Article submitted by: minkyaw thuyein on 23-Jul-2013  
ပြောမယ်နော် နားသာထောင်ပေတော့။
ဒို.လူကလေးများဆိုသလေး။


ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေပါတယ်တဲ့ လား၊ ကောင်းပါ့ဗျာ ကောင်းပါ့ ၊ ကောင်းပါ့။ Union Peacemaking Work Committee (UPWC) ဆိုတာက ဆောင်ရွက်နေတယ် လို.ကြားရတယ်၊ ဘယ်သူ ဘဲဆောက်ရွက်ကြ
စေ နိင်ငံတော်နဲ့ နိုင်ငံသားအကျိုး ပြ ပြီး ကိုယ်ကျိုးရှာကြလို.တော မဖြစ်ဘူး။


Federalism ဆိုပြီးလဲ မောင်ပိုနဲ.ကျား ပုံပြင်လို. ပိုနေမြဲ ကျားနေမြဲ ဆိုတဲ့ ဆုံးဖြတ်ချက် ရုံးမိန်ကြောင့် ပဋိပက္ခတွေ ပြီးသွားပြီး ငြိမ်းချမ်းရေး ရမှာတော့ မဟုတ်ဘူး ထင်တယ် ။


မြန်မာနိုင်ငံဟာ နယ်စပ်မှာ ဖြစ်နေတယ် ဆိုတဲ့ လူမျိုးစုဝင်၊ ဘာသာကွဲ လက်နက်ကိုင်အချို.နဲ့ အစိုးရတပ် တို.ကြား တခါတလေ ပစ်ခတ် နေကြ တာကလွဲရင် နိုင်ငံဟာ ယေဘုံယျအားဖြင်.အေးချမ်းသာယာ လျှက် ရှိပါ
တယ် ဆိုရင် လက်ခံ မလား - လက်မခံဘူးလား ?


ဖြစ်တာကို ဖြစ်တဲ့အတိုင်း အရှိကိုအရှိအတိုင် အလိုအပိုမရှိ လုမျိုးစွဲ ဘာသာစွဲတွေ မပါဘဲ ကိုယ်ကိုယ်ကို ရော နိုင်ငံတော်နဲ့ နိုင်ငံသားတိုအပေါ်ပါ သစ္စာစောင့်သိ ဆောင်ရွက်ဘို.လိုမယ် ။ ၆၆ ကြာ ပဋိပက္ခအေးညိမ်း ဘို.ခ ကွေး အစီအစဉ် ( Plan B) ရှိထားဘို.လဲ လိုမယ်၊ ဘယ်တုန်းကမှ ရှိထားခဲ့ပုံ မတွေ.ရဘူး။


ဒါနဲ့.နေပါအုံး ကမ္ဘာ.ကုလ အဖွဲကြီးဟာ ၁၉၄၅ ခုက နိုင်ငံပေါင်းစုံအဖွဲချုပ်ကို အစားထိုးခဲ့ပြီး အဒွန်ရှည်တဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး တည်ဆောက် ရအောင် ၊ နိုင်ငံ အချင်းချင်းကြား စစ်မက် မဖြစ်ပွားအောင် ကာကွယ်ဘို. တွေ စေ့စပ်
ဆွေးနွေရေးတွေ လူပ်ပေးနိုင်ဘို.စတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ. ဖွဲစည်း
ခဲ့တာမှန်ပေမဲ့အဖွဲုဝင် တချို.ကိုယ်တိုင်က စစ်တွေ မဖြစ်ဖြစ်အောင် ဖန်တီး
နေတာတွေကြောင့် ဘာကိုမှ လက်တွေကျကျမလုပ်နိုင် တဲ့ ဆံ ကုန် မြေလေး
အဖွဲ.၊ ကမ္ဘာ လူသားတိုကို လိမ်ညာ လှဲ့ဖျား စားနေတဲ့ အဖွဲ. လို.မြင်တယ် ။


နားမလည်လို.မေးပါရစေ. ငြိမ်းချမ်းရေးဆိုတာဘာလဲ ၊ ငြိမ်းချမ်းရေး မရှိတဲ့
ကမ္ဘာပေါ် မှာ မရှိတာကို ရှိသယောင် ၊ ရှိအောင်လုပ်မယ် ဆိုတဲ့ လူတွေရဲ. အပြောလေးတွေကို အားရမိတယ် သတ္တိကိုလဲ ချီးကြူးတယ်? ငြိမ်းချမ်းရေး
ဆိုတာကို ကိုယ်က သိလို.တော့ မဟုတ်ဘူး မသိလို.မေးတာ၊ သူတို.ပြောတာ
ကို အံ့သြ ချီးကြူး တာပါ၊ ကိုယ် မသိတာကို သူတိုသိရင် သူတိုကို လေးစားရ
မယ် ချီးကြုး ရမယ်။ သူတို.ဆီက ဆည်း ပူးရ မယ် ။


