Article submitted by: Thunderbolts on 1-Aug-2013  
ဖယ်ဒရယ်ဆိုတာ ရိုးသားဖြောင့်မတ် ရဲ့လား?
ဒို.လူကလေးများ ဆိုသလေး ။


ဖယ်ဒရယ် ၀ါဒဟာ ကာလဒေသ အလိုက် ရှိတယ် လို. မြင်တယ် ၊အမေရိကန်
ပြည်ထောင်စုကို အားကျ လို.ဆိုရင်လဲ ကျကြပါ ။ ဒါပေမဲ့ ဒီကအမြင်ပြောရရင်
မျိုးဖြုတ် လမ်းစဉ်ကို မလိုက်ဘဲ အမေရိကန်ဟာ ဖယ်ဒရယ် ဖြစ်မလာဘူးဆို
တာကို လဲ့ သတိချပ်စေလိုတယ်၊ မယုံရင် Indian Reservations ကြိုးဝိုင်း
ထဲမှာ လက်ရှိ ရှိနေတဲ့ ဌာနေ တိုင်းရင်းသားတွေကိုသာ သွားမေးကြည့်ကြ
ပေါ၊့ မြန်မာနိုင်ငံမှာ ခေတ်ဆက်ဆက် မင်းအဆက်ဆက်တို.နဲ့ အစိုးရတွေ
ဟာ Reservations ဆိုတဲ့ ကြိုးဝိုင်းဆိုတာကို ဖန်တီးခဲ့တာမရှိပါဘူး။ အခု လက်ရှိ ပြည်သူတရပ်လုံး ထောက်ခံအတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲစည်းပု အခြေခံဥပဒေမှာလဲ ကြိုးဝိုင်းတွှေ ဖွဲ့မထားဘူး ၊ နိုင်ငံသား အားလုံးဟာ နိုင်ငံအတွင်း မည်သည်. အရပ်ဒေသကိုမဆို လွတ်လပ်စွာ သွားလာနေထိုင် လုပ်ကို်င်စား
သောက်ခွင်.ရှိတယ် လို. ဆိုတယ်၊ ကိုယ့်ဟာကို ဖန်တီးနေကြရင် တော့လဲ မပြောတတ်ဘူး။




ဒို.နိုင်ငံ ရင် ဆိုင်နေရတဲ့ ပြသနာတွေဟာ ပြည်ပ နိုင်ငံတွေနဲ့ ဆက်ဆံရေး မပြေလည် လို.မဟုတ်ဘူး ၊ ဒို ရဲ့ နိုငငံခြားရေးမူဝါဒ ညံ့ဖျင်း ချို.ယွင်းလို.
လဲ မဟုတ်ဘူး ၊ ဒို.အချင်းချင်း သင့်တင့် အောင် မနေနိုင်ကြလို.ဘဲ ဖြစ်တယ်။ ရန်ပွဲ မဟုတ် တဲ့ စင်မြင့် ပေါ်က လက်ဝှေ.ပွဲမှာ အနီဒေါင့် အပြာဒေါင့် လက်ဝှေ.သမား ၂ ယောက် ကို အသီးသီး ထောက်ခံနေသူတွေ ကြောင့်လဲ လက်ဝှေ.သားတွေ နဖူးကွဲသူက ကွဲ ၊ မျက်ခုံးပြဲ သူက ပြဲနဲ.အစွမ်းကုန် ထိုးပြခဲကြတယ်၊ ပရိသတ်ကတော့ ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး ၊ နောက်ပွဲတွေ ကြည့်ဘို.လဲ အသင့်ဘဲ ။ တကယ်တော့ လက်ဝှေ.သမားဆို
တာဟာ ပရိတ်သတ်က ငွေပေးပြီး ထိုးကြိတ်ခိုင်းတဲ့ ကြေးစားတွေဘဲ ပေါ. ။




