Article submitted by: Thunderbolts on 13-Jul-2013  
အမျိုးသား ပြန်လည်ရင်ကြားစေ့ ညီညွတ်ရေး
မျိုးချစ် တိုင်းချစ် ပြည်ချစ်အပေါင်းတို. ။



အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး . ညီညွတ်ရေး ဆိုတာလိုအပ်တာကို လိုအပ်တဲ့ အတိုင်း အပိုအလိုမရှိ ပြောထားတာလို.မြင်တယ် ။စကားလုံးလေးတွေက အင်မတန် လှပပါပေတယ်. ဒီစကားလေးတွေကိုကဘဲ အဓိပါယ် ပြည့်စုံနေပါပြီ။ ဒို.နိုင်ငံ မှာ ဒို.တတွေ ဘာတွေဖြစ်နေသလဲဆိုတာကို ဖေါ်ပြနေတယ်။ ရာဇ၀င်သမိုင်းအရ ခေတ်အဆက်ဆက် မင်းအဆက်ဆက် က ဖြစ်ခဲ့တာတွေကို ဒီနေ.ရှိနေတဲ့ ဒို.အားလုံးထဲက တချို.ကအမြတ် ထုတ်နေတာဘဲပြောပြော၊ ရာဇ၀င် ကြွေးဆပ်နေတာလဲ လို. ဆိုဆို အကောင်းအမြင် အဆိုးအမြင် ။ ကိုယ် မြင်ခြင်သလိုမြင်နိုင်တယ် ။ ဒါပေမဲ့ အကောင်းအဆိုး ဒွန်တွဲနေတဲ့သဘာဝကို သိရင် လက်ခံရင် ကိုယ်ကိုယ်တိုင်က မျှမျှတတ ချင့်ချိန်ပြီ်း ချိန်ခွင် ယှာညီမျှ ဆိုသလို အတ္တ ပရ မျှအောင် ဆောင်ရွက်ဘို.သာဘဲရှိတယ်။




ကိုယ့်အချင်းချင်း မပြေလည်ခြင်ရင် ဘယ်ကြားလူမှ ၀င်ပြီးဖြန်ဖြေပေးလို.မရ
ဘူးဆိုတာကိုတော့ လပြင်း ကြမ်းညှပ် သာ မှတ်ထားလိုက်စမ်းပါ ကြားလူဟာ
မြေခွေုးနဲ့ မခြားပါဘူး။ ကိုယ်စားရမှာကို သူစားသွားလိမ့်မယ်. အနဲဆုံး ပွဲစားခ တော. ယူမှာဘဲ။ ဘယ်နှရာခိုငနှုန်းဆိုတာတော. သူပြေညတဲ့ အတိုင်းပေါ.




ခေတ်အဆက်ဆက် မင်းအဆက်ဆက်၊ ခေါင်းဆောင်အသီးသီးဆိုဟာ သူတို စိတ်ထဲမှာ စိတ်ရင်းမှန်. ဘာတွေဘဲ ရှိခဲ့ ရှိခဲ့၊ ဘယ်သူမှတော့ အတိအကျ
မသိနိုင်ဘူး။. သူတို.အတွက် တခုတည်းစဉ်းစားခဲ့တယ် လို.ဘဲ ဆိုခြင်ဆို အတ္တတွေ များခဲ့တယ် လို.ဘဲပြောပြော။ တခုထည်းသော နိုင်ငံတော်ဖြစ်စေ.တခုထဲသော အင်ပါယာ ဖြစ်စေ တိုးချဲ့ ထူးထောင်ဘို. ကြိုးစားခဲ့ကြရာမှာ သူလိုတာရဘို. နည်းအမျိုးမျိးနဲ့ဆောင်ရွက်ခဲ့ကြ တယ်။ ဒီထဲမှာ သတ်စရာရှိ သတ်တယ် ဖြတ်စရာရှိ ဖြတ်တတယ် အစတုန်းအောင် လုပ်တာတွေလဲ လုပ် တယ် ၊ စကားကိုက သတ်ရဲမှ မင်းဖြစ် လို.ဆိုထားတာကိုး၊ မြန်မာတို.တင် မဟုတ်ပါဘူး. ကမ္ဘာ.သမိုင်း ဘယ်နေရာမှာမဆို တွေရပါတယ်။




