Article submitted by: minkyaw thuyein on 17-Jul-2013  
ပွင်းလင်းမြင်သာပြည်မြန်မာနဲ့ငြိမ်းခƟ
place holder


မျိုးချစ် တိုင်းချစ် ပြည်ချစ်အပေါင်းတို.


၁၅/၀၇/၁၃ နေ.ညနေပိုင်းက ဦးသိန်းစိန် လန်ဒန်မှာ မြန်မာတွေကို ပြော သွားတာက နိုင်ငံမှာ မငြိမ်းချမ်းရင် ခေတ်မီ တိုးတက် ဖွံ.ဖြိုးဘို.ဆိုတာတွေကို မေ့မစ်လိုက်ကြ လို. မပြောရုံဘဲ ရှိတော့တယ် ။ သြူေ့ပာတာ ကြားလိုက်သူ
တွေ လဲ ရှိပါတယ်။ တွေဆူံမေးမြန်းခွင့်တွေ ပြုမဲ့မူလအစီအစဉ်ကို ရုတ်တရက
ဖျက်သိမ်းခဲ့ ပြီ့း ပရိတ်ကြီး ၁၁ သုတ် ရွတ်သလို. သူရဲ အလွတ်ကျက်ထားတဲ့
မိန်.ခွန်ူကိုသာ အူယားဖါးယား အချိန်လုပြီး ရွတ်သွားတယ်။သံဃာတော်တွေ
ကအနူမောဒနာပြုကြတော့ လူတွေကလဲ လက်ခုတ်လက၀ါးတီးပြီးသာဓု
ခေါ်လိုက်ကြတာနဲု.တပွဲပြီးသွားပြန်တာပေါ့။ နောက်ပိုင်းထွက်လာတဲ သတင်း
က သူ.လက်ရွေးစင် အဖွဲ အခွင့်ထူးခံ မြန်မာတချို.ကို ဗြိတိန်ဆိုင်ရာ မြန်မာ
သံအမတ် အိမ်မှာ တွေရင်း ညစာ စားမှာမို.လူအများနဲ့ တွေ.ဆုံတဲ့ အစီအစဉ်
ကို လူအနဲအတွက် ချုံုးူခဲ့ရတာလို.လဲ ကြားရတယ် ၊ ဟုတ် မဟုတ်တော. မသိဘူး။ ဒါဟာ ဒို.မြန်မာ ဘဲ။ သူ.လူ ကိုယ့်လူ ဆိုတာကတော့ ရှိစမြဲပေါ.၊
ဒီနေအဲဒါတွေပြောခြင်လို.မဟုတ်ပါဘူး။


ခေါင်းစဉ်နဲ.အညီ မြန်ပြည် မှာ ဘာတွေ ဘယ်လောက် ပွင့်လင်းမြင်သာနေပြီ
လဲ သိကြမှာပေါ့ ။ အသိချင်း ဖလှယ် ရအောင်လေ ၊ ဒီနေ.ပြောခြင်တာက ငြိမ်းချမ်းရေး ဆိုတာဘဲ၊ငြိမ်းချမ်းရေးဆိုတာ ဘာလဲ လို. မြန်မာတွေကိုမေးရင်၊
မေးသူ ကိုယ်တိုင်က တကယ်မသိလို.သိခြင်လို.မေးတာလား၊ သိရက်နဲ့ နောက် နေတာလား ၊ တဖက်အမြင် ဘာရှိတယ်ဆိုတာ သိခြင်လို.လား ?


ဗုဓ္ဒ လက်ထက်တချိန်က ကပိလနဲ့ကောလိက ၂ နိုင်ငံတို.ဟာ ယောဟိနီ မြစ်ရေကိုလုကြ တဲ့ အရေးမှာ တဖက်နဲ့ တဖက် အကြမ်းဖက်စစ်ခင်းကြဘို. ဆဲဆဲ၊ သွေးချောင်းစီးကြတော့မယ် ဆိုတာကို မြင်တဲ့အတွက် ဂေါတမ ဗုဒ္ဒက ၂ ဖက် ကြား ၀င်ပြီး ၊ ၂ ဦး ၂ဖက် စလုံး ပျက်ဆီးနိုင်ကြောင်း ငြိမ်းချမ်းရေး တရားကိုဟောခဲ့ ရတယ် လို. ဗုဓ္ဒ၀င်မှာပြောထားတာကို တွေ.ရတယ် ။ ဂေါတမ ဗုဓ္ဒ ဆိုတာ အခုမရှိတော. ငြိမ်းချမ်းရေးတရားကို ဘယ်သူ
ဟောမှာလဲဆိုတဲ့ ပြသနာပေါ်လာရ ပြန်တယ်။