ဖွဲ.စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်နိုင်တာတွေကို ပြင်ဆင်ဘို.ခွင့်ပြုထား တာမှန်တယ်။ ပြက်ဆင် မယ် ဆိုတာကိုလဲ နားငြီးအောင်ကြားနေရတယ် .လိုအပ်တာ မလိုအပ်တာတော့ မသိဘူး။ ဒါပေမဲ့ တချို.လူတွေဟာ မင်းသား
ကြီးမလုပ်ရလို.ပတ်မကြီး ထိုးဖေါက်တဲ့ အနေ နဲ့ သူတို.အတွက်ကိုယ်ကျိုးသာ
ကြည့် နေကြတယ် ၊ သမတဖြစ်ဘို.သာ ငန်းငန်းတက် နေသူ ၊ ကိုယ့်မင်း ကိုယ်.ချင်းနဲ. သီးခြားနိုင်ငံ ပြန်လည် တည်ထောင်လိုသူ အမျိုးမျိုးရှိနေကြ
တာကြောင့် အကောင်းဖက်ထက် မကောင်းတဲ့ အဆိုး အကျိုးဆက် တွေများ
နေတာကို တွေ.ရတယ် ၊




၂၀၀၇ ခုမှာ နောက်ဆုံး ကျင်းပတဲ့ အမျိုးသား ညီလာခံက ချမှတ်ခဲ့တဲ့ အခြေခံမူတွေ နဲ့အညီ ရေးဆွဲခဲ့တဲ့ ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော် ဖွဲ.စည်းးပုံအခြေခံ ဥပဒေ ကို ၂၀၀၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲကြီးက အတည်ပြု ပြဌာန်းခဲ့တယ် ။ ၁၉၄၇ ခုနှစ် ပင်လုံ ညီလာခံမှာ မပါခြင်လို မပါဘဲ ကပျက်ရပျက် လုပ်ခဲ့သူတွေလိုဘဲ ၂၀၀၄ - ၂၀၀၇ အမျိုးသားညီလာခံ
ကိုလဲ ကွက်ခဲ့ကြပြန်တယ် တမင်္ဂလာ မတက်ဘဲ ဖျက်ဘို.ထိ ကြိုးစားကြသေး
တယ် ၊ အတိုက်အခံ ဆိုတဲ့သူတွေဟာ၊ သူတို.သေပြီးတဲ့နောက် ရှေ.အနာ
ဂါတ် မြန်မာနိုင်ငံတော်နဲ့ နိုင်ငံတော်သားတို.ရဲ့ အရေး ဘာတွေဖြစ်လို.ဘာတွေ
ပျက်နိုင်မယ် ဆိုတဲ့ အကျိုးဆက်တွေကို ထည့် သွင်းစဉ်းစားပုံ မရှိဘဲ ၊ အရင် စစ်အစိုးရ(န၀တ) ရေးစွဲခဲ့တဲ့ ဥပဒေဆိုတဲ့ အစွဲနဲ့ . သူတို လိုဘပြည့်ဘို. သာ
ရည်ရွယ်ပြီး တနပ်စားဥာဏ် ပြင်ဆင်ဘို.သာ ကြိုးစားနေကြပုံရှိတယ် ၊၊




ဒီမိုကရေစီဆိုတဲ့ စကားအရဘဲ နိုင်ငံသား အားလုံးရဲ အကျိုးအတွက် အကျယ်
မစဉ်းစားဘဲ မကြည့်ဘဲ ၊ တိုင်းရင်းသား လူမျိုးကြီး ဂ မျိုးတို.ဟာ ကျဉ်းမြောင်း
တဲ့ အမြင်နဲ့ ကိုယ့်လူမျိုးအတွက်သာ ဘဲ ကိုယ်ကြည့် ၊ လူမျိုးငယ် ၁၃၅ တို.ကလဲ့ သူတိုအတွက်သာ သူတိုကြည့်ပြီး နေကြမယ် ဆိုရင်၊ တိုင်းရင်းသား မဟုတ်တဲ့ တခြားမြန်မာနိုင်ငံသားတွေ ကလဲ ဘယ်လူမျိုးကြီးရဲ့ လက်အောက်
မှာ မှ ခံလိုကြမှာ မဟုတ် ၊ သူတို.ကလဲ သူတို.အတွက် သူတိုစဉ်းစားလာကြ
လိမ့်မယ် ။ ဥပမာ ပြောရရင် ရခိုင် ပြည်နယ်က ခေါ်တော တွေလိုပေါ.။ နိုင်ငံသားအဖြစ်တင်မက သူတို.ရဲ့ သီးခြားပြည်နယ် ဆိုတာပါ တောင်းဆို လာကြလိမ့်အုံးမယ် ။




