Article submitted by: minkyaw thuyein on 30-Jul-2013  
ညီညာစွာ တို.တတွေ ထမ်းဆောင်ပါစို.။
ဒို.လူကလေးများ ဆိုသလေး ။
မှတ်မိကြမှာပေါ. ၂၀၁၂ ခု အောက်တိုဘာ ၈ ရက်နေစွဲနဲ့ ဘာလဲဟဲ့ ဒါ ဒို.ပြည် ဒါ ဒို.မြေ ဒို.အမွေ နဲ. ဒို.တတွေ ခေါင်းစဉ်တပ်ပြီး မင်းကျော်သူရိန် က စာတစောင်ရေးခဲ့ ဘူးတယ် ။


ဒီနေ.မြန်မာနိုင်ငံမှာ သမတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ အဖြစ်နဲ့ ဦးရွှေမန်း ဦးဆောင်တဲ့ အစိုးရဟာ နိင်ငံ တော်ကို ပိုပြီး ခေတ်မီ ဖွံ.ဖြိုးတိုးတက် အောင် ဆောင်ရွက်နေတယ် ၊ ပြည်တွင်းပြည်ပ ပံ့ပိုးမှု တချို.လဲ ရနေတယ် ။ ပိုမိုရရှိ တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေ လဲ လိုအပ်တဲ့.အပိုင်းတွေမှာ လုပ်ကိုင် ဆောင်ရွက်နေတာလဲ ဖြစ်တယ် အများအကြိုက်စကားလုံးသုံး
ရရင်တော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုတာဘဲပေါ ။


တနိုင်ငံလုံး အတိုင်းအတာနဲ့ တချိန်ထဲမှာ ဥုံဖွ ဆိုတဲ့ မန်းဆေးနဲ့တော့ တပြိုင
်နက် ၅၅ သန်းရဲ လိုအပ်ချက် တွေ ဖြစ်လာလိမ်.မယ်လို. ယုံကြည်နေလို.တော့မရဘူး ၊ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ရော၊ ပြည်ပက သူတွေရော မျှောင်လင့်နေလို.မရဘူး ။


စီးပွားရေး ပိတ်ဆို.မှုတွေ ရုတ်သိမ်းတယ် ဆိုပေမဲ့၊ မနေ. တနေကမှ တာဝန်ရှိ ပုဂိုလ်တွေ နိုင်ငံလှဲ့လို.ပြီး တယ် ၊ ရင်းနှီူမြုန်နှံသူ တချို.ကလဲ လေ့လာ
တုန်းဘဲ ရှိသေးတယ် ၊ မြော့ သွေးစမ်းတုန်းဘဲ ရှိသေး တယ် ၊ မြန်မာနိုင်ငံ
ကိုယ်တိုင်ကလဲ သူတိုကို လက်ခံဘို.အသင့်မဖြစ်သေးတာတွေရှိမယ်။
မြန်ခြင်တိုင်း မြန်လို.မရတဲ့ အခြေအနေတွေဘဲ ။


အရေးကြီးတာက စီးတဲ့ရေ ဆယ်တဲ့ကဇဉ်း ဆိုသလို. ရရှိပြီးသော ရင်း နှီးမြုတ်နှံမှူတွေ တိုးတက်လာတဲ့ အပိုင်းတွေကု မထိခိုက် မပျက်းဆီး မလျှော့ပါးအောင် ဘယ်လို ထိမ်းသိမ်း ကာကွယ်စောင့်ရှောက် ကြ မလဲ ဆိုတာဘဲ ၊


စကားတွေကတော် များပါတယ် ၊ အလကားရတဲ့ နွား သွားဖြဲကြည့် ဆိုတဲ့စကား အရိုးများတယ် ချီးခါးတယ် ဆိုတာတွေ ၊ ပေးတာသာ ယူလိုက် ဘာမှ အထွန်.တက်မနေနဲ့ လို.ပြောတာလား။ မစစ်ဆေး ရဘူး မျက်စေ့သာ မှိတ်ထားဆိုတော့လဲ၊ ခက်သားဘဲ ။