အဖြေကတော့အရှင်း ကြီးဘဲ လောဘ ဒေါသ မောဟ လွန်ကဲမှုကြောင်. ၊ သင့်မြတ်စွာမနေနိုင်၊ မျှတစွာ ဝေမစားနိုင်၊ တကိုယ်ကောင်း အတ္တတွေ လွန်ကဲပြီး လူတွေ သေ ကျေ ပျက်ဆီးမှာကိုမှာမထောက်၊ ရခဲလှတဲ့ လူ.ဘ၀ကို စစ် ဆိုတဲ့ အကြမ်းဖက်မှူနဲ့ အားချင်းပြိုင်ပြီးလူလူချင်း အသေသတ်ကြတာ
ကို ပပျောက်ရေး ဟာ ငြိမ်းချမ်းရေးဘဲ လို.ပြောရလိမ်.မယ်။


ကိုယ့်အမြင်ပြောရရင် ငြိမ်းချမ်းရေးဆိုတာ ကိုယ့်မှာသာရှိတယ် ၊ လမ်းပေါ်မှာ
ရှာလို.မရဘူး လို.ဘဲ ပြောမယ်။ လူတိုင်း လူတိုင်းဟာ ကိုယ့်ကိုကိုယ် ငြိမ်းချမ်း
ရေးအောင် လုပ်နိုင်ကြရင် မြန်မာတနိုင်ငံလုံး သာမက တကမ္ဘာလုံးပါ ငြိမ်းချမ်းရေး ရတာပေါ.လို.လဲ ပြောနိုင်တယ်။


ကြီးကြီးကျယ်ကျယ် ပြောရရင် တော့ ဂေါတမ ဟောတဲ့ သစ္စာလေးပါး တရားမပေါက်သေးသူ တွေရှိ နေသ မျှ။ နိဗ္ပာန်ရောက်ကြောင်းလမ်းကြောင်း
ပေါ်မရောက်သေး သမျှ ငြိမ်းချမ်းရေးဆိုတာမရှိဘူး။ ဂေါတမဟောတဲ့တရား
ဟာ ၊ ငြိမ်းချမ်းရေးတရားဘဲ လို.ပြောရမယ်။ ငြိမ်းချမ်းလွန်းတဲ့တရား၊ ကံ ၅
ပါးလုံအောင်ထိမ်းနိုင်ဘို. လူမှန် သမျှ ကြိုးစားကြရမှာဖြစ်တယ်၊၊


ဗုဓ္ဒဘာသာမဟုတ်တဲ့ သူတွေဟာလဲ ကံ ၅ ပါးထိမ်းနေရတာဘဲ။ ဘာသာ တိုင်းမှာတော့ ငြိမ်းချမ်းရေး တရားဆိုတာ သူဟာသူ ရှိကြမှာပါ ။ ရှိခဲ့ရင် ရှိတဲ့ အချက်တွေ ပေါ်မှာမူတည်ပြီး အတူတကွ ငြိမ်းချမ်းရေး တည်ဆောက်လို.ရတာပေါ။ လူတိုင်း ဟာ သူတို.ဘာသာရေး ညွှန်ပြချက်တွေအတိုင်း လူ.အကျင့်သိက္ခာတွေကို ထိမ်းသိမ်းကြမယ်ဆိုရင်၊လူသား ကမ္ဘာကြီး
ငြိမ်းချမ်းနေ မှာဘဲ လို.ထင်တယ်။