ဒီအတိုင်းသာဆိုရင် အမျိုးသားပြန်လည် ရင်ကြားစေရေး တိုင်းရင်းသားမျာ ညီညွတ်ရေးဆိုတာ စကားထက် ဘာမှ ပိုမယ် မဟုတ်ဘူး၊ ဒီ ဖွဲ.စည်းပုံအခြေ
ခံ ဥပဒေကို ပြင်ဆင်ဘို.နဲ့ မလုံလောက်ဘဲ ဖျက်သိမ်းဘို.ထိ ဖြစ်လာမယ်။ စာတမျက်နှာချင်းဆုတ်ဖြဲ ပစ်ပြီး ဖွဲစည်းပုံအခြေခံမရှီတဲ့ နိုင်ငံတော်မှာ ဖွဲစည်း
ပုံအခြေခံ အပေါ် အခြေမခံတဲ့ အစိုးရ အဖွဲ.တဖွဲ. လိုအပ်ကောင်း လိုအပ်လိမ့်
မယ် ၊ ဒါမှမဟုတ် လက်ရှိဥပဒေကို ကာကွယ် မဲ့ အဖွဲ. တဖွဲ. ရှိရလိမ်.မယ်။




ပြောရမယ်ဆိုရင် ၁၉၄၇ ခု ပင်လုံညီလာခံ ပင်လုံစာချုပ်တို.ကြောင့်ကွဲရပြဲရ
တာ.မညီညွတ်ဖြစ်ရတာကို သိပါရက်နဲ့ ဒီပင်လုံစာချုပ်နဲ့ ဒီသဘောတူချက်
ဆိုတာကို ပြန်သွားခြင်တယ် ဆိုတဲ့ လူတွေရဲ့ အတွင်းစိတ်ရင်းကို ဓါတ်မှန် ရိုက်ဘို.မလို. ဗလာချည် မျက်လုံးနဲ့ မြင်နိုင်တယ် ။ ထစ်ကနဲဆို ပင်လုံ ပင်လုံ ၆၆ နှစ်ဆီပြန်သွား ခြင်နေကြတယ် ဆိုတာ သိသာတယ် ။ ရိုးသားပုံ မရှိဘူး
လို.ဆိုခြင်တယ် ။




စတုရန်းမိုင် ၂၆၁ ၂၂၇ ဧရိယာရှိ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ တိုင်းရင်းသား အားလုံးဟာ ကို မြေပေါ် မြေအောက် ရေပေါ်ရေအောက်ရှိ သဘာဝ သယံ
ဇာတတွေကို ပိုင်ဆိုင်ကြတယ်။ ဘယ်သူတဦးတယောက် မှလဲ ပုဂလိက တဦးတည်းပိုင်မဟုတ်သလို၊ ဘယ်လူမျိုးစု တစုကမှလဲ တစုထည်းမပိုင်ဆိုင်
ဘူး ၊ ဘုံပစ္စည်း ကို နိုင်ငံသား အားလုံး ပိုင်ဆိုင်တယ် ညီမျှစွာ ခွဲဝေ သုံးစွဲ
စားသောက်ကြရမယ် ဆိုတာဖြစ်တယ် ။ ဘုံပစ္စည်း ဆိုလို ကွန်မြုနစ် နဲ့ မှားမသွားစေလိုဘူး