၂၀၀၈ ခု ဖွဲ.စည်းပုံအခြေခံ ဥပဒေ ၊၂၀၁၀ ခုက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေ
ကို မဲလိမ်မှုတွေရှိ ကြောင်း မသမာမှူတွေ ရှိကြောင်း အပါအ၀င် ။ အမျိုမျိုးဝေဖန်ကြတယ် ရှုံ.ချကြတယ် ပစ်တင်ကြတယ်။ ၊ ၂၀၁၂ နိုင်ဘာလ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ မှာ မစ္စစ် အဲရစ် အပါအ၀င် ရွေးကောက်ပွဲ ၀င် NLD အဖွဲ့ဝင် တွေ မှန်သမျှ အနိုင်ရပြီး ပါလီမန်ထဲရောက်လာတယ် ၊ မဲလိမ်မှုတွေ
ွရှိ ကြောင်း မသမာမှူတွေ ရှိကြောင်း အပါအ၀င် ။ ဝေဖန်မှု အမျိုမျိုး ရှုံ.ချကြမှု ပစ်တင်မှုတွေ ဘာသံမှ မကြားရတဲ့ ခြောက်ပစ်ကင်း သဲလဲ စင် ရွေးကောက်ပွဲဖြစ်ခဲ့ တာ အံသြစရာဘဲ ၊


ဒီနေ.မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဆီ၊ ဒါမှမဟုတ် မတိုင်ခင် အချိန်တွေ ဆီ တရွေ.ရွေ. ပြန်သွားနေတယ် လို.ဆိုခြင် တယ်. ၊ နောက် မပြန်ခြင်သည့် တိုင် နောက်ပြန်နေတယ် ဆိုတာ သိကြပါသလား၊ မြင်ကြပါ သလား။ သိသူ မြင်သူတွေ ရှိတယ် ၊ မသိသူ မမြင်သူတွေ ကို သိသူတွေကဘဲ ပြန်ပြော လိုက်ကြတော့ ၊


မျက်စေ.မှိတ်ထား ရမလား။ မြင်တာလေးတောင် မပြောရတော့ဘူးလား ၊ ထင်မြင်ယူဆချက် တွေဆိုတာ လူတိုင်း ဟာ ကိုယ်ဟာကို ထင်ခြင်တာထင် ယူဆခြင်တာသာ ယူဆပိုင်ခွင့်ရှိကြတာဘဲ ။ ကိုယ်ပြောခြင်တာ ကို ပြောပိုင်
်ခွင့်ရှိတယ် ပြောတာ မပြောတာကတော တဂဏ္ဍ ပေါ့။ ပြောစရာရင် ရိုးသားပွင့်လင်း စွာပြောကြ ရမယ် ၊တမြုံမြုံ ဖြစိနေရင် မကောင်းဘူး ။ မကျေနပ်တိုင်း အရေမရ အဖတ်မရ ရိုင်းဆိုင်းတဲ့ စကား တွေနဲ့ ရှောက် ဆဲနေလို.တော့ ဘာမှ ဖြစ်မလာဘူး. တဖက် ကို အနိုင်ပေးတာနဲ တူတယ် ကိုယ်ပျော.ညံ့အားနဲမှုကို ကိုယ်ပြတာဘဲ။ ကိုယ်ကြောင့် နစ်နာသူ ဟာ ကိုယ် အပါအ၀င် နိုင်ငံတော် နဲ့ နိုင်ငံသားတိုဘဲ ဖြစ်လိမ့်မယ်။