စကားအရာပြောရမယ်ဆိုရင် ငါတို.ဘိုးဘွားတွေလက်ထက်က သူတို.ဘာလုပ်
ခဲ့ကြတယ် ဆိုတာ အပြည့်အစုံလဲ ဒို.မသိတာအမှန်ဘဲ ပြောသူတွေကပြောကြ
ပေမဲ့ ဟုတ်မဟုတ် မှန်မမှန် ဒို.လဲ အတိအကျမသိ. ဒို.သိရှိ ခံစားနေရတာက
ဒိုနိင်ငံမှာ ဒို.လူမျိုးတချို.တခြားသူတွေနဲ့ သင့်သင်မြတ်မြတ် သဟဇာတ
မဖြစ်ကြ မနေနိုင်ကြလို. ဒို.လဲလှိုင်းမူးနေကြတဲ့ ခရီးသယ်တွေ ဖြစ်နေကြ
ရတယ်. လှိုင်းမူးနေတယ် ဆိုတော့ ဘာမှ လဲ မစားနိုင်၊ မအိပ်နိုင် မလုပ်နိုင် မကိုင်နိုင်နဲ့ အားအင်ချိနဲ့နေကြသပေါ့ ။ လှိုင်းမှူးတာ အနဲဆုံး ၃ ရက်ကအများ
ဆုံး ၇ ရက်ပေါ့၊ ပျောက်ဘို.ကောင်း နေပါပြီ၊ မူးယောင်ဆောင်နေကြတာ
များလား? လူတိုင်းဟာလဲ လှိုင်းမမူးတတ်ကြပါဘူး။




ဒီနေ ဒို.များရဲ့ နိုင်ငံဟာ တချိန်က မြန်မာအင်ပါယာ တခုဖြစ်ခဲ့ဘူးတယ် ။ အင်ပါယာတခုကို စုစည်း အုပ်ချုပ် အဒွန်.ရှည်စွာ ထိမ်းသိမ်းထားဘို.ဆိုတာ ဌက်ပြောသီးစားသလို သိပ်တော့ မလွယ်ဘူး။ ကမ္ဘာ. သမိုင်းမှာ ရောမ အင်ပါယာ ကစပြီး အင်ပါယာတွေ ပြိုပျက်ခဲ့ရတာတွေတပုံကြီး တွေ.ရတယ် ။ ဘာကြောင့်ဆိုတာလဲ သိရတယ်။ မြန်မာနိုင်ငံလို တိုင်းရင်းသား လူမျိုး
ပေါင်းစုံရှိပြီး ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်စော်ဘွား. ကိုယ့် ဆမါးဒူးဝါး၊ ကို ကေါက်ကဆံတို.နဲ့ နေထိုင်ကြတဲ့ မြေကို.နိုင်ငံတော် တခုအဖြစ်သာမက မြန်မာအင်ပါယာ အဖြစ်ထိတောင် တည်ထောင်နိုင်ခဲ့သေးတယ် ဆိုတာလဲ တွေရတယ်။




ဖြစ်ပြီးရင် ပျက်ရမယ် ဆိုတဲ့ လောကီနိယာမလိုဘဲဆိုဆို. ဘ၀သံသရာ လို.လဲပြောပြော အင်ပါယာတိုင်းဟာ မီးခဲ ပြာဖုံး ဆိုတဲ့ စကားအတိုင်း တငွေ.ငွေ.အတွင်းမှာလောင်နေခဲ့ကြတာချည်းဘဲ၊. ထိမ်းနိုင်တဲ့ အခါ ထိမ်း ထားပေမဲ့ မထိမ်းနိုင်တော့ရင် နောက်ဆုံ အင်ပါယာ ပြိုကွဲ သွားရတော့တာဘဲပေါ့။ ပျက်ဆီးဆုံးရှုံးနစ်နာမှု ဆိုတာတွေကတော့ စာရင်းမှန် ကောက်နိုငခိမ်.မယ် မဟုတ်ဘူး။




ဒီနေ.မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး လိုအပ်နေ တာဟာ ဘာကြောင့်လဲ ဆိုတာမေးစရာ
လိုသေးလို.လား။ အင်ပါယာ ပြိုကွဲမှုရဲ့ တုန်ပြန်ရိုက်ခတ်မှုတွေဘဲ၊ မြေငလျှင်
်လှူပ်အပြီး. after-shock တွေဘဲ ပေါ့. မူလမြေငလျှင်မှာအကြီးအကျယ်
ပျက်ဆီးရသလို.ငလျှင် တုန်.ြ့ပန်ရိုက်ခတ်ချက်ဟာ နယ်နယ်ရရတော့ မဟုတ်ဘူး။ နောက်ထပ် သေပျေ ပျက်ဆီးဆုံးရှုးမှုတေါ ရှိ နိုငသေးတယ်။.
ငလျှင် မလှုပ်အောင် ဘယ်လိုမှ မလုပ်နိုင်ပေမဲ့ လှုပ်မှာကို ကြိုတင်ခန်.မှန်းနိုင်
ရင် အပျက်အဆီး အသေ အပျောက်နဲအောင်တော့ကြိုတင်ကာကွယ်လို.ရ
တတ်ပါတယ်၊ တာဝန်ရှိ ပုကိုယ်တွေရဲ ညွှန်ကြားချက် အစီအစဉ်တွေ အစီအမံ
တွေကို ဟုံကြည်စိတ်ချ စိတ်အေးအေးထား တသွေမတိမ်း လိုက်နာကြမှလဲဖြစ် လိမ့်မယ် ဆိုတာတော့ သိဘို.လို တယ်။




မြန်မာနိုင်ငံဟာ အင်ပါယာ ဘ၀က ကျဆင်းခဲ့ရတာကို ပြောရင် မြန်မာတွေ အင်ပါယာထူထောင်နိုင်ခဲ့ကြ တယ် ဆိုတာကိုလဲ အလိုအလျှောက်သိနိုင်
တယ်။ ခေတ်လူငယ် ဆိုတာတွေ သိအပ်တယ် မေ့နေလို. မဖြစ်ဘူး။
ရာဇ၀င် သမိုင်းကို ပြန်လေ့လာပြီး သင်္ခဏ်းစာယူစရာရှိတာယူ၊ လိုတာတွေြ့ပုပြင်ကြရင် ဆင်ပိန်တော့ ကျွဲ ဆိုတာလို တော့ ဖြစ်နိုင်သေးတယ်။ မြန်မာနိုင်ငံဟာ အခုထိ တခုတည်းသော နိုင်ငံတော် အဖြစ် တည် နေတုန်းဘဲ။ ဒီနေ.မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အမျိုးသား ပြန်လည်ရင်ကြား
စေ့ရေး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ဆိုတာဟာ အင်ပါယာတခု ချဲထွင်တည်ထောင်ဘို.မဟုတ်၊ စတုရန်း ၂၆၁၂၂၇ မိုင် အကျယ် အ၀န်းရှိ
မြေကို ပိုင်ဆိုင် နေထိုင်ကြတဲ့ သန်း ၆၀ နီးပါးရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေ
အားလုံး အေးအတူ ပူအမျှ လက်ရည်တပြင်စည်း ။ တရားမျှတ၊လွတ်လပ်ခြင်း
ခွင့်တူညီမျှ ငြိမ်းချမ်းစွာ အဒွန်.ရှည်၊ ဘုံမပျောက် နေနိုင်ကြဘို. ဖြစ်တယ်။




အထက်ကပြောခဲ့ သလို ဆင်ပိန်တော့ ကျွှဲ လို.ဆိုထားတော့၊ ကျွဲပိန်ရင် ခွေးဖြစ် ဘို.ဘဲ ရှိတော့တယ် ဆိုတာကို အားလုံးသဘောပေါက်ကြရ လိမ်.မယ်။ ခွေးဖြစ်ြ့ပီး တကောင်နဲ့ တကာင် ကိုက်နေခဲ့တာ ၆၆ နှစ်ရှိနေခဲ့ပြီ ။ ၆၆ နှစ်ကာလမှာရော ဒိအရင် ကာလတွေမှာပါ ဘယ်သူမှ ငါ့တကေါကေါ ကေါ နေလို.မရ ခဲ့ဘူး။ မရဘူး ဆိုတာ ကိုယ်တွေ. လက်တွေ. သိခြဲ့ကတယ်။ သဘောပေါက်လောက် ကြပြီ ဖြစ်တယ် ။ တဦးအပေါ်တဦး မှီတင်းနေထိုင် ကြရတာမှာ တယောက်လဲ ရင် အားလုံးလဲမယ် ၊ တယောက်ပျက်ရင် အားလုံး
ပျက်မယ်၊ ဠင်းတတွေ အသင့်စောင့်နေတယ် ဆိုတာကို သိဘို.သဘော
ပေါက်ဘို. ကတော ခေတ်မီ ရော့ကက် ဒုံးပျံ နည်းပညာတွေ တတ်ဘို.သိဘို.ထိတော့ လိုလိမ့်မယ် မထင်ဘူး။


နောက်မှ တွေ.အုံးမယ်လေ ။