ဖွဲ.စည်းပုံအခြေခံ ဥပဒေကို သေချာစွာ ဖတ်ရှုလေ့လာမယ်ဆိုရင် ၊ရင်ကြားစေ့
ရေး ညီညွတ်ရေးတွေကို ဦးတည် ရည်ရွယ်ထားတယ်။ ဒီဥပဒေကို လက်မခံ
ဘူး ဆိုရင် ရင်ကြားစေ့ရေး ညီညွတ်ရေးကို လက်မခံ ဘူးဆိုတာဘဲ ပေါ့ ။




ပုဒ်မ ၁၀ ။ နိုင်ငံတော်တွင်ပါရှိသည့် တိုင်းဒေသကြီးများ ၊ ပြည်နယ်များ ပြည်ထောင်စုနယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင် စုများသည် နိုင်ငံတော်
၏ နယ်မြေ အပို်င်းအခြား ဟူသမျှသည် နိုင်ငံတော် မှ မည်သည့် အခါမှ ခွဲမထွက်ရ။




ပုဒ်မ ၃၃၈ ။ နိုင်ငံတော် တွင်းရှိ လက်နက်ကိုင် အဖွဲ.အစည်းအားလုံးသည် တပ်မတော်၏ ကွက်ကဲမှု အောက်တွင် ရှိရမည်။ ဆိုတာကို တချို. လူမျိုးစ သူပုန်တွေက လက်ခံခြင်ပုံမရဘူး။




သူတိုမှာ ရှိတဲ့ စသယ်ဇာအတွေကို သူတို.ဘဲ လက်ဝါးကြီးအုပ်လိုတယ်။ ကာကွယ်ဘို.သူတိုကိုယ်ပိုင်စစ်တပ် လိုတယ် လို.ယူဆပုံရှိတယ် ၊ မြန်မာ့ တပ်မတော်ကို သူတို. ယုံကြည် စိတ်ချခြင်းမရှိရင် သူတို.ကိုရော မြန်မာနိုင်ငံ သား တရပ်လုံးနဲ့ မြန်မာ့ တပ်မတော်ကရော စိတ်ချရမှာလား?




ဒီအချက်ကို သဘောမကျတဲ့. သူတွေက တချိန်လုံးပြသနာ လုပ်နေကြတာ
ဘဲ။ သူတို ပိုင်ပစ္စည်း ဆိုပြီး သူများကိုမပေးနိုင်ဘူး ဝေမစားနိုင်ဘူးဆိုတာကို ပြနေတယ်။ ဒီမိုကရေစီကိုလဲ သဘော ကျပုံ မရဘူး။ သူ.နယ် ကိုယ်နယ် နယ်စားဝါဒ မင်းပြိုင်စံနစ်ဆီ ဦးတည်ပြန်သွားဘို.ကြိုးစားလုံးပန်း နေကြတာ
ကို တွေ.ရတယ်။ သူတိုရဲ့ စောဒက ကတော့ ကမ္ဘာပေါ်မှာ နိုင်ငံတွေဟာ ကိုယ့်မင်း ကိုယ့်ချင်းနဲ့ ရှိနေကြတာ ၂ နိုင်ငံ မကျုးကျော်ရေး ချစ်ကြည်ရေး အရ။ အတူယှဉ်တွဲနေထိုင်နေကြတာဘဲ တဲ့။ တချို.ကလဲ သဘော တရားတေ
ဟာ လက်တွေဖြစ်နိုင်ဘို.အရေးကြီး ပါတယ် တဲ့၊ အေးချမ်းစွာ အတူ ယှဉ်တွဲ
နေနိုင်ရေးဟာ သာ ရေးကြီးတာပါလို.ဆိုခြင်တယ် တဲ့၊