ငြိမ်းချမ်းရေး ပုဂိုလ်ကြီး ဂေါတမ ဗူဓ္ဒက ငြိမ်းချမ်းရေးတရား ဟောခဲ့ဘူး
ကြောင်း မနေ.တနေ.ကဘဲ ပြောမိ သေးတယ် ၊ ကပိလနဲ့ကောလိယ ၂ မြို တို.မြစ်ရေကို သူရ ကိုယ်ရ အချင်းများပြီး ဖြစ်ရမဲ့ စစ်ကို ဂေါတမ တားနိုင်ခဲ့
တယ် လို.သိရတယ်။ ဂေါတမ ဟာ လွန်ခဲ့တဲ့ နှစ် ၂၆၀၀ ကဟောခဲ့တာဘဲ။ နှစ် ၇၀၀၀ ကာလ လေ့လာထားတဲ့ ကမ္ဘာ့ သမိုင်းမှတ်တမ်းတွေမှာ ငြိမ်းချမ်းရေးဆိုတာ မရှိခဲ့ဘူး ဆိုတာကို တွေ.ရတယ် ။ သူလဲ သိမယ်။


ငြိမ်းချမ်းရေးဆိုတာ ဘယ်တုန်းက ဘယ်မှာရှိဘူးသလဲ ၊ ဘယ်ရောက် ။ ဘယ်ပျောက်သွားသလဲ ။ ငြိမ်းချမ်း ရေးဆိုတာ လုံးလုံးလေးလား၊ ပြားပြား
လေးလား အလုံးအထည်နဲ့ကိုင်တွယ်လို.ရသလား? ဖြူ နီ ပြာ ၀ါဘာအရောင်
်လဲ ၊ အရသာကရော ချို ချဉ် ဖန် ခါး ရှိသလား။


သူများက မသိလို. မေးတာကို ကိုယ် မဖြေနိုင်တော့ မေးသူကို ဘေးထိုင် ဘုပြောလို.များ စွပ်စွဲ အုံးမလား? ဒီလိုတော့လဲ မပြောပါနဲ့. မသိနားမလည်
တဲ့ Ignorant တယာက်ပါ။ မမြင်ဘူး မတွေ.ဘူး မကြုံဘူးလို. မသိတာကို မေးတာ ၊ လူတတ်ကြီး လုပ်မနေပါဘူး။


ဂေါတမဟာ အကြောင်းနဲ့ အကျိုး ဆိုတာကိုလည်း ဟောတယ်။ အခြားသော ကိစ္စတွေနဲ့ အတူ အစွန်းမရောက်ဘို.ကိုလဲ ဟောတယ် ၊ လောဘ၊ ဒေါသ ၊ မောဟ တွေ ထိမ်းဘို.လဲ ဟောတယ်။ ဂေါတမဟာ ဗုဓ္ဒ ၊ ဒို.ဟာ ဗုဓ္ဒဘာသာ
တွေ ဒိုတတွေအားလုံး ဂေါတမ စကား နားထောင်ကြအုံးတော့. ဗူဓ္ဒဘာသာ
မဟုတ်တဲ့ တခြား ဘာသာဝင်တွေက နားထောင်ကြပါ့ မလား။


မြန်မာနိုင်ငံမှာ ဘာကို အကြောင်းပြုပြီး မငြိမ်းမချမ်းဖြစ်နေကြရတာလဲ။ အကြောင်းရှာ လို.တွေ.သလား ခေါင်းခြာခြာ လယ်နေကြသလား ၊ တွေ.ရင် လဲ ဘာဆိုတာ မသိသူတွေကို ပြောအုံးလေ။