နိုင်ငံတော် သမတ ဦးသိန်းစိန်ကလဲ မကြာခဏ ဆိုသလို. ရှေ.သို.ချီတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို နှောင့်နှေးစေမှာတွေ နှောက်ယှက် စေမှာတွေကို မဖြစ်ရအောင် သတိပေးလေ.ရှိတယ် ။ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း ကလဲ ထိုနည်းတူ မစ္စစ် အဲရစ် တိုနဲ့. သူတို.ပူးတွဲ ဆောင်ရွက်နေ ကြတာ ဟာ အစိုးရအဆက် ဆက်က အပြောသာရှိခဲ့တဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့
ရေး ဆိုတာကို လက်တွေ.အကောင်အထည် ပေါ်အောင် ဆောင်ရွက်ဘို.ဖြစ်ကြောင်း ၊ နောက်ကြောင်း အမှောင်ကာလတွေဆီ ပြန်မရောက်လို လို့ပါ လို.အလေးအနက်ထားပြောခဲ့တယ် ၊ ဒါကိုအနားမှာ ကပ်ထိုင်နေတဲ့ မစ္စစ်
အဲရစ်က စပ် ဖြဲဖြဲ ပြုံးစေ့စေ့ ညုတုတုနဲ့ အရေးမကြီးသယောင် ဂရုမစိုက် သယောင်လုပ်နေတယ်။ ရေးကောက်ပွဲ အကြောင်းဘဲ ပြောနေတယ် လို.ထင်တယ်။


နောက်ကြောင်း အမှောင်ကာလ ဆိုတာ ဘယ်ကါလ အထိဆိုတာမပြောပေမဲ့ ၁၉၈၈ ခုနှစ် ကာလ ထိလောက်ကို ရည်ညွှန်းပုံရှိတယ်။ ၁၉၈၈ ခု မတိုင်မီ ၊ စတုတ္ထ မြန်မာနိုင်တော် မတည် မီ ကါလတွေအထိ ပြောတာလဲ့ ဖြစ်ခြင်ဖြစ်မယ်။


နိုင်ငံရေးသမားတွေဟာ သာမန်လူတွေနဲ့မတူဘူး သူတို.ကျွှမ်းကျင်တဲ့ နိုင်ငံရေးဘာသာရပ်နဲ့ဘာသာစကား ကို သူတို.အချင်းချင်းဘဲ နားလည်
်ကြတယ် လို.ပြောရင် လုံလောက်မယ်။ သူတို.ပြောတဲ့ စကားဟာ နိုင်ငံနဲ့ လူမျိုးအတွက်ရော၊ တဦးတယောက် ယောက်အတွက်ပါ ဘယ်လိုအဓိပါယ် ရှိတဲ့ စကားဝှပ်တွေလဲဆိုတာကို သူတို.သာသိကြလိမ့်မယ် ။


သာမန်လူအနေနဲ့ ပြောရရင် သူတို ၂ ယောက် ဘယ်သူကဘယ်သူ.ကို ပါးပါး
လှီးနေသလဲ တယောက်ကို တယောက်က ဘာတွေ သတိပေး ချိန်းချောက်
နေသလဲ၊ အကြပ်ကိုင်နေကြသလဲ ဆိုတာက စပြီး ဘာတွေ အပေးအယူ
လုပ်နေကြသလဲ ဆိုတာထိ ၊ အကောင်း အဆိုး မြင်ခြင်တာမြင်လို.ရပါတယ်။
အတူကြိမ်ကြံနေတာလဲ ဖြစ်ခြင်ဖြစ်မယ်။ မပြောနိုင်ဘူး။