တချို.ကလဲ Israel Palestinian ပဋိပက္ခ အပါအ၀င် ၂၁ ရာစုနှစ် ဗြောင် ကျုးကျော်ရေး ခေတ်သစ် ကိုလိုနီ စစ်ပွဲကြီးတွေကို ထောက်ပြတယ်။ မှန်တာ
ကတော ၂ ဦး ၂ ဖက်စလုံးပါဘဲ ၊ သူ.နေရာနဲ့ သူပေါ့လေ။ ဒါပေမဲ့ မြန်မာ့
သမိုင်းဟာ အစွန်းအထင်း အမဲကွက်တွေဟာ ဘယ်လိုမှ မပျောက်နိုင်၊ ပြီးတာတွေ ပြီးပါစေတော့ လိုဆိုပြီး ထားလိုက်လို.မရဘူးဆိုတာ ကို ထင်ထင် ရှားရှားတွေ.နေရတယ် ။ ပြီးတာတွေကို မပြီးခြင်သူတွေရှိနေတာကို တွေ.ရတယ်။ ဒီလူတွေကို မထိမ်းနိုင်ရင် ခွေးရူးလို လမ်းပေါ်လွှတ်ထားရင်လွှတ်
ထားသူရဲ့ တာဝန်ဘဲ ၊ အမြင်မတော်သူက ဒီခွေးကို ရိုက်သတ်ရင် သူ.ကိုလဲ အပစ် မဆိုနဲ.အုံးလေ ။ ပါနာတိပါတ ကံကျုးလွန်တာလို.အပစ်တင် မလို.လား။ လူနဲ့တကွ အခြားသက်ရှိတွေကို ခွေးရူးရန်မှ ကာကွယ်တဲ့ သူတော်
ကောင်းလို. ပြောမလား ၊ ကိုယ်ဟာကို သာ လွတ်လပ်စွာ စဉ်းစားကြပေ
တော့ ။




အကြောင်းနဲ့အကျိုး ဆိုတာကို ပြောနေကြတဲ့ ဒို မြန်မာတွေဟာ မြန်မာနိုင်ငံ
မှာ ဖြစ်နေတဲ့ ပြသနာတွေရဲ့ အကြောင်းရင်း ကို မသိလို.လဲ မဟုတ်ဘူး သိပေမဲ့၊ တဦးပေါ်တဦး ယုံကြည် စိတ်ချမှု လုံးဝ မရှိလို.သာဘဲ ဆိုတာကို တွေရတယ် ၊ စိတ်ချစရာရော ရှိသလား?




အခု ဖြစ်နေတာကို ကြည့်ရတာက မြန်မာနိုင်ငံမှ သယံဇာတဆိုတာတွေဟာ လူမျိုးစု အချို.ရဲ့နယ်မြေဆိုတာ ထဲမှာ ရှိလို.သူတိုပိုင်ပစ္စည်း။ သူတိုသာ လွတ်
လပ်စွာ တူးဖေါ် ထုခွဲရောင်းချပိုင်ခွင့်ရှိတယ်၊ ကျန်သူတွေနဲ့ မဆိုင်ဘူး ၊ အထူးသဖြင် မြန်မာဆိုတာ သူတို.မဟုတ်ဘူး ၊ မြန်မာနိုင်ငံဟာ သူတိုနိုင်ငံ
မဟုတ်ဘူး။ မြန်မာအစိုးရ ဆိုတာ သူတို.အစိုးရ မဟုတ်တဲ့ အတွက် သူတိုကို ဘာမှ သြဇာပေး စရာမလိုဘူးလို. ယူဆ နေခဲ့ ကြတာ ၆၆ နှစ် ကြီးများတောင်
ရှိနေပြီ။ မြန်မာ့ တပ်မတော်ကိုတောင် ရန်သူတပ်ရယ် လို.မြင်ပြီး ၊ သူတိုကိုယ်
သူတို လက်နက်တပ်ဆင် ကိုယ်ပိုင်တပ်မတော်တွေ ထည်ထောင်နေတာဖြစ်
တယ် ။ ဒီလက်နက် ကိုင် တပ်တွေကို မဖျက်သိမ်းသမျှ ဘယ်သူကမှ ဘယ်သူ
ကို စိတ်ချယုံကြည်မှု ရှိလိမ့်မယ်လဲ မဟုတ်ဘူး။




