Article submitted by: minkyaw thuyein on 15-Jul-2013  
ချစ်တုန်း မုန်းစကားပြောကြ ရအောင် ။
မျိုးချစ် တိုင်းချစ် ပြည်ချစ် အပေါင်းတို.


လဘက်ကောင်းစားခြင်ရင် ပလောင်တောင်တက် နှေးရမယ် တဲ့ . အဲဒီ ပလောင် တောင်ပေါ်မရောက်ဘဲ လမ်းမှာ အမောဆို.သေသွားရင် ၊ လဘက်
ရည်ကြမ်းတောင် သောက်ရလိမ့်မယ် မဟုတ်ဘူး။ နိုင်ငံခြားငွေတွေ အများ
ရှိတယ် ယ နိုငငံခြးက မှာမယ်တဲ့ လား ကောင်းပါတယ် ကောင်းပါတယ်။ .
ပွင့်ပွင့်ပြောတာ မကြိုက်. ဒဲ့ဒိုးပြောတာလဲ မကြိုက် ဝေလည်ကြောင်ပါတ်ပြော
တော့လဲ မကြိုက် ဈ ဘေးထိုင ဘုပြောဆိုပြီးတောါတောင် ပြောလာပြန်တော.
ဘယ်လို ပြောလိုမှ မကြိုက်ဘူးဆိုတာဘဲပေါ. ၊ ခက်ရချည်ရဲ့.။


ဒီလိုဆိုတော.လဲ မပြောဘဲ နဲ့ တော. မနေနိုင်ဘူး၊ ကြိုက်ရင်လဲ ကြိုက်၊
မကြိုက်ရင် လဲ မတတ်နိုင်ဘူး ကိုယ့်လူရေ့ ။ အားလုံးဟာ တထွာပြလို.
တလံမြင်ကြတာမဟုတ်ဘူး။ တတိုင်ပြတော့လဲ ရေးရေးလေးဘဲ တံလျှပ်
လို မြင်တာ ဘာမှန်းတောင်းမသိဘူး။


အမျိုးသားရင်ကြားစေ့ရေး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးဆိုတာ လဘက်ရည်ကြမ်း စကားဝိုင်းမှာ ပြောရတဲ့ အလာပ သလာပ ကိစ္စမျိုး မဟုတ်ဘူး။ လမ်းဘေး ဘူးသီးကျော်ဆိုင် စကားလဲ မဟုတ်ဘူး၊ မြန်မာနိုင်ငံအရေးဟာ ခရီးသွားဟန်လွှဲ တောင်စဉ်ရေမရ တွေ.ကရာတွေ ပြောဘို.စကားလဲ မဟုတ်ဘူး ဆိုတာ သိကြလိမ့်မယ် ။ တချိုတွေက သူတို.ပြောလိုက်ရရင်ပြီးရော သူတိုပြောရင် ဖြစ်ရမယ် ဆိုတဲ့ ခံယူချက်နဲ့ တခြားသူတွေကို Dictate လုပ်ခြင်နေတယ် ၊ ဆွေးနွေူးတယ် ဖလှယ်တယ် ဆိုတဲ့ အဆင့်အထိ မရောက် နိုင်အောင်ဖြစ်နေတယ် ။ တောင်းဆိုချက်တွေ
ကလဲ စာရွက်နဲ့တောင် မဟုတ် ၊ စာအုပ်နဲ့ အပြည်.ဘဲ။ ဘယ်နှ အုပ်ရှိသလဲ
တော. မပြောတတ်ဘူး။