ဥပမာ ပြ ပြောရရင်၊ ရုရှား ဖယ်ဒရယ်ရေးရှင်းလို. Mikhail Gobachev ပါလီမန်ထဲမှတင် အရှက်တကွဲ ဖြုတ်ချခံပြီး ထန်းရည်သမား ကိုကြီးပျော် Boris Nikolayevich Yeltsin အနောက်အုပ်စု ရဲ့ ဘုန်းတော် ဘွဲ.ခံ စိုးစံ
ခဲ့တယ် ၊ Gobachev ကိုတော့ နိုင်ငံတော် ဖြိုခွဲမှု တာဝန်ကျေပြွန်မှု.ကြောင့် အနောက် အုတ်စုက ငြိမ်းခြမ်းရေး နိုဘယ်ဆု, ချီးမြင့်ခဲ့တယ် ။ Yelsin ဘာတွေ စိတ်ကူး ပေါက်တယ် ဘာတွေ ကြောက် လို.လဲ မသိ။ မြန်မာနိုင်ငံမှာ ဦးနုက ဗိုလ်ချုပ်နေ၀င်းကို အာဏာ လွှဲဘူးသလို ၊ Russia KGB ခေါင်းဆောင် Vladimir Putin ကို သမတ အာဏာလွဲခဲ့တယ် ။ ၂၀၀၈ ခု သမတရွေးကောက်ပွဲမှာ Medvedev သမတ အရွေးခံရ လို Putin ၀န်ကြီး
ချုပ်ဖြစ်သွားတယ် ၊ ၂၀၁၂ နှစ် ရွေးကောက်ပွဲမှာ တော့ Putin အနိုင်ရလို. Medvedev ၀န်ကြီးချုပ် အခန်.ခံရတယ်. United Russia Party.ကလဲMedvedev ကို ပါတီခေါင်းဆောင် အဖြစ်ရွေးကောက်ခဲ့ တယ်။


နိုင်ငံရေးဆိုတာ သီးခြား ဘာသာတရပ်မို. နာလည်ဘို.ရာ ခက်ပါတယ်. မြန်မာ့နိုင်ငံရေးလဲ ဒီအတိုင်းဘဲဖြစ် လိမ့်မယ်လို. ယူဆရမယ် ။ ဒါပေမဲ့ နိုင်ငံသား တွေဖြစ်ကြတဲ့ တို.တတွေ ဟာ သူတို.ပြောဆို လုပ်ကိုင်နေ တာတွေ ကို တတ်နိုင်သမျှ နားလည်အောင် ကြိုးစားသင့်ကြတယ် ၊ ဒီလိုမှ မဟုတ်ရင် သူတို.အပါအ၀င် နိုင်ငံရေးသမားတွေဟာ တို.ကိုအမြဲ ပါတ် နေမှာဘဲ ။ တို. အတွက်လိုအပ်တာကတော့ နို်င်ငံတော် အေးချမ်းသာယာ
ရေး၊ တည်တန်.ခိုင်မြဲရေးဟာ အထိကဘဲ ။ သူတိုလုပ်နေတာတွေကို မှားသည် မှန်သည် ဆိုတာကို အဓိဌာန် နိုင်ငံတော် သီချင်းနဲ့ ချိန်ထိုးကြည့်ဘို.လိုမယ် ။

နိုင်ငံတော် သီချင်းမှာ ပြောထားတာက ၊ ။
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ တို.ပြည် တို. မြေ ၊ များသူခပ်သိမ်း ငြိမ်းချမ်းစေဘို. ခွင့်တူညီမျှ ၀ါဒ ဖြူစင်တဲ့ ပြည် ၊ တို.ပြည် တို. မြေ-ပြည်ထောင်စုအမွေ အမြဲတည်တန်.စေ။ အဓိဌာန်ပြုပေ ထိမ်းသိမ်းစို. လေ။ ကမ္ဘာမကျေ မြန်မာပြည် တို.ဘိုးဘွားအမွေစစ်မို.- ချစ်မြတ်နိုးပေ။ ပြည်ထောင်စုကို အသက်ပေးလို. တို.ကာကွယ်မလေ- ဒါတို.ပြည် ဒါတို.မြေ တို.ပိုင်နက်မြေ၊ တို.ပြည် တို.မြေ အကျိုးကို ညီညာစွာ တို.တ တွေ ထမ်း
ဆောင်ပါစို.လေ - တို.တာဝန်ပေ - အဖိုးတန်မြေ ။


မြန်မာနိုင်ငံသား တယောက်အနေနဲ့ ဒီသီချင်းကို အလွတ်ရနေသင့်တယ်၊ ရကြသလား။ ဆိုကြသလား ။ ဆိုဘူးသလား။ ဆိုကြရင်လဲ အစက အဆုံး အပြည်အစုံ ဆိုသလား ကမ္ဘာမကျေ ကပြီး အဖိုးတန်မြေ အထိဘဲ ဆိုလိုက်သလား ၊ အထက် အပိုဒ် တရားမျှတ က ထိမ်းသိမ်းဆို.လေ ထိမေ့ပစ်လိုက်ကြသလား၊


