြိုးတတ်ကြိုး ချည် မခံနိုင်မှုကြောင့် ၊ ကြွေး ဟောင်းမဆပ်နိုင် ကြွေးသစ်လဲ မရ စီးပွားရေးလည်ပါတ်ဘို.အခက်အခဲဖြစ် ရတယ်၊ မရှိတာ
ထက် မသိတာခက် ကြောင့် ဆိုတဲ့ စကားအတိုင်းဘဲ။ နိုင်ငံမွဲဖြစ်ခဲ့ရတယ် ။မြန်မာနိုင်ငံကို မြန်မာပိုင် လုပ်ဘို. အရေးဟာ မြန်မာတွေ မြန်မာပါးမ၀လို.မဖြစ်နိုင်ခဲ့ဘူး ။ မြန်မာနိုင်ငံကို မြန်မာတွေ ပိုင်ခွင့် မရှိဘူးဆိုတာလဲ ထင်ရှား
စွာ တွေ.ခဲ့ရတယ်။


ကိုယ်ကျိုးဖက်သူ မဖက်သူဟာ နေရာတကာမှာရှီပါတယ်။ ကိုယ်ကျိုးမပါဘဲ ဘယ်သူမှ ဘာမှမလုပ်ပါဘူး အနဲဆူံး သူတပါးကို ကူညီချင်းသည် ကိုယ် အတွက် အောင်မြင်ရန်ဖြစ်သည်၊ ကိုယ့်ကိုကိုယ်ကူညီခြင်းသာ ဖြစ်သည် ဆိုတာလေးတော့ ရှိပါသေးတယ်။ ကျုပ်တိုနိုင်ငံ ၆၆ နှစ်ကာလ မှာ ဘယ်သူ
တွေကိုယ်ကျိုးရှာခဲ့ကြသလဲ ထင်ခြင်သူကိုသာထင်ပေတော့။ အထောက်
အထားပေးနိုင်ရင် ပိုကောင်းမယ် ၊ ၀ါးလုံးချီးသုတ် သိမ်း ရမ်းတာတွေဟာ ရိုးနေပြီ ။ လူ မလေး ခွေးမခံ့တော့ဘူး။ ချမ်းသာရေးသည် လူ.အခွင်.အရေး ဘဲ တဲ့။


ရင်နာစရာက သိရက်နဲ့ ဘာမှ မလုပ်နိုင်ဘဲ ခံလိုက်ရတာဘဲ။ တပ်မတော်ဟာ လူဆော်နံ လွန်းတယ်။ လူဆန်လွန်းတယ် ၊ အတိုက်အခံတွေနဲ.မိသားစုတွေ လူမျိုးစု မဟာမိတ်တပ်ပေါင်းစုအဖွဲဝင်တွေကတော့ လူကောင်းတွေပေါ. သူတို. အပစ်ကင်းပြီး မြန်မာ့ တပ်မတော်ကိုသာအပစ်ဖို.မှာပေါ. တပ်မတော် ကတော့ လူဆိုးတဲ့ လား ၊ အဲဒီအချိန်က တပ်မတော်က အစိုးရအဖြစ် အုပ်ချုပ်
နေတာကိုး။ တပ်မတော် ဆိုတာ ရန်သူရဲ ချီးမွမ်းမှူကို ခံရခဲပါတယ် ။ တပ်မတော်ဟာသူများမလုပ်ခြင်တဲ့ အလုပ်ကို လုပ်ရတဲ့သူ၊ ပြောရရင် အညစ်အကြေးနဲ့ မိလ္လာရှင်းသူပါ ကျေးဇူးဆိုတာ ရှာပြီး တင်ထိုက်တယ် လို လူကြီးများပြောသံ ကြားဘူးပါတယ် ။ ရန်သူမဟုတ်တဲ့သူကို ကိုယ့်မိတ်ဆွေ
လို. မှတ်ယူလို.မရပါဘူး တဲ့။


၁၉၈၈ ခုအရေး အများကြီး လေ့လာစရာတွေ ရှိမှာပါ ။ မြန်မာစကားမှာ။ ဥပဒါဏ် ကြောင့် ဥပဒ် ရောက်တယ် ဆိုလားဘဲ . အခု အဲဒီအတိုင်းဖြစ်နေပြီ
လေ ။

ဦးသိန်းစိန်အစိုးရနဲ့မဆလ အစိုးရ ဘာခြားသလဲ ဆိုရှယ်လစ် စီးပွားရေး စနစ်နဲံ. ဈေးကွက်အခြေခံစီးပွား ရေးစံနစ်ဘဲ. အခု မြန်မာနိုင်ငံမှာ ကုန်ဈေး
နှုန်းတွေ မြင့ခြငတိုင်းမြင်နေတယ်၊ မြန်မာငွေတန်ဘိုးကျဆဲဘဲ လုပ်ခ လစာ
တွေလဲ သောင်းဂဏန်း သိန်းဂဏန်း ရှိနေတာ မလောက်ဘူး၊ အရေအတွက်
ဘဲ လစာ တိုးတောင်းနေကြတယ် တခြား အခွင့်အရေးတွေလဲလိုခြင်နေကြ
တယ် ပေးရမဲ့သူက ပေးနိုင်ရင် ကောင်းတာပေါ.။


ဆူဆူပူပူတွေတိုးဖြစ်လာရင် ဒီအစိုးရ ဘယ်လောက် ကြာကြာခံမလဲ ။ ဟိုက တပွက်ပွက် ဒီက တဆူဆူ မီးတောင်လို အငွေ.တလူလူ ထွက် ၊ ဘယ်တော့ ပေါက်ကွဲအုံးမယ်မသိ ၊ ခံနိုင်ကြပါ့မလား ။


မြန်မာနိုင်ငံမှာ အမြင်ကျယ်သူ. တထွာပြ တလံ မြင်နိုင်သူတွေ အတွက်နေရာ မရှိပါဘူး။ ဒါကြောင် အပြင်သူတွေဌားနေရတယ် လိုသိရတယ် ၊ အချင်းချင်း
က အားနာတတ်တယ်လေ တစိမ်းကတော မနာတတ်ဘူးပေါ့။ မြန်မာနိုင် ငံ
မှာအနဲဆုံးသူများပြောတို်င်း နား မယောင်မဲ့သူတွေလိုတယ် ၊ မျိုးချစ် ပြည်ချစ်
ဆိုတာဟာ ၊ စီးပွားရေး ဝေါဟရ အရဆိုရင် ကိုယ့်အကျိုး စီးပွား ကိုယ် ကာကွယ်သူတွေ ပေါ့ဗျာ၊ ကိုယ်မကာကွယ်ရင် ဘယ်သူက ကာကွယ်ပေး
မှာလဲ လို.မေးလိုက် တယ် ၊ အမေရိကန် ကမ္ဘာ လှဲ့နေတာ သူ.အကျိုးစီးပွား သူကာကွယ်နေတာဘဲ ၊မင်း နှမကိုလိုက်ရှာနေတယ်လို.များ မှတ်သလားလို. ရိုင်းရိုင်းဘဲ မေးလိုက်တယ် ။




ဆက်ရန်ရှိ။