ဒီလိုသာဆိုရရင် ဒီမိုကရေစီးဆိုတာ ဘာလိုတော့မလဲ.Dictator ရှိပြီးသားဘဲ ။ ဒီ Dictator မကောင်း လို.နောက် Dictator နဲ. လူစားထိုးတာကလွဲလို. ဘာအဓိပါယ်မှ မရှိဘူး . မြန်မာနိင်ငံရဲ့ အနာဂါတ်မှာ Doctator တွေ တွေ.ရအုံးမဲ.အလားအလာ နမိတ်တွေများလား? အမှန်ကတော့ Dictator ဟာ သူဘာတွေ Dictate လုပ်သလဲ အောက်က လူတွေက ဘယ်လို ဆောင်ရွက် မလဲ ဆိုတာတွေ ပေါ်မှာလဲ တည် လိမ့်မယ် ၊ ပြောတာကို ပြောတဲ့အတိုင်း မလုပ်ရင်တော.လဲ တမျိုးပေါ. USSR မှာဘဲဖြစ်စေ. Peoples Republic of China မှာဘဲဖြစ်စေ Dictator စံနစ် ဟာ မကောင်းဘူး၊ မအောင်မြင်ဘူးလို. အကျိုးမရှိဘူးလို မပြောနိုင်ဘူး မဆိုနိုင်ဘူး ၊ မကောင်းအောင်၊

မအောင်မြင်အောင် ၀ိုင်းဘေကြတဲ့ ထဲက အောင်မြင်ခဲ့တာဘဲ. USSR ပျက်သိမ်းသွားတာကို Blessing in disguise လိုပြောလိုတောင်ရသေး၊ Russia နဲ့ CIS ဟာ စစ်ရေး ရော စီးပွားရေးမှာပါ တောင့်တင်းဆဲ ဓနသဟာရ အဖွဲ.တခုဖြစ်နေတုန်းဘဲ။ အားလုံးဟာ လူပေါ်မှာ မူတည်နေတယ်ဆိုတာ ကို ပြနေတာပေါ့။ တရုတ်ပြည်သူ သမတနိုင်ငံ ဆို ဘောပြောစရာလိုသေးလဲ။
အနောက်အုတ်စု ဟာ နိုင်ငံတခု ကြီးပွားတိုးတက်မှာကို မလိုလားဘူး၊ သူတိုသြဇာမခံသမျှ ဖြစ်တဲ့ နည်ူးနဲ့ဟန်.တားနှောက်ယှက်တယ် ၊ မြန်မာနိုင်ငံ
လဲ မလွတ်ခဲ့ပါဘူး၊ အခုတော ဘယ်လိုဘယ်နည်းဖြစ်နေတယ် တော့လဲ
အတိအကျမသိဘူး ရုရှား ၊ တရုတ်တို.ရဲ့ ကောင်းကြီးပေးမုကြောင့် အနောက်
ဖက်က မြန်မာ နိုင်ငံကို ခြေချုပ်စည်းကမ်းချက်တွေနဲ လွှတ်ထားတဲ ပုံမျိုး အရှက်ပြေ ပြောနေတယ်၊ တကယ်တော. မြန်မာ့ ဈေးကွက် သူတိုအလွတ်
မခံနိုင်တဲ့ အကြောင်းတွေ ရှိနေတယ်၊၊ မြန်မာနိုင်ငံအတွက်ကတော.
The more the merrier ဘဲပေါ့။

တိုင်းရင်းသားလက်နက်ကိုင်တွေက ငါတို.လုပ်ခြင်တာလုပ်မယ် မင်းတို ၀င်မရှုတ်နဲ. မင်းတို.ကို ငါတို. မတိုက်ဘူး၊ ငါတို.စည်းထဲ မ၀င်နဲ့ ငါတို.ကိုလဲ မထိနဲ့လို ဆိုပြီး အစိုးရတပ်တွှေကို အကြပ် ကိုင်နေပုံရတယ်။ အစိုးရတပ်
တွေနဲ့ နယ်ခြားကလူမျိုးစု လက်နက်ကိုင်တွေကြားမှာ နယ်ခြားစောင့် တပ်တွေ ကြားခံ နယ်မြေ နဲ့ ရှိနေတယ် ဆိုတာလဲသိရတယ် ၊ အဲဒါသာ ကြည်.ပေတော့။