ကမ္ဘာကို ခဏ မေ့ထားလိုက်စမ်းပါ ၊ မြန်မာတွေ ကမ္ဘာအဆင်.မမီသေးဘူ.၊ မြန်မာ့သမိုင်း ရာဇ၀င်တောင် ရေးရေးဘဲ သိကြတယ် ။ မြန်မာ့သမိုင်းရာဇ၀င် ဆိုတာကရော ဘာလဲ ။ ထားပါတော။့ စိတ်ဝင်စားလို.လေ့ လာခြင်ရင် ပြီးခဲ့ တဲ ၆၆ နှစ် ကာလမှာဘဲဖြစ်စေ ၊ ပြီးခဲ့တဲ့ နှစ် ၆၆၀ ကာလ. ခရစ်သက္ကရာဇ် ၁၃၅၃ ခု တရဖျားကြီးမင်းနဲ့ သားတော် ရွှေတောင်တက်တို. နန်းလုခဲ့တာကို
ရောက်သွားပြီးလေ.လာကြည်.နိုင်တယ် . ဦပေါလက်ထက်မှညလည်ူ နန်းလုတာနဲ့ ဆုံးတယ် ။ ဒိအရင်ကါလဟာတွေကို ထည်.မနေနဲ့တော့ ဒါကိုဘဲ လေ့လာရင် မြန်မာနိုင်ငံမှာ အာဏာလုပွဲတွေသာရှိ တယ် ငြိမ်းချမ်း
ရေး ဆိုတာ ဘယ်တုန်း ကမှ မရှိခဲဘူး၊ ရှိခဲ့ ရင် ဘယ်ရောက်သွား သလဲ ။ ဘယ်သူတွေ ကြောင့်ပျောက်သွားသ လဲ စတဲ့. မေးခွန်းတွေ တသီတတန်း
ထွက်လာမယ်။ ဒီမေးခွန်းတွေကို ဖြေနိုင်ကြပါ့ မလား၊


မြန်မာသမိုင်းရာဇ၀င် ရှည် ရှည် ဝေးဝေးသွားစရာမလိုပါဘူး ၊ စတုတ္ထမြန်မာ
နိုင်ငံတော် တင်မက မြန်မာ့ အင်ပါယာကို ထူထောင်ခဲ့တဲ့ အလောင်းဘုရား ဦးအောင်ဇေယျ လက် ထက် အေဒီ ၁၇၅၂ ခုက စပြီးလဲ ။ သူက ပုန်ကန် ငါကပုန်ကန် တကန်ထဲ ကန်နေကြတာ ငြိမ်းချမ်းရေး ဆိုတာ ဘာမှန်းတောင်
မသိဘူး။ စာနဲရေးပြ ဘို.တောင် ခက်တယ်။ မြန်မာနိုင်ငံတော် လို. ခေါ်ရမဲ့ စတုထ္တ မြန်မာနိုင်ငံတော်ကို ထူထောင် ခဲ့တာ မှန်သော်လဲ ငြိမ်းချမ်းရေးဆိုတာ
မရှိခဲ့ပါဘူး။ ပြ၀တ် ကျိုးနွံ့မှု တချို.ရှိ တယ်၊ သစ္စာခံ ဆိုတာလဲရှိတယ် ယာယီ
မိတ်ဆွေ လောက်အဖြစ်ဘဲ၊ ငြိမ်းချမ်းဘက်ကြီးတွေ ရယ်လိုတော မဟုတ်ခဲ့
ဘူး။


ငြိမ်းချမ်းရေးဆရာကြီးတွေကို မေးခြင်တာက ၁၉၄၈ ခုကစပြီး ဒီနေ.အထိ မြန်မာနိုင်ငံခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးအတွက် ရိုးသားဖြောင်မတ်စွာ ကြိုးပန်းခဲ့ကြမှု မရှိဘူးလို.ဆိုခြင်သလား ။ တနည်းပြောရရင် အသုံးမကျ တဲ့ ခေါင်းဆောင်တွေလို.ပြောခြင်သလား ။


ငြိမ်းချမ်းရေးဆိုတာ ငြိမ်းချမ်းရေးလိုခြင်သူတွေအတွက်သာဖြစ်တယ်။ မြန်မာ
နိုင်ငံရဲ့ ၆၆ နှစ် ကာလ ကို လေ့လာရင် ငြိမ်းချမ်းလိုသူတွေဟာ ဥပဒေ ဘောင် ဆိုတာထဲ ၀င်လာပြီး လက်နက်နဲငြိမ်းချမ်းရေး လဲခဲ့ ကြတယ်၊ မငြိမ်းချမ်းလိုသူ
တွေကတော့ ငြိမ်းချမ်းခြင်တဲ့ သူတို ခေါင်းဆောင် ဆိုတာတွေကိုတောင် သူတို. စွန့်ပစ်ကြတယ် ။ ခေါင်းဆောင်သစ်တင်ကြတယ် ။ တချို.ကလဲ ၀င်
လိုက် ထွက်လိုက်ဘဲ။