ဗုဓ္ဒဘာသာ ဖြစ်တာနဲ. ငြိမ်းချမ်းရေးတည်ဆောက်ဘို. တောထွက်ပြီး ဘာမှ မလုပ်ဘဲ သစ်တပင်အောက် ၀ါးတပင်အောက် မှာ ရိပ်ကြီး ခိုနေဘို.လဲ မဟုတ်ဘူး၊ ဒို.အားလုံး ဟာ ဗုဓ္ဒဘာသာတွေ မဟုတ်ကြဘူး ဟုတ်စရာလဲ မလိုဘူး။ လူမှန်ရင် စားဘို. နေဘို. ၀တ်ဘို.တော့လုပ်ရလိမ့်အုံးမယ်။ အနဲ ဆုံး မှဲ. ခြင် မြွေ ကင်းသန်း ဥတု ကာကွယ်ရေး၊ အဟာရ မျှတရေးအတွက်
တော့ လုပ်ရလိမ့်အုံးမယ်။


ကပိလနဲ့ကောလိက ပုံပြင်မှာ အရေးကြီးတဲ့ အချက်က ‘၂ ဦး ၂ ဖက်စလုံး ပျက်ဆီးမယ်’ ဆိုတဲ့ အချက်ကို တွေ.ရတယ် ။


မြန်မာနိုင်ငံမှာ ၁၉၄၈ ခုကစခဲ့တဲ့ အတူမနေနိုင်လို. ရေ မြေ လု စစ်ပွဲတွေ
ကြောင့် ၂ ဦး ၂ ဖက် သေ ကျေ ပျက်ဆီးဆုံးရှူံး မှုတွေ ဟာ ပစ္စည်းတန်ဘိုး။ လူတန်ဘိုးဘယ်လိုမှ မတွက်နိုင်ဘူး ။ နောက်ထပ် ဘယ်လောက် သေကျေ ပျက်ဆီး စေခြင်ကြသလဲ၊ အနဲဆုံး အများဆုံးဘယ်လောက်ထိ သေ ကျေ ပျက်ဆီးခံမယ်ဆိုပြီး ကန်.သတ် ယာထား ထားတာ ရှိသလား ၊ ကိုယ့်ယုံကြည်
ချက်နဲ့ ကိုယ် သေရတာ မြတ်တယ်လို.ဘဲ စွဲမြဲနေသလား ?


သေသေချာချာစဉ်းစားကြည့်စမ်းပါ. ဘယ်သူ အမြတ်ထွက်တာလဲ။ လူမျိုးစု လက်နက်ကိုင်အဖွဲ. ၁၂ ဖွဲနဲ.အ ပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် တွေ ရထားတာရှိပါတယ်၊ လုံးဝ ငြိမ်းချမ်းရေးရဘို. ဆက်ပြီး ဆွေးနွေးနေပါ
တယ် ဆိုတဲ့ စကားတွေ ကြားရတာ ၀မ်းသာစရာပါ ၊ အရင့် အရင် ခေတ်
အဆက်ဆက် ၆၆ နှစ် တလျှောက်မှာ ဒါမျိုးတွေကို နားနဲ့ မဆန်.အောင် ကြားခဲ့ရဘူးပါတယ်။ နောက်တော့လဲ အဖျားရှုးသွားခဲ့တာကိုလဲ သိရ ကြားရ မြင်ရပါတယ်။ အခုလဲ ဒါမျိုးလာပြန်ပြီလားလို.တော့ ထင်မိတာ အမှန်ဘဲ။


ပြီးခဲတဲ့ အတွေ.အကြုံတွေမအရက အပစ်အခတ်ရပ်ဆဲရေးဆိုတာဟာ
လက်နက်နဲ.ရိက္ခာလျှော့နဲလာနေ လို. ဖြည့်တင်းရအောင်. အချိန်ယူတာက
လွဲလို. ဘာမှမပိုဘူး ။ ငြိမ်းချမ်းရေးကို တကယ်ရလိုတဲ့ စိတ်ရင်း ဆန္ဒ မရှိဘူး
ဆိုတာရှင်းနေတယ်။ လူမျိုးစု တပ်ဖွဲ.တွေဟာ အစိုးရအဆက် ငြိမ်းချမ်းရေး အစီအစဉ်တွေကို အလွဲသုံးစားခဲ့ကြတာလဲ မြင်နေရတယ်၊ ၆၆ နှစ်ကြာပြီဖြစ်
တာတောင် ငြိမ်းချမ်းရေးလိုအပ်နေဆဲဘဲ ။


