Article submitted by: Thunderbolts on 6-Aug-2013  
ရှစ် ၄ လုံး အ မင်္ဂလာ ပွဲ တဲ့။
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်(ခ) ကိုပေါ်ဦးထွန်း) ၊

ငယ်တုန်းက ကြားဘူးတာကတော့ ၊ ဂ ငယ် ၃ ခု ဥရှစ်ထု - ထုသူလဲ ကွဲ ခံသူလဲကွဲဆိုတာဘဲ၊အဓိပါယ် နားမလည်ခဲ့ဘူး ။ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာလဲ သိ ဘို.တော့ ဝေးရော။ငယ်သေးတာကိုး။

အခုဟြေတာက ရှစ် ၄လုံးလို.ခေါ်ကြတယ်၊ ဂ ငယ် ၄ လုံးလိုတော့မခေါ်ဘူး။ ဒါပေမဲ့လဲ ထုသူရောခံသူရော ကွဲခဲ့ ကြတာတော့ လက်တွေမို.သိတယ၊် အဓိပါယ်ရှာနေစရာမလို.သူများပြောတာ နားထောင် နေစရာမလို ဘူး။ သေသေချာချာနားမထောင်ရင် လေသံကြားရုံဘဲဆိုရင် ရှစ် ၄ လူံး ဆိုတာ Shit ၄ တုံး ဖြစ်သွားလိမ့် မယ် သတိထားကြဘို. ပါ။

ခင်ဗျာ တိုး ရှစ် လေးလုံး အထိမ်းအမှတ်ကျင်းပ ကြအုံးမယ်ဆိုတော့ စကား
လေး တခွန်း နှခွန်းလောက်တော့ ပြော ခြင်တယ် ခုံမြင်.ပေါ်က မဟုတ် ခုံအောက်ကဘဲ ပြောရြေ့ပာရ ပေါ.။ ခင်ဗျားရဲ ဗီဒီယို တိတ်လေး နားထောင် မိလို.လဲ ခင်ဗျားရဲ့.စကားလုံးလေး အချို. အလျှင်းသင့်လို.သုံးရင်း ခင်ဗျားကို
သိစေခြင်တာ လေးတွေ ပြောမလို.။

ခင်ဗျား မသိသေးရင် သိဘို.က ၁၉၄၈ ခုနှစ်ကမြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့
တာ အင်္ဂလိပ် ဖင်ကိုယက် လို. သူတို.လက်မကို ချိုချို အမှတ်နဲ့ စို့လို.ရခဲ့တာ
မဟုတ်ဘူး။ မြန်မာတွေကိုချစ်လို မေတ္တာရှိလို.နှစ်သစ် လက် ဆောင်ပေးတာ
လဲမဟုတ်ပါဘူး ၊ကိုယ့်အရိုးနဲ့ ကိုယ့်ကိုထိုး၊ကိုယ်ဆီနဲ့ ကိုယ်ကို ကြော်ခဲ့တာ
ဆိုတာ ကို ခင်ဗျားတယောက် နားလည် ဘို.လိုလိမ်.မယ်။

နှစ်ပေါင်း ၁၀၀ ကျော်ကျော် ခင်ဗျား ဘို.ဘွားတွေ ပါ မပါ တော့ မသိဘူး၊ ကျုပ်တို.ဘိုးဘွားတွေကသွေးတွေ ချွှေးတွေ အသက်တွေ ထောင်ပေါင်းများစွာ
ပေးခဲ့ ရင်းနှီးစတေးခဲ့ရတာ ပါ ၊ ၁၉၈၈ ခုက ခင်ဗျားတို. ပေးခဲ့ရ တယ် ဆိုတဲ့ အသက်တွေထက်များလဲ များ တန်ဘိုးလဲ ပိုပါတယ် ဆိုရင် ဆော်ကားတယ်
်လို.မထင်ပါနဲ့ထောက်ပြတာပါ ၊ ခင်ဗျားတို.သာဆော်ကားခြင်တိုင်း ဆော်ကား
ခဲ့တာတွေကိုလည်း နှစ်ပါတ်လည် တိုင်း မှာကျုပ်လို အကောင် ကတော့ သတိ
ရနေမှာ အမှန်ဘဲ့။ ကျုပ်သားသမီးတွေကို လဲ ပြောပြမှာလဲ ၊ ၁၉၃၃ ခုနှစ်တွေ
က တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှူုတွေရဲ အနှစ်သာရ နဲ့ အဓိပါယ်က ခင်ဗျားတိုရဲ လုပ်ရပ်ရဲ့ အနှစ်သာရ၊ အဓိပါယ်နဲ့ တခြားစီပါ။