မြန်မာနိုင်ငံအစိုးရ အဆက်ဆက်ရဲ့ ငြိမ်းချမ်းရေးကြိုးပန်းမှုတွေကို လေ့လာ
ကြည့်ကြရင် ကောင်းမယ်။ အရမ်းတွေ အသံကောင်းဟစ် မနေကြပါနဲ့.၊ ဘယ်လိုလုပ်ရင် ကောင်းမယ် ဆိုတာ ဒီကနေ ပြောပြစမ်းပါ. ထောက်ခံသင့်
ရင် လဲ ထောက်ခံ မယ်၊ ကန်.ကွက်သင့်ရင်လဲ ကန်.ကွက်မယ်၊ အကြံပေးစရာ
လိုရင်ပေးမယ်၊ ကိုယ့်အခွင့်အရေးအရဘဲ၊ ဒီဆိုက်မှာ ပဏာမ ဆွေးနွေးမှူု
လေးတွေ လုပ်နိုင်မလား။ ဘိတ်ခေါ်ပါရစေ ။ အမြီး အစမ်းလေးပေါ.။


တခုတည်းသော နိုင်ငံ ၊ တနိုင်ငံသားတည်းသော လူမျိုး၊ တခုတည်းသော တပ်မတော် ဆိုတာကို ဘာပြော ခြင်သလဲ ၊ ငြိမ်းချမ်းရေးဆရာကြီးတွေက ဘယ်အချက်တွေကို ထောက်ပြခြင်တာလဲ ။ သူတို.လဲ (NGO) None Governmental Organization ဆိုပြီး အထင်ကြီးခံ အခွင်.ထူးခံ VIP အဖြစ် နေရာလိုခြင်လို.လား။ မရှိဆင်းရဲတဲ့ မြန်မာနိုင်ငံ ကို အညှာ ကိုင်ပြီး အသီးချွေ ကြအုံးမလို.လား။ တော်ပါတော ကိုယ့်လူတို.ရယ်။ ကျနော့် နွားလေးထားခဲ့ပါ


ထစ်ကနဲ့ ရှိ ဟိုဟာ ပြင်ရမယ် ဒီဟာဖျက်ရမယ် ။ သန်း ၆၀သောလူတွေ
အတွက်သန်း ၆၀ သော အပြင် အဖျက်တွေ လုပ်ရမယ်ဆိုရင်တော့လဲ လွန်တာပေါ. ဗျာ။ ကိုယ်ဟာကိုယ်ရော ဘာတွေပြင်ရမယ် ဆိုတာသိ ရဲ့ လား၊ ပြင်ကြရဲ့လား။


ပဋိပက္ခ ချုပ်ညိမ်း ရေး ဆိုတာ ကြားဘူးတယ်၊ ငြိမ်းချမ်းရေး ဆီ ဦးတည်သလား မတည်ဘူးလားတော့ မသိ ဘူး ။ ချုပ်ညိမ်းရေး နည်းလမ်း ၃ မျိုး ၃ စား သာရှိတယ်တဲ့၊ ပဋိပက္ခဖြစ်နေသူများတစည်းတလုံးဖြစ်သွား ခြင်း၊ သို.မဟုတ် တဖက်ဖက် လုံးဝ ပျက်ဆီးခြင်း၊ သို.မဟုတ် ၂ ဖက်စလုံး လုံးဝ ပျက်ဆီးခြင်းဆိုတာ တို.ဘဲ လို.သိရ တယ်။ ပဌမ နည်းကတော့ အကောင်းဆုံးဖြစ်လိမ့်မယ် ဈ ဒီ အကောင်းဆူံကို အဒွန်ရည်အောင် မထိမ်းနိုင်ရင် လဲ မဟုတ်သေးဘူး။ နောက်မှပေါက်တဲ့ မောင်ရွှေ၈ဲ ဒိုင်းဝန်ထက် ကဲ ဆိုလားဘဲ။

ဂေါတမ ဗုဓ္ဒ ဟောတာဟာ ဒုတိယနဲ့ တတိယ နည်းတွေကိုရှောင်ဘို.ဖြစ်လိမ့်.မယ်. ဒါကို လူမျိုးမရွေူး ဘာသာမရွေး နားလည်နိုင်လိမ့်မယ် လို. ယူဆတယ် ၊ ဘယ်လိုပေါင်းစည်းကြမလဲ ဆိုတာကိုတော့ ကိုယ် ဟာကိုယ်နည်းလမ်းရှာ
ကြဘို.ဘဲ ပေါ.၊ ဘာကြောင့်လဲ ဆိုတော့ ဘာမဆို ကိုယ်လိုခြင်မှ ဖြစ်တာကိုး။

ပျော် ပျော် ပါး ပါး ပေါ့။