ဒီမိုကရေစီခေတ်မှာ မြေပေါ်ကိုလဲ သူတို.ထိုးဖေါက်လာပြီး မြန်မာ့တပ်မတော်
ကို နံပါတ် (၁ ) ရန်သူ အဖြစ် မြင်အောင် လှုံ.ဆော်သူတွေလဲ ရှိတယ်။ မရ
တဲ့ အဆုံး ဒီမိုကရေစီ ဘန်းပြပြီး တဖက်ကလဲ သူတို.အခွင့်အရေး လူမျိုးစု အခွင့်အရေး၊ လူ.အခွင့်အရေးဆိုပြီး လုပ်လာခဲ့ကြတယ်။ ဒီမိုကရေစီကို ယုံကြည်လို.တော့ မဟုတ်ဘူး။ ဒီမိုကရေစီဟာ သူတို.အတွက် အသုံးဝင်
တယ် ဆိုတာသိလို.ဘဲ ၊ ဒီမိုကရေစီ လွှရာ ပေး၊ လူ.အခွင့်အရေးနဲ့ သတ်သွင်း
ပြီး နောက်ဆုံး ပုဆိန်နဲ့ ဘဲခုတ်လှဲလိမ့်မယ် ဆိုတာ ကြိုတင်မျှော်လင့်ထား
တယ် သိထား တယ်။ ၁၉၈၈ ခုက ပုဆိန်ရိုးတွေ အတော်ထင်ပေါ်ခဲ့တယ် ဆိုတာ တွေ.ရတယ်လေ ။




ဦးသိန်းစိန် တယောက် သူ.သမတ သက်တန်း ၄/၅ နှစ်အတွင်း စိတ်ကြိုက်
လုပ်ဘို. လွှတ်တော်က တာဝန်တရပ်ပေးပြီး လွှတ်ထား ပုံရှီတယ်၊ ငြိမ်းချမ်း
ရေးကောင်အထည် ဖေါ်ဘို.၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး တိုင်းရင်း
သား စည်းလုံးညီညွတ် ရေး ခေတ်မီတိုးတက်သော စက်မှူု နိုင်ငံတော်ဖြစ်ရေး ဆိုတဲ့ တာဝန်တွေ နဲ့ ပေါ.။ သူမလုပ်နိုင်ရင် လုပ်နိုင်မဲ့သူကိုရှာရလိမ့်မယ်။




ပဌမ သက်တန်း အတွင်းမှာ ငြိမ်းချမ်းရေး ရဘို.ဆိုတာ ဝေးလို. အပစ်အခတ်
ရပ်ဆဲရေးတောင် တည်ပါ့မလား? တချိန်က ခေါင်းဆောင် တယောက်ပြော
ခဲ့တဲ့ တနှစ်အတွင်းငြိမ်းချမ်းရေး ဆိုတာမှတ်မိ ကြမှာပေါ.၊ အဲဒီ ငြိမ်းချမ်းရေး ဘယ်မှာလဲ ?




အခု ၆၆ နှစ် ရှိနေပြီ၊ ဦးသိန်းစိန်ကလဲ မြန်မာနိုင်ငံတ၀ှမ်းလုံး သေနတ်သံ
တွေ ပဌမဆုံးအကြိမ် ရပ်ဆဲ တော့ မယ် တဲ့ ၊ ဘယ်နေ.ဘယ်ရက်တော့ မသိဘူး ၊ ဟုတ်မှလဲ လုပ်ပါ မောင်ကြီးရယ်။ လုပ်စရာရှိတာ အရင် လုပ်စမ်းပါ မျှော်လင့်ချက်တွေ ကတိက၀တ်တွေ သိပ်မပေးစမ်းပါနဲ့ အလုပ်နဲ.သာ ပြစမ်း
ပါ၊ ဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာ ။ အပစ်အခတ်ရပ်ဆဲရေး က မတက်သေးဘူး ဆိုတာကို ပြောနေတာလား?




