Article submitted by: Thunderbolts on 19-Jul-2013  
် ၁၉ ၈ျူလိုင် မမေ့နိုင်
မျိုးချစ် ပြည်ချစ် တိုင်းချစ် အပေါင်းတို.။

အာဇာနီနေ.နဲ.အာဇာနီတွေ အားလုံးကို အလေးပြုပါတယ် ။
၁၉ ဂျူလိုင် မမေ.နိုင်ဆိုတော့ ဘာတွေကို မမေ့နိုင်ဘဲ သတိရနေကြသလဲ ။ အသီးသီး သူဟာနဲ့သူတော့ ရှိကြမှာပေါ့။ ဒီနေ.ရောက်တိုင်းလဲ အောင်ဆန်း
ကို ဘယ်သူ သတ်သလဲ ဆိုတဲ့ မေးခွန်းဟာ ဟိုကြား ဒီကြားက ပေါ်လာ တတ် တယ် ။


မြန်မာလွတ်လပ်ရေးတိုက်ပွဲမှာ အောင်ဆန်း တင် မဟုတ်ဘူး။ သူနဲ့ အတူ လူတော်တော် များမျုား သီးခြားစီ ဖြစ်စေ အစုလိုက် ဖြစ်စေ အသတ် ခံခဲ့ရ
တာတွေ သေခဲ့ရတာတွေ မနဲ့ပါဘူး သမိုင်းမှတ်တမ်းတွေနဲ့ ရှိပါ တယ်။ ဘယ်သူတွေ သတ်သလဲ ဆိုတာတော့ မမေးနဲ့တော့ ။


၁၉၄၇ ခု ဇူလိုင်လ ၁၉ ၇က်နေ.က မြန်မာနိုင်ငံမှာမသမာသူများလက်ချက်
်ဖြင်ကျဆုံးခဲ့ ရသော ဗိုလ်ချုပ် အောင်ဆန်းနဲ့ တကွ မိုင်းပွန်စော်ဘွား စိုင်စံထွန်း(ရှမ်း)။မန်းဘခိုင(ကုရင်)၊ ဦးရာဇတ်(မွတ်စလင်)၊ သခင်မြ၊ ဦးးဘချို. ဦးဘ၀င်း
ဦးအုန်းမောင်နဲကိုထွေး တို.ကျဆုံးခဲ့ကြတယ်။ အဲဒီနေ.ကို အာဇာနီနေ. ရယ်
လို. နှစ်စဉ် နှစ်တိုင်း ရုံး ပြင်ကန္နားပိတ်ပြီး ကျင်းပကြတယ် သတိရ ကြတယ်. အလှုဒါနပြု မေတ္တာပို. အမျှအတန်းဝေကြတယ် ၊ ဘာတွေ သတိရကြတယ်
တော့ မသိဘူး မပြောတတ်ဘူး ၊ တကယ်ပါ။


ဒီ ၉ ယောက်ထဲ က ဘယ်သူဟာ အာဇာနီထိုက်သလဲ ဆိုတဲ့မေးခွန်း ပေါ်လာ
တာကိုဒီနှစ်သတိပြုမိတယ်။ အာဇာနီဆိုတာ သေမှ နီရတာမဟုတ်ပါဘူး ။ ဇာနှီစစ်သည်တော် ဆိုတာ မသေသေးသူကိုလဲခေါ်တာဘဲ။


ဒီလုပ်ကြံမှုအတွက် ဂဠုံ ဦးစောနဲ့ အပေါင်းပါ တွေကို ရုံးတင်စစ်ဆေးပြီး သေဒါဏ်ပေးခဲ့တယ် ။ ဒါနဲ့လဲ အောင်ဆန်းကို ဘယ်သူ သတ်သလဲ ဆိုတဲ့ မေးခွန်းဟာ တိတ်မသွား ပျောက်မသွားဘူး။


အထူးသဖြင်. ဗိုလ်ချုပ်အောင်းဆန်းတယောက်ကို ထူးထူးခြားခြား အင်္ဂလိပ်တော်လှန်ရေး ၊ ဂျပန်တော် လှန်ရေးတွေ အတွက် ဂုဏ်ပျြုချီးကျူး ထောပဏာပြု သတိရကြတယ် ၊ ပြော မဆုံး ဘူး။ သူနဲ့ အတူ လက်တွဲပြီး
တော်လှန် ခဲ့ကြတဲ့ သူတွေဟာ ဖုတ်တဲ့ ငါးပိ ရှိတယ်လို.တောင် မထင်ရဘူး။ ဘယ်သူကမှလဲ သတိမရဘူး ၊ သိက္ခာတောင် အမျိုးမျိုး ကြံဖန် ချကြသေး
တယ်။