မေးစရာက သူတိုစွမ်းရည်လား၊ အစိုးရနဲ့ မြန်မာ့တပ်မတော်ရဲ့ ပျောညံ့ချက်
လား၊ပြည်သူတရပ်လုံးရဲ့ ပျောညံ့ချက်လား? တပ်မတော် အပေါ် ယုံကြည်
အားထားလို.ဖြစ်ပါ့မလားဆိုတာထိ မေးလာနိုင်တယ် ။ တပ်မတော်အပေါ် မလေးစားတာတွေ ဘာကြောင့်လဲ ။ ပြောရရင်. လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကိုတော ပစ်လားခတ်လား သတ်လားဖြတ်လားနဲ.၊ငသောင်း
ကျန်းတွေကိုတော့ အပြတ် မဆော်နိုင်ဘူး။ အစိုးရလိမ္မာနေတာလား၊ အ နေတာလား၊ မီးစင်ကြည်.က နေတာလား ၊ ၂ ပေါက် တပေါက် ရိုက်ခံနေရ တာ လား။ မွေးထားတာလား။ ဒါကြောင့် တဖက်လူက တရားဥပဒေစိုးမိုး
ရေး ( Rule of laws ) လေးဘာလေးနဲ့.သံကောင်းဟစ်လာတယ် ။ သူတို.ကရော ဘာတွေ လုပ်နေသလဲ သူကဘာတွေသိနေ လို.လဲ ။ သူ.ပါတီက ရနေတုဲ့အလှုခံငွေဆိုတာတွေ တောင် ဘယ်သူတွေဆီကရတာလဲ တည်ဆဲ
တရားဥပဒေ တွေနဲ့ အကြုံးဝင်ရဲ့လား? တိတိကျကျ အထောက်အထားတွေ
ရှိရင် တိတိကျကျတရားဝင် တိုင်တန်းပါလား၊ ကိုယ့်ဟာကိုယ် မလုံလို. အာရုံဏ်ပြောင်းအောင် ဟောင်ပြတာလား?


ငြိမ်းချမ်းရေး ဆွေနွေးမှူတွေ ဘယ်လောက်အောင်မြင်နေပြီဘယ်တော့
လောက်ဆို လုံးဝငြိမ်းချမ်းရေး ရ တော့မယ် လို. ဦးနု လက်ထက်က ( တနှစ်အတွင်းငြိမ်းချမ်းရေး)ဆိုတာမျိုးလိုတော.မဖြစ်ကောင်းပါဘူး။ ငြိမ်းချမ်း
တာကနောက် ၊ စဉ်းစားစရာက လောလောဆယ်မှာ ဥပဒေပြင်ပက မှောင်ခို
သူတွေ သူပုန်တွေ ဒါးပြတွေ အလုပ်လက်မဲ့ အဖြစ်ခံနိုင်ကြ မတဲ့လား?
သူတိုကို အလုပ် အစားပေးဘို ဘာတွေ အသင့်ရှိ နေသလဲ. မှောင်ခိုတုန်းက သူတိုရတဲ ၀င်ငွေ ကိုကာမိပါ့ မလား?


ထိုနည်းတူဘဲ နိုင်ငံကထွက်သွားတဲ့ လူလိမ် လူကောက် လူယုတ်မာ သစ္စာမဲ့
တွေကို ပြန်လာခဲ့ပါ ပြန်လှဲ.ပါ ဆိုတော့ သစ္စာရှိသူတွေ အနစ်နာခံသူတွေက ဘယ်သွားနေရမှာလဲ ။ သူတိုကို ကေါ်ဇောနီခင်းပြီး အုန်းပွဲ ကန်တော့ပွဲ တွေနဲ့
ဆီးကြိုမှာလား ကျန်သူတွေက ရှိခိုးရမှာလား? “ Forgive your enemies, but never forget their names” ဆိုတဲ့ စကားဟာ အဓိပါယ်ရှိတယ်လို.ထင်တယ် ကိုယ်က အဓိပါယ်ဖေါ်ရင် ကိုယ့် အတွက်ဘဲ ၊ သူများတွေ လဲ သူတို.ဟာ သူတို. ရှိလိမ့်မယ်။