အပစ်အခတ်ရပ်ဆဲရေး မှ လုံးဝငြိမ်းချမ်းရေးဆီသို. ဆိုတာဟာ အဝေးကြီးလိုသေးလို.ပြောခြင်တာလား? အရောင်ပြ မက်လုံးပေး တခုသာတော့ မဖြစ်စေခြင်ဘူး ။ အထူးသဖြင်.အပစ်အခတ်ရပ်ဆဲရေးဆိုတာဟာ မောလို.
အနားယူတာ၊ လျှော့နဲနေတဲ့ လက်နက် ခဲယမ်း ပြန်စုဆောင်းတာ သက်သက် မဖြစ်သင့်ဘူး။ အစိုးရအပေါ် လက်နက်ရောင်းချမှုတွေ ပိတ်ပင်ခဲ့ ပြီး ပြန် ဖွင့်ပြန်တော့လဲ လက်နက်ဆိုတာ အဆောင်အယောင် တခုထက်ဘာမှ မပိုအောင် သုံးမရအောင် စည်းကမ်းသတ် ချုပ် ချယ်ထားတယ် ၊ အစိုးရဟာ နိုင်ငံတကာ ဥပဒေစည်းကမ်းလိုက်နာရပေမဲ့ ၊ လက်နက်ပုန်းရောင်းသူတွေ
ဟာ သူပုန်တွေကို တနည်းမဟုတ် တနည်းနဲ့ လက်နက် ခဲယမ်း ပေးသွင်းနေ
တာတွေ ရှိတယ် ၊ သူပုန်တွေဘက် က ၀ါဒဖြန်. စည်းရုံးလှုံ.ဆော်ပေးနေတာ
တွေရှိတယ်။ သူပုန်တွေရော သူတိုပါ ဘာဥပဒေစည်းကမ်းကိုမှ လိုက်နာစရာ
မလိုဘူး။




မေးစရာက သူပုန်တွေရဲ့ လက်နက်နဲ့ ချိန်းချောက် အကြပ်ကိုင်မှုကို ပြည်သူ
တွေနဲ့ အစိုးရတို.က ခံနေရမှာ လား ? အကြမ်းဖက် သမားတွေရဲ့ တောင်းဆို
ချက်တွေကို ပြည်သူတွေနဲ့ အစိုးရက လိုက်ရောရမှာလား?




ကိုယ်တယောက် ထဲ ကိုယ် တစုထဲနဲ ပြီးမဲ့ ကိစ္စတွေလဲ မဟုတ်ပါဘူး။ လူတွေ
နဲ့ပါတ်သက်တာတွေ လူတွေ ကိုအသိပေးရမယ် ပွင်လင်းမြင်သာ မှဖြစ်မယ်၊ ပြည်သူလူထု လုံခြုံရေးကိစ္စတွေကို ပြည်သူတရပ် လုံးကို အသိပေးရမယ်၊ လျှို.၀ှက်ထား ဖုံးထား ကွယ်ထားလို.မရဘူး။ ပြည်သူ.အားကို အများကြီးလို
တယ်၊ ပြည်သူ. သဘောထားကို သူပုန်တွေလဲ သိဘို.လိုတယ်။ နိုင်ငံတကာ သိဘို.လိုတယ် ။




လုပ်နေပါတယ် ဆိုတာ နဲ့ မပြီးဘူး။ ဘယ်အခြအနေရောက်နေသလဲ ဘာ အခက်အခဲတွေ ရှိနေသလဲ ဆိုတာ ပြည်သူတွေကို အစိုးရက အသိပေးရမဲ့ တာဝန်ရှိတယ် ဘယ်နေရာမှာ တစ်နေသလဲ ဘယ်နေရာမှာ ဘယ်သူကြောင့်
လဲ ဘာကြောင့်လဲ ဖြစ်တာကိုသာ မြင်သာအောင် တင်ပြ လူထုက ဆုံးဖြတ်ပါ
စေ ၊ ဒါဟာ ဒီမိုကရေစီဘဲ ။




နောက်မှ ဆက်ကြသေးတာပေါ့ ။