အခု အမျိုးသားရင်ကြားစေ့ရေး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးဆိုတာ
မှာ အမြင်ချင်းတူတာတောင် တူတာကို ဆက်ပြီးဆွေးနွေူဘို. အားရ ကျေနပ်လက်ခံနိုင်ပုံမရှိ ၊ ငါပြောဘူးသားဘဲ ၊ ငါဆိုဘူးသားဘဲ ငါ့ စကား
တွေဘဲ ဆိုတဲ့ ငါ တည်းဟူသော ငါ စွဲ စွဲ နေတာတွေ တွေ. ရတော့
နှစ်ပေါင်း ၂၀၀၀ ပါတ်ဝန်းကျင် သက်တန်းရှိနေတဲ့ ဒိုမြန်မာနိုင်ငံမှာ ။ အဲဒီလိုလူတွေ့ ဘယ်လောက် များရှိနေမလဲ ၊ ရင်ကြားမစေ့တာ ညီညွတ်မှု မရှိတာသူတို.လိုလူတွေက စခဲ့တာများလားလို. တွေးမိတယ်။


ဒီစကားတွေကို ဘဲ ငါ မမွေးခင်ကတည်းက သူများတွေ ပြောဘူး ခဲ့ကြတယ် ဆိုတာရော သိရဲ့ သတိထား မိရဲ့လာ? ငါ ဘာမှ မလုပ်ခဲ့လို. ငါ့ နိုင်ငံနဲ့ ငါ့လူမျိုးတွေ ဘာဖြစ်နေသလဲ သိရဲ့လား? လုပ်ခဲ့တယ် ဆိုရင်လဲ ဘာတွေ လုပ်ခဲ့တာလဲ ? သေခါနီး ဘုရားတည်တာ မြန်မာတွေရဲ့ အကျင့် ၊ တသက်လုံး
ဘာသောက်ကျင့်တွေ ပျက်ခ၊ာ အကုသိုလ် တွေ လုပ်ခဲ့ကြလို.ဘုရားတည်ကြ
တာလဲ. ဒီလို ပြေးလို. လွတ်မတဲ့လား။ မြန်မာနိုင်ငံမှာ ဘုရားဓါတ်တော် မွေတော်တွေမပါတဲ့ လူသေရင် မီးရှို အရိုးနဲ့ ပြာ အုတ်ဂုတွေ နေရာ အနှံ.ရှိနေတာကို ဘုရားအမှတ်နဲ့ ရှိခိုးသူတွေကလဲ ခိုးနေတယ်. မိစ္ဆာဒိတ္တိတွေလို.ဘဲ ပြောရတော့ မလား။


နေပါအုံး ငါ က ဘာလူမျိုးလဲ ဘယ်လူမျိုးစုဝင်လဲ ကိုယ့်လူမျိုးစုဝင်တွေထဲက နိုင်ငံနဲ့နိုင်ငံ သားတိုကို လက်နက်ဆွဲကိုင် အနှောက်အယှက်ပေးနေတာတွေ
ကို ထောက်ခံသလား၊ ကန်.ကွက်သလား ဆန်.ကျင်သလား ၊ ဘာပြောဘို.ရှိပါသလဲ? ဒါလေးမေးခြင်လို.ပါ၊


တိုင်းပြည်နဲ. လူမျိုးအတွက် ကိုယ်ဘာတွေ လူပ်ခဲ့ဘူးတယ် ဆိုတာကို ပြောရမှာဝန်မလေးပါဘူး။ ကိုယ့် တာဝန် ကိုယ့်အပိုင်းနဲ့ ကျရာနေရာက
ကိုယ်လုပ်ခဲ့တယ် လိုဘဲ ပြောတော့မယ် ။ ထပ်ဆင့်မေးလာရင်တော့ မိလ္လာရှင်းပါရဂူ ( First Class) လို.ဖြေလိုက်မယ် ၊ ကဲ ကျေနပ်ပြီလား ဒါတွေဟာအကြောင်းမဟုတ်ပါဘူး။ မိလ္လာသိမ်းသန်.ရှင်းရေးသမားဟာလဲ မနုသ လူသားပါဘဲ . ကုသိုလ်တောင် အထူးရသတဲ့ လူကြီးတွေပြော ကြတယ်။


