Article submitted by: Thunderbolts on 22-Jul-2013  
အဖြေရှာလို. မရေရာ အနေမှန်ဘို.အရေးကြီး။
မျိုးချစ် တိုင်းချစ် ပြည်ချစ်အပေါင်းတို.။

ဗိုလ်ချုပ်အောင်ဆန်းကို သတိရတာတွေနဲ့ အတူ တခြား သတိရစရာတွေလဲ အများကြီးရှိပါတယ် ။သတိရ ရမဲ့ သူတွေလဲ ရှိပါတယ် ၊ ဗုဓ္ဒကို သတိရရင် မာရ်နတ် ၊ ဥရုဝေလ နင်္ဂါး ၊ သစ္စကပရဗိုက် ၊ နန္ဒောပနန္ဒ နဂါး၊ ဗက ဗြဟ္မာ ၊ အင်္ဂုလိမာလ၊ စိဉ္စမာဏ ၊ အာဠာဝက ၊ နာဠယဂိရိ ၊ အပြင် ဒေ၀ဒတ် တို.ကို
လည်း သတိရ ရ လိမ့်မယ်။ အကောင်း အဆိုးခွဲခြားနိုင်ဘို. မြင်နိုင်ဘို. ဒီလို
နေ.မျိုးမှာ ပြောစရာတွေ ကိုပြော ကောင်းတယ်။ ကြုံ တုန်းဆက်ပြောလိုက်
ရအောင် ။ မနက်ဖြန် ဆို မေ.သွား အုံးမယ်။


လူတဦးချင်းကိုဖြစ်စေ. တစုခြင်းကိုဖြစ်စေ ကျေနပ်အောင် လုပ်ပေး ဘို.ရာ မလွယ်ပါဘူး ။ ဘုရားကြီး တွေ တောင် တဆူထဲ မဟုတ်ဘူး ဆိုတာ သိပါ
တယ် ၊ ဘုရားငယ် ဆိုတာတွေ တော့ ပြောမနေနဲ့.တော့။ ဂေါတမတောင် လူ.အကြောင်း ကောင်းကောင်းသိလို.လူတွေနဲ့ ဝေးဝေး နေပြီး ပြောစရာရှိတာ
ပြော ဟောစရာရှိတာ ဟောခဲ့တယ်။ စိတ်ပေါ့င်းကိုယ်ခွါ နြေ့ပီး လမ်းကောင်း
ဆိုတာကို ပြခဲ့တယ် ။


တကယ်တော့ မြန်မာတွေဟာ အချင်းချင်း ပေါ်မှာသာ ကျယ်နေကြတာပါ သူများအပေါ် မကျယ်ရဲပါဘူး ။ ကျယ်ရင်ဖင်မွှေး ကျွတ်သွားမယ်။ အခုတောင် သူတိုဟာသူတို. ဖရီးဒန်း ဆုံးရှုံးနေလို ဆုံးရှုံးနေမှန်းတောင် မမြင် နိုင်ကြဘူး ၊ ကုလားသိုက် ကျားဝင်ကိုက်ဆိုတာ ဖြစ်မှာဘဲ။ စကားများနေကြတဲ့ အငြင်း
ပွားနေကြတ ဆူညံနေကြတဲ့  သူတိုအုတ်စုထဲက လူတွေကို တယောက်ပြီး
တယောက် ကျားဆွဲသွားတာ တောင်မသိလိုက် ကြဘူး မဟုတ်လား။


ကိုယ့်ကိုကိုယ် မချစ်ရင် ကိုယ့်ကိုကိုယ် ဂရုမစိုက်ရင် ဘယ်သူကမှ ကိုယ့်ကို ချစ်လိမ့်မယ် ဂရုစိုက်လိမ်မယ် မဟုတ်ဘူး ၊ သူများကိုလဲ ကိုယ် က ချစ်နိုင်
မယ် ဂရုစိုကနိုင်မယ် မဟုတ်ဘူး။ ဒါကြောင့် လူကြီးတွေက ကိုယ်ကိုကိုယ်
ပင် သနားပါ များသတ္တ၀ါ လောဘ ဒေါသ မောဟ ဆိုတာ လောင်မီး ကိလေ
သာ လို. သတိပေးထားတယ် ။ သတိရှိကြရဲ့လား ။