အဖ မြန်မာနိုင်ငံကို ထူထောင်ဘို. သူတို.မှာလဲ အေးအတူ ပူအမျှတာဝန်
ရှိတယ် ၊ သူတပါးနိုင်ငံမှာ သွားနေ တော. ကွယ်လွန်သူ အမေရိကန်သမတ J. F. Kennedy, ပြောတဲ့ “ ask not what your country can do for you - ask what you can do for your country” လို.ဆိုတာ ကြားဘူးကြ
မှာပေါ. နော်။ နိုင်ငံခြား အထင်တကြီးနဲ့မြန်မာတွေ ဒီလိုစကားတွေကြားဘူးကြ
မှာပေါ့၊ နားမယှက်ဘူးလား? ဒီလိုအပြောမျိုးတွေ ကြောင့်ဒီလူအသတ်ခံရတာ
ဘဲ လို.များ ပြော ကြအုံးမလား မသိ ၊၊


၁၉၆၄ ခု နိုဘယ်(လ) ငြိမ်းချမ်းရေးဆုရှင် အမေရိကန် နှစ်ချင်း ခရစ်ယန် ဓမ္မဆရာ Martin Luther King, Jr. ကလဲ “ Love is the only force capable of transforming an enemy into friend. Hate cannot drive out hate: only love can do that.'”, လို.ပြောခဲ့တယ် သူလဲဘဲ ၁၉၆၈ မှာ သူတပါး လက်ချက်နဲ့ ကိစ္စချော သွားတယ် ။ မြန်မာလူမျိုးစုဝင် ခရစ်ယန်
လက်နက်ကိုင်တွေ ဘာပြောကြမလဲ။ Fight for your Right တဲ့လား ၊ မဖိုက်ရင် မရဘူး တဲ့၊ ဘယ်လို ဖိုက်မှာလဲ ။


ကျုပ်တို.ခေါင်းဆောင်တွေ ပြောခဲ့တဲ့ စကားထဲက ဘာတွေ မှတ်သားလိုက်နာ
ရမယ် ဆိုတာ သိပ်မရှိဘူး။ ဘယ်သူပြောတဲ့ ဘာကို ရည်ညွှန်းရမယ်ဆိုတာ မသိဘူး၊ မမှားနိုင်တဲ့ ဂေါတမ ဗုဓ္ဒရဲ စကားတွေကိုသာ ဘဲ အခါအားလျှော်စွာ ညွှန်ူးရတော့တယ် ၊၊


ခေတ်ကပြောင်းလာပြန်တော့ မြန်မာမှုတွေဟာလဲ ဘာတခုမှ မသေချာတော့
ဘုး မြန်မာစာ မြန်မာ စကား ပျောက်တော့မယ် ၊ လူရွှင်တော် လူနောက် ဇါ၈နာတောင် အင်္ဂလိပ်လို ရွှတ်ရှက်နေတာ တွေ.ရတော မြန်မာနိင်ငံ အတော်
တိုးတက်နေပါလားလို.မှတ်ယူရမဲ့အကြောင်း လွှတ်ကနဲ ပြောမိတယ် ၊ အနီးရှိ မိတ်ဆွေက ဒါတောင် ခင်ဗျား ဘတ်စကားဆိပ်၊ သင်္ဘောဆိပ် နဲ့ ကွမ်းခြံ ဘူတာ မရောက်သေးလို. တဲ့။ သူဘာဆိုလိုတယ် ဆိုတာ သိပါတယ် ၊ ဒါကြောင့် စကားဖြတ်ပြီး တခြား စကားတွေ ဘက်ရောက်သွား တယ် ။


တော်လိုက်အုံးမယ် ။