မူရင်းပြောနေတဲ့ အကြောင်းက အမျိုးသား ပြန်လည်ရင်ကြားစေရေး တိုင်းရင်းစည်းလုံးညီညွတ်ရေး၊ ဘဲ ။


ဒီနေ. လူ.ပါတ်ဝန်းကျင်မှာ ဘုရားဖြစ်ဘူးသူ ဘယ်သူဆိုတာတော့ ဒို.လဲ မသိဘူး၊ ဘုရားဟောတရားတွေ ပြန်ဟောနေပြီး သူတိုကို.သူတို ဘုရား
မှတ်နေ သူတွေ မရှိဘူးလို.လဲ ၀န်မခံနိုင်ဘူး၊ ဘုရားနဲ့ဝေးလို.လား တော့ မပြောတတ်ဘူး ဘယ်သူဘုရားဆိုတာ သိလဲ မသိဘူး၊ ရှိမှန်းလဲ မသိဘူး၊ ဒါကအမှန်ကိုပြောတာ ဘဲ။ သိအောင်သာ ပြောတာပါ ဘယ်သူ.ကိုမှလဲ ဘုရားအဖြစ်နဲ့ မကိုးကွယ်ဘူး. ။ ဘယ်သူကိုမှလဲ တနေ. နေ.မှာဘုရား မဖြစ်နိုင်ဘူးလို.မပုတ်ခတ်ပါဘူး။ ဘုရားကိုယ်တော်တိုင် နုစဉ်က ခွေးတောင် ဖြစ်ဘူးတာ ဘဲ။


အခုတောင် စကားဆက်ပြောဘို.မှာ ဘယ်သူတွေ ကိုယ့်ထက် အရင် ပြောပြီးကြပြီလဲ လို.တော မသိဘူး။ ကိုယ်ပြောခြင်တာတွေကို ကြားဘူးနားဝလေး တွေထဲက ကောက်နှုတ်ပြီး မကြားဘူးသေးသူများရှိလိုရှိငြား တဆင့် ပြောပြလိုက်တာဘဲ။


ပြောပြီးပြီ မြန်မာနိုင်ငံမှာ ရှမ်း ချင်း ကချင် ကရင် ကယား မွန် ရခိုင် မြန်မာ လူမျိုးကြီး ၈ မျိုးမှာလက်နက် ကိုင်တပ်ဖွဲ. အသီးသီးရှိနေတာ ဘယ်လူမျိုးစုဝင်တွေလဲ? သိရင်ပြောပြစမ်းပါ။ မြန်မာတွေ ကိုယ်ကိုကိုယ် ကာကွယ်ဘို. လက်နက်ကိုင်ခွင့် ပေးရင် အစိုးရ လက်နက်အရောင်း သွက်ပြီး စီးပွား
အတော်ဖြစ်မယ်။ ဗမာတွေမှာ မြန်မာတပ်မတော်ကလွဲ ပြီး တခြားအားကိုး
စရာမရှိဘူး။ တရားမျှတစေခြင်ရင် လူမျိုးစုဝင်တွေ ကို အမြန်ဆုံး လက်နက်စွန်.ခိုင်း. ဒါမှမဟုတ် ဗမာတွေကို လက်နက်ကိုင်ဆောင်ခွင့်ပေးရ
လိမ့်မယ်ဆိုတာကို ထပ်ပြော ခြင်တယ်၊ သိစေခြင်တယ်။


ဒါမှလဲ နိုင်ငံတော် သီချင်းမှာ ပါတဲ့ တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ဒို.ပြည်ဒို.မြေ ၊ အများလူခပ်သိမ်း ငြိမ်းချမ်းစေဘို. ခွင့်တူညီမျှ ၀ါဒဖြုစင်တဲ့ ပြည် ဆိုတာဟာ အဓိပါယ်ရှိလိမ့်မယ်။

တော်သေးပြီ။