ကျောင်းတွေမှာ၊ အခန်းအနားတွေမှာ၊ နေ.စဉ် အလံတင် အလံချတိုင်း နိုင်ငံတော် သီချင်းကို အစကအဆုံး ဆိုဘို. ရုံးပြင်ကန္နားတွေမှာ အလံတော် နေ့စဉ် လွှင်ထားဘို. ဥပဒေပြဌာန်းဘို.လို မယ်။


နိုင်ငံတော်သီချင်း ဆိုတာကို အပြည့် အစုံ အစက အဆုံး ဆိုဘူးကြမယ် ထင်ပါတယ် ၊ လေးနက်တဲ့စာသား တလုံးချင်း အဓိပါယ်နားလည် ကြမယ် ထင်ပါတယ်၊ နားလည်ဘို.လဲ ကောင်းတယ် ။ နိုင်ငံတော် သီချင်းကို ဆိုရင် ၊ အဓိပါယ်နားလည်ရင် သဘောပေါက်ရင် နိုင်ငံသား တယောက်အနေနဲ့ ကိုယ်ဘာလုပ် ရမယ် ကိုယ့် တာဝန် ဘာတွေ ဆိုတာ သိလာလိမ့်မယ်။ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်တွေ တဖွားဖွား ပေါ်လာမယ်။


တချို.ကလဲ မြန်မာနိုင်ငံဟာ ဒီသီချင်း စာသားတွေနဲ့ ညီတဲ့ နိုင်ငံ မဟုတ်ဘူး
လို. ဝေဖန်ကြပါတယ် ။ သီချင်း ဟာ အဓိဌာန် ၊ ဖြစ်သင့်တာကိုပြောထားတာ
ပါ၊ ဖြစ်ပါတယ် လို. ပြောထားတယ် မထင်ဘူး။ မဖြစ်သေးရင် ဖြစ်အောင်လုပ်
ကြဘို. နိုင်ငံသားတိုင်းရဲ့တာဝန်ဆိုတာကို သတိပေးထားတာ တိုက်တွန်းထား
တာ လမ်းညွှန်ထားတာလို.မြင် တယ်။ ဒါကြောင့်လဲ နောက်ဆုံးအပိုဒ်မှာ။ ပြည်ထောင်စု ကို အသက်ပေးလို တို. ကာကွယ် မလေ -ဆိုထားတာဟာ မြန်မာ့တပ်မတော် ရဲ့ တာဝန် သာဖြစ်တယ်လို ယူဆဘို. မဟုတ်ဘူး ။ တို.ပြည် တို.မြေ အကျိုးကိုညီညာစွာတို.တတွေ ထမ်းဆောင် ပါစို.လေ ဆိုပြီး
ပြောထားတယ် ။ညီညာစွာ တို.တတွေ ထမ်းဆောင်ပါစို.လေ-တို.တာဝန်ပေ အဘိုးတန်မြေ တဲ့။ တဦးထဲ တစုထည်း မစွမ်းဆောင် နိုင်ဘူး။ တို.အားလုံး ညီညာစွာ ထမ်းဆောင်ရမယ် လို. တိုက်တွန်းထား တယ်။ လိုအပ်တဲ့ ပြုပြင်
ပြောင်းလဲမှုတွေကို အစိုးရပိုင်းက ဆောင်ရွက်သွားရုံနဲ ဖြစ်မလာဘူး ၊ နိုင်ငံ
သားတွေ အပိုင်းကလဲ လွှတ်တော်က ပြဌာန်းတဲ့ ဥပဒေတွေကို တသွေမတိမ်း
လိုက်နာ ထိမ်းသိမ်းမှလဲ ဖြစ်လိမ့်မယ် ။


ပျော်ပျော် ပါး ပါး ပေါ့.