ပြောခြင်တာက မနှိုင်းသင့်တာတွေကို မနှိုင်းပါနဲ့ဗျာ ငရဲကြီးတတ်ပါတယ်လိုဘဲ
ဗမာလို ရိုးရိုး ပြောပါရစေ။

ကျွန်ူသဘောက် ဘ၀ကလွတ်ခဲ့ရပြီးခါမှ ၊ ခင်ဗျားတို. လက်ထက် ။ခင်ဗျားတို
ခေါင်းဆောင်တွေ ခင်ဗျားတို. လက်ချက်ကြောင့် ကျွန် ပြန်ဖြစ်ရကိန်းကြုံ နေတာကို ခင်ဗျား ရဲတင်းစွာ ၀န်မခံရင်သာနေမယ်၊ သိကောင်းပါလိမ်မယ် ။

မြန်မာနိုင်ငံမှာ လက်ရှိ လတ်တလောြ့ပင်ပြောင်းလဲနေတာတွေ ။ ဖြစ်နေတာ
တွေဟာ ခုတ်ရာတခြား ရှရာတခြား တွေ ဆိုတာသိလို. ခင်ဗျား ဘ၀င်မကျ
ဘူး မဟုတ်လား၊ မျက်နှာမှာပေါ်တယ် ကျုပ်ဘာပြော နေတယ် ဆိုတာ ခင်ဗျား
သိပါတယ် ။ ဒါတွေကို ကြည်.လို.မရတာ ခင်ဗျားကိုယ်တိုင်က မပြောင်းလဲလို.
သာဘဲ လို.လဲ ပြောလို.ရတယ် ။ တရားခံ မရှာပါနဲ့။ ခင်ဗျားတို.သာ တရားခံ
ပါ။ ခင်ဗျားတို.ဟာ ကိုယ်က လွဲ ရင် အားလုံးမှာသာ အပစ်ရှိတယ် လို. ဆိုပြီး တရားခံ ရှာနေကြတာ ။

အသက် ၂၆ နှစ် ပိုကြီးလာပြီး လူခန္နာကိုယ် ထွားကြိုင်းလာတာတောင် ခင်ဗျား
ရဲ. ဦးနှောက် ထွားကြိုင်း ဖွဲ.ဖြိုး မှု မရှိတာကတော့ သေချာတယ်။ထောင်ထဲမှာ
စားရတဲ့ ထမင်းက ဦးနှောက် တခုထဲကိုသာ ကြုံ. စေတာ လို. ပြောခြင်လို.လား? ခင်ဗျား ဘာကိုမှနားမလယ်နိုင်သေးတာက သက်သေခံနေတယ်၊ ထောင်ထဲမှာ ဗဟုသုတ ဖတ်စရာစာအုပ် လေ့လာစရာတွေ မရှိဘူးလို.ပြောရင်
တော. ဖြစ်နိုင်ပါတယ် ။ အပြင် ရောက်တော့ ရော ခင်ဗျာ ဘာတွေ လေ့လာ
သလဲ ။ ခုံပျောက်လို ထိုင်စရာမရှိဖြစ်နေသလား။

တိုးတက်မှုတိုင်းနောက် မှာ ဆုတ်ယုတ်မှုဆိုတာ ကပ်ပါလာစမြဲဘဲ ဆိုတာကို နားလည်စမ်းပါလက်ခံ စမ်းပါ။ Side effect အတွက် anti dote ရှိဘို.လို
တယ် ဆိုတာ ပြောဘူးပါတယ် နော် ၊ ခင်ဗျားတယောက်ထဲ့တော.လဲ မဟုတ်
ဘူး အားလုံးဘဲ သိကြရမယ် ၊ သိထားရမယ် ကြိုတင် ပြင်ဆင်မှုတွေရှိရမယ်။နောင်မှ ပြူးတူး ပြဲတဲ့ တွေ မဖြစ်ကြနဲံ.။ ဖြစ်လို.လဲ အလကားဘဲ ။