အင်္ဂလိပ် လက်အောက် ကိုလိုနီကျွှန်သပေါက်ဘ၀က လွတ်ဘို. အသက် သွေး ချွေး စတေးခဲ့ပြီး ရခဲ့တဲ့ လွတ်လပ်ရေး ၊ ဖက်စစ် ဂျပန်ကိုတော်လှန်တဲ့
နေ.တွေ ၊ ဗိုလ်ချုပ်တို. လုပ်ကြံခံရတာတွေကို တွေ.ကြုံခဲ့ သူတွေက တန်ဘိုး
ထားပေမဲ့. သူများခတ်ပြီးသားရေကိုအလွယ် သောက်သူတွေကတော့ တန်
ဘိုး လဲ နားမလည် ။ တန်ဘိုးထားရမှန်းလဲ မသိကြဘူး။


နိုင်ငံရေးစကားမှာ လူကိုတိုက်ခဲ့တာ မဟုတ်ဘူး မူကိုတိုက်တာလို.ပြောတယ်။
ဟုတ်ပါတယ်၊ မူဆိုတာ လူက လုပ်တာပါ ။ ဒါဖြင့်ရင် လွတ်လပ်ရေးနေ. တော်လှန်ရေးနေ.ဆိုတာတွေ ကျင်းပနေတာဘာအတွက် လဲ ဘာအဓိပါယ်
ရှိတော့လို.လဲ မေးစရာ။ ဒီလိုနေ.မျိုးတွေကို အနာဂါတ်မှာ၂ နိုင်ငံ ချစ်ကြည်
ရေးအရ မကျင်းပရဘူးလို.ဆိုပြီး တချိန် ချိန် ကျရင် ဖျက်သိမ်းပစ်မလား
တောင် မသိဘူး စိုးရိမ်နေရ တယ် ။ မြန်မာ့လွတ်လပ်ရေး ဘယ်တော.ဆုံရှုံး ရအုံးမလဲ ဆိုတာ တထိပ်ထိပ် ။ ဒီလိုနေ.မျိုးတွေ မကျင်းပရင် သမိုင်းကို ဟောပြော မပြရင် ပိုလို.တောင် တန်ဘိုးမရှိဖြစ်သွား အုံးမယ်။


မြန်မာတွေဟာ အိမ်ကျယ် တွေပါ လိုပြောရင် တချိုက အင်္ဂလိပ်လို Angel ကောင်းကင်တမန်တွေလို တွေး ပြီး ဘ၀င်မြင့်သွားကြအုံးမယ်. မြန်မာတွေ ဈာန်လျှောခဲ့ပြီကောင်းကင်ခရီးမသွားနိုင်တော့တာ အကျင့်သီလ တွေ ပျက်
ကုန်ကြလို.ဘဲလို.ပြောရလိမ့်မယ်။ ရိုးရိုးပြောတော့ စည်းကမ်းဖေါက်ကြလို.
ဘဲ ပေါ.။ တနည်းပြောရ ရင်၊ ကိုယ်တိုင်း ကိုယ်ပြည် တိုင်းချစ် ပြည်ချစ်
စိတ်တွေ ကုန်ခန်းနေကြလို.ဘဲ။ မျိုးချစ်စိတ် ဆိုတဲ့ လူမျိုးချစ် စိတ်၊ တဦးချင်း တစုချင်းအနေနဲ့ ပြင်းထန်ကောင်းပြင်းထန်မယ်. ဒါဟာ မြန်မာလူမျိုးဆိုတဲ့ စိတ်ဓါတ်၊ တိုင်းချစ်ပြည်ချစ် လို.တော မှတ်ယူလို.မရဘူး ဆိုတာ သေချာ
တယ် ။


မြန်မာတွေ တိုင်းမရှိ ပြည် မရှိ Stateless ဖြစ်နေကြတယ်လို.ပြောရင် ရမလား ? အပေါ်ယံကျော မတွေးနဲ့ နော်၊ နက်နက်ကလေး တွေးကြည့် စမ်းပါ။ ။ မြန်မာလူမျိုး ၊မြန်မာနိုင်ငံဆိုတာ ဒီနေ.ခေတ်လူငယ် မျိုးဇက် တွေ အတွက် မနေ.ကမှ ပေါ်လာတဲ့ စကားတွေဘဲ လို.မှတ်ယူနေကြတာ။


မြန်မာနိုင်ငံနဲ မြန်မာတတွေဟာ တပ်မတော်ရဲ. အနေမှန်မှု ကြောင့်သာတည်ရှိ
နေကြတာ ၊ ဒီလိုတည်ရှိနေတာကို မလိုလားသူတွေ ရှိတယ်လေ၊ တပ်မတော်
ကို ရွံတယ် မုန်းတယ် ကြောက်ကြတယ် ။ ကြောက်ကန် ကန်ခဲ့ကြတယ် ။ ဘာကြောင့်လဲ ၊ အင်္ဂလိပ်လိုပြောရရင် Guilty conscience ဆိုတာ ဘဲပေါ့။ သူတို. ကိုယ် သူတို မလုံမလဲ ရှိကြတာ။ တပ်မတော်ရဲ့ စွန်းရည်ကို သိလို.လဲ လွတ်လပ်ရေးမရခင် ကထဲ က ကိုအောင်ဆန်းနဲ. အတူ အစတုန်းဘို.ကြိုးစား
ခဲ့ဘူးပေမဲ့ ၊ ဖျက်မရ တော့ ပျက်နိုင်သမျှ ပျက်အောင် တပ်ထဲက လူမျိုးစုတွေ အလိုတော်ရိတွေကို လက်နက်နဲ့တကွတောခိုခဲ့ကြ တယ် ။ တပ်မတော် မရှိရင် မြန်မာတွေကိုသူတို. ချယ်လယ်ခြင်းတိုင်း ချယ်လည် ကြအုံးမယ်လေ။
နောက်ဆုံးမတော့ သံကို သံဖျက် ဆိုတဲ့ အတိုင်း ကိုအောင်ဆန်းသမီးကို သုံးပြီး ဖျက်ကြပြန်သပေါ့ ။


တပ်မတော်ဟာ ပြည်တွင်းပြည်ပ ရန်သူဆိုတာတွေကို ရင်ဆိုင်တိုက်ခိုက်ပြီး
နိုင်ငံတော်နဲ့ နိုင်ငံတော်သားတိုကိုအစွမ်းကုန် ကာကွယ်ခဲ့လို.။ ဒီနေ.မြန်မာ
နိုင်ငံတော်နဲ့ မြန်မာ့တပ်မတော် ဆိုတာ ရှီနေသေးတာဘဲ ။ မြန်မာ့တပ်မတော် ဘာကြောင့် ဘာတွေ လုပ်နေတယ်ဆိုတာ နားလည် သဘောပေါက် ဘို. မကြိုးစားဘဲ ။ တပ်မတော်ကို သွားပုတ်လေလွင့်တွေြေ့ပာခဲ့ကြတယ် ပြော့ညံ့
အောင် ပထွေး အကူအညီနဲ့ဝိုင်း ချဲ ကြတယ်၊ ဘယ်လောက်များ အကြံပက်
စက် ခဲ့ကြသလဲလို.၊ ဒါပေမဲ့ တပ်မတော်ဟာ မားမားမတ်မတ် ရှိနေရက်ဘဲ မပျောက်ခဲ့ဘူး ။ ဒီနေ.ထိရှင်သန်နေဆဲဘဲ ။ ဆိုတာရှိတွေ.ရတယ် ။


၁၉၈၈ ခုမှ ဒီမိုကကရေစီနဲ လူအခွင့်အရေး ခုတုန်းလုပ်ပြီး တပ်မတော်ကိုရော နိုင်ငံတော်ကိုပါ ပြိုကွဲအောင် သစ္စာဖေါက်တွေ ကြံခဲ့ကြတယ် ၊အဆိုးဆုံး
ကတော့ တပ်မတော်ကို ဦးဆောင်ဖွဲစည်းခဲ့သူရဲ့ သမီးနဲ့ မြန်မာ. တပ်မတော်
မှာ ဦးစီးချုပ်တယောက်ဖြစ်ခဲ့သူနဲ.နောက်လိုက် တချိုက သူတို.လိုဘ မပြည်
ခဲ့ကြတာနဲ့ပတ်မ ကြီးဖေါက်ခွဲဘို. လုပ်ခဲ့ကြတယ်၊ ဟိုတုန်းက ဦးစောကလဲ ဦးစောဘဲ။ မင်းကို သတ်ရင် မင်းဖြစ်မယ် ဆိုတာ ယုံကြည်သလို. ၈၈ မျိုးဇက် ဆိုတာကလဲ အဲဒီအတိုင်းဘဲ ယုံကြည်ခဲ့ကြတယ်. သူတို.အကြံသာအောင်မြင်
ခဲ့ ရင် အာဇာနီတွေ ထားစရာနေရာတောင် ရှိတော့မယ် မဟုတ်ဘူး အာဇာနီ စာရင်းဟာလဲ ဧရာဝတီမြစ် လောက်ရှည် လိမ့်မယ်။ တေလေကြမ်းပိုးတွေလဲ အာဇာနီအဖြစ် ပါလာမယ် ။


ဒီမိုကရေစီနဲ့လူ.အခွင့်အရေး ငါးစာ အောက်မှာ ငါးမျှားဂျိတ် ကြီးတွေရှိတယ် ဆိုတာ လူအတော်များများ မြင်ပုံမရှိ ၊ ရိတ်မိပူံမရှိဘူး။ မရိတ်မိတာလဲ အပြစ်
မဆိုနဲ.လေ၊ မြန်မာနိုင်ငံဟာ ဖွံ. ဖြိုးမှု အနည်းဆုံးစာရင်း ထဲမှာ ပါတယ်။ မြန်မာနိုင်ငံသားတွေရဲ. ဦးနှောက် အတွေးအခေါ် ဖွံ.ဖြိုးမှု ဘယ်လောက်နဲ
တယ် ဆိုတာ တော့ ခန်.မှန်းလိုမရဘူး။ မြန်မာတွေဟာအရိပ် ၃ ပါး နားမ
လည် ခြေသူငယ် ကျားစာဖြစ် ဆိုတာ သူတို. စကားနဲသူတို.မိနေကြတယ်။


ကျုပ်တို မြန်မာတွေဟာ ပုဂိုလ်ကိုးကွယ်တတ်တဲ့ ဓလေ. အနဲနဲ့အများဆိုသလို
ရှိကြလေတော့ လူတွေထဲမှာ ကိုအောင်ဆန်းကို ကိုးကွယ်စရာ အကြောင်း
ရှိသူတွေ လဲ ရှိမယ်။ အသုံးချသူ အလွဲသုံးစားပြူသူတွေလဲ ရှိမယ်၊ လူဆိုတာ
အမျိုးမျိုးဘဲ မဟုတ်လား ၊ ဂေါတမ၊ ဂျီးဇက်၊ မိုဟာမက် တင်မက ညွှန်းစရာ
ရှိတဲ့ တခြား လူတွေရဲ စကားတွေကိုအခါအားလျှော်စွာညွှန်းကြတာကို တွေ.ရတယ် သုံးတာကို တွေရတယ် အလွဲသုံး စားတာတွေကလဲ ရှိတယ်။ လောကကြီးကိုက လူတွေဟာ တယောက်ကို တယောက်က အသုံးချဘို.၊ အသုံးခံဘို.မွေးလာကြတာ ဘဲတဲ့။ ဒါတွေကိုသိဘို. နားလည် ဘို.ဟာ ကျုပ်တို.အပိုင်းဘဲ ။ ရိုးရိုးနဲ. ဒဲ့ဒိုး အကျဆုံးပြောရရင်၊ ကိုယ် အ ကိုယ် န ရင်ကိုယ်ခံ ဘဲ။ အားကြီးသူက အားနဲသူကို အနိုင်ယူတာ အခုမှ မဟုတ်ဘူး။


ကျုပ်ကိုယ်တိုင် ကျုပ်လူမျိုးရဲ့ပြော.ကွက်တွေ ညံ့ကွက်တွေကိုလိုသလို
ထောက်ပြတာ မာစေခြင်လို.ကောင်း စေခြင်လို. ပြု့ပင်စေခြင်လို.ဘဲ ။ နှိမ်နေတာမဟုတ်ဘူး ဆိုတာသိစေခြင်တယ် ။ ကျုပ်တို.လူမျိုး သူခိုးမရှိဘူး ဆိုပြီး မြှောက်မနေဘူး။ မြန်မာလူမျိုး အားလုံးဟာ အမြှောက်ကြိုက်ကြတယ် ။ သူတို.ကို အကြိုက်ပေး မြှောက်ပေါင်းနိုင်ရင် တသက်လုံးလူပ်သမျှတင့်တယ်
ယောက်ခမကြီးရော ကိုယ့်မယားကရော စေတနာ ပိုတယ် တဲ့။ ကျုပ်ကတော့
ဘယ်သူကိုမှ မမြောက်နိုင်ဘူး။ အပေါင်း အနှုတ် အနောက် အစား ၄ ပါး
သင်္ချာ မကျွမ်းကျင်ဘူး ဆိုပါတော့၊ မြန်မာတွေ အကြောင်းပြောနေရတာ
ကလဲ ငါးဖယ် ဆိုတာ မာစေခြင်ရင် နာနာထောင်းပေးရမယ် ဆိုတဲ့ စကား ကြောင့်ဘဲ ။


အထူးသဖြင့် နိုင်ငံရေးသမား ခေါင်းဆောင်ဆိုတာတွေဟာ သူတို.ကိုသူတို. ဘုရား တဆူလို. မှတ်ယူနေကြ တဲ့ ပုံရှိတယ်။ မြန်မာစကားမှာ ဘုန်းကြီးစာ
ချ၊ မိကျောင်းမင်း ရေကင်းပြ ဆိုတဲ့စကား ရှိထားတော့နိုင်ငံရေး သမားတွေ
ကို လူတွေက တရားချ တရားပြဘို.ဆိုတာ အတော်ခက်တဲ့ အပြင် သူတိုက
လဲ လူထုက ဆန္ဒနဲ့ ရွေးကောက်တယ် ဆိုတာတောင် သူတို.ဘုန်း နဲ့သူတို.ကံ နဲ့ဖြစ်တာလို. ယုံကြည်နေကြတာလေ။


မြန်မာနိုင်ငံလို ဘဲ တခြားနိုင်ငံတွေ လဲ တချိန်က မင်းပြိုင်တွေ အသီးသီး ရှိခဲ့တယ် ၊ တချိန်မှာ သူတို.ကို အင်အားနဲ့ ဖျက်သိမ်းတယ်ဘဲ ဆိုဆို၊ စုစည်း
တယ်ဘဲ ပြောပြော၊ အထိက က အင်အား သုံးခဲ့တာချည်းဘဲ၊ ဆိုတာကို လေ့လာတွေရှိရတယ်. ဒီအင်အားဆိုတာမှာ စစ် အင်အားဟာ အခယာဆိုတာ
ဘဲ။ ကမ္ဘာ.သမိုင်း ဟာ စစ်ပွဲတွေနဲ့ပြည့်နေတယ်အခုထိလဲ စစ်ပွဲတွေ မဆဲ သေးဘူး၊ ဆဲမဲ့ အလားအလာလဲ လောလောဆယ် မတွေရဘူး။ မြန်မာနိုင်ငံ
မှာ ငြိမ်ချမ်းရေးဆိုတာကို ပြောရင် ၊ ဘာပြောနေတာလဲ လို.မေးရမလိုဖြစ်
နေတယ်၊။