ဂျပန် ဆိုတာ မမြင်ဘူးခင်က အင်္ဂလိပ်ကို တော်လှန်ကြတဲ့ မြန်မာတွေထဲမှာ အထင်ရှားဆုံးသူ တယောက် ကတော့ သာယာဝတီက ဂဠုံ ဆရာစံ လို. ကြော်ကြားတဲ့ ဦးရာကျော် ဆိုသူဘဲ ၊ ၁၉၃၀ ခုက ၁၉၃၂ ခုထိ ၊ လက်နက်
ကိုင်ပြီး အောက်မြန်မာပြည် ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသက အထက် မြန်မာပြည် ရှမ်းတောင် တန်းဒသတွေ အထိ. လူသူစည်းရုံးပြီး ၊ အင်္ဂလိပ်ကို တော်လှန်ခဲ့တယ်၊ ဒီအမှုနဲ့ဘဲ ၁၉၃၁ ခုမတ်(ချ)လမှာ သာယာဝတီအကျဉ်း
ထောင်အတွင်း ကြိုးပေး အသတ်(ကွက်မျက်) ခံခဲ့ရတယ် ။


ဒါဖြင်. အင်္ဂလိပ်ကို တော်လှန်တဲ့ ဗိုလ်ချုပ်အောင်ဆန်ူးကို ရော ဘာဖြစ်လို. မသတ်တာလဲ လို. မေးစရာရှိ တယ် သူလဲ သီသီလေးဘဲ၊ ပြေးနိုင်လိုသာ လွတ်ခဲ့တာပေါ့ ၊ မိများသွားရင် ဆရာစံ နောက် များလိုက်ရမလား မသိဘူး။


ဦးနု နဲ.တသုတ်ကို မန္တလေးထောင်မှာထည့်ပြီးနေပြီ ။ ဂျပန်တက်လာလို.ဘာမှ ဆက် မလုပ်နိုင်တော့ဘဲ လွတ်လာကြတယ် တဲ့ ။


အောင်ဆန်းကို ဘယ်သူ သတ်သလဲ ဆိုတဲ့ မေးခွန်းဟာ အခုထိမေးနေ
တုန်းဘဲ ။ ထောင်ထဲမှာတုန်းက ဦးစောဟာ သူကြိုးစင်တက်ရလိမ့်မယ် လို. မထင်ဘူး။ အ၈င်္လိပ်ကကယ်လိမ်.မယ် လို.တထစ်ချယုံကြည် ထားခဲ့တယ်။ နောက်ဆုံးမိနစ်ထိ ဘာသံမှမကြားရဘဲ ကြိုးစင်တက်ခဲ့ရတယ် လို. သိရ
တယ်။


ဘာထူးလို.လဲ အောင်ဆန်းလဲ နောက်ဆုံးမတော.အသတ်ခံရတာဘဲ လေ၊ အဖေါ် သနင်းလေးများတောင် ပါသွားသေးတယ် မဟုတ်လား ။ ဘယ်သူ
သတ်သတ် သေတာကတော့ သေသွားပြီ။


အောင်ဆန်းကို ဘယ်သူတ်တာလဲ ဆိုတဲ့ စာအုပ်ရေးသူကလဲ စာအုပ်ရောင်း
ခြင်လို.ဘဲလား။ သက်သက် နာမည် ကျော်ခြင်. နှောက်ခြင်လို.ဘဲ လား မသိ ၊ စာအုပ်ထုတ်ခဲ့တယ် ခင်အောင် ဆိုသူက ဘယ်သူ.ကိုမှ လဲ သူ တိတိကျကျ လက်ညှိုးထိုး မစွပ်စွဲ ရဲဘူး။ တချို.က သူ.ကိုတောင် မယားခိုး ကက်နက်လို.ခေါ်ကြ တယ် ဆိုတာသိရတယ် ၊ သူဆီမှာ ရှိတယ် ဆိုတဲ့ သူအဖေရဲ အမှုတွဲ ဆိုတာက ရတဲ့ အချက်အလက်တွေ နဲ့ လူတွေကို သို.လော သို.လော စဉ်းစား
စရာ ပဟေဋိတွေထုတ်ခဲ့တယ်၊ အမှုနဲ့ ပါတ်သက်တဲ့ နောက်ထပ် လဲ သဲလွန်စ
အချက်အလက် မရခဲ့ဘူး ၊ ရဘို. နောက်ထပ် နှစ် ၅၀ လဲသူမစောင့်နိုင်တော့ ဘူး ထင်ပါရဲ့. ။ ဘီဘီစီ သတင်းထောက် Fergal Keane လဲ ဒီအမှု နဲ့ ပါတ်
သက်ပြီး ပါးစပ် ပိတ် သွားတာ ဒီနေ.ထိဘဲ ။