ဟိုတုန်းကတော့ ငယ်သေးလို.ပေါလေ၊ ဒါတောင် ခင်ဗျား တက္ကသိုလ်ရောက်
နေပါပြီ ။ အကြောင်းအကျိုး အကောင်းအဆိုးနဲ့ တကွ ဖြစ်ပေါ်လာမဲ့ အကျိုး
ဆက်တွေကို ထည်.သွင်းစဉ်းစားခဲ့ ခြင်းမရှိဘဲ၊ ဆေး ဘယ်လောက် ကောင်း
ကောင်း side effect ဆိုတဲ့ မဆိုင်တဲ့ အကျိုးသက်ရောက်မှု ဆိုတာ ရှိစမြဲဘဲ.
ဒါတွေကို တက္ကသိုလ်ကျောင်းတော်သားကြီး ဖြစ်တဲ့ ခင်ဗျား ကြိုတင် စဉ်းစားခဲ့
သလား ၊ anti dote ပြေဆေးဖြေဆေးလေးများဖေါ်စပ်ဆောင်ထားသလား။

ဒီလှိုင်း စီး surfing လုပ်ခဲ့ကြတဲ့ ။ ခင်ဗျားနဲ အတူသမား တချို.တွေ တော. သူဟာနဲ့သူ ဟန်ကျနေကြတာ ခင်ဗျားအသိဆုံး။ ကျုပ်က သူတို.လို မဟုတ် ဘူးဗျ လို.အရှက်ပြေလေးများပြောခြင် သေးသလား ။ ပြောနိုင်ပါတယ် ၊ ဒါပေမဲ့ ဘ၀ ဆုံးရသူတွေ၊ ဘ၀ ပြုန်းရသူတွေလဲ ဒုနဲ့ ဒေး ၊ ရွာဆော်ကြီး ခွေးတွေလဲ တောင်ပုံ ယာပုံ ကြီးဘဲ ဆိုတာကို ခင်ဗျား ဘာပြော လိုသလဲ? ခင်ဗျားကို တနေ. ၀ိုင်းမကိုက်ကြရင် ကံကောင်းတယ် မှတ် ။

အခုပြောရတာ ပုဂိုလ်ရေးဆန်သလိုရှိနေပေမဲ့ ခင်ဗျားကို ပုဂိုလ်ရေး ပုတ်ခတ် တိုက်ခိုက်မှု လုပ်နေတာမဟုတ်ဘူး။ ဘယ်တုန်းကမှလဲ မလုပ်ခဲ့ဘူး။ သတိ
ကောင်းပြန် လည်လာအောင် ကြိုးစားကြည်.နေတာ။

ခင်ဗျားဟာ တိုင်းရင်းသား မွန်နဲ့ တရုတ် စပ်ပေါက်လို. မှတ်တမ်းအရ သိရ
တယ် ။ ဗုဒ္ဒဘာသာဘဲလို.ယူဆတယ် ၊ ဗုဓ္ဒ၀င် ဇါတ်တော်မှာ အဖေကို သတ်တဲ့ အဇာတသတ် ၊ နောက် တခုမှာ အမေ ကိုတောင် သတ်မလို.လိုက်တဲ့ တက္ကသိုလ်ကျောင်းတော် သားကြီး အင်္ဂုလိမာလ္လ ကို ဂေါတမ ဗုဓ္ဒ ကယ် ခဲ့လို. သာပေါ့ဗျာ ၊ ခင်ဗျားလဲ သာသနာ့ဘောင်ဝင်ပြီး ရိပ်ကြီးခိုဘို.အချိန်ရောက်ပြီ ထင်တယ်။ ကုဋီလေး ရေအိမ်လေး ဘာလေးဝင်ပြီ သန်.စင်ရေး လေးလုပ်လိုက်အုံး လို. အကြံပြု ခြင်တယ် ။

ဒါ ပါ ဘဲ။