မြန်မာနိုင်ငံမှာ တပ်မတော် အလိုကြီးလိုနေသေးတုန်းဘဲ ဆိုတာတော့၊ တွေ.လာရတယ်။ ဒီ တပ်မတော် မရှိရင် ဖြစ်စေ . အားပျော.ရင် ဖြစ်စေ. မြန်မာ
တွေနဲ့မြန်မာပြည် ခက်မယ် ၊ ပျက်မယ်။ မြန်မာတွေကို နိုင်ငံ မရှိတော့တဲ့ Stateless တွေအဖြစ်ထိ ဖျက်ဆီးပစ် ဘို. အကြံတွေကို ၁၈၈၆ ခုတည်းက တွေ.ခဲ့ရတယ်။ တပ်မတော်ရဲ.သစ္စာစောင့်သိမှုနဲ နိုင်ငံမပျက်ခဲ့တော့ တနဲ့နဲ့ နဲ့ နှဲ.ပြီး၊ ၁၉၈၈ ခုမှာ သိသိသာသာ လူထုကို နားလှဲ.ပါးရိုက် လက်ပါးစေနဲ. နားသွင်းပြီး နဲ့ တပ်မတော်ကိ ရန်ရှာပြန်တယ် လက်နက်ခဲယမ်းပိတ်ဆို. တာကအစ တပ်နဲ့ ပြည်သူ မကြည်ဖြူအောင် ၊ မကွဲ ကွဲအောင် ခွဲဘို.အကြီး အကျယ်ကြံစည်ကြတယ်။


တပ်မတော်ဟာ သူ.ကိုယ်သူ ကာကွယ်ဘို. နိုင်ငံတော်နဲ့နိုင်ငံသားတိုကို
ကာကွယ်ဘို.တာဝန်ကို ကျေပြွ့န် စွာထမ်းဆောင်ရာမှာ အပိုအလိုမရှိ လုပ်သင့်
တာ ကို လုပ်ခဲ့တယ် မကြိုက်သူ ကြိုက်သူရှိတာ ဓမ္မတာဘဲ ၊ သင်တင့် လျှော်
ကန်တဲ့ တုန်ပြန်မှူ တန်ပြန်မှုတွေ လုပ်ခဲ့တယ် ။ ခြေမ မကောင်း ခြေမ ၊ လက်မ မကောင်း လက်မဘဲ ဆိုပြီးတော. အဆုံး မစီရင် ခဲ့တာ မှားများမှား
ခဲ့သလား ? ကိုယ်မွေးတဲ့ မျောက် ကိုယ့်ပြန်ချောက် တဲ့ ။


ဝါဒဖြန်.စစ်ပွဲ. ပါးစပ်စစ်ပွဲတွေ က စတဲ့ ပဋိပက္ခစစ်ပွဲတွေ ဆိုတာ ဖြစ်လာရင် အမှန်တရားဟာ အရင်ဆုံးနဲ့ ပဌမဆုံး ပျောက်ကွယ်သွားတတ်တယ်။ ဘယ်လို
စစ်ပွဲမဆို သေကြေ ဒါဏ်ရာရ ပျက်ဆီးမှူ မရှိနိုင်ဘူးလို. ဘယ်သူမှ အာမ ၀န်
တာ မခံဘူး။


မြန်မာ့တပ်မတော်ရဲ့ ဆောင်ရွက်ချက်ဟာ လူဆန်လွန်း လို.အားမလိုအားမရ ဖြစ်ကြတဲ့ သူတွေ တောင် ရှိ တယ်၊ တပ်မတော်ဟာ တာဝန်ဝတ္တရား ထမ်း
ဆောင်ရာမှာ လုပ်သလို မဖြစ်ရင် ဖြစ်အောင် လုပ်ရမယ့် တာဝန်ရှိတယ်. ဘယ်လိုလုပ်လုပ် အလုပ်ဖြစ်ဘို.က အထိက ။ တပ်မတော်အပါအ၀င် အစိုးရ
အဆက်ဆက် ထားရှိတဲ့ ကြင်နာ သနားစိတ် မေတ္တာ ဂရုဏာ တွေကို နားမ
လည် တဲ့ တိရိစ္ဆာန်စိတ်ရိုင်းဝင်နေသူတွေကို တော. လူလိုဆက်ဆံလို.မရဘူး ။ ဘယ်လောက်ထိ သီးခံနေမှာလဲ ၊ ဆေးပညာမှာ ရိုးတွင်းချဉ်ဆီနာ၊ အသား
ပုတ်နာ ဆိုတာတွေရှိတယ် မြန်မာ့ရောဂါဟာ ဘယ်ရောဂါလဲ ၊ ရောဂါ ကျွမ်း
နေပြီလား ဆေးမီ ပါအုံး မလား ?

တော်သေးပြီ ပျော်ပျော် ပါးပါးပေါ့