အမေရိကန်ပြည်ထောင်စုမှာ လဲ Who Killed J.F Kennedy ? ဆိုတဲ့မေးခွန်း
ရှိတုန်းပါဘဲ။


ကိုယ်ကိုကိုယ် ကာကွယ်လိုသူတွေဘဲ ဆိုဆို။ အောင်ဆန်းကို ဆွယ်မရလို. သူသမီး ဘန်းပြပြီးမြန်မာတွေကို ညွတ်ကွင်းထောင်ခဲ့တာ သိရက်နဲ့ ခံလိုက်
ရတယ် ၊ မောရပရိတ် ဆိုတဲ့ ဥဒေါင်းမင်း ဂါထာလဲ မကယ်နိုင်ဘူး ၊ ဥဒေါင်း
မင်းကို အမျိုးသား ဒီမိုကရေစီအဖွဲချုပ်က သူတို.အလံပေါ်မှာ အသေချုပ်ထား
တယ် ၊ ဥဒေါင်းမင်း လွတ်နိုင်ဘို.မပြော နဲ.လှုပ်တောင် မလှုပ်နိုင်ဘူးး၊ ပရိတ်
ရွတ်ရုံနဲ့တော့ အလကားဘဲ။


နောက်ဆုံး လိုရင်းကို ပြောခြင်တာက အမေရိကန်ပြည်ထောင်စုမှာဘဲ ဓမ္မဆရာ မါတင် လူ.သာကင်း ဂျုနီယာဟာ ၁၉၆၈ ခုနှစ် မှာ အသတ်ခံရတယ်
၁၅ နှစ်ကြာ ၁၉၈၃ ခုက စပြီး သူ.မွေးနေကျတဲ့ ဇန္န၀ါရီ ၁၅ ၇က်နေ.ကို (မါတင်လူသာကင်းနေ.) ရယ်လို. ဥပဒေပြုပြီး အမျာြး့ပည်သူ. ရုံးပိတ်ရက် သတ်မှတ်ခဲ့ တယ်။


ဆရာစံတို.လဲ ဒီလိုဘဲ ဂုဏ်ပြုထိုက် သူတွေပါ ။ ဦးနေ၀င်း လက်ထက်က ငွေစက္ကူ တွေ မှာ ဆရာစံ ၊ သခင် ဘိုးလှကြီး တိုလို ရဲရဲတောက် မျိုးချစ်ပုံတွေ
ကို ရိုက်နှိပ် ဂုဏ်ပြုခဲ့တာတွေခဲ့ရဘူးတယ် ၊ အခု ခေတ်အခါမှာ အာဇာနီတွေ
ကတော့ အများသား၊ ဘယ်သူတွေက တကယ်နီသလဲ ဘယ်သူတွေက ပန်းရောင်လဲ တော့ မသိဘူး ။ အာဇာနီ စာရင်းမှာ ပါခြင်သူတွေကတော့ အများသား ၊ ပါထိုက်မထိုက် မစဉ်းစားနိုင်ဘူး လူတွေ ပါးစပ် ပိတ်အောင် ငြိမ်ကြရအောင် အားလုံးကျေနပ်ရအောင်၊ လူလဲလူအလျှောက် ဘုန်းကြီဲး လဲ ဘုန်းကြီးအလျှောက် အာဇာနီဖြစ်စေ မဟာသာဝကဖြစ်စေ ချီးမြင့်ရတောမှာ
မို. ဗိုလ်ချုပ် အောင်ဆန်းတို.လို ဆရာစံတို.လို ဦးဝိစာရ တို.လို အာဇာနီတွေ တန်ဘိုးဟာ တနေ.တခြား လျှော့သထက်သာ လျှော့ဘိုရှိ တော့တယ် မောင်
တို. ။


တော်